သူလို ကိုယ်လို

naywoon niSeptember 10, 20111min1228

စာရွက်အဖြူထည် ပေါ်မှာပဲ
တိုင်းပြည်တည်ဆောက်ကစားရာက
စည်းကမ်းချက်အစီအစဉ်အသစ်ရေးဆွဲ
ဂိမ်းစက်ထဲထည့်လိုက်ပြီ….။
ဂျင်နရယ်တိုက်တယ်ဆိုလား
ဒိုတာခုတ်တယ်ဆိုလား
ကစားနေကျ ကလေးတွေတော့ နားလည်မှာပ…။
အချိန်ကုန် စိတ်ပမ်း
အိပ်ကပ်ထဲက မုန့်ဖိုးကုန်လေမှ
လေးကန်ကန် ထပြန်တဲ့ကလေးတွေ…
ကျောင်းပျက်ခံ စာမကျက်
ဂိမ်းမက်တဲ့ကလေးတွေ
လူနဲ့စက်
စက်နဲ့လူ
နိုင်ငံတွေ အပြိုင်ဆောက်
စက်ရုံတွေ အပြိုင်တည်…
စစ်ပွဲတွေ အလီလီနွဲနဲ့…..
သူရို့ဖာသာသူရို့တော့
အတော်ဟုတ်နေပါ့…. ။
ဒါနဲ့
ကိုယ့်အတွင်းစိတ်ကိုယ်သေချာပြန်စစ်ဆေးလိုက်တော့
ကို်ယ်တို့တွေလည်း
စိတ်ကူးထဲမှာပဲ နိုင်ငံတည်ဆောက်
ကိုယ့်ဖာဟာကိုယ် ရှင်ဘုရင်လုပ်လို့
အတွေးတွေနဲ့ပဲ စစ်တုရင်ထိုးနေကြတာပေါ့………..။
နေဝန်းနီ

8 comments

  • alinsett

    September 11, 2011 at 4:45 pm

    အင်း…တော်တော်လေး စဉ်းစားချင်စရာ ကောင်းတဲ ့စာသားလေးတွေပါ။
    ကိုယ်ကတော့ ကဗျာလို ့ သတ်မှတ်ပြီး..ဖတ်သွားပါတယ် ။
    တိုင်းပြည်တည်ဆောက် ကစားရာက…….အဲဒီစာသားကို ကိုယ် သိပ်ကြိုက်ပါတယ် ။
    လက်ရှိ အချိုး ပျက်နေတဲ ့အခြေအနေကို အချို ့ဖျက်စာသားနဲ ့ ထပ်ဖော်ပြလိုက်လို ့ အသက်ဝင် လှုပ်ရှားသွားတဲ ့စာသားပါ ။
    ဒါမျိုးလေးတွေ ထပ်ရေးပါဦး။
    အားပေးနေပါ့မယ်။

  • မီးမီး သော်

    September 11, 2011 at 5:34 pm

    ကိုနေဝန်နီရေ ကဗျာလေးမှာ ခက်ခဲနက်နဲတဲ့အတွေးတစ်ခုတော့ရှိမယ်ထင်ပါတယ်နော့။စစ်တုရင်ထိုးယုံလောက်တော့ မကလောက်ပါဘူးနော်။

  • manawphyulay

    September 11, 2011 at 5:46 pm

    စစ်တုရင်မှာ အရေးကြီးတဲ့အရုပ် ပျောက်နေလို့နေမှာပေါ့ရှင်…..

  • king

    September 11, 2011 at 6:03 pm

    မြန်မာစစ်တုရင် အပြည်ပြည်ဆိုင်ရာစစ်တုရင် (Chess)လား ….
    မြန်မာစစ်တုရင် ဆိုရင်တော့ ဆင်နဲ့ခွေမှပဲ အနိုင်ရနိုင်တော့မယ် ……. 🙂

    • thit min

      September 11, 2011 at 8:08 pm

      ကဲဗျာ….. ဒါဆိုလဲ

      စစ်ကဲကိုထုတ်
      နယ်ရုပ်လှုပ်ရှား
      ဆင်ကစားရင်း
      မြင်းနဲ့ဝင်စား
      ရထားနဲ့ခွေ
      မင်းကြီးသေ၏

  • MaMa

    September 11, 2011 at 8:36 pm

    ကိုယ့်ရဲ့ စိတ်ကူးတိုင်းပြည်မှာတော့ ကိုယ့်ဖာသာကိုယ် ဘုရင်လုပ်၊ ကိုယ့်တိုင်းပြည်ကိုယ်တည်ဆောက် စိတ်တိုင်းကျလုပ်လို့ရတော့ ကျမတို့ သဂျီးရွာမှာ ပျော်နေရသလိုပေ့ါ။

  • naywoonni

    September 11, 2011 at 9:55 pm

    ဟင့်အင်း ကျွန်တော်က နိုင်ငံတစ်ကာ စစ်တုရင် chess ဗျ
    မြင်းနဲ့ ကင်းကော ကွင်းကော ခွချက် ချက်ချင်နေတာ………
    အဲဒါတစ်ကောင်သေချာတယ်…….. ဟီးးးးးးးးးးး 😛 😛

  • thit min

    September 11, 2011 at 10:17 pm

    ကဲ..ဒါဆိုလဲ e4 တက်ပီး Ruy Lopez ကစားမယ်ဗျာ။

Leave a Reply