လူသားမဆန်သူများသို ့

တကယ်တော့ ကျွန်မတို ့ရဲ ့မြို ့ကလေးက ပကတိတည်ငြိမ်နေတဲ့ တောင်သုံးလုံးချောင်ထဲမှာဝပ်တွားနေတဲါမြိ ု့ငယ်လေးပါ။ပတ်လည်ဝန်းရံထားတဲ့ တောင်တန်းတွေပေါ်မှာ ရွှေဆံတော်၊ရွှေနံတော်၊ရွှေအံတော် ဘုရားသုံးဆူရဲ ့အရိပ်အာဝါသအောက်မှာ
အင်မတန်အေးချမ်းတဲ့ ဘုံဗိမာန်လေးပေါ့။
ကျွန်မတို ့မြိ ု့မှာ ဖတ်ရခဲ၊ထွက်ဖို ့ရာ ရင်တမမနဲ ့စောင့်ရတဲ ့၊နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ပုံနှိပ်နိုင်ခဲ့တဲ့ မြိ ု့နယ် မဂ္ဂဇင်းလေးတစ်ခု ဒီနှစ်မှာပြန်လည်မွေးဖွားပေးနိုင်ခဲ့ပါတယ်။ဒီနေ ့၂၀၁၁ခုနှစ်ထိ သုံးကြိမ်ဘဲ ထုတ်ဝေနိုင်ခဲ့ပါသေးတယ်။မဂ္ဂဇင်းအမှတ်(၁)ကို ၁၉၇၉ ခုမေလ၊အမှတ်(၂)ကို ၁၉၉၄ခု၊အမှတ်(၃)ကို ၂၀၁၁ ခုနှစ်မှာပြန်လည်ထုတ်ဝေနိုင်ခဲ့ခြင်းပါ။ဒီလိုကြောင့်ကြနေရတာကလဲ အခက်အခဲမျိုးစုံကြောင့်ပါ။ဒီတစ်ကြိမ်မှာ တော့ ဖြစ်မြောက်အောင်စွမ်းဆောင်တဲ့နေရာမှာ အဓိက အခရာကျသူက အသျှင်ကောသလ္လ(ဂဝေသီ)ပါ။ဆရာတော်ရဲ ့ကျေးဇူးတော်နဲ ့ဦးဆောင်မှုနောက်မှာ ဒေါက်တာမောင်မောင်(မောင် ဆေး-၂)တို ့၊ဒေါက်တာတင်ငွေတို ့အားလုံးသော စာပေကိုချစ်မြတ်နိုးသူများ၊ဒေသပေါ်သံယောဇဉ်ကြီး ကြတဲ့ စာသမားတွေ၊အနုပညာသမားတွေ တက်ညီလက်ညီ ကြိ ုးစားကြတဲ့ရလဒ်မို ့ သံတွဲမြိ ု့အတွက် ဂုဏ်ယူစရာပါ ဆရာတို ့ရေ။
ဒီနေ ့က ဆရာတို ့ရဲ ့ကြိ ုးစားအားထုတ်ထားတဲ့ အသီးအပွင့်လေးဖြစ်တဲ့ ရတနာစာအုပ်လေးက ကဗျာတပုဒ်ကို. ပြန်ဝေမျှပေးချင်ယုံသက်သက်ပါ။MG ရွာသားတွေရော ပြန်ပြီး ဖတ်စေချင်လို ့ပါ။

ကျွန်မရွေးထားတဲ့ ကဗျာက ဆရာဆောင်းသစ်(သံတွဲ)ရေးဖွဲ ့တာပါ။စာရေးသူ ကဗျာဆရာက သူ ့အတွေးနဲ ့ခံစားရေးဖွဲ ့ခဲ့တာဆိုပေမယ့်၊ဆရာဟာ ယနေ ့ခေတ်ကိုသရော်ထားတယ်လို ့မြင်ပါတယ်။သူတော်ကောင်းတရား (၇)ပါး ကို ရတနာလိုတူးဆွရှာရတော့မလို ရှားပါးနေလေတော့ ဆရာက အပြစ်ဖို ့လဲ မနည်းဘူးဆိုရတော့မှာပါ။
+++++++++++++++++++++++++++++++++++
“ရှိသည် လူထဲ၌လူများရှိသည်”

ရှိသည်
စိတ်များရှိသည်
စိတ်ရိုင်း၊ယဉ်ရာများရှိသည်
စိတ်ယဉ်၊ယဉ်ရာများရှိသည်
စိတ်ယုတ်၊ယဉ်ရာများရှိသည်
စိတ်ကောင်း၊ယဉ်ရာများရှိသည်
ရှိသည်
စိတ်တစ်ခုယုတ်၊ကိုးဆယ်တို ့
ဆုတ်တက်လှုပ်ရှား ကစားလျှက်ရှိသည်
ရှိသည်
အိမ်မက်အလွှာများ
သူ ့စံနဲ ့သူ ဆန်းကြယ်မက်ပိုင်ခွင့် အနိမ့်အမြင့်
အနုအရင့် အရွယ်အစား မညီမညာ
အရောင်အသွေး အထူအပါး မတူမညီ
ခေါက်ရိုးကျိူးနေသားတကျ ဆိုဒ်စုံရှိသည်။
ရှိသည်
ကမ္ဘာကြီး ပူနွေးလာ၍
လောဘ၊ဒေါသ၊မောဟ တို ့
ဆူပွက်လျှက်ရှိသည်
ရှိသည်
မိုက်တွင်းနက်မှု များ၊ကိုယ့်နဖူးကိုယ်ပြန်သိုက်တူးမှုများ
ရှားပါးစာရင်းဝင်ရိုးသားမှုအတ္တပုံဆောင် ခဲများ
ဆင်းရဲချမ်းသာ ကွာဟမှုများရှိသည်
ရှိသည်
နိစ္စဓူဝလုပ်နေကြများ
စက္ကန် ့မလပ်အပ်ကြောင်းထပ်ရာ
ပုံမှန်များ ရိုးရာ မပျက်ရှိသည်
ရှိသည်
ဒုက္ခတရားများမရှိရာ
ချုပ်ငြိမ်းသွားရာ၊လွတ်မြောက်သွားရာ
ထွက်ပေါက်ရှိသည်
သို ့သော်……………..

ဆောင်းသစ်(သံတွဲ)

ဒီ မဂ္ဂဇင်းလေးကို ထုတ်ဝေသူ ကဘယ်လိုဖြစ်ဖြစ်အရှုံးခံထုတ်ဝေခဲ့ တာပါ။ဘာလို ့လဲဆိုတော့ ကျွန်မတို ့မြိ ု့သားတွေစာဖတ်တာသိပ်နည်းလာတယ်။ရောင်းရ သင့်သလောက်ကိုမစွံ ့သေးဘူး။ဒါပေမယ့် အဆီအနှစ်တွေ၊စာပေ အရသာ အပြည့်ပါတဲ့ စာအုပ်လေးကို သံတွဲသားတွေကို ဝယ်ပါ၊ဖတ်ပါ တိုက်တွန်းလိုပါတယ်။လက်လှမ်းမမီတဲ ့စာအုပ်တွေကိုရှာနေမယ့်အစားနီးရာဒီ စာအုပ်လေးကိုဖတ်ကြည့်ပါ။အဖြေရှာပါ။တွေ ့တဲ့အဖြေကမှန် သလားသုံးသပ်ပါ ဆွေးနွေးပါ၊

လောကတွင် ဆင်းရဲသမျှထဲတွင် အသိဉာဏ်ချို ့တဲ့ခြင်းကကြောက်စရာအကောင်းဆုံးပါ။လူပုဂ္ဂိုလ်တဦးတယောက် အပေါ်မနာလို မုန်းတီးစိတ်နဲ ့ မျက်ကန်းဆင်တောတိုးသလိုတိုးနေမယ့်အစား မိမိကို မိမိ ငါဘယ်လို လူစားမျိုးလဲသုံးသပ်ဝေဖန်ပြီးမှ သူများကိုလက်ညှိုးထိုးတာပိုသင့်ပါမယ်။ဒါပေမယ့်နော်…. သူများကိုလက်ညှိုးထိုးတာလက်တစ်ချောင်းထဲပါ ကိုယ့်ဖက်ကို လက်လေးချောင်း ထိုးထားတာကိုတော့ အသိလေးရပါဦးနော့

ဒီဆောင်းပါးပို ့စ်လေးနဲ ့တူ ဒွါရာဝတီမဂ္ဂဇင်းကော်မတီအပေါ် မင်္ဂလာအပေါင်းခညောင်းပါစေသားဆုတောင်းပေးလိုက်ပါတယ်။

“လူဆိုးလူမိုက်တို ့သည် နည်းလွဲနည်းမှားများကို နည်းမှန်လမ်းမှန် ဟုကျင့်ကြံကြဧ။်”(အရှင်ဉာဏိဿရ)

20 comments

  • မီးမီး သော်

    September 11, 2011 at 2:32 pm

    အမှားကိုသိ၍ အမှန်ကိုပြင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

  • killer

    September 11, 2011 at 2:46 pm

    အသိခေါက်ခက် ဝင်နက်သတဲ့.. လူကဲထက် စိန်ကဲ ကပိုလွယ်တယ်ဆိုတာ အလကားမဟုတ်ပါ..
    ဒေဝဒတ် လိုမျိုးတွေ… ထိတာတောင် မနာနိုင်သေးတာ ထူးဆန်းတယ်.. ။

  • redbull

    September 11, 2011 at 2:58 pm

    အမှန်ကိုမှ မပြင်တော့တာ မမီးမီးသော်ရဲ့ ၊ ကျနော်ပြောသလို ရဲအောင်လံ ကားဂိတ်ကို အသိစိတ်ဓါတ်နဲ့
    သပိတ်မှောက် ကြပါစို့ ၊ လူတစ်ယောက်ရဲ့ အသုံးမကျ မိုက်မဲမှုကြောင့် ဂိတ်ပိုင်ရှင်သူဋ္ဌေး စိတ်ညစ်ရတော့
    မယ် ၊ သူခိုးလက်ခံ ထားတာလဲ အပစ်တစ်မျိုးပါဘဲ ၊ သိနေရက်သားနဲ့ ၊

  • zaw min

    September 11, 2011 at 3:03 pm

    ဆရာမ မီးမီးသော်ရေ…ဖတ်မိတာ စိတ်မကောင်ပါဘူး…သံတွဲသူ၊သံတွဲသားတွေ (လူငယ်တွေ)စာဖတ်အားကောင်းလာအောင် ကြော်ဌာလေးတော့နည်းနည်းလိုမယ်ထင်တယ်…အရောင်းမစွံဖြစ်နေရင် မျက်နှာဖုံးကာဗာမှာ လူငယ်တွေစိတ်ဝင်စားတဲ့ မင်းသမီးတွေရဲ့ပုံလေးတွေထဲ့ပြီးရောင်းအားမြှင့်တင်ကြည်ပါလား..အပြင်ဗန်းက သူတို့ကြိုက်တာလေးတွေနဲ့စွဲဆောင်ကြည့်မယ်..အတွင်းမှာ အနှစ်ပါတဲ့စာသားလေးတွေနဲ့စည်းရုံးမယ်…စဉ်းစားမိတာကို အကြံပေးတာနော်..ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့နော်…

  • thit min

    September 11, 2011 at 3:33 pm

    တချို့ကစာကိုဖတ်ရကောင်းမှန်းမသိအောင်ကိုနား
    လည်မှုလွဲနေကြပါတယ်။ဦးဏှောက်ရင့်ကျက်ဘို့ဆိုတာ
    စာကောင်းပေမွန်များလိုတာပေါ့ဗျာ။စာများများဖတ်၊
    ဖတ်ပြီးလိုတာယူမလိုတာမယူရုံပါပဲ။
    (တချို့ကစာဖတ်ပြီးခရီးသွားမယ်၊တချို့ကစာဖတ်ပြီးညီးတွားတယ်
    တချို့ကစာဖတ်ပြီးဂျီးများတယ်။)
    မြို့နယ်ထုတ်မဂ္ဂဇင်းလေးဆိုတာကတော့ဖတ်လို့ကောင်းတာများပါတယ်။
    သမိုင်းမှာပါတဲ့ထင်ရှားသူဘယ်သူကဖြင့်ဒို့မြို့သားဆိုတာမျိုးလေးတွေ
    ဘယ်သူကခုဘယ်လိုနေရာမှာ”ဘာ” ဖြစ်နေဘီပေါ့ဆိုတာမျိုးလေးတွေ
    ဗဟုသုတရစရာတွေဘယ်လိုပါတယ်ဆိုတာလေးတွေရေးပြီးပို့စ်တင်ပါအုန်းလို့။

  • မီးမီး သော်

    September 11, 2011 at 4:45 pm

    ဟုတ်ကဲ့ပါ ကိုသစ်မင်းရေ. ကြိ ုးစားပြီးတင်ပြသွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ခုလိုဝင်ရောက်အားပေးဖော်ရလို ့ပါ။ကိုဇော်မင်း ပြောပြတာကိုရောဘဲ ကျေးဇူးပါ။

  • alinsett

    September 11, 2011 at 4:58 pm

    စာပေလောက မှာ ဖတ်သူ နည်းပါးမှုကို စာပေလောက သားတိုင်းခံစားနေရပါတယ် ။ကိုယ် တို ့နိုင်ငံမျာ စာဖတ်သူများလာဖို ့ သိပ်လိုအပ်ပါတယ် ။ အခုတော့ စာအုပ် ထုတ်ဝေမှု အုပ်ရေ..နဲ ့ ဖတ်သူ ဦးရေ… အချိုးအစားက သိပ်ကို ကွာ…နေပါပြီ။
    ဝမ်းနည်းစရာပါပဲ။
    ဒီပြသနာကို အားလုံးပါဝင်ပြီး….ဖြေရှင်းသင့်ပါတယ် ။
    အခုလို အသိပေးတဲ ့စာလေးတွေ က စပြီးတော့ပေါ့..။

  • မီးမီး သော်

    September 11, 2011 at 5:21 pm

    ကျေးဇူးပါ အလင်းဆက်ရေ။မကြာမီ ကျွန်မတို ့စေတနာညကျောင်းလေး တစ်ခုဖွင့်ဖို ့ကြိ ုးစားနေသလို၊ဒေသက ကလေးတွေအတွက်စာပေဟာပြောပွဲများများ ဖြစ်မြောက်အောင်လုပ်ကြဖို ့အစီအစဉ်တွေရှိပါတယ်။ဖြစ်အောင်လဲကြိ ုးစားနေပါတယ်။
    ခုလိုအကျိုးပြ ုလေးတွေနိုင်သလောက်လုပ်ကြ ဖို ့နေရာမှာ အဖျက်အမှောက် တွေကရှိလေတော့. ခေါင်းစဉ်ကို လူသားမဆန်သူများလို ့တပ်လိုက်ရတာ ပါ။

  • windtalker

    September 11, 2011 at 5:32 pm

    မမီးမီးသော်ရဲ ့ပို ့စ် ကို ဖတ်ပြီး
    ဆရာသုမောင် ရဲ ့စာဟောပွဲ ကို သွားသတိရသဗျ
    “ အမောင်တို ့စာများများ ဖတ်ကြပါ ၊ အကုန်ဖတ်ကြပါ
    အယုတ်စွဆုံး ဟိုစာဒီစာတွေ လည်း ဖတ်ကြပါ
    အဲ..ဖတ်ပြီးရင်တော့ ၊ အကုန်မယူကြနဲ ့ပေါ့ ။
    ကောင်းတာကို ယူမယ် ဆိုရင် ၊ အမောင် တို ့အတွက် အကျိုးအမြတ်အများကြီးရမယ် ” တဲ့

  • မီးမီး သော်

    September 11, 2011 at 5:41 pm

    ကျေးဇူးပါ ကိုတော်ကာကြီးရေ….

    ကြောက်စရာကြီးလား ဟိုစာဒီစာတဲ့

  • yetazar

    September 11, 2011 at 7:08 pm

    မမီးမီးရေ .. ။ ဒွါရာဝတီ မဂ္ဂဇင်းအကြောင်းပြောရင်တော့ ဆရာတော် ရှင်ကုသလကိုမေ့ထားလို့မရဘူးနော် ။ရန်ကုန်ကိုတစ်ပါးတည်းသွားပြီး ပုံနှိပ်ထုတ်ဝေရေးကို ပြုလုပ်ခဲ့တဲ့ဆရာတော်ပါ ။ ထုတ်ဝေသူက ဒေါက်တာတင်ငွေပါ ။ သံတွဲသားတွေစာဖတ်အားနည်းတယ်လို့တော့ မထင်မိသေးဘူး ။ မမီးမီး သံတွဲမြို့မှာကျင်းပတဲ့ စာပေပြိုင်ပွဲတွေကို သွားပြီးမလေ့လာ မိသေးဘူးနဲ့တူတယ် ။ ဒီနှစ်စာဆိုတော်ရာသီရောက်ရင် ပြိုင်ပွဲတွေမှာသွားလေ့လာလိုက်ပါ ။ စာပေချစ်သူတွေသံတွဲမှာဘယ်လောက်ရှိတယ်ဆိုတာ သိပါလိမ့်မယ် ။ ဆရာ မောင်(ဆေး-၂)ကတော့ သူကြိုးစားခဲ့တဲ့ မဂ္ဂဇင်းလေးကို မြင်တွေ့ခွင့်မရသွားခဲ့ပါဘူး ။ စာပေချစ်တဲ့ဆရာ ၊ အနုပညာကိုမြတ်နိုးတဲ့ဆရာ ကောင်းရာဘုံဘဝကနေဝမ်းသာနေမှာပါ ။

  • မီးမီး သော်

    September 11, 2011 at 7:22 pm

    ကိုရဲတေဇာရေ ဟုတ်ပါတယ်။ခုလိုချိန်မှာ ဆရာဒေါက်တာမောင်မောင်ရှိနေချင်ပါတယ်။သူ ့လဲတတ်စွမ်းသရွေ ့ကြိုးစားသွားခဲ့တာပါဘဲ။ခုလို အပြ ုသဘောဆွေးနွေးအကြံပေးလို ့ကိုရဲတေဇာကိုကျေးဇူးပါ။

  • yetazar

    September 11, 2011 at 7:32 pm

    ဟုတ်ကဲ့ပါ ။ မမီးမီးရေ ရွာထဲမှာ ခုလို သံတွဲဒေသရဲ့ကောင်းသတင်းလေးတွေပဲ မွှေးပျံ့နေစေချင်ပါတယ် ။ သံတွဲကဆိုရင် လူအထင်သေးတဲ့အဖြစ်တွေကို မလိုချင်တော့ဘူး ။ ကုန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ သံတွဲက ရွာထဲမှာတော်တော်နာမည်ထွက်သွားတာနော် ။ မမီးမီးတို့လို ရွာသက်ရင့်နေတဲ့သူတွေက ဦးဆောင်ပြီး ပြန်ထိမ်းသိမ်းပေးပါလို့ မေတ္တာရပ်ခံပါတယ် ။

  • cobra

    September 11, 2011 at 10:25 pm

    သံတွဲကအရမ်းလှလား။
    လည်စရာနေရာတွေများလား။
    အပျော်ခရီးထွက်လို့ကောင်းလား။
    မမီးမီးသော်ပြောပြပါဦးဗျာ…။

  • မီးမီး သော်

    September 11, 2011 at 10:50 pm

    သံတွဲမှာ တကယ်အထင်ကရ နေရာတွေရယ်လို ့တော့ပေါများလှတယ် မဟုတ်ပါဘူး။လာလည်စရာ ငပလီကမ်းခြေ ရယ်၊တောရိပ်တောင်ရိပ်လေး တွေနဲ ့အေးချမ်းတဲ ့တောမြိ ု့လေးပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 12, 2011 at 10:13 am

    အလို!!!!!!!!
    စာအုပ်ကြီးတကားကားနဲ့ဘာမှမလုပ်ဘဲစာထိုင်ဖတ်တော့ ဘာရမှာဒုံး
    လယ်ထွန်ပြီးစပါးပင်စိုက်တာကမှ ဆန်ရဘို့ နီးစပ်သေးဒယ်
    ဆရာတော့်နှယ် စာဖတ်စေခြင်လို့မဂ္ဂဇင်းတစ်အုပ်လုံးကို
    အပင်ပန်းခံပြီးလုပ်ရတယ်လို့
    ကျုပ်သာဆို
    မဂ္ဂဇင်းတွက်ကုန်မယ့်ပိုက်ဆံတွေ
    ကောင်းဖွယ်လို့ ထင်တဲ့စာအုပ်တွေဝယ်ပြီးသဂျီးအိမ်မှာထားလိုက်
    ပြီးရင်ရွာသားတွေကိုဖတ်ပစေပေါ့

  • မီးမီး သော်

    September 12, 2011 at 11:37 am

    ကိုဂျော်နီကြီး ကတော့လေ ပြောရော့မယ်။ဝန်းဇင်းမင်းရာဇာတောင်မှ လယ်ထွန်ရင်းစာဖတ်ခဲ့တာ နောင်စာဆိုကဝိပညာရှိကြီး ဖြစ်ခဲ့တာလေနော့။

  • True Answer

    September 12, 2011 at 1:59 pm

    “ကမ္ဘာကြီး ပူနွေးလာ၍
    လောဘ၊ဒေါသ၊မောဟ တို ့
    ဆူပွက်လျှက်ရှိသည် “ အစား..
    လောဘ၊ဒေါသ၊မောဟ တို့ ဆူပွက်လွန်းလာ၍
    ကမ္ဘာကြီး ပူနွေးလာသည် လို့ ဆိုချင်သဗျ။

  • မီးမီး သော်

    September 12, 2011 at 2:12 pm

    True Answer ပြောတာလဲ မှန်ပါတယ်ရှင်။ဒီကိစ္စကို အသွားအပြန်ယူနိုင်ပါတယ်။vice versa သဘောပါဘဲ။

  • Shwe Ei

    September 12, 2011 at 2:18 pm

    ကျွန်မတော့ ”စာများများမြင်ရင် ဖတ်ချင်ဘူး ပျင်းတယ်” လို့ပြောတဲ့လူတွေ အတွေ့များတယ်။ နောက်ပီး မိန်းကလေးသူငယ်ချင်းအများစုက မက်ဂဇင်းဖတ်ရင်တောင်မှ မင်းသမီးပုံဘဲကြည့်တယ်၊ မင်းသား မင်းသမီးအင်တာဗျူးကြည့်တယ်၊ ဝတ်တုတိုဆိုလုံးဝမဖတ်ဖူး။

Leave a Reply