ဂြိုလ်သားပုံစံရှိသော မြေကမ္ဘာမှ အင်းဆက်ပိုးမွှားများ…

lu ta loneMay 14, 20101min600

ဒီကောင်ကတော့ Zygoptera suborder
အုပ်စုဝင်ဖြစ်ပါတယ် ။ လူတွေက တစ်ခါတစ်ရံမှာတော့ သူတို့တွေဟာ နားနေချိန်နဲ့
ပျံသန်းချိန်မှာ သူတို့ရဲ့ အတောင်ပံတွေကို ဘယ်လိုထားရှိ သလဲ ဆိုတာနဲ့ သူတို့ဟာ
သာမန်ပုစဉ်းတွေထက် သေးငယ်တယ်ဆိုတာကို သတိမထားမိကြပါဘူး ။ အိုး… ဒါ့အပြင်
သူတို့ရဲ့မျက်လုံးတွေဟာ သီးခြားစီတည်ရှိနေတယ်ဆိုတာကိုလည်း သင်သတိထားမိပါသလား ။ သူတို့ရဲ့
မျက်လုံးတွေထဲက အပြာရောင်ကို စောင့်ကြည့်ဖို့ထက် သူတို့ထွက်ပြေး သွားတာက
ပိုပြီးလျှင်မြန်လွန်းလှပါတယ် ။

“ကျနော့ကို အစာပေးပါ….”
ဒီဇဝေဇဝါဖြစ်တဲ့ ဂြိုလ်သားပုံစံအဝါရောင်အကောင်ကတော့ သူတို့ရဲ့
အမဲရောင်အစက်တွေကြောင့် သူတို့ကို Dasychira Pudibunda လို့ခေါ်ပါတယ် ။ ဒါဟာ
သားလောင်းအဆင့်ပဲဂရှိပြီး ခူကောင် (သို့မဟုတ်) အနီရောင်အမြီးရှိတဲ့
ပိုးဖလံသာလျှင်ဖြစ်ပါတယ် ။

ဒီဂြိုလ်သားပုံစံ အကောင်ကတော့
လူတွေကို သူတို့မျိုးစိတ်သတ်မှတ်ဖို့အတွက် နှစ်ပေါင်းများစွာတိုင်အောင်
ကလိကလိ ဖြစ်စေခဲ့ပါတယ် ။သူ့ကို လူသိများတာကတော့ bumblebee လို့ခေါ်ပြီး သူက Apidae အုပ်စုဝင်ဖြစ်ပါတယ်
။သူတို့ကလည်း ဇဝေဇဝါဖြစ်စေတဲ့ အဝါရောင် အမဲရောင် အမွှေးတွေပါရှိပြီး
သူတို့ထဲက အချို့ဟာ အဆိပ်ဆူးတွေမရှိကြဘူးလို့ ကောလဟာလတွေလည်း ပျံ့နှံ့လို့နေပါတယ် ။ မှန်ပါတယ်
ဒါပေမယ့် ..ဘယ်လိုပဲဖြစ်ဖြစ် လူတွေအနေဲ့ ဒီအကောင်ကို သတိတော့ထားရပါမယ် ။

” ကျနော်ပြောတာနားထောင်ပါ
မြေကမ္ဘာမှ လူသားရေ…ဒီအစိမ်းရောင်အကောင်တွေရဲ့ အစွန်းစုံ ဒေါသ ထွက်မှုကို
ခံစားကြည့်လိုက်ပါဦး ” ဒါကတော့ Tettigoniidae အနွယ်ဝင်တွေဖြစ်ပြီး Lord of the Rings မှ
အစိမ်းရောင် ပုရစ်ပုတွေ ဖြစ်ပါတယ် ။

“ဟယ်လို မင်းကိုငါထိတ်လန့်အောင်
လုပ်လိုက်ရမလား တကယ်လို့မင်းကိုငါ ချိုချိုသာသာလေးနဲ့ ဆက်ဆံလိုက်ရင် မင်းက
(အဟမ်း…) ဆိုပြီးငါ့ကို ညစာစားဖို့ဝယ်သွားမှာလား” ဒီကောင်တွေဟာ ၂၀၀၀
ကျော်ရှိတဲ့ ရှိခိုးကောင်အုပ်စုဝင် အင်းဆက်တွေထဲက တစ်ခုဖြစ်ပြီး
သားရဲဂြိုလ်သတ္တဝါတွေကဲ့သို့ ပုံစံရှိပါတယ် ။ ဒီ ER ဆိုတဲ့ အင်းဆက်တွေကို
ရှိခိုးကောင်တွေလို့ပဲ ခေါ်တာ ပိုကောင်းပါလိမ့်မယ် ။

” ငါကချစ်ဖို့ကောင်းပါတယ် ဒါပေမယ့်
မင်းကိုငါ့အရည်တွေနဲ့ဖျန်းပက်နိုင်တယ် ” Treehoppers တွေဟာ
ဇီဝပညာရှင်တွေကို အချိန်အတော်ကြာအောင်သူတို့ရဲ့ ထူးဆန်းတဲ့ပုံစံနဲ့ ဆွဲဆောင်ထားခဲ့ပါတယ် ။ သူတို့ဟာ
Membracidae အုပ်စုဝင်ဖြစ်ပြီး Cicadas နဲ့ leafhoppers
တွေနဲ့လည်းစပ်နွယ်မှု ရှိပါတယ် ။ သူတို့ဟာ သစ်ပင်တွေက သစ်စေးတွေကို စားသုံးကြပြီး သူတို့ရဲ့
နှုတ်သီးတွေကို သစ်စေးတွေရရှိဖို့တူးဆွရန် အသုံးပြုကြပါတယ် ။

ဒီရှိခိုးကောင်အထီးတွေကတော့
ဂြိုလ်သားရုပ်ရှင်ရိုက်မယ်ဆိုရင်တော့ အမှတ်ပြည့်ရမှာ အသေအချာပါပဲ ။ သူဟာ
မထင်မှတ်ရလောက်အောင် ဉာဏ်စွမ်းရည်ထက်မြက်လှပြီးပန်းရှိခိုးကောင် အုပ်စုဝင်လည်း ဖြစ်ပါတယ် ။ သူတို့ဟာ
ပန်းပွင့်တွေကဲ့သို့ဟန်ဆောင်နေလေ့ရှိပြီး သူတို့ရဲ့
သားကောင်ကိုတိုက်ခိုက်လေ့ ရှိပါတယ် ။ ဘယ်လောက်တောင်ဉာဏ်နီဉာဏ်နက်များလိုက်ပါသလဲလို့ ။

“ဂြိုလ်သားတွေလို့ ဘယ်သူကများ
အမည်ပေးလိုက်ပါသလဲ ” ၃၅ဝ မီလီယံဘီစီလောက်တုန်းက ဘိုးဘေးတွေဟာ
ဒီနဂျယ်ကောင်တွေကို ကုန်းနေသတ္တဝါတွေလို့ဆိုကြပါတယ် ။ ဒါပေမယ့် အချိုကတော့
ကုန်းနေအပြင်ဘက်လို့ထင်ရပါတယ် ။သူတို့ကို ဖျက်ဆီးကောင်တွေလို့ခေါ်ကြပြီး တကယ်တော့ သူတို့ဟာ
ecosystems အတွက် အရမ်းကို အရေးကြီးတဲ့ အချက်လည်းဖြစ်ပါတယ် ။သူတို့ဟာ
ငှက်တွေ အင်းဆက်ပိုးမွှားတွေအတွက် အစာလည်းဖြစ်သလို အခြားသားရဲ တိရိစ္ဆာန်တွေ
ပွားများလာခြင်းအတွက် ကန့်သတ်ပေးတဲ့ သားရဲကောင်တွေလည်း ဖြစ်ပါတယ် ။

” နောက်တစ်ကြိမ် ကျနော့ကို
ပုရစ်လို့ ထပ်ခေါ်ပါဦး ” ဒီနှံကောင်တွေမှာ ဦးချိုရှိပြီး သူတို့ရဲ့
ကိုယ်ထက်တိုတဲ့ antennas လည်းပါပါတယ် ။ အခြားအကောင်တွေနဲ့ မတူတာက သူတို့ဟာ
ပုရစ်ပုတွေဖြစ်ကြပါတယ် ။သူတို့မှာ လုံခြုံတဲ့အကာပါရှိပြီး
ကမ္ဘာမြေရဲ့နေရာတော်တော်များများမှာ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာအဖြစ် လူတွေရဲ့ ပန်းကန်ပြားပေါ်မှာ
အဆုံးသတ်ရပါတယ် ။

ဒီရှစ်ခိုးကောင်တွေကတော့ တကယ့်ကို
ဂြိုလ်သားနဲ့တူပါတယ် ။ ဘယ်သူကဘယ်သူ့ကို လှုံ့ဆော်တယ်ဆိုတာ
ခန့်မှန်းခြင်းအတွက် ဆုငွေတော့ ရရှိမှာ အဟုတ်ပါဘူး ။