မေလမှစ၍ ရန်ကုန်မြို့ရပ်ကွက်အများစု လျှပ်စစ်ဓာတ်အားရရှိမှု လျော့ကျလာ

klnMay 14, 20101min543

ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုစနစ်ကို အေ၊ ဘီ၊ စီ အုပ်စုသုံးစုခွဲ၍ ပေးလျက်ရှိရာမှ မေလမှစတင်၍ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိတော့မည်ဟု ဧပြီလတတိယပတ်တွင် သတင်းများ ဖြစ်ပေါ်ခဲ့သော်လည်း မေလတွင် ယခင်စနစ်ဟောင်းဖြစ်သော အေ၊ ဘီ၊ စီအုပ်စု သုံးစုစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အားကို ဖြန့်ဝေပေးလျှက်ရှိသည်။ မြို့နယ်လျှပ်စစ်ရုံးများရှေ့တွင် မေလအတွက် အေ၊ ဘီ၊ စီအုပ်စု သုံးစုဖြင့်သာ လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို ကြေညာပေးထားပြီး စီဒီချပ်အဟောင်းများဖြင့်လည်း နေ့အလိုက် လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို ကြေညာထားသည်ဟု ဆိုသည်။ “ အဲဒီနေ့မှာ မနက်(၅)နာရီက(၁၁)နာရီကို C(A)၊ နံနက်(၁၁)နာရီက ညနေ(၅)နာရီကို A(B)၊ ညနေ(၅)နာရီက ည(၁၁)နာရီကို B(C)၊ ည(၁၁)နာရီကနေ နောက်နေ့နံနက်(၁၁)နာရီအထိ A+B+C။ အဲဒီလို ကြေညာထားရင် အုပ်စု B ဟာ မနက်(၅)နာရီက (၁၁)နာရီပဲ မီးပျက်မယ်။ ကျန်တဲ့အချိန် မီးလာမယ်ဆိုပြီး အားလုံးကထင်ကြတယ်။ ဒါပေမယ့် ကွင်းနဲ့ပြထားတဲ့ အဓိပ္ပါယ်က လျှပ်စစ်ဓာတ်အား အဝင်များရင်ရမယ်။ အဝင်နည်းရင် မရဘူးဆိုပြီး လျှပ်စစ်ရုံးက ပြောတယ်။ မေလထဲမှာ တစ်အုပ်စု တစ်ရက်ကို လျှပ်စစ်ဓါတ်အား ၁၈နာရီရမည် ဆိုပေမဲ့ တကယ့်လက်တွေ့မှာ မရပါဘူး ”ဟု ပုဇွန်တောင်မြို့နယ်နေ လျှပ်စစ်ဓာတ်အား သုံးစွဲသူတစ်ဦးက ပြောသည်။ မေလဆန်းမှစ၍ မြို့တွင်း ခြောက်မြို့နယ် အပါအဝင် မြို့နယ်ရပ်ကွက် အများစုသည် လျှပ်စစ်ဓာတ်အားရရှိမှု အနည်းဆုံး အခြေအနေသို့ရောက်ရှိပြီး မြို့တွင်းလမ်းမ လမ်းကျယ်များ၌ လျှပ်စစ်မီးအားအဝင် (၁၀၀) ကျော်သာ ရှိ၍ လျှပ်စစ်မီးနှင့် လုပ်ကိုင်ရသော လုပ်ငန်းများသည် မီးစက်ကြီးများကိုသာ အားကိုးနေရကြောင်းကို ၂၀၁ဝ ခုနှစ် မေလ ၁၆ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြထားသည်။

3 comments

  • Shwemannmay

    May 14, 2010 at 5:07 am

    မီးမရှိတာကနေလို ့ရသေးတယ် ။ ရေမရှိတာကနေလို ့မရဘူး။ မီးရောရေရောမရှိဘူးဆိုတာက ပိုဆိုးသွားပီ

  • etone

    May 14, 2010 at 5:32 am

    ဒီလိုပါပဲ ရန်ကုန်က ရွာငယ်ဇနပုတ်ဘဝပြန်ရောက်သွားသလိုပဲ မီးမလာရင် မှောင်တုတ်တုတ်နဲ့ ။
    ဒါလား တချိန်က မြန်မာနိုင်ငံရဲ့ မြို့တော်ဆိုတာ ။

  • saturdayborn77

    May 22, 2010 at 4:09 am

    တနေ့ကို ၆ နာရီပဲ မီးပေးနိုင်တော့တယ်။ မြို့သစ်တွေဆိုရင် ၁ ရက်ကို ၁ နာရီလောက်ပဲရတော့တယ်။ ဘိလပ်မြေစက်ရုံ နဲ့ သံမဏိစက်ရုံတွေကိုပေးနေတယ် လို့ကြားတယ်။

Leave a Reply