ကမ္ဘာ့ အသက်အငယ်ဆုံး စံချိန်ရှင်များ

၁။ ဘွားအေ

Fifca Stanescu ဆိုတဲ့ ရိုမေးနီးယား အမျိုးသမီးဟာ သူမရဲ့အသက် (၁၂) နှစ် အရွယ်မှာ Maria လို့ခေါ်တဲ့ သမီး တစ်ယောက်ကို မွေးဖွားပေးခဲ့ပါတယ်။ သူမရဲ့ သမီး Maria က အမေဖြစ်သူရဲ့ စံချိန်ကို ထပ်ချိုးတဲ့ အနေနဲ့ အသက် (၁၁) နှစ် အရွယ်မှာပဲIon လို့ခေါ်တဲ့ သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် Ion ဟာ အသက် ၂ နှစ်အရွယ်ကို ရောက်နေပြီ ဖြစ်သလို သူ့ရဲ့ အဘွား ဖြစ်သူက Fifca Stanescu ဟာလည်း အသက် (၂၅) နှစ် အရွယ်ကို ရောက်နေပါပြီ။ ဒါကြောင့် အသက် (၂၅) နှစ်နဲ့ အဘွား အဖြစ်ကို ရောက်ခဲ့သူ Fifca Stanescu ကို ကမ္ဘာ့ အသက် အငယ်ဆုံး အဘွား (World’s youngest grandmother) အဖြစ် သတ်မှတ် ထားကြပါတယ်။

၂။ ယောဂဆရာမ

ယောဂကျင့်စဉ်ကို ကြားဖူးကြပါလိမ့်မယ်။ အိန္ဒိယပြည်မှာ ခေတ်စားတဲ့ ကျန်းမာရေး ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ Shruti Pandey လို့ အမည်ရတဲ့ အသက် (၆) နှစ်အရွယ် ကလေးမလေး တစ်ယောက်ကို လက်ညိုးညွှန်ပြီး အဲဒါ ယောဂ ဆရာမ ပဲ ဆိုရင် ယုံကြမလား မသိဘူး။ တကယ်ပါ။ အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ Shruti Pandy ဟာ အိန္ဒိယပြည်မှာ ယောဂ ကျင့်စဉ်တွေကို သင်ကြားပေးတဲ့ ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ သင်တန်းကို မနက်ခင်းတိုင်း ၅း၃ဝ အချိန်မှာ စတင်လေ့ရှိပြီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆရာ/ဆရာမတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ တက်ရောက်ကြပါတယ်။ အသက် ၆ နှစ် အရွယ်သာရှိသေးတဲ့ သူမကို ကမ္ဘာ့ အသက်အငယ်ဆုံး ယောဂဆရာ (World’s Youngest Yoga Teacher) အဖြစ် သတ်မှတ်ထားပါတယ်။

၃။ ရေလွှာလျှောစီးသူ

Australia နိုင်ငံ Brisbane ရဲ့အပြင်ဘက် ရေလှိုင်းတွေကြားမှာ အသက် (၂) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို တွေ့လိုက်ရရင် သူငယ်ချင်းတို့ စိုးရိမ်သွားကြမလား။ သူတို့ နိုင်ငံက လူတွေ အတွက်တော့ ဒါဟာ စိုးရိမ်စရာ မလိုအပ်တော့သလို၊ အံ့ဩစရာလည်း မဟုတ်တော့ပါဘူး။ Jaylan Amor လို့ခေါ်တဲ့ အသက် (၂) နှစ်အရွယ် ကလေးငယ်ဟာ ပင်လယ်ပြင် လှိုင်းလူးတွေကြားမှာ အခုဆို ပျော်မြူးလို့ နေပါပြီ။ ဒါကြောင့် သူ့ကို ကမ္ဘာ့ အသက်အငယ်ဆုံး ရေလွှာ လျှောစီးသူ (World’s Youngest Surfer) အဖြစ် သတ်မှတ်ထားကြပါတယ်။
Read Full at http://anzartone.freezoka.net

Post by Anzartone (http://anzartone.freezoka.net)

11 comments

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 10, 2011 at 4:09 pm

    အန်စာတုံးရေ ကျုပ်မလဲနားရှိလို ့ကြားရတော့တယ်၊ဘယ်နှယ့်လုပ် အိမ်ထောင်ပြ ု၊ကလေးယူကြတာပါလိမ့်ကွာ။ဆန်းပြလှချီရဲ ့ဗျာ။

  • MaMa

    September 10, 2011 at 5:35 pm

    ၂ နှစ်သားနဲ့ ရေလွှာလျှောစီးတယ် ဆိုတော့ ဘယ်တုန်းကများ သင်ထားပါလိမ့်။ အရင်ဘဝက ရေလွှာလျှောစီးသမား သေပြီး ပြန်ဝင်စားလို့ဖြစ်မယ်။ 😀

  • windtalker

    September 10, 2011 at 5:50 pm

    မသိသေးတာတွေ ကို
    သိလာအောင် ရေးပေးသူ
    ကိုအန်ဇာတုံးရေ
    ကျူးဇေး
    ကျူးဇေး
    နောင်လည်း
    မျှော်လင့်ဖတ်ရှူပါမည် ။
    ဒီမှာပဲ အပြည့်အစုံ တင်ပေးပါနော်

  • မီးမီး သော်

    September 10, 2011 at 6:35 pm

    စိတ်ဝင်စား စရာတွေအများကြီးပါလားနော်။လက်လှမ်း မမီတာလေးတွေခုလိုမျိုးတင်ပေးတော့ ကျေးဇူးပါရှင်။

  • zaw min

    September 10, 2011 at 7:05 pm

    ပျောက်နေတဲ့ အံ့ဇာတုံး…အခုမှပဲတွေတော့တယ်…ရှာရှာဖွေဖွေလေးတွေလုပ်ပါအုံးဗျ…

  • ဆူး

    September 10, 2011 at 9:35 pm

    ဟိုသားအမိ မပြောနဲ့ အဖွားတောင် ဆူး ထက် ငယ်သေးတယ်။ ဟိဟိ..

    ယောဂ သင်တန်းကတော့ ကလေးဆိုတော့ အကြောပျော့တုန်း မြန်မြန်တက်လွယ်သလားလို့ ထင်မိတာပါပဲ။ အဲဒီ အရွယ်တုန်းကတော့ ခြေတွေ လက်တွေ ဘယ်လို ချိုးချိုး အကြောတော်တော် ပျော့တာ..

    ရေလွာလျှောစီးတဲ့ ကလေးတွေ ဒီနိုင်ငံမှာ မဖြစ်နိုင်ဘူး။
    ငယ်သေးတယ် ရေထဲ တယောက်ထဲ မဆင်းနဲ့ ဆိုပြီး ပေးမလုပ်တာတို့ တားမြစ်တာတို့နဲ့ အဲလို ဖြစ်မဲ့ လူ ရှိရင်တောင် မဖြစ်နိုင်လောက်ဘူး။

  • cobra

    September 10, 2011 at 9:43 pm

    တကယ်ပါပဲဗျာ….
    ၂နှစ်သားလေးကိုအားကျလိုက်တာ..။

  • mzm

    September 10, 2011 at 10:21 pm

    အားတက်လိုက်တာနော်

  • Kay Kay

    September 15, 2011 at 12:21 pm

    အားကျလိုက်တာနော်…. (၁။ ဘွားအေ)တော့မပါဘူးပေါ့…..

  • manawphyulay

    September 15, 2011 at 2:59 pm

    မြန်မာမှာလည်း ရှိနေမှာပါ။ သုတေသနမလုပ်ကြလို့သာ နေမယ်။ နည်းနည်းပါးပါး သုတေသနလေးလုပ်ကြပါဦး။ ဒါမှ ကမ္ဘာကျော်တွေထက် လူဦးရေများနေတာကို သိရမှာ…..

  • နွယ်ပင်

    September 15, 2011 at 3:16 pm

    တကယ့်ထူးထူးဆန်းတွေပါလား ………..
    အသက် (25) နှစ်အရွယ်အဖွားကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးထားလို့လား မသိဘူးနော်
    ရှိရင်းစွဲ အသက်ထက် ရင့်နေသလားလို့ …

Leave a Reply