G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ

Mobile HouseSeptember 10, 20111min17910

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲ

 

မင်္ဂလာပါဗျာ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို

ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ဝင်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ

Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ

သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို ့သိရပြီပေါ့ဗျာ

အဆင်ပြေကြပါစေ

 

Gtalk ကို တစ်ခုထက် ပိုသုံးကြမယ်

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။

ဂျီတောအိုင်ကွန်လေးကို Right Click လုပ်ပြီး Properties
ဝင်လိုက်ပါ..ပြီးရင်နောက်ဆုံးကstartmanu ဆိုတဲ့စာသားလေးကို
ဖျက်လိုက်ပြီးအဲဒီနေရာမှာ nomutex လို့ထည့်ပေးပြီးEnterခေါက်လိုက်
ယုံပါပဲခင်ဗျာ. ပြီးရင်တော့သင်ကျေနပ်နေပါလိမ့်မယ်ဗျာ
အဆင်ပြေကြပါစေ

 

ဒါကတော့နောက်တနည်းပါ

 

Step1. အရင်ဆုံး www.spypig.com ကိုဝင်ပြီး ကိုယ့်မေလ်းနဲ့ ကိုယ့် message တစ်ခုပေးလိုက်ပါ။ နောက်ပြီးကြိုက်တဲ့ ဝက်ပုံလေးတစ်ပုံကိုရွေးလိုက်ပါ။

Step2. Click to create my SpyPig ကိုနှိပ်လိုက်ပါ။ စက္ကန့်60စောင့်ပါ။ (အဲ့ဒိအချိန်မှာ ကိုယ် IP သိချင်တဲ့သူငယ်ချင်းဆီကို Mail ပို့ဖို့အတွက် Send Mail မှာ သူ့ရဲ့ Gmail လိပ်စာကိုဖြည့်ထားပါ။

Step3. စက္ကန့်60ပြည့်တဲ့အခါကျရင် Spypig မှာပေါ်လာတဲ့ ဝက်ပုံလေးကို ကလစ်နှိပ်ပြီး သူငယ်ချင်းဆီကိုပို့မဲ့ Mail ရဲ့ စာတွေဘာတွေရေးတဲ့အောက်က နေရာထိဆွဲလာပြီး လွှတ်ချလိုက်ပါ။ အဲ့လိုလုပ်လိုက်ရင် ဝက်ပုံလေးကနေ စာတန်းလေးဖြစ်သွားပါလိမ့်မယ်။ (ဒါဆိုရင် ကိုယ့်သူငယ်ချင်းဆီကို စာတွေရေးပြီးပို့တဲ့ပုံစံမျိုးမဟုတ်ပဲ Link တစ်ခုပို့လိုက်သလိုဖြစ်သွားပါပြီ)

Step4. ပြီးရင် ပို့လိုက်ပါတော့။ သူကအဲ့ဒိကိုယ်ပို့တဲ့မေလ်းကိုဖွင့်ကြည့်လိုက်ရင် ဘာမှမပါပဲ Link တစ်ခုကိုသွားတွေ့မှာပါ။ ဘာမသိညာမသိနဲ့ သူကအဲ့ဒိလင့်လေးကိုနှိပ်လိုက်ရင် ကိုယ့်မေလ်းဆီကိုသူ့ရဲ့ IP ပြန်ပေးတဲ့မေလ်းရောက်လာပါပြီ။

Step5. ပြီးရင် ဒီလင့်ကိုဖွင့်ပါ http://ip-address-lookup-v4.com/ ပြီးရင်အပေါ်က Lookup! ဆိုတဲ့နေရာမှာ သူငယ်ချင်းရဲ့ IP ကိုရိုက်လိုက်ရင် သူဘယ်နိုင်ငံကချက်နေတာလဲဆိုတာ googlemapနှင့်တကွသိရပါပြီ။ ( ကိုယ့်သိချင်တဲ့သူငယ်ချင်းကသာ Ipad ဒါမှမဟုတ် ဥရောပနိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာသာဆိုရင် သူ့သုံးနေတဲ့နေရာကိုပါအတိအကျပြပါတယ်…အာရှနိုင်ငံတွေဆိုရင်တော့ IP ထိုင်ထားတဲ့ နေရာကိုသာပြပါတယ်..ဒါပေမဲ့ နိုင်ငံကတော့ လုံးဝလိမ်လို့မရပါဘူး

10 comments

  • manawphyulay

    September 10, 2011 at 4:57 pm

    ရွာမှာနေတဲ့ သူငယ်ချင်းသုံးရင်ကော ဘယ်ရွာကလဲ သိလို့ရပါသလား…. 😛

    • blackprince72

      September 10, 2011 at 9:03 pm

      မနောက်နဲ့ လေဗျာ

  • မီးမီး သော်

    September 10, 2011 at 6:30 pm

    မမမနောက တော့လေ တွေးတတ်ပါပေတယ်။ပေါက်ပေါက်ရှာရှာ။ဘယ်လို နေမလဲ မသိဘူး။ဟိုတပတ်ကလဲ တယောက်ပြောလို ့စမ်းကြည့်ပါသေးတယ်။ခုထပ်ကလိကြည့်ဥိီးမှပါ။

  • naywoonni

    September 10, 2011 at 10:37 pm

    အဲဒိနည်းကို လုပ်နေတာတစ်နှစ်လောက်ရှိပြီ..။ လုံးဝ (လုံးဝ ) အဆင်မပြေပါ..။ အော်…..ငါတော်တော်ညံ့ပါသေးလားလို့ပဲ ……..လက်လျော့ထားတာကြာပါပြီ…..။

  • thit min

    September 10, 2011 at 11:01 pm

    IP address ထဲ့စစ်လိုက်တိုင်း Address cannot be traced ဘဲဗျ။
    ကျနော်လဲမရဘူးဟုတ်တယ်။သိတာတော့၂နှစ်ကျော်ပါပီ။
    ကိုနေဝန်းနီပြောသလိုကျနော်လဲပိန်းတာဖြစ်မယ်ထင်ရဲ့။

  • မောင်ဘလိူင်

    September 12, 2011 at 1:01 pm

    ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ..လောလောဆယ် ကိုယ့်မေးလ်အကောင့်ကတော့
    မေးလ် စပမ်မာ တွေလက်ထဲရောက်သွားမှာ အသေအချာပါပဲ..။

  • Nyay

    September 12, 2011 at 3:40 pm

    ကို်ယ်နဲ့ချက်နေတဲ့သူရဲ့ address ကို google earth ထဲကနေရှာလိုရရပါလား

  • MaMa

    September 13, 2011 at 8:08 pm

    gtalk အကောင့်ကို တစ်ခုထက်ပိုဖွင့်ချင်လို့ ဘယ်သူ့မေးရမှန်း မသိဖြစ်နေတာ အတော်ပဲ။ ကျေးဇူးတင်တယ်နော်။

  • MaMa

    September 15, 2011 at 9:16 am

    (နောက်ဆုံးကstartmanu ဆိုတဲ့စာသားလေးကို
    ဖျက်လိုက်ပြီးအဲဒီနေရာမှာ nomutex လို့ထည့်ပေးပြီးEnterခေါက်လိုက်)
    လုပ်ကြည့်တာ မရပါ။
    နောက်ဆုံးမှာ startmanu လို့ ရေးထားတာ မပါပါ။
    Target box မှာ
    “C:\Program Files\Google Talk\googletalk.exe:” \nomutex ရိုက်ထည့်လိုက်တော့လည်း “C:\Program Files\Google Talk\googletalk.exe:” \nomutex specified in the target box is not valid. Make sure the path and file name are correct. လို့ ပေါ်လာတယ်။

Leave a Reply