ကျွန်တော် ချစ်သော မိန်းမ တစ်ယောက်

alinsettSeptember 10, 20111min10911

* အို..ချစ်သူရေ….

* ဟိုး..အရှေ ့မှာ မိုးတွေရွာပြီ။

* လာ ..ရဲရဲလာ။

* ထီးရွက်တွေ မပါလည်း…

* လူ ဟာ ကိုယ် ့ဖာသာ လျှောက်ရဲ ရမယ် ကွယ့်…။

******************

(တာရာမင်းဝေ / မိုးခေါင်လို ့တီးတဲ ့ဗုံသံ ကဗျာစု..မှ…..)

****************************************************************

အိပ်မပျော်သော ညများစွာတွင် သူမကို လွမ်းဆွတ်တမ်းတနေခဲ့တာ သူမ သ်ိပါ့မလား။
ချစ်သူကို အရူးအမူး လိုအပ်ခဲ ့သော်လည်း မလိုအပ်သယောင် ပြုမှုဆက်ဆံခဲ ့သူကို ချစ်သူ နားလည်ပါ့မလား။

ကျွန်တော် ့အချစ်သည် သူမ နင်း လျှောက်သွားဖို ့ရာ လှေကားထစ်သာဖြစ်ပါသည်။
သူမကို အလွန်ရိုးသားစွာ အလွန် ဖြူစင် သန့် ့ရှင်းစွာ…. ချစ်ခဲ ့ခြင်းကို သူမကတော့ နားလည်နိုင်မှာ မဟုတ်ပါ။
ကျွန်တော် ့အချစ်သည်..ပြောပြရန် ခက်ခဲသော ( တရားသဘောလည်း ဆန်နေသော)
ချစ်ခြင်းဖြစ်ပါသည်။

*** မင်းက သိပ် အတ္တ ကြီးတဲ ့ယောကျာ်းတစ်ယောက်ပဲ….***
ဟု သူမက ကျွန်တော့်ကို သတ်မှတ်ခဲ ့ဖူးသည်။ ထိုစကားကြောင့် ကျွန်တော် တုန်လှုပ်နာကျင် (ဆို ့နင့် ကြေကွဲ…) ခဲ ့ရပါသည်။

*** ကိုယ်သာ အတ္တတွေ သိပ်ကြီးနေရင် ၊ အတ္တ ကြီးတဲ ့ယောကျာ်းတစ်ယောက်ဆိုရင်…
မင်းကို ရယူ ပိုင်ဆိုင်ဖို ့ကြိုးစားမှာပေါ့ …။****

အဲသည် ဖြေရှင်းးချက်ကို ရင်ထဲ မှာသာ ပြောဖြစ်ခဲ ့ပါသည်။ သူမကို ကျွန်တော် ပေးဆပ်တတ်သော အချစ်ဖြင့်
ချစ်မြတ်နိုးခဲ ့ကြောင်း..သူမ မသိ်တာသေချာပါသည် ။
အဲဒါကြောင့်လည်း အတ္တကြီးသူ လို ့ ထင်မြင်ခဲ ့တာ….။
ချစ်သူရယ်….။ ဘယ်လိုပဲ..ထင် ထင်…တွယ်တာရတဲ ့သူလေး..မင်းအတွက်..ရင်နင့်အောင် ရူးသွပ်ခဲ ့ဖူးပြီပဲ..။
ပိုင်ဆိုင်ဖို ့ မကြိုးစားတာဟာ ကိုယ် မရှိတော့မယ် ့တစ်ချိန်မှာ….မင်း မနေတတ်တော့မှာ စိုးလို ့ပါကွယ်…။
မဆုံနိုင်အောင် ဖြတ်တောက်ပစ်မယ် ့ဓါးအစင်းစင်းတွေကလည်း တို ့ဘေးမှာ အဆင်သင့်…။

ကိုယ် ့ကို ကြောက်တတ်သူ…လို ့လည်း ဆိုချင် ဆိုပါတော့ ။
တကယ်တော့ ကျွန်တော် ကြောက်တတ်ခဲ ့တာ မဟုတ်ပါ..။ (ကြောက်ရွံ ့ခြင်း ရှိခဲ ့သည် ဆိုလျှင်ပင်…. ထိုကြောက်ရွံ ့ခြင်းသည်…ချစ်သူ စိတ်ဆင်းရဲမှာကို ကြောက်ရွံ ့ခြင်း ဖြစ်ပါလိ်မ့်မည်။

နက်နက် ရှိုင်းရှိုင်း ချစ်ခဲ ့ရသော…၊ တစ်စက္ကန် ့ကလေးမျှ မဝေးချင်ခဲ ့သော…ချစ်သူကိုတောင် စွှန် ့လွတ်

ခဲ ့ရသူပါကွယ်။ နှလုံသားမှာ ပြန်မကျက်တော့မယ် ့ ဒဏ်ရာ တစ်ခု အရယူခဲ ့သူကို သတ္တိရှိသူ..ဟု သူမ မပြောခဲ ့ပါ ။

အဲသည် အတွက်လည်း…ကျွန်တော် သူမကို ခွင့်လွှတ်နားလည်ပေး ခဲ ့ပါသည် ။

ချစ်ခြင်းတူသော်လည်း….အချစ်ကို ခံစားနားလည် ပုံခြင်း မတူခဲ ့သော…..

ကျွန်တော်တို ့နှစ်ယောက်အတွက် ခွဲ ခွါ နှုတ်ဆက်ခြင်း…..သည်သာ….

ကံကြမ္မာက ပေးအပ်သော လက်ဆောင်…ဖြစ်လာပါလိမ့်မည်။ ။ ။

********************************************************

အားလုံးကို ခင်မင်လေးစားစွာဖြင့်…..

အလင်းဆက်

10 .9 .2011 p m

11 comments

  • windtalker

    September 10, 2011 at 8:30 pm

    အားပေးပါတယ် ဗျို ့
    ကိုအလင်းစက် ရဲ ့နှလုံးသားကျမ်းစာ ကို

  • cobra

    September 10, 2011 at 8:44 pm

    အားပေးသွားပါကြောင်း…
    ဆက်ရေးပါ။
    အားပေးနေပါ့မယ်။

  • mandalarthu

    September 10, 2011 at 9:40 pm

    Good writing this is!Thanks for yr share.
    It is unusual as you use simple words to express yr feelings.
    I like the last two lines,but, I don’t think parting is the thing that everyone wants ,including you.Meeting is the beginning and parting is the end in our long journey.
    Do you agree that?

  • MaMa

    September 10, 2011 at 11:13 pm

    လက်စမ်းစာပေကို ချီးကျူးသွားလို့ အလင်းဆက်စာကို ဖတ်ကြည့်ပါတယ်။ ဒီစာကတော့ ပရိုအဆင့်ပေ့ါ နော။
    😀

  • မီးမီး သော်

    September 10, 2011 at 11:23 pm

    အလင်းဆက်က နောက်ဆုံးကြတော့ အဖြေက လမ်းခွဲဖြစ်နေတယ်လေ။စိတ်မကောင်းပါဘူး။

  • alinsett

    September 11, 2011 at 4:39 pm

    mandalarthu မေးထားတာကို ကျွန်တော် သဘောတူပါတယ် ။
    MaMa ပြောတဲ ့ … ကျွန်တော်ရေးတာက ပရို အဆင် ့ ဆိုတာတော့ မဟုတ်သေးပါဘူး။
    ကျွန်တော် က စာရေးတာကို ဝါသနာပါ လို ့ ကြို ့စားနေတဲ ့ ဝါသနာရှင် အဆင့်ပါပဲ။
    ကျွန်တော်လည်း လက်စမ်း…(ကလောင်သွေး ) ပါပဲ။
    ကျွန်တော့် စာမူတွေ ဆို မဂ္ဂဇင်းတွေ မှာ အပယ်ခံနေရတုန်းပါ ။
    ကျွန်တော်က မော်ဒန်စာပေ ဘက် အားသန်နေတော့ အသစ်…ဝါသနာရှင် အနေနဲ ့ ကမောက်ကမတွေ ဖြစ်နေတာပါ ။
    သရုပ်မှန်…စာပေတွေ ကိုလည်း ရေးချင်စိတ်ရှိရင်ရေးပါတယ် ။ဒါပေမယ့် မော်ဒန်ကဗျာနဲ ့မော်ဒန်ဝတ္ထုတွေကိုပဲ..အရေးများတာပါ။

    ကျွန်တော် ့ဇာတ်လမ်းက လမ်းခွဲ….ပဲ..ဖြစ်ဖို ့များပါတယ် ။ ဘာလို ့လဲ…ဆိုတော့…. ….

    • windtalker

      October 1, 2011 at 11:02 am

      အဟွတ် အဟွတ်
      အလင်းစက် ရဲ ့
      “ ဘာလို ့လဲ..ဆိုတော့… ” ကို
      အဖြေ ညှိပါမယ်
      ဘာလို ့လဲ ဆိုတော့
      အလင်းစက် က ဝစ်သောက်ဖြစ်နေလို ့ပါ
      သို ့ကြောင့်
      အလင်းစက် ရဲ ့စာကုန်မှာ
      လမ်းဆုံ (ခ) ပျော်စရာ ဇါတ်သိမ်းများ ဖန်တီးလာနိုင်ဖို ့
      ဂေဇက်ရှိ ငယ်ငယ်ပုပုနုနုဥဥ များက
      ကူညီစောင်မ ကြပါကုန်

  • phuu.sar.shin

    September 30, 2011 at 10:23 pm

    *** ကိုယ်သာ အတ္တတွေ သိပ်ကြီးနေရင် ၊ အတ္တ ကြီးတဲ ့ယောကျာ်းတစ်ယောက်ဆိုရင်…
    မင်းကို ရယူ ပိုင်ဆိုင်ဖို ့ကြိုးစားမှာပေါ့ …။****
    ကြိုက်တရ်ဗျာ….အဲဒီစာသားလေးကိုတော့ ..
    အားပေးနေပါတရ်..ကိုအလင်းစက်ရေ..

  • phuu.sar.shin

    September 30, 2011 at 10:25 pm

    *** ကိုယ်သာ အတ္တတွေ သိပ်ကြီးနေရင် ၊ အတ္တ ကြီးတဲ ့ယောကျာ်းတစ်ယောက်ဆိုရင်…
    မင်းကို ရယူ ပိုင်ဆိုင်ဖို ့ကြိုးစားမှာပေါ့ …။****
    အဲဒီစာသားလေးကိုတော့ ကြိုက်တရ်ဗျာ……
    အားပေးနေပါတရ်..ကိုအလင်းစက်ရေ..

  • etone

    October 1, 2011 at 10:57 am

    ချစ်တဲ့ လူတိုင်းကို ဆုံဆည်းစေချင်တယ်ကွာ … ။
    သူ့အသိုင်းဝိုင် း ၊ ကိုယ့် အသိုင်းဝိုင်းနဲ့ ဥစ္စာဓန ပိုင်ဆိုင်မှူတွေ ထည့်မတွက်ပဲ … နှစ်ဦး နှစ်ဖက် အပြန်လှန်ချစ်ကြတယ်ဆိုလျှင်ပဲ .. အရာရာကို ကျော်ဖြတ်ဖို့ … အားတွေရှိတယ်လေ … ။

    ဘေးပယောဂတွေ … မတူညီတာတွေ ၊ တူညီတာတွေ တွေးမနေနဲ့ အလင်းစက်ရေ … သူ့စိတ်ထဲ မင်းရှိသေးတယ်ဆိုလျှင် ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ဆက်တိုးသွားပါလို့ပဲ တိုက်တွန်းချင်ပါတယ် 🙂

  • ရွှေဘိုသား

    October 1, 2011 at 12:00 pm

    ရှေဆက်တိုးဗျာ
    ရည်းစားရှိရင်လည်း လင်ရှိတာမဟုတ်ဘူး
    လင်ရှိရင်လည်း ကလေးရှိတာမဟုတ်ဘူး
    ကလေးရှိရင်လည်း ပြန်အမ်းလိုက် ဆက်လိုက်

Leave a Reply