ချစ်တယ်…

မှိတ်သည့်မျက်လုံး
မြင်မဆုံးအောင်
အိပ်မက် အလယ်
အလှကြွယ်..။ ။

ချိုသာစကား
သူယောင်ဖျားလို့
တခမ်းတနား
ဖမ်းစားတယ်..။ ။

ပြုံးသည့်အပြုံး
အလှဆုံးမို့
အသည်းမခိုင်
ရုန်းမနိုင်..။ ။

အကြည့်တစ်ချက်
သတိပျက်လို့
တဒင်္ဂလည်း
ရင်မှာစွဲ..။ ။

ပြန်စာမပေး
ရံခါဝေးလည်း
မှန်ရာတွေးလို့
ဆွေးနေတယ်…။ ။

အနေတွေဝေး
ကမ္ဘာဆွေးလည်း
စိတ်ချင်းကြိုးသွယ်
မြတ်နိုးမယ်…။ ။

(၂၀)နှစ်ဆယ် ရာစု
စကားစုနဲ့
မင်းကိုရစ်တွယ်
ကို ချစ်တယ်..။ ။

ချစ်တယ်
ချစ်တယ်

Leave a Reply