အတွေးစလေးများ(အက်ဆေး)

thit minSeptember 10, 20111min13011

ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကြီးကကောင်းတာတွေတော်တော်များပါတယ်။ကုန်သွယ်ရေးတွေဆက်သွယ်ရေးတွေအစုံတိုးတက်လိုက်တာကောင်းပါတယ်။
မကောင်းတာက”မလိုက်နိုင်သူများနောက်ကျကျန်နေသူများခေတ်နဲ့ရင်ဘောင်မတန်းနိုင်လို့
ကျန်ခဲ့သူထဲကအများစုမှာတော့မပြည့်စုံမှူတွေနဲ့လူမှူဒုက်ခတွေ”လုံးလားထွေးလားပေါ့ဗျာ။
ပြောရရင်
ခုခတ်စာတတ်မြောက်မှူဆိုတာကိုယ်ဘာသာစကားတတ်ရုံနဲ့မလုံလောက်တော့ဘဲကွန်ပြူတာနဲ့
အင်းဂလိတ်စာပါတတ်ရပါမယ်လို့ဆရာမောင်စူးစမ်းရဲ့စာတတပုဒ်မှာဖတ်ဖူးပါရဲ့။။
(အင်း.မြန်မာပြည်လိုဆိုရင်”တော်သုံးတော်”တို့ဘာတို့ခေါ်,ထင်ပါရဲ့။အဲဒါပါစာတတ်မြောက်ရေးထဲ
ဆွဲထဲ့ရမလားလို့ဂယောင်ခြောက်ခြားတွေးမိသေးဗျ)
ပြောလိုရင်းက
“ပညာ”(ကျောင်းပညာကိုဆိုလိုပါတယ်)နဲ့လုပ်စားမှာလား
“အတတ်”(အတတ်ပညာတခုခုု)နဲ့လုပ်စားမှာလား
ဆိုတာကလေးများကိုလမ်းကြောင်းပြပေးဘို့တော့လိုပါတယ်။
(အကပ်နဲ့လုပ်စားတာတော့ကျနော်မသိပါ)
အဲဒီအပေါ်မှာမှဘာသင်ပေးသင့်တယ်ဆိုတာစဉ်းစားရမှာပေါ့။
ကျောင်းမသွားချင်တဲ့ကလေးကဂိမ်းဆော့တာကတော့မကောင်းတာပါဘူး။

အဲဒါကလဲဂလိုဘယ်လိုက်ဇေးရှင်းရဲ့တိုးတက်မှူလမ်းကြောင်းပေါ်ကအသိညဏ်နူနယ်သေး

တဲ့ကလေးများအတွက်လမ်းလွဲတခုလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(လူကြီးများကိုမဆိုလိုပါ)

ဖြစ်နိုင်ရင်လူကြီးကကလေးကိုတခြားအတတ်ပညာတခုခုမှာစိတ်ဝင်စားတာမျိုး

ဖြစ်အောင်လုပ်ပေးသင့်တာပေါ့။
ကျောင်းစာသင်တာနဲ့ပတ်သက်တဲ့ဇတ်လမ်းလေးတပုဒ်ဖတ်ဖူးပါတယ်။
တချို့ကြားဘူးကြမှာပါ။
တခါကရွာတရွာမှာဘုရားကျောင်းသင်းအုပ်ဆရာလိုလို့တာဝန်ရှိသူများက
အလုပ်ခေါ်တယ်တဲ့။အဲဒီမှာလူတယောက်လာလျှောက်တယ်တဲ့။
လိုတာကတယောက်လာလျှောက်တာကလဲတယောက်ထဲဆိုတော့”ရ”ပီပေါ့လေ။
ဒါပေမဲ့အင်တာလဲဗျူးရောတာဝန်ခံများကမင်းဆယ်တန်းအောင်ပီးပီလားလို့မေးတယ်တဲ့…
ဖြစ်ချင်တော့အဲဒီလာလျှောက်တဲ့သူက
“ကျနော်ကဒီရွာမှာတော့စာအတတ်ဆုံးပါကိုးတန်းပဲအောင်ပါတယ်”လို့ပြောရှာသတဲ့။အဲဒီတော့
“ဟာ”ဒါဆိုမဖြစ်နိုင်ဘူးကွ။သင်းအုပ်ဆရာဆိုတာအနဲ့ဆုံးတော့ဆယ်တန်းအောင်လောက်မှခန့်မယ်လို့တို့တွေသဘောတူထားတာကွ။။မင်းကိုမခန့်နိုင်းပါဘူးကွာ”လို့ငြင်းလိုက်တယ်တဲ့။ဒါနဲ့ဒီလူလဲစိတ်ပျက်လက်ပျက်ဖြစ်ရွာမှာလဲမနေချင်တော့လို့တခြားအရပ်ကိုထွက်လာရင်းစီးပွါးရှာလိုက်တာ
အရမ်းချမ်းသာတဲ့သူဌေးကြီးဖြစ်သွားပါတယ်တဲ့။
တနေ့ကိုယ်ရွာလေးဆီပြန်ပီးအလည်အပတ်လာ
ခဲ့ပါတယ်တဲ့။ပီးတော့ဘုရားကျောင်းကိုသွားပါတယ်။
အလှူငွေထဲ့ဖို့ပေါ့နော်။အဲဒီမှာသူနဲ့သက်တူရွယ်တူဘုရား
ကျောင်းသင်းအုပ်ဆရာနဲ့တွေ့ပါတယ်။။မြင်မြင်ချင်းပါ
ပဲသင်းအုပ်ဆရာကသူ့ကိုတရင်းတနှီးနှုတ်ဆက်ပါတယ်။
ဪခင်ဗျားပြန်လာပီလားလို။သင်းအုပ်ဆရာကသူ့ကိုမေးတယ်တဲ့။
ဒါနဲ့ဘဲကျနော်ကိုသိလို့လားဗျလို့ပြန်မေးတာပေါ့နော်။.
အဲဒီမှာသင်းအုပ်ဆရာကဟုတ်ကဲ့သိပါတယ်။
ကျနော်ကအရင်ကဟိုဘက်ရွာကပါ။.ခင်ဗျာသင်း
အုပ်ဆရာမဖြစ်ရလို့စိတ်ပျက်ပီးရွာကထွက်သွားတဲ့
နောက်ရက်မှာကျနော်အလုပ်လာလျှောက်လို့
ကျနော်ကိုအလုပ်ခန့်လိုက်တာယနေ့အထိပေါ့ဗျာလို့ပြောလိုက်ပါတယ်တဲ့
။ဒါနဲ့သူက “ဪဒါဆိုနောင်ကြီးကဆယ်တန်းအောင်တယ်ပေါ့နော”်လို့ပြန်မေးလိုက်တော့
ဟိုက” ဟုတ်ကဲ့အောင်ပါတယ်”လို့ပြန်ဖြေသတဲ့။.။အဲဒီမှာသူက
“အေးဗျာ ကျနော်သာဆယ်တန်းအောင်ရင်ခုလိုသူဋ္ဌေးဖြစ်မှာမဟုတ်ဘူးဗျာ
သင်းအုပ်ဆရာပဲဖြစ်မှာပေါ့ဗျာ”လို့လေးလေးနက်နက်
ကြီးပြောရင်းနှုတ်ဆက်ထွက်ခွါလာခဲ့ပါတယ်တဲ့။

(မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်ဘို့နဲ့မခံချင်စိတ်နဲ့ကြိုးစားဘို့ကပဲ
အရေးကြီးတာမဟုတ်ပါလား)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တကယ်တော့လဲ…….

ကိုယ်ဘဝကိုတရားမျှတစွာအသက်မွေးပီးလူ့လောကကိုတထောင့်တနေရာကနေအကျိုးပြုမယ်ဆိုရင်
သင်းအုပ်ဆရာပဲဖြစ်ဖြစ်သူဋ္ဌေးပဲဖြစ်ဖြစ်လောက”လေညှင်းမှာမွှေးရနံ့သင်း”မှာပါဘဲ။

(__မမီးမီးသော်၏ဆောင်းပါး”အနာဂတ်အတွက် ကလေးသူငယ်တွေ ဘယ်ဆီကိုသွားမလဲ “ကိုဖတ်ပီးတွေးမိသောကိုယ်ပိုင်တွေးကိုယ်ပိုင်ရေးစာမူဖြစ်ပါသည်___)

11 comments

  • alinsett

    September 10, 2011 at 7:32 pm

    မှန်ကန်တဲ ့ လမ်းကြောင်းကိုရွေးချယ် တတ်ဖို ့… ။အင်း သိပ်လိုအပ်တာပေါ့ဗျာ။
    လမ်းမှာသွားရင်တောင် ဂငယ်ကွေ ့ပြန်ကွေ ့လာခဲ ့ဖို ့ ဘုရားက ခွင့်ပြုထားပါတယ်..တဲ ့ ။
    လမ်းမှားရင် မှာ ပြီဆိုတာ သိတာနဲ ့ပြန်လှည့်လာ..။ ခဏခဏ မမှားဖို ့တော့လည်း လိုသေးတာပဲ..နော့ ။

  • alinsett

    September 10, 2011 at 7:32 pm

    မှန်ကန်တဲ ့ လမ်းကြောင်းကိုရွေးချယ် တတ်ဖို ့… ။အင်း သိပ်လိုအပ်တာပေါ့ဗျာ။
    လမ်းမှာသွားရင်တောင် ဂငယ်ကွေ ့ပြန်ကွေ ့လာခဲ ့ဖို ့ ဘုရားက ခွင့်ပြုထားပါတယ်..တဲ ့ ။
    လမ်းမှားရင် မှား ပြီဆိုတာ သိတာနဲ ့ပြန်လှည့်လာ..။ ခဏခဏ မမှားဖို ့တော့လည်း လိုသေးတာပဲ..နော့ ။

  • ဂျဲသု

    September 10, 2011 at 8:19 pm

    ရွေးချယ်ခွင့် ရဖို.ဆိုတာလည်း အရေးကြီးသေးတယ်ဗျ

  • windtalker

    September 10, 2011 at 8:45 pm

    လူတိုင်းရဲ ့ကံကြမ္မာ ဟာ
    အတက်အကျ အမြဲ လို ပြောင်းလဲမှု များရှိနေမယ် လို ့ထင်ပါတယ်
    ရွှေထီးဆောင်းချိန် ဆိုတာ လူတိုင်းကြုံခဲ့ကြဖူးမှာပါ
    မကြုံဖူးသေးသူများအနေနဲ ့
    ကိုယ့်လက်ရှိ အလုပ် ( သို ့မဟုတ် )
    လုပ်ကိုင်မည် ရည်စူးသော အလုပ် ကို
    အထပ်ထပ် ကြိုးစားအားထုတ်ရင်
    ရွှေထီးဆောင်းဖို ့
    အခွင့်အလမ်း တွေ ရလာမှာပါ
    အဲဒီအချိန် ကို ကိုယ်က သိရှိမိခဲ့ရင်
    ရွှေထီးဆောင်းချိန် မှာ ကိုယ့်အတွက် တစ်ခုခု ကျန်အောင်
    လုပ်နိုင်ခဲ့ရင်…

  • မီးမီး သော်

    September 10, 2011 at 11:19 pm

    ဟုတ်ပါတယ် ကိုသစ်မင်းရေ. မှန်ကန်တဲ့ရွေးချယ်မှု၊လွတ်လပ်စွာရွေးချယ်ခွင့်၊ဝါယမ စိုက်ထုတ်မှု အားလုံးအားလုံးပေါ့ ပြည့်စုံ ခဲ့ရင် အနာဂတ်ကလေးတွေအတွက်ပိုကောင်းမလားပေါ့။

  • ကြောင်ကြီး

    September 11, 2011 at 10:27 am

    ဓမ္မတာကံ အလုပ်တွေပါပဲဗျာ။ပြင်ခွင့်ရသူရှိသလို တခါမှားရုံနဲ့ ဘဝဆုံးသွားရသူလည်းရှိတယ်။ အဲဒီမှာ အတွေ့အကြုံ၊ အတွေးအမြင်ပေါင်းစပ်ပြီး ကွဲပြားစွာ ပြောကြတာပေါ့။ ကံကိုယုံ ဆူးပုံမနင်းနဲ့၊ ကံမရှိ ညဏ်ရှိတိုင်းမွဲ မတူညီတဲ့ စကားပုံတွေသည် ထင်ရှားတဲ့ သာဓကပဲ။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ကံဆိုတာအလုပ် ဆိုကြတဲ့ ဗုဒ္ဓဝါဒီများထဲမှာ လောကဓံနဲ့ကြုံတဲ့အခါ နာလန်မထူနိုင်ဘဲ အရှုံးပေးလက်မြောက်သူ အများကြီး။ ဘုရားသခင်သည် အရာရာလို့ အော်ပြောပြီး မဟုတ်တာလုပ်တဲ့ တရားဟောဆရာတွေ၊ ယုံကြည်သက်ဝင်သူတွေ တပုံကြီး၊ အောင်မြင်နေစဉ်တော့ ဟုတ်သလိုပဲ၊ အကျပိုင်းရောက်တော့ ကယ်မဲ့သူမရှိဘူး။ ဒါကြောင် နပိုလီယံကပြောတယ် (တနေ့က အင်တာနက်မှာ ဖတ်လိုက်ရတာ) ဘုရားသခင်သည် နိုင်တဲ့ဖက်မှာ ရပ်တယ်တဲ့။
    ကောင်းသူမရှိ၊ သူတို့ပြောတာတွေ မှားတယ်လို့ မဆိုလိုပါ။ စိတ်ဓာတ်ခွန်အားပေးတဲ့ စာတွေကို ကြိုဆိုပါတယ်၊ အားပေးပါတယ်။ သို့ပေမဲ့ အကောင်းဆိုတိုင်း Good လို့ လှေနံခါးထစ် မယူဆဘူး၊ ဘာလို့လည်းဆိုတော့ A Cow နွားတကောင်လို့လည်း အဓိပ္ပါယ်ထွက်နိုင်သေးတယ် မဟုတ်လား…။

  • thit min

    September 11, 2011 at 1:33 pm

    သိပီးတတ်ပီးနားလည်ပီးသားသူများအပါအဝင်မည်သူ့ကိုမှ
    ဘဝနှင့်ပတ်သက်ပီးဆရာလုပ်ညွန်ပြရန်မောင်သစ်မင်းမပြည့်ဝသေးပါ။
    ဂလိုဘယ်လိုက်ဇေးရှင်းကြီး၏လှိုင်းတံပိုးအောက်တွင်နစ်မြုပ်လုမတတ်ရုန်းကန်နေ
    ရသူများ(ကျနော်အပါအဝင်)အားပညာရေးတွင်မထူးချွန်ပါသော်လဲ
    စိတ်ပျက်အားလျော့မှူကိုပြောင်းလဲပီးမခံခြင်စိတ်နှင့်ကိုယ်တတ်နိုင်ရာ
    အတတ်(သို့)အင်အားတခုခုကိုအသုံးချပီးတစိုက်မတ်မတ်ကြိုးစားခြင်းဟူသောနည်း
    လမ်းတခုကိုမမေ့ကြပါရန်နှိုးဆော်ခြင်းသက်သက်သာဖြစ်ပါကြောင်း။
    စာတပုဒ်အပေါ်တွင်ခံယူသူ၏နှလုံးသားသည်စာဖတ်သူ၏စိတ်ဓာတ်အဆင့်အတန်း
    ကြီးပြင်းခဲ့ရာနှင့်လက်ရှိလူမှူပတ်ဝန်းကျင်အရအနှုက်လက်ခဏာအပေါင်းလက်ခဏာ
    အမျိုးမျိုးဖြစ်နိုင်ပါသဖြင့်နားလည်နိုင်ပါကြောင်းလေးစားစွာပြန်ကြားပါသည်။

  • MaMa

    September 11, 2011 at 2:34 pm

    ခုခေတ်ကြီးထဲမှာ ကွန်ပြူတာ အင်တာနက်ကို မသုံးတတ်တာ ခေတ်သစ်လောကနဲ့ အဆက်ပြတ်နေတာတဲ့။ ဒါ့ကြောင့်မို့ အ-သုံးလုံးကြေ သင်တန်းပေးသလို ကွန်ပြူတာ စာမတတ်သူ ပပျောက်ရေးလည်း လုပ်သင့်တယ်လို့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။

  • naywoonni

    September 11, 2011 at 6:06 pm

    အပေါ်က ကိုသစ်မင်းနဲ့ မမ တို့ အဆိုပြုချက်တွေကို စောတကတက်ပါရစေ…။ ကျွန်တော်တို့ တိုင်းပြည်ဟာ အတတ်ပညာ တစ်ခုသင်ယူပြီးသူတိုင်းအတွက် အသက်မွေး ဝမ်းကြောင်း ဖို့ ဝင်ငွေ မရရှိနိုင်ပါဘူး..။ ရရှိဖို့ ဖန်းတီးခွင့် လည်းနည်းပါးပါတယ်..။ အခြားသူမကြည့်ပါနဲ့ ..။ နေဝန်းနီကိုပဲကြည့်ပါ…။ စာရင်းကိုင် ပညာတတ်တယ်ဗျာ…။ အင်တာနက် ကိုတစ်မြို့လုံးမှာ သုံးနေတဲ့သူတွေနဲ့ ယှဉ်ပြီးသုံးနိုင်တယ်…။ ဒိတော့ကာ ဘာအလုပ်လုပ်နေရသလဲ အိမ်ကိုပဲကပ်ပြီး အိမ်က အလုပ်လေးဘာလေးနဲနဲပါးပါးလုပ်ပြီး ထုတ်ပေးတဲ့ လ္ဘက်ရည်ဖိုးနဲ့ပဲ အင်တာနက်ဆိုင်ထိုင်နေရတယ်…။ စာရင်းကိုင်ပညာနဲ့ ထိုက်တန်တဲ့လုပ်ခမပြောနဲ့ သူတို့ ရဲ့ အခြေအနေသိမှာကြောက်လို့ ဘယ်လုပ်ငန်းရှင်ကမှ အလကားမခိုင်းချင်ဘူး…။ အင်တာနက်နဲ့ ပါတ်သက်တဲ့ အလုပ်အကိုင်ကလည်း ဝေဝါးဝါးပဲ..။ သုံးတတ်သွားတာ ပိုက်ဆံကုန်ဖို့ပဲရှိတယ်…။ ဘယ်ကမှ အလုပ်ပေးမဲ့သူတို့ ဘာတို့ မတွေ့ဖူးသေးဘူး…..။ ဒီတော့ကာ လူအတော်များများက စားဝတ်နေရေးကိုပဲ အဓိက ထားပြီး လှုပ်ရှားနေကြလေတော့ ဒီပညာရေးတွေကို အလေးမထား ကြတာဆန်းတော့ မဆန်းပါဘူး..။ သူတို့က အပိုသာသင်ထားရတာ …။ လက်တွေ့ အသုံးချလို့ မရဘူး…။ အသုံးချလို့ မရဘူးဆိုတာက သက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့ အခွင့်အရေးနဲပါးတယ်…။ အဲဒိတော့ ကွန်ပြူတာတစ်လုံး ပေါက်ဈေးနဲ့ ဆိုင်ကယ်တစ်စီးပေါက်ဈေးအတူတူဗျာ……….။ ဝယ်နိုင်ရင်ဘာဝယ်မယ်ထင်သလဲ……။ ကျွန်တော်တို့မြို့မှာတော့ ဆိုင်ကယ်ပဲဝယ်တယ်…။ သွားလာရေးအဆင်ပြေတယ်ဗျာ……..။ ငွေလိုအပ်ရင် ကယ်ရီ ဆွဲစားလို့ရတယ်…။ ကွန်ပြူတာက ကယ်ရီဆွဲလို့ မရဘူးလို့ ပြောတယ်…။ အဲဒိတော့ ဆိုင်ကယ်စီးတာပဲ သင်ပေးလို့ရတယ်…။ ကွန်ပြူတာသင်တန်းမှာလူမရှိသလောက်ပဲ…။ ချက်တင်ထိုင်ချင်တဲ့ ကလေးတွေ ဘာကွန်ပြူတာ အခြေခံမှမရှိပဲ အင်တာနက်ဆိုင်က အကောင့်တောင်းပြီးထိုင်ကြတယ်…။ အင်တာနက်ဆိုင်မှာ စနေတနင်းဂနွေလိုနေ့မျိုး လူတော့မပြတ်ဘူး..။ ဒီတော့ ကွန်ပြူတာပညာနဲ့ ဘာလို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်မလဲ..။ အင်တာနက်ကနေ ဘယ်လို့ အလုပ်အကိုင်အခွင့် အလမ်းတွေရနို်င်မလဲ …။ ဒါဆိုရင်တော့ စိတ်ဝင်စားမယ် ..။ သင်ယူချင်တဲ့သူများမယ်…။ ခုတော့ ……….. မနက်စာ ထမင်းကြမ်း ဆားဖြူးစားနိုင်ဖို့ ဒီနေ့ လုပ်နေတဲ့ အလုပ်ဖျက်လို့ မရသေးပါဘူးတဲ့..။

    • thit min

      September 11, 2011 at 7:16 pm

      ကိုနေဝန်းနီရေအားမငယ်ပါနဲ့ဗျာ။ကျနော်
      လဲတချိန်ကဘာဆိုဘာမှလုပ်လို့မရတဲ့ဘဝကိုတကယ်ကို
      အကြာကြီးဖြတ်သန်းခဲ့ရဘူးတာပေါ့ခင်ဗျာ။
      သာမန်စာရေးလေးအလုပ်တခုရဘို့သဋ္ဌေ့းတယောက်ဆီကို၂၃
      ကြိမ်တိတိ(တလတကြိမ်နဲ့၂၃လတိတိ)သွားပြီးဇွဲဆုရခဲ့ပါတယ်။
      ၂၂ကြိမ်အထိဪ”အေး”မင်းလားအလုပ်ကမလိုသေးဘူးကွ”လို့
      တခွန်းပဲပြောခဲ့တာနော်။
      လောကဓံဆိုတာခံနိုင်ရည်ကိုစစ်တဲ့စာမေးပွဲကြီးပါပဲ။ဘဝမှာခဏခဏ
      လဲကျတာပေါ့ဗျာ။လဲကျတာကအရေးမကြီးပါဘူးပြန်ထဘို့သာအရေးကြီးပါတယ်ဆိုတဲ့
      အဆိုအမိန့်ကိုမကြားဘူးခင်ကထဲက”ကျရှုံးမှာကြောက်တဲ့စိတ်”တခုထဲနဲ့ဇွတ်လုပ်ခဲ့တာပဲဗျာ။ကြိုးစားပြီးလုပ်ရမှာ”ငါလုပ်နိုင်တာ”လို့ပဲစဉ်းစားခဲ့ပီးလုပ်တာပါ။
      မိတ်ဆွေကောင်းရှိခြင်းသည်အရာရာကိုပြီးမြောက်စေသည်လို့ဘုရားဟောခဲ့တာရှိတယ်မဟုတ်
      လားခင်ဗျာ။
      သံဗိဒါတရားလေးပါးလို့ခေါ်ပါတယ်။လောကကြီးပွါးတိုးတက်ရာတရားတွေပါ။
      ဥဒါနသံဗိဒါ= ညာဏ်ဖြင့်ယှဉ် သဖြင့်လုံ့လစိုက်ထုက်မှုရှိခြင်း
      သမဇီဝိတာ= ရိုးသားသောအသက်မွေးမှုဖြစ်ခြင်း
      အာရက်ခသံဗိဒါ=ရှာဖွေရရှိသည်ကိုကောင်းစွာစောင့်ရှောက်နိုင်ခြင်း
      ကလျာဏမိတ်တကာ= မိတ်ဆွေအပေါင်းအသင်းကောင်းရှိခြင်း
      (ပါတ်ဆင့်မရေးတတ်လို့နော်)
      လို့ဆိုပါတယ်။
      စိတ်ရှည်ပါ။ခင်ဗျားဘဝရဲ့ မှာခင်ဗျားဟာMDပါ
      ခင်ဗျားဝန်ထမ်းလဲခင်ဗျားပါပဲ တိုးတက်ရာတိုးတက်ကြောင်းခင်ဗျားမှာအလုံးစုံတာဝန်ရှိတာပေါ့ဗျာ
      လုပ်ရကိုင်ရကြပ်ပါတယ်ဆိုတဲ့မြန်မာပြည်မှာပဲရိုးရိုးသားသားအောင်မြင်နေသူတွေရှိပါတယ်။
      စိတ်အားမငယ်ပါနဲ့မိတ်ဆွေ..
      ကိုယ့်အတွက်အားပေးနိုင်တဲ့သူဟာခင်ဗျားကိုယ်တိုင်ဆိုတာလဲဘယ်တော့မှ
      မမေ့ပါနဲ့။
      ခင်ဗျားအောင်မြင်မယ်ဆိုတာကျနော်ယုံပါတယ်။

    • MaMa

      September 11, 2011 at 7:42 pm

      အဘနီရဲ့ ပေါက်ကွဲသံစဉ်တွေကို ဖတ်ရတာ စိတ်မကောင်းစရာပဲ။ ပြောနေကျစကားတစ်ခွန်းကိုပဲ ထပ်ပြောရဦးမယ်။ ဆရာတစ်ယောက်က ပြောဖူးတယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ ဉာဏ်ကိုလွှာပြီးသုံးပါ။ ဝီရိယကို အစွမ်းကုန်စိုက်ထုတ်ပါ။ ဖြစ်မလာတော့လည်း ကံကို ပုံချလိုက်ပေ့ါ တဲ့။
      ဒါထက်ပြောရဦးမယ်။ စာရင်းကိုင်ပညာဆိုတာ အင်မတန် တန်ဖိုးရှိတယ်လို့ မြင်ထားတာ။ ကိုယ်တိုင်တောင် မတောက်တခေါက် သွားသင်လိုက်သေးတယ်။

Leave a Reply