နတ်ဖွက်ခြင်းအကြောင်း သိကောင်းစရာ

ဂ်စ္စူSeptember 10, 20111min2039

နတ်ဆိုလို ့..ကိုကြီးကျော်၊ကိုကျော်လေး၊မနှဲလေး၊အမေဂျမ်း၊အတွင်း(၃၇)၊အပြင် (၃၇)မင်း တွေပဲ ပြေးမမြင်နဲ ့ဗျ
ငယ်ငယ်က လူကြီးတွေပြောပြောတတ်တဲ့.“.ကောင်လေး..ညဘက် လျှောက်မပုန်းနဲ ့..နတ်ဖွက်မယ်”ဆိုတာ…
ညဘက်တိုင်း ကစားတတ်တဲ့ ကျနော့အတွက် မကြာခဏ အပြောခံခဲ့ရဖူးပေမဲ့.ဘယ်နတ်က ဘလို ဖွက်သလဲ..ဘသူ ့
ကို ဖွက်ခဲ့သလဲဆိုတာ မကြုံဖူး..မကြားဖူးခဲ့လို ့…အဲဒီနတ်အကြောင်း..စဉ်းစဉ်းမျှ ကျနော် မသိပါခင်ဗျ။

ဒါကြောင့် ကျနော်သိတဲ့..နတ်.အင်တာနက်..ကွန်နက်ရှင် နတ် ရဲ့ ဖွက်တတ်ပုံလေးကို သိသလောက် ရှင်းပြမှာ ဖြစ်ပါတယ်။

ဒီလို စပြောလိုက်ကတည်းက..ကွန်ပျူတာ ဝလုံးတန်းမှ အစ..ကွန်ပျူတာ ကထိကကြီး အထိ ကျနော်တို ့ပြည်တွင်း ကွန်နက်ရှင် စုတ်ကြောင်းကို မရိုးနိုင်စွာ ဒီကောင် ပြောလေတော့မည်ဟု သဘောပေါက်ပါလိမ့်မယ်။

မှန်ပါတယ်..
ဒါပေမဲ့..ခုလိုမွဲပြာ ပုဆိုးကြီး ထပ်ဝတ်ပြလိုက်တာ တစ်ချို ့တစ်ဝက် အဖို ့..အကျိုးမရှိပေမဲ့..တစ်ချို ့တလေအတွက်တော့
အကျိုးရှိနိုင်ကောင်းရဲ့ဆိုပြီး ရည်ရွယ်ချက်နဲ ့..
ပြည်တွင်းနတ်စုတ်ကြီးအကြောင်း အနည်းငယ် ရှင်းပြချင်တာဖြစ်ပါတယ်။

ကျနော်လဲ..
မန္တလေးက ကျောက်ကုန်သည်ကြီး တစ်ယောက်နဲ ့ပေါင်းပြီး အဆိုပါ ကျောက်သူထေးကြီးရဲ့ဓာတ်တွေ ကူးသွားလို ့..သူ ့လိုပဲ
အင်ထရို တော်တော်ရှည်သွားမိတာ တောင်းပန်ပါတယ်။ဆောဒီးဆောဒီး.. 😛 .. စပြီ..စဘီ..။

နတ်ဖွင်ခြင်းအကြောင်း
ကျနော်တို ့ပြည်တွင်း ကွန်နက်ရှင် လက်နှီးတစ်ခုလို စုတ်တာ၊ဆိုက်ကားလောက် မမြန်တာ၊ကုန်ဈေးနှုန်းနဲ ့ ဆန် ့ကျင့်၍ တက်ပြီးပြန်ပြန်
ကျတာ၊ကျပြီး ပြန်မတက်တော့တာ
အပြင်မှာ ဆူပူမှု တစ်ခုခုဖြစ်ရင် သူကြောက်ပြီး မထနိုင်တော့တာ၊တခြားဂြိုလ်က အတွင်းရေးမှူးတို ့..ဂြိုလ်သား အကြီးအကဲ တို ့
လာတဲ့အခါ နတ်နှာစေးတာ၊တစ်လတစ်ခါ နတ်ဘေလ်လာတောင်းတာ မှန်ပေမဲ့ နတ် မှန်မှန် မပေးနိုင်တာ..စသည်စသည်..ပေါ့.။
အဲဒီစသည် တွေအကုန်လုံး တော်တော်များများ သတိထားမိကြတယ်…လေ။
“နှေးတယ်….ကျတယ်..ပျက်တယ်” လာမပြောနဲ ့ ရိုးနေပြီ ပေါ့ဗျာ..မထူးဆန်းတော့ဘူး.
နတ် နှေးတယ်ဆိုပါဆို ့..ဆိုဒ်တစ်ခု လော့ဂ် ဝင်တဲ့အခါ ကြာကြီးနေမှ ဝင်တယ်..ဒေါင်းလုဒ် ဆွဲရင်..၅ မိနစ်နဲ ့ ပြီးမဲ့ဟာ ၁၅ မိနစ်မှ
ပြီးတယ်ထား..နှေးပေမဲ့..အချိန်တန်ရင် အိုကေတယ်နော့..။
အဲလိုပဲ..ဗျ..နတ်ကျတယ်.နတ်ပျက်တယ် ဆိုရင်လဲ အချိန်တန် နွားပိန် ပြန်ကန်တာပဲဗျ….။
အခုတော့..နှေး၊ကျ၊ပျက် ထက် ဆိုးတဲ့ ဖွက် တတ်တဲ့ နတ်အကြောင်းကြီးကို သတိထားမိအောင် ပြောချင်တာဗျ။.
ဒီလို..ဒီလို…ဗျ..နတ်ဖွက်တာ..

ချက်တင်ထိုင်တဲ့လူတွေတော့ ကြုံဖူးလိမ့်မယ်..
ကိုယ်ကတော့ အမှန်အကန် တွေရေးပြီး..သူ ့ဆီကို ဂျောက်ခနဲ ့ Enter ခေါက်ပြီး ပို ့ပြီးပြီ
ဒါပေမဲ့ သူ ့ဆီမရောက်ဘူး..ခင်ဗျ..ဟိုဘက်ကလဲ xxx is typing ဆိုပြီး ပြနေလို ့..ဘယ်အချိန်
ကတုံ.ကတုံ ဆို တက်လာမလဲစောင့်နေတာပဲ..ဒါပေမဲ့လဲ ကတုံဆို စာတွေတက်မသွားဘူးဗျ

ဒီလိုပဲ….ဟိုဘက်ကလဲ စာတွေရိုက်ပြီး ဂျလောက်ဆို Enter ခေါက်..ပို ့ပြီးပြီ..
ကိုယ့်ဘက်ကလဲ သူ is typing ဆိုလို ့စောင့်နေတာ….အချိန်တန် နားပိန်ကန်ပြီး ကတုံ ဆို တက်မလာဘူးဗျ….
အမှန်တော့ သူလဲ ဂျောက်ခနဲ ရိုက်ပို ့ပြီးပြီ

အဲတော့.. ကိုယ့်စာလဲ သူ ့ဆီမရောက်..သူ ့စာလဲ ကိုယ့်ဆီမရောက်..
အမှန်အကန်ရေးတဲ့စာတွေဘာလို ့မရောက်သတုံး..မေးလျင်
ရှင်းရှင်းလေး..အဲတာ..နတ်ဖွက်တယ်လို ့သာ မှတ်ပါ.ခင်ဗျ

အဲသလို နတ်ဖွက်တတ်ကြောင်းကို တော်တော်များများက နားမလည်ကြတော့..
လင်မယားအချင်းချင်း၊ချစ်သူအချင်းချင်း၊သူငယ်ချင်း အချင်းချင်း နားလည်မှုတွေလွဲပြီး
မကြာမကြာ ကွိုင်တွေရှုတ်..စကားတွေများ.စိတ်တွေလဲ ကောက်.ဖြစ်ကုန်ကောခင်ဗျ။

အိမ်ထောင်သည်တွေဆို.
.အိမ်ဦးနတ်က..
နိုင်ငံဂျားအလုပ်သွားလုပ်၊တစ်ပတ်တစ်ခါလောက် အားတုန်းလေး..အရေးကြီးကိစ္စလေး မှာမို ့
အိမ်သူနဲ ့ နတ်ပေါ်ချိန်း..စကားပြော.၊.ပြည်တွင်းနတ်က ဖွက်ထား.တော့  အိမ်သူပြန်ပြောတာ နိုင်ငံဂျားမရောက်.
အလုပ်မအား..အချိန်ရှားရတဲ့အထဲ….ဒါတောင် ခုထိ ကျွမ်းကျင်အောင် မသုံးတတ်ရပါ့မလား
ဂျီတော့ခ်က “တူတူး..တူတူး.”ဆိုခေါ်လိုက်ရင် Accept လုပ်ရမယ်ဆိုတာခုထိ မသိသေးဘူးလား..
စာလေးနဲနဲ ရိုက်တာ အဲသလောက် ကြာရသလားတွေပေါ့..ဗျာ..

ချစ်သူတွေကြတော့လဲ..
ရှင်..Typing ဆိုပြီး ဘယ်ဝှာမကို စာရိုက်ပြီးကြူနေတာလဲ..ပြော..
ပေး.. Password ပေး.ခုချက်ချင်း..အချိန်မဆွဲနဲ ့…ပေါ့.

သူငယ်ချင်းတွေကျတော့လဲ..
အင်း..ဒီကောင် စာရိုက်တာအဲလောက်မနှေးပါဘူး..ဘာတွေများ ဒီလောက်များကြီးရေးနေလဲပေါ့….
ဒါတောင်..ဟိုင်း..ခေါ်နေတာကြာဘီ..ပြန်မပြောဘူးလား
ဘာလဲ မာနကြီးတာလား.. စသဖြင့် နတ်ဖွက်တဲ့အခါ တစ်ဦးကိုတစ်ဦး အထင်လွဲ..သံသယတွေဖြစ်ကုန်တယ်ဗျ။
အဲတော့. နတ်ဖွက်ခြင်းအကြောင်း နားမလည်လို ့ အချင်းချင်းယုံမှား သံသယတွေ ဖြစ် ကုန်ကောပေါ့ဗျာ။

နောက်ထပ်..နတ်စာရေးဆရာတွေ အတွက်ကျတော့..အမှန်အကန်စာတွေရေး..ကျေနပ်အောင်ရေးပြီး
နတ်ပေါ်တင်တဲ့အခါကျတော့….ဘာစာမှ ပါမလာ၊တစ်ခါတလေ..စာတစ်ကြောင်း နှစ်ကြောင်းလောက်ကျေနပ်အောင်
ပါလာပြီး နောက်ပိုင်း.. %%% တွေကော ☺☻♥52 တွေကော..နားမလည်တာတွေဖြစ်ကုန်တယ်။အမှန်အကန် ရေးထားတဲ့စာတွေ.ဘယ်ရောက်သတုံး..မှန်ဘီလူးနဲ ့
ရှာမနေနဲ ့..အပိုပဲ နတ်ဖွက်ထားတယ်

ဒီလိုပဲ..စာလေးတွေဖတ်. နဲနဲ ဝင်ဆွေးနွေးချင်တဲ့အခါ ကွန်းမန် ့ဝင်ပေး.မိ
ပြီးတော့ ပြန်ကြည့်မရှိ….ဘယ်ရှိမလဲ နတ်ဖွက်ထားတာကိုး.. 😀
မတွေ ့တော့ နောက်တစ်ခေါက် ပြန်မန် ့…အဲတော့ ကွန်းမန် ့ နှစ်ခုဖြစ်ပြန်ကော.
ခုဏက မရှိ..ခုကြတော့လဲ နှစ်ခုတောင်ဖြစ်..နဲ
့..နတ်ဖွက်ရင် အင်မတန်..စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

အဲဒီတော့
နတ်ဖွက်လျင် ဒီလိုဒီလို ဖြစ်တတ်တယ်ဆိုတာ ကောင်းကောင်း သိထားမယ်ဆိုရင်..
လင်မယားအချင်းချင်း၊ချစ်သူအချင်းချင်း၊သူငယ်ချင်းအချင်းချင်း အထင်လွဲ.သံသယဖြစ် ပြီး
ပြဿနာမတက်နိုင်တော့ဘူး။စာရေးသူ စာဖတ်သူကြားထဲလဲ ဘာစာမှပါမလာဘူး..၊
ဒီအကြောင်းအရာပဲ ၂ ခါ ပြန်ကွန်းမန် ့ပေးရသလား ဆိုပြီး အကြည်ညိုပျက်..အထင်သေးစရာ လဲ ရှိမှာမဟုတ်တော့ဘူး။
အချုပ်ဆိုရရင်တော့..နတ်ဖွက်ခြင်းအကြောင်း ကောင်းကောင်းသိပြီး အပြန်အလှန် နားလည်မှုရှိတဲ့ နတ်လောကသားများ ဖြစ်ကြစေသတည်း..ပေါ့ဗျာ။

*****************************The End******************************

ရေးရင်း ရေးရင်း ပျင်းလာလို ့..ဝါး..

9 comments

  • cobra

    September 10, 2011 at 8:09 pm

    အမှန်တွေပြောနေတာပဲ….
    အဖမ်းခံနေရဦးမယ်.. 🙂

  • windtalker

    September 10, 2011 at 8:29 pm

    တစ်ခါတစ်လေ ကြ
    ကွန်မင့်တင် မဟုတ်ဘူး
    ပို ့စ်တစ်ခု တင်လိုက်တာ
    တစ်ဝက်လောက်ပဲ ပါလာတယ်
    ဟူး
    ရှင်ပြီ စန်းစန်းညွန် ့

  • ဆူး

    September 10, 2011 at 9:18 pm

    နတ်ဖွက်ခံရလို့.. စာမျက်နှာတောင် တဝက်နဲ့ ပျောက်နေတာ.. အခုတော့ တွေ့ပြီး ဘယ်ရမလဲ နတ်ကို အံတုလိုက်တာပေါ့။ ဇွဲကြီးပုံများ ပြောမနေနဲ့.. ဘာသာရပ်ဆိုင်ရာတွေမှာ အဲလို ဇွဲကြီးရင် အခုလောက်ဆို တော်တော် ထူးချွန်နေပြီ

  • mzm

    September 10, 2011 at 9:45 pm

    ကိုပေါက်ဖော်ပြောတာသဘာဝကျသဗျာ……..အရေးအသားလည်းသဘောကျတယ်တကယ့်အမှန်တွေချည်းပဲ နောက်ထပ်ရှိရင်တင်ပေးပါဦးလို့….

  • naywoonni

    September 10, 2011 at 10:07 pm

    37 မင်းထဲမပါသေးတဲ့ နောက်တိုးနတ်ပေါ့နော်…။ 38ပါးမြောက်နတ်ပေါ့ ဟုတ်လား? ပြင်လိုက်မယ်လေ…။
    အတွင်း38 မင်း အပြင် 37 မင်းလို့………

  • thit min

    September 10, 2011 at 10:51 pm

    ရွှီးစရာနီးလမ်းတခုလိုလဲစဉ်းစားလို့ရပြန်တယ်။
    မရေးဘဲနဲ့လဲရေးတယ်ပေါ့,,,,,,,,,,,,

    • ပေါက်ဖော်

      September 11, 2011 at 9:41 am

      မှန်ဒါတွေကြောနေပြန်ဘီ 😀
      but,

      မရေးပဲနဲ ့လဲ ရေးပေမဲ့..အဲ..အဲ..ရပေမဲ့..
      ရေးလိုက်တော့လဲ ..သိရတာပေါ့ဂျာ..

      ဂျမ်းစိမ် ဆို အဲတောတွေမသိလို ့ ..ကျုပ်ကို ခဏခဏ ပြဿနာရှာသဗျ..
      အဓိကကတော့..
      ပြည်တွင်း နတ်ဆရာ..နတ်ချက်တာတွေအဖြစ် နားလည်လာအောင်ရေးပေးတာပါ..ခင်ည

  • MaMa

    September 10, 2011 at 10:54 pm

    နတ်ဖွက်တာကို ပေါက်ဖော်က ဖော်လိုက်တာပေ့ါလေ။ 🙂

  • မီးမီး သော်

    September 10, 2011 at 11:12 pm

    ကိုပေါက်ဖော်ရယ် နတ်ဖွက်တယ်ဆိုလို ့ ဘာများလဲရယ်လို ့ဟိ ဟိ။တယ်လဲတွေးတတ်ပါကော။chatting မှာတင်ဖွက်တာမဟုတ်တော့ဘူးနော် ခုက ဖုန်းမက်ဆေ့ချ်လေးတွေပါ ပို ့တဲ့ဆီမရောက်တော့ဘူးဖြစ်နေပီ။

Leave a Reply