ချစ်တယ်…

မှိတ်သည့်မျက်လုံး
မြင်မဆုံးအောင်
အိပ်မက် အလယ်
အလှကြွယ်..။ ။

ချိုသာစကား
သူယောင်ဖျားလို့
တခမ်းတနား
ဖမ်းစားတယ်..။ ။

ပြုံးသည့်အပြုံး
အလှဆုံးမို့
အသည်းမခိုင်
ရုန်းမနိုင်..။ ။

// //

အကြည့်တစ်ချက်
သတိပျက်လို့
တဒင်္ဂလည်း
ရင်မှာစွဲ..။ ။

ပြန်စာမပေး
ရံခါဝေးလည်း
မှန်ရာတွေးလို့
ဆွေးနေတယ်…။ ။

အနေတွေဝေး
ကမ္ဘာဆွေးလည်း
စိတ်ချင်းကြိုးသွယ်
မြတ်နိုးမယ်…။ ။

(၂၀)နှစ်ဆယ် ရာစု
စကားစုနဲ့
မင်းကိုရစ်တွယ်
ကို ချစ်တယ်..။ ။

5 comments

  • alinsett

    September 11, 2011 at 5:01 pm

    စာပေကို ချစ်တဲ ့သူ ချင်း…ကြိုဆိုပါတယ် ။
    ကဗျာလေးက ရိုးရှင်းပြီး ချစ်စရာကောင်းနေပါတယ် ။
    ရေးနိုင်တဲ ့အတွက် တကယ် ့ကို ချီကျူးပါတယ်ဗျာ။
    နောက်လည်း အားပေးနေပါ့မယ် ။

  • မီးမီး သော်

    September 11, 2011 at 5:28 pm

    မောင်ရေချမ်းကတော့ ဒီလိုဆိုပါလား……….

    “”၂၀)နှစ်ဆယ် ရာစု
    စကားစုနဲ့
    မင်းကိုရစ်တွယ်
    ကို ချစ်တယ်..။””

  • MaMa

    September 11, 2011 at 8:10 pm

    မောင်ရေချမ်းရေ- စည်းကမ်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ ဘာပဲဖြစ်ဖြစ် သူ့ကျောင်းတက်ရင် သူ့စာအံရမှာမို့ ဒီဆိုဒ်က ထုတ်ထားတဲ့ စည်းကမ်းလေးတွေကိုလည်း ဒီဆိုဒ်ထဲမှာတော့ လိုက်နာတာ အကောင်းဆုံးပေ့ါနော်။
    မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    • မောင်ရေချမ်း

      September 12, 2011 at 7:47 pm

      ဗိုက်ကလည်း ဆာလွန်းသဗျ….ငါးကြော်ကလည်း ငါးကောင်..စားချင်လျက် စားလိုက်ပကော လေးကောင်တောင် ကုန်သဟ….အဟဲ…ဆာလွန်းတဲ့ဗိုက် တော့ အပြစ်မတင်ပါနဲ့…ငါးကြော်သာ ပြစ်တင်ပကော….( Ma Ma ကို စတာနော်….ကျေးဇူးတင်ပါတယ် ကျွန်တော်လည်း လွန်ခဲ့တဲ့ ၂ နှစ်လောက် က သာ ဖတ်ခဲ့ရတော့ မေ့တေ့တ့နဲ့….ပြန်ဝင်တော့ ပြန်ဖက်ပြီး ပြန်ရေးရတော့…အမှားများပါသေးလည်း တောင်းပန်ပါတယ်… 🙂 )

  • cobra

    September 11, 2011 at 10:31 pm

    ကောင်းလှချည်လား…..။
    အစွမ်းတွေပြနေတယ်ပေါ့။
    ထပ်တင်ပေးပါဦးလား။
    ကဗျာက မိုက်ရင်တစ်ကယ်ထိတယ်ဗျ။
    မမိုက်ရင်တော့အလကားပဲ..။

Leave a Reply