၂၀၀၉-၂၀၁၀ခုနှစ်ဘိန်းစိုက်ရာသီအတွင်း ၂၀၁၀ခုနှစ်ဧပြီ ၃၀ရက်အထိ ပြည်နယ်/တိုင်းအလိုက် ဘိန်းခင်း ၂၀၂၅၄ ဒသမ ၄၉ ဧက ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ မေ၁ရက်မှ၆ ရက်အတွင်းပြည်နယ် /တိုင်းများအလိုက်ဘိန်းခင်း ၁၀၇ဒသမ ၅၅ဧက ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း ဘိန်းခင်းဖျက်ဆီးနိုင်ခဲ့မှုမှာ ၂၀၃၆၂ ဒသမ ၀၄ ဧက ရှိကြောင်း ၊ ထပ်မံဖျက်ဆီးနိုင်ခဲ့သည့် ဘိန်းခင်း ၁၀၇ ဒသမ ၅၅ ဧကအနက် ရှမ်းပြည်နယ် ( မြောက်ပိုင်း) မန်တုံမြို့နယ် အတွင်းမှ ၅ ဒသမ ၅ဧက ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းမှ ၁၀၂ ဒသမ ၀၅ ဧကဖြစ်ကြောင်း ၂၀၁၀ခုနှစ် မေလ ၁၃ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..