N+ 110911 သက်တမ်းရင့်ကားများကိုပယ်ဖျက်ကာ…..

natureSeptember 11, 20111min520

သက်တမ်းရင့်ကားများကိုပယ်ဖျက်ကာ ကားသစ်များနှင့်အစားထိုးမည်။

…လဲလှယ်ရာတွင် သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ကားဟောင်းများကို ယာဉ်မှတ်ပုံတင်စာအုပ်နှင့် အတူ သတ်မှတ်ထားသည့် နေရာသို့ မောင်းနှင်ပို့ဆောင်အပ်နှံရမည်ဖြစ်ကြောင်း၊ လာရောက်အပ်နှံသည့် ကားဟောင်းများကို သံရည်ကြိုစက် သို့ပို့ဆောင်ဖျက်ဆီးမည်ဟု သိရသည်။…..

မည်သူမျှ ကိုယ်ဆန္ဒနှင့် လာရောက်အပ်နှံမည်မထင်ပါ။ တန်ဘိုးနိမ့်ကားများသည် လူလတ်တန်းစားများဝယ်စီးခြင်းဖြစ်သဖြင့် သိန်းရာကျော်တန်သောကားတစီးကို အပ်မည်ဆိုလျှင် လက်ထဲမှသိန်းတရာ ကျပ်မှာ သုညကျပ်သို့ရောက်သွားပေမည်။ လူလတ်တန်းစားများမှာ ကားကို အပ်ပြီးလျှင် နောက်တစီး ထပ်ဝယ်နိုင်မည်မထင်ပါ။ ဤသတင်းကြောင့် တန်ဖိုးနိမ့်ကားများ ဝယ်ယူမှုများရပ်ဆိုင်းသွားပြီး  ဈေးကျသွာလိမ့်မည်ဟုထင်ပါသည်။

သင်တို့၏ လက်ထဲတွင်ရောတန်ဖိုးနဲကားများ ရှိပါသလား?။ သွားအပ်ဖို့ရည်ရွယ်ချက်ရှိပါသလား ?။

ဥပမာ-ချမ်းသာသောအိမ်မှ သူဌေးတဦးသည် သူဝတ်ထားသောပုဆိုး အနည်းငယ်မျှ ပေါက်သွားလျှင် စွန့်ပစ် ပေးပစ် မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်သူဝတ်ဆင်ထားသောပုဆိုး၏ တန်ဘိုးမှာ သူပိုင်ဆိုင်သော တန်ဘိုးနှင့်စာလျှင် လစ်လျှူရှု၍ ရသော ပမာဏဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။ ဤပုဆိုးပေါက်ကို သူဌေးတဦးအနေဖြင့်ဝတ်ဆင် မည်ဆိုပါက သူဌေးဂုဏ်ကျခြင်း လူအမြင်မတင့်တယ်ခြင်းတို့ကြောင့် မည်သည့်သူဌေးကမျှပုဆိုးပေါက်ကိုဝတ်ဆင်သည်ကိုမမြင်ဖူးပါ။

ဆင်းရဲသားတဦးသည် မည်မျှပင် ပုဆိုးပေါက်ကြီးစေကာမူ ဖာထေးဝတ်ကြမည်သာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်သူပိုင်ဆိုင်မှုနှင့်ပုဆိုးတစ်ထည်၏ တန်ဘိုး သည်ကြီးမားသောကြောင့် တန်ဘိုးကုန်ဆုံးသည်အထိ အဖာတရာဖြင့် ဖာထေးဝတ်ဆင်မည်ဖြစ်ပါသည်။ စားရေးသည် အဓိကအရေးကြီးပြီး  ပုဆိုးတစ်ထည်ထပ်ဝယ်ရန် ငွေအပိုမရှိသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့်လူအမြင်မတင့်တယ်ခြင်းဆိုသည်ကိုလည်း ဂရုမစိုက်နိုင်ပဲ ပုဆိုး၏ အဓိကတာဝန်ဖြစ်သော အရှက်လုံရေးကို သာအဓိက ထားပြီးတန်ဘိုးကုန်သည်အထိ အသုံးပြုကြပါသည်။

နိုင်ငံတော်ကထိုကဲ့သို့ထုတ်ပြန်ရခြင်း ကားသစ်များပါမစ်သစ်ချပေးခြင်းကြောင့် ကားဂျမ်းများပိုဆိုးမလာစေရန်ရည်ရွယ်သည်ဟုထင်မိပါသည်။ ကားဂျမ်းမျာဖြစ်ရခြင်း သည် ကားဟောင်းများကြောင့်ဖြစ်နိုင်သည်ဟူသော အချက်တချက်ကိုလည်း ယူဆပုံရပါသည်။

ကားဂျမ်းများဖြစ်ရခြင်းကို ကျနော်ဉာဏ်မှီသလောက်စဉ်းစားမိတာတွေကတော့-

၁။အဓိကကတော့ သွားလာသည့်ယာဉ် အရေအတွက်များပြီးလမ်းကျဉ်းနေခြင်း။

၂။လမ်းဆုံများတွင် ဦရာလူက လုသွားနေခြင်း လမ်ဆုံများတွင် လမ်းပိတ်ခြင်းကြောင့် နောက်ကားများပါပိတ်ကုန်ခြင်း။

၃။ဆိုင်ကယ်များစီးခွင့်မရှိခြင်း။

၄။လမ်းများပျက်စီးခြင်း။(မိုးများခြင်း)။

၅။ကုန်တင်ကားများကုန်လျှော့တင်ခြင်း။

၆။ဘုရင့်နောင်ဝန်းအတွင်းလမ်းအများစု တလမ်းမောင်းဖြစ်နေခြင်း။

၁ အချက်ကတော့ပြင်ဖို့ခက်ပါလိမ့်မယ်။ ၂အချက်ကတော့ ယာဉ်ထိမ်းရဲတွေနဲ့ဖြေရှုင်းနိုင်ပါတယ်။

၃။ဆိုင်ကယ်များဟာကားဂျမ်းကိုတဖက်တလမ်းက သက်သာစေတဲ့လို့မြင်ပါတယ်။ ကားဂျမ်းဖြစ်မဲ့နေရာတွေကိုသွားကြမယ်ဆိုရင်ဆိုင်ကယ်ကို ဦးစားပေးသုံးလာကြမယ်ထင်ပါတယ်။ တချို့ကလည်းဆိုင်ကယ်တွေကြောင့်ကားဂျမ်းပိုဖြစ်မယ်ပြောကြပါတယ်။ ဒါပေမဲ့ ကားဂျမ်းဖြစ်တဲ့နေရာအများစုမှာ ဆိုင်ကယ်ဟာ ကြားထဲကနေဝင်ထွက်သွားလာနိုင်ပါတယ်။ ဆိုင်ကယ်စီးခြင်းကြောင့် ဆီကုန်သက်သာစေပြီး စရိပ်ကိုလဲသက်သာစေပါတယ်။ ဗီယက်နာမ်နိုင်ငံမှာ ဆို ဆိုင်ကယ်တွေနဲ့ ကုန်တွေကို မတန်တဆ တင်တာတွေကိုတောင်ဖမ်းဆီးခြင်းမရှိပါ။

၄။ လမ်းများပျက်စီးတဲ့အတွက် ကားများဟာ အလွန်ပဲနှေးကွေးစွာ မောင်းရပါတယ်။ သာမာန်အချိန်မှာ မသိသာပေမဲ့ ကားဂျမ်းဖြစ်တဲ့အခါမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီနှစ်မိုးများသောကြောင့်ကားလမ်းတွေပိုပျက်ပါတယ်။ မိုးများတာနဲ့ ကားလမ်းပျက်တာ ဘယ်လိုများပတ်သက်မှုရှိပါသလဲ။ မိုးများသောကြောင့်ဂျိုင့်ခွက်များမှ ရေများသည်အမြဲပြည့်နေတတ်ပြီး အောက်ခံမြေသားကို ရေတဖြေးဖြေးစိမ့်ဝင်သွားသောအခါ

မြေပျော့သွားပြီး လမ်းများပိုပျက်သည်ဟုမြင်ပါသည်။ ထို့ကြောင့်လမ်းပျက်သက်သာစေရန် ပျက်နေသောလမ်းများမှဂျိုင့်များကို ခဲကျိုးနှင့် နှုံးသဲများဖြင့်အရင်ဆုံးဖြည့်ပြီး ရေမဝပ်စေရန် အမြန်ရေကို တွန်းထုတ်ထားရန်လိုသည်ဟုထင်ပါသည်။ သို့မှသာ လမ်းပျက်သက်သာမည်ထင်မိပါသည်။ အောက်ခံမြေသား အမာခံလည်းပျက်စီးမှုမှ ကာကွယ်နိုင်မည်ထင်ပါသည်။ ကတ္တရာလမ်းခင်းရသည်မှာ ကြာသောကြောင့်  စောင့်နေလျှင် ရှေ့ကပျက် နောက်ကပြင်၍မဆုံးဖြစ်နိုင်ပါသည်။ မိုးတွင်းဖြစ်၍ ကတ္တလမ်း၏ ခံနိုင်ရည်နှင့် အရည်အသွေးမှာလည်း ကျဆင်းနိုင်ပါသည်။

၆။ဘုရင့်နောင်ဝန်းအတွင်း ခရေလမ်း ၊ အောင်သပြေလမ်း စသောလမ်းများမှာ တလမ်းမောင်းဖြစ်နေသဖြင့် ကိုယ်လိုရာသွားနိုင်ဖို့ ကွေ့ပတ်နေရသဖြင့် ဆီပိုကုန်ခြင်း အချိန်ပိုအနည်းငယ်ပိုကြာခြင်း လမ်းကြောရှည်ခြင်း ကိုဖြစ်စေသည်ဟုထင်ပါသည်။ ယာဉ်သွားယာဉ်လာများသော ခရေလမ်းနှင့် ရေတမာလမ်းကိုသာ တလမ်းမောင်းသတ်မှတ်ပြီး ကျန်လမ်းများကို ၂လမ်းမောင်းသတ်မှတ်ခြင်းဖြင့်ကိုယ်လိုရာသို့ လမ်းတိုတိုဖြင့် သွားနိုင့်ပြီး  ကားဂျမ်းကို တဖက်တလမ်းမှ အထောက်အကူပြုနိုင်သည်ဟုထင်ပါသည်။

 

….အကယ်၍ ကားပိုင်ရှင်မှ ၎င်းပိုင်ယာဉ်အား ပြုပြင်ထား၍ မပယ်ဖျက်လိုပါက ဆက်လက်အသုံးပြုခြင်းကိုလည်း ခွင့်ပြုပေးမည်ဟု သိရသည်။ သို့သော် နှစ်လဲသက်တမ်းတိုးရာ၌ ယာဉ်စစ်ဆေးသည့်အခါ အန္တရာယ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက အစားထိုးလဲလှယ်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။….

ကိုယ်ဆန္ဒနဲ့ကိုယ်လဲလှယ်နို်င်တယ်ဆိုတာလေးကတော့ကောင်းပါတယ်။ ဒီသတင်းဦးတဲ့သူတွေကတော့ မသိသေးတဲ့သူတွေကို ဈေးလျှော့ပြီး ဦးအောင်ငွေပေါ်လျှောဈေးနဲ့ အတင်းထိုးရောင်းမှာကို မြင်ယောင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ လာမဲ့နှစ်အနည်းငယ်တွင်း သိန်းတရာကျော်မှ တန်ဖိုးမဲ့အဖြစ်သို့ ရောက်ရှိသွားမှာဖြစ်သောကြောင့်ဖြစ်ပါတယ်။ တန်ဖိုးမဲ့မဖြစ်ခင်ဈေးတွေထိုးကျသွားမယ်ထင်ပါတယ်။ ဒီသတင်းကို သိသူများလေလေ ဈေးပိုကျလေလေဖြစ်လာမယ်ထင်ပါတယ်။ သိသူနည်းသေးရင်တော့ဈေးနည်းနည်းပဲကျပါဦးမယ်။ အကယ်၍ လဲပေးတဲ့ပါမစ်ဟာ သိန်းရာကျော်တန်ရင်တော့ သူတို့အရင်းပြန်ရနိုင်ပါတယ်။

ဂျပန်နိုင်ငံတွင်သက်ရှည်ဘိုးဘွားများ ရှိနေခြင်းကြောင့်ဂုဏ်ယူနေကြသလို မြန်မာနိုင်ငံတွင်လည်း ကားဝပ်ရှော့ပညာရှင်များအစွမ်းကြောင့် သက်ရှည်ကားများ ရှိနေသည်ကို ကြံဖန်ဂုဏ်ယူမိပါသည်။ 🙂

 

အောက်မှာ မူရင်း ELEVEN MEDIA GROUP မှသတင်းလေးပါ။

http://www.news-eleven.com/index.php?option=com_content&view=article&id=10106:2011-09-10-12-30-10&catid=42:2009-11-10-07-36-59&Itemid=112