Mobile House မှ ငွေဖြည့်ကဒ် နှင့် ဆောင်ရန် ရှောင်ရန်များ ပြောကြားခြင်း

Mobile HouseSeptember 11, 20111min1142

ခုငွေဖြည့် ကဒ်တွေက သူ့ လိုင်းနဲ့သူပြောင်းလိုက်တော့ ဆိုင်တွေကောဝယ်သူတွေပါ စိတ်ညစ်နေရပါတယ် ။အရင်ကလို CDMA ၊ GSM ခွဲ ပြောရုံ နဲ့ မရတော့ ဘူး။ပြီးတော့ ဟန်းဆက်ကြောင့်ပါ။အချို့ က ၄၅ဝ ကို ၈၀ဝ ဟန်းဆက်မှာ သုံးထား တော့ ၈၀ဝလို့ပြောပြီးဝယ် ကြတယ် ။၈၀ဝ လဲအဲ့ လိုပဲ ။ တကယ်ဆို မပြောင်းပါဘူး။၈၀ဝ ဆို ဘယ်ဟန်းဆက်ထည့်ထည့် ၈၀ဝ ကဒ်ပဲဖြည့်ရမှာပါ။၄၅ဝ အတူတူပဲ။ကဒ်ဝယ်အချို့ ကတော့ မသိသေး တာတို့ မေ့နေတာတို့ ကြောင့် ကဒ် မှားဝယ်တာ ခဏခဏ ကြုံနေ ရပါတယ်။ဆိုင်မှာလဲ ဖုန်းနံပတ် မေးပြီး မှာထည့်ပေးနေရတယ် ။ဝယ်သွားမယ့်သူတွေလဲ မေးလိုက်ပါတယ်။တချို့ ကဆို ၄၅ဝ ပါဆို မသိဘူးလား တောင်ဟောက်သွားသေးတယ်။ဒါပေမယ့် ဝယ်သူအဆင်ပြေဖို့ ကအဓိကပါ ။သူတို့ ကိုယ်တိုင်မှားပြော ရင်တော့ သူငယ်ချင်းကိုပဲပြန်ရောင်းခိုင်းလိုက်ပါတယ်။ခုနောက်ပိုင်း သူတို့စက်တွေပြောင်းတာကြောင့် လိုင်းတွေ ၁လနှစ်ခါလောက်လိုင်းတွေရပ်နေပတက်ပါတယ်။အဲ့အချိန်ငွေဖြည့်လို့မရပါဘူး။ဖုန်းကတော့ ဝင်တဲ့အခါဝင်တယ်။ထွက်တာကတော့ ရတာများတယ်။ဖြည့်ပြီးငွေဖြည့်ကဒ်ကိုလဲ ပြန်ဖြည့် မရပါ။အရင်တုန်းက ဂျာနယ်မှာ ပါလာလို့ တော်တော်ရှင်းလိုက်ရတယ်။ဟီး ဖြည့် ရရင် ကျွှန်တော်သူဋ္ဌေး ဖြစ်ပြီ ။ ခုလဲ မှာတွေ့လို့ ဆိုပြီးတင်ထားလို့ပြန်ရှင်းတာပါ။ ဘယ်လောက်ဖြည့်ဖြည် ကဒ် ကမလောင်ပါဘူး့။၅ခါ မှားရင်ကို ၂၄နာရီ အထွက်ပိတ်သွားပြီ။ရက်စွဲ လွန်တာတွေ ကတော့ ဖုန်းဆိုင်တွေ ဆိုပြန်လဲခိုင်းလို့ရပါတယ်။လွန် မလွန် ကလွမ်လို့မရပါ ဘူး။သူ့ Serial no ရှိပါတယ်။သူ့ ဆိုင်က ဟုတ်မဟုတ် လဲ အဲ့ ကုဒ် ကြည့်ရင်သိနိုင်ပါတယ်။ဖုန်းဆိုင်တွေကတော့ အများအားဖြင့် ဒိတ်ကုန်တာမရှိပါဘူး ။လောက်တောင်မလောက်ကြ ဘူး။ကဲထားပါတာ့ ။

ဆောင်ရန်

ဖုန်းကဒ်ဝယ် မည်ဆိုဖုန်းနံပတ် အစ ပြောပါ ။

ကိုယ်တိုင် ရိုက်မယ်ဆို အရင် Cdma မှာဆို ၁၆၆ ကိုအရင်ခေါ်ကြည့်ပါ။ဝင်သွားပြီဆို ပြန်ချလိုက်တော့။ပြီးရင်အရင်လိုကဒ် ကိုဖြည့်ရုံပဲ။

ထည့် လို့ မဝင်ပဲမှားနေတယ် ဆိုပြီး massage ရောက်လာရင် ။သေချာကြည့်ပြန်ရိုက်ပါ။ရိုက်ပြီးသားပြန်မခေါ်ပါနဲ့။massage မဝင်တဲ့ ဖုန်းဆို *161 ကိုခေါ်ပြီး နားထောင်ပါ ငွေဝင်မဝင်ကို။

မရ ရင်နောက်တစ်ခါကြိုးစားကြည့်ပါ။ အဲ့ဒါမှမရရင် 166 ခေါ်ပြီးသူခိုင်းတာလိုက်လုပ်ပါ။ သူမေးလာရင် အရင်ဆုံး Eng or myan ဘာသာရွှေးခိုင်းမယ်။မြန်မာ လိုဆို ၁ကိုနိုပ်လိုက်ပါ။ ငွေဖြည့်ရန် ၁ ကိုနိုပ်ပါ။လက်ကျန်ငွေသိရှိလိုပါက ၂ ကိုနိုပ်ပါ။ ၁ ကိုထပ်နိုပ် ပါ။ ငွေဖြည့် ရန် ၁ ကိုထပ်နိုပ် ပါ။ ပြီးရင်ခဲခြစ်ထားတဲ့ PIN no ကိုသေချာကြည့် ပြီးရိုက်ထည့် ပါ။ပြီးရင် # ကိုနိုပ်ပြီးခဏ စောင့်ပါ။ထည့်ရမရပြန်ပြောပါမယ်။မှားရင် ပြန်ဖျက်မရဘူး ။အစကပြန်စပါ။

အဲ့ဒါမှမရရင် ဝယ်ထားတဲ့ ဆိုင်ပြန်သွားပြီးထည့်ခိုင်းလိုက်ပါ။ထပ်မလုပ် ပါနဲ့တော့။

ငွေကုန်ပြီး ၂၄နာရီ အတွင်းမထည့်ပါက ဖုန်းလိုင်း ရရက်ပိတ် သွားမည်။ငွေလဲဖြည့်မရတော့ပါဘူး။လက်ကျန်ငွေမရှိတော့ရင်လဲ ငွေဖြည့် ရင် error တက်တက်ပါတယ်။error တက်နေရင် သို့ မဟုတ် ပြန်ဖွင့် လိုပါက ဝ၉၇၃၁၁၁၁၁၁ ကိုဆက်ပြီး ထည့်မယ့် ဖုန်းနဲ့ ငွေဖြည့် ကဒ် PIN no ကိုပြောပြပေးလိုက် ပါ။အဲ့ဒါဆိုရပါပြီ။

 

ရှောင်ရန်

ငွေကို လုံးဝကုန်တဲ့ထိမသုံးပါနဲ့ ။ငွေကုန်ရင် ၂၄ နာရီအတွင်းပြန်ဖြည့် ပါ။

ဖုန်းဆိုင်မဟုတ်တဲ့ဆိုင်တွေကမဝယ် ပါနဲ့ ။

တစ်ရက် ကို ၅ ခါထပ် ပိုမရိုက်ပါနဲ့ ။

ကဒ်တွေကထည့်ပြီး ရင် ၆လ အထိ ထားလို့ ရပါတယ်။အပြင်မှာ ဆို ၁လ လောက်ပဲရတယ်။ဒါပေမဲ့ ဝယ်တဲ့ ဆိုင်ပေါ်မူတည်တယ်။ အရောင်းထိုင်းတဲ့ ဖုန်းဆိုင်မဟုတ်တဲ့ဆိုင်တွေ ၊ကွမ်းရာဆိုင် ၊စတိုးဆိုင် တွေဆို စိတ်မချရပါဘူး ။အခုနောက်ပိုင်း ကုန်မည့် ရက်စွဲ မပါတော့ပါဘူး။ထည့်ပြီး ၆လ ပြည့်ခါနည်း ကို ထပ်ထည့် ပါက ပိုက်ဆံပေါင်းသွားမည် ဖြစ်ပြီး ထည့်တဲ့ နေံ့ မှ စပြီး နောက် ၆လ ထပ်တိုးသွားမှာဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Mobile House

sale and services

မေးမြန်းလိုပါက

092019033 , 0991022443 , 0949239384 , 011203119

မေးမြန်းလိုပါက

E mail -yeyintaung777@gmail.com

လမ်း၃ဝ ၊၇၃   ၇၄ ကြား ၊ဆေးကျောင်းရှေ့။ မန်းလေး

2 comments

  • taungpawthar

    September 12, 2011 at 11:44 am

    စနစ်တွေ လုပ်နည်းလုပ်ဟန်တွေကလည်းအမြဲပြောင်းနေတော့ လိုက်လေ့လာနေရတာတောင် ဦးနှောက်ခြောက်လာပြီ ဖုန်းကတ်ထည့်နည်း ဖုန်းဘီဆောင်နည်း ဆီထုတ် တဲ့ကတ် ပြောင်းနည်း ကားလိုင်စင်လုပ်နည်း သက်တမ်းတိုးနည်း …… အင်းကြာတော့မြန်မာပြည်မှာနည်းပညာရှင်တွေ တောင်တော်တော်များလာပြီ

    • ပေါက်ဖော်

      September 12, 2011 at 12:02 pm

      မှန်၏…
      လိုက်လို ့ကို မမီနိုင်တဲ့ နည်းပညာခေတ်ဂျီးပဲဗျ
      ဒီကိုလိုက်ရင် ဟိုကလွတ်..
      ဟိုကို လိုက်ပြန်တော့ ဒီက ပြန်လွတ်..
      ကြာတော့.
      အမောဖောက်လာဘီ..
      🙁

Leave a Reply