ပရဟိတ

ပရဟိတ

လက်ထဲမှာ
ဓားလည်းမပါဘူး..
တုတ်လည်းမပါဘူး…
ပိုက်ဆံလည်းမပါဘူး…
အာဏာလည်းမပါဘူး…

ကိုယ့်ရှိရာ ကိုယ့်အသည်းသာ လက်ပေါ်ထပ်လို့
လိုအပ်တဲ့ (မေတ္တာငတ်တဲ့) ရင်ခွင်ကို
နွေးထွေးသွားစေရုံလေးပါ။

ပညာလည်းမပါဘူး…
မာယာလည်းမပါဘူး…
ဂုဏ်တွေလည်းမပါဘူး…
မာနတွေလည်းမပါဘူး….

ကိုယ့်ရှိရာ ကိုယ့်အပြုံးသာ ဆင်မြန်းလို့
လိုအပ်တဲ့ ( နှလုံးသားရှိရာ ) ရင်ခွင်ကို
အေးချမ်းစေရုံလေးပါ။