ယခုနှစ်နွေရာသီ၏ ရေအခက်အခဲကြောင့် ရန်ကုန်တိုင်းအတွင် ရေကန်နှင့် အဝီစိတွင်းအသစ် ၁၆ဝ ကျော်တူးဖော်လျက်ရှိကြောင်းသိရ

klnMay 14, 20101min340

ယခုနှစ်နွေရာသီကာလအတွင်းရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများ နှင့်နေရာအချို့တွင် ရေအခက်အခဲများရှိနေခြင်းကြောင့် ရေကန်အသစ်နှင့် အဝီစိတွင်းအသစ်စုစုပေါင်း ၁၆ဝကျော်ကို တူးဖော်လျက်ရှိကြောင်းသတင်းရရှိသည်။ ရေကန်အသစ် ၅ရကန်နှင့် အဝီစိတွင်း အသစ် ၁၁ဝတို့ကို တူးဖော်လျက်ရှိပြီး ယခင်ရှိပြီးသားရေကန်ဟောင်း ၆၅ကန်ကို လည်း ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းယခင်ရေတွင်းစုစုပေါင်း ၁၅တွင်နှင့် ရေကန်စုစုပေါင်း (သောက်သုံးရေကန်နှင့် သုံးရေကန်) ၃၀၉ ခုရှိပြီးယင်းတို့အနက်ရေတွင်း ၁၅တွင်းမှာ ရေရရှိသောကြောင့် အသုံးပြုလျက်ရှိကြောင်း ၊ ရေကန် ၃၀၉ ခုတွင် ၁၃၉ခုသာ အသုံးပြု၍ ရကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းအတွင်းရေကန် နှင့်အဝီစိတွင်းအသစ်များတူးဖော်လျက်ရှိရာတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်များတွင် လက်ရှိတူးဖော်နေပြီဖြစ်ကြောင်းသိရသည်။ ရေကန်နှင့် အဝီစိတွင်းသစ်များတူးဖော်ခြင်းနှင့် ကန်ဟောင်းများပြုပြင်ရာတွင် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အေးရှားဝေါလ်ကုမ္ပဏီလီမိတက်၊ ရန်ကုန်တိုင်းဆည်မြောင်းဦးစီးဌာနပိုင် Back Hoe များကိုအသုံးပြုကာ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင်မူ ရန်ကုန်မြိုပေါ်၌ဂျိုးဖြူရေသုံးစွဲသူများအနေဖြင့် မီးလာချိန်နှင့် ရေလာချိန်မကိုက်၍ ရေတင်ရခက်ခဲခြင်းများ ကြုံတွေ့ရလျက်ရှိသည်။ ရန်ကုန် အပြင်၏ အနီးအနားရှိ ရွာရေကန်များမှာလည်း ခမ်းခြောက်သည့်အတွက် ဝေးလံသည့် နေရာများသို့ သွားရောက်သယ်ယူအသုံးပြုနေရကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။