ဘာမှမပြောချင်တော့ဘူး

chindwinsayargyiSeptember 10, 20111min510

တကယ်ပါဘာမှကိုမပြောချင်တော့တာပါ.လွှတ်တော်ကြီးကကျင်းပနေပြန်ပြီ.သမတကြီးဦးသန်းစိန်ကတော့ပြောတာပဲ

သန့်ရှင်းသောအစိုးရ.ဘာညာဘာညာပေါ့ဗျာ.တချို့တိုင်းတွေပေါ့ဗျာ.ဝန်ကြီးတွေအိမ်ပြောင်းတာ.ပရိဘောဂတွေဘာမှဝယ်စရာမလို.

စပွန်ဆာတွေကပေးတာပေါ့ဗျာ.မပေးပါနဲ့လို့မညင်းတာဘာကြောင့်လဲ.မပြောချင်တော့ပါဘူးဗျာ.

စနစ်ပြောင်းသွားပြီလို့ပြောတာဘဲ.သတင်းစာတွေထဲဖတ်ရတာပါ.အလုပ်ရှိလို့ရုံးရောက်သွားတယ်.မနေ့ကပေါ့

ထုံးစံတွေအတိုင်းဘာညာဘာညာ.အလူငွေကလဲဘာညာဘာညာ.ဘာမှကိုမပြောချင်တော့ဘူး

မြန်မာပြည်သားတိုင်းတော့မြန်မာပြည်ကိုချစ်တာဘဲ.တိုးတက်စေချင်ကြတာဘဲ.လူတိုင်းလဲဒါကိုပြောနေတာကြားရတယ်

ငါတို့ခေါင်းဆောင်တွေဘာလုပ်နေကြလဲ.အားမရကြဘူး.လဘက်ရည်ဆိုင်မှာတနေကုန်ထိုင်ပြောနေကြတာ

ငါတို့ကောတာဝန်မရှိဘူးလား.ငါတို့အိမ်.ငါတို့ရပ်ကွက်.ငါတို့မြို့အတွက်ဘာလုပ်ပြီးပြီလဲ.တကယ်ပါဘာမှကိုမပြောချင်တော့တာ

 

ဒေါ်အောင်းဆန်းစုကြည်.ဂျာနယ်တစ်စောင်မှာတွေ့လိုက်ရတယ်.ပန်းခြံထဲမှာလားမသိဘူး.အေးအေးဆေးဆေးထိုင်နေတာ

တွေ့ရတယ်.စိတ်ချမ်းသာနေပုံရတယ်.ဒါတိုးတက်မှုတစ်ခုလို့ယူဆလို့.ရတယ်.မတူတာတွေဖယ်ပြီးတူတာတွေပေါင်းလုပ်

ကြမယ့်သဘော.ခွေးလေးတစ်ကောင်လဲဒေါ်စုဆွဲထားတာတွေ့ရတယ်.နိုင်ငံခြားမျိုးလေးထင်ပါတယ်.ဒါအတွက်မနက်စာကတော့

တို့ရွာကဘကြီးတို့(၂)ရက်စာလောက်တော့ရှိမယ်လို့မဆီမဆိုင်တွေးမိတယ်.ကြည်.ပဲပြုတ်နဲ့နံ့ပြားရရင်စားချင်တယ်

ဆိုတဲ့ဗိုလ်ချုပ်ရဲ့စာလေးကိုလဲသတိရမိတယ်.ဒါတွေရေးလို့ကျုပ်ကိုတစ်ချို့ကဘာညာဘာညာထင်ဦးမယ်.မပြောချင်တော့ပါဘူး

ရွာထဲကလဲကျုပ်ကဘာမှမသိလို့မသိဘူးပြောတာကို.ဝိုင်းဩဘာပေးကြတယ်.အကျိုးမရှိတဲ့စာတွေမရေးပါနဲ့တဲ့

ကျုုပ်ကပညာရှင်မှမဟုတ်တာ.မသိတာကိုမသိတာလို့ရေးတာတော့တစ်ချို့လဲဓါတ်ပုံလေးတစ်ပုံလောက်တင်ပြီးလုပ်နေ

ကြတာဘဲ.အဲဒါနဲ့ပါတ်သက်လို့လဲဘာမှမပြောချင်တော့ပါဘူး.

 

ဂျာနယ်တွေဖတ်ရတယ်.အင်တာနက်ထဲမှာတွေရောဘဲ.ဒီအစိူးရကိုဝေဖန်ကြတာ.ဘာဖြစ်တယ်.ညာဖြစ်တယ်နဲ့

ကျုပ်ကတော့ဘာမှမပြောချင်ဘူး။ဘာမှလဲမလုပ်သေးတော့.ဘာမှလဲမဖြစ်သေးဘူး.ဒါကြောင့်ဘာမှလဲမပြောချင်တော့ဘူး……

Leave a Reply