အလွမ်းရှင်သို့

manawphyulaySeptember 11, 20111min1189

မလာနိုင်မှန်းသိရက်နဲ့
မျှော်ခဲ့မိတာ အကြိမ်ကြိမ်
မမြင်နိုင်မှန်း သိရက်နဲ့
ရှာခဲ့မိတာ အခါခါပါ။
အိပ်မက်မှာ စွဲလမ်း
ရင်ထဲမှာ တမ်းတနေပေမယ့်
အိပ်မက်က လန့်နိုး
သူ့အရိပ်တွေ ပျောက်ဆုံးနေဆဲ
လွမ်းရတဲ့ ဒီရင်ကို
သူလေ မမြင်နိုင်ပါဘူး။
ပျောက်ဆုံးနေတဲ့ ချစ်သူ့အရိပ်
မှန်းလို့ ဖွေရှာရင်း
မလွှဲသာ ဟန်ဆောင်အပြုံးနဲ့
စောင့်မျှော်နေဆဲ
ဆုံနိုင်ခွင့်မရှိသေးတဲ့ အဝေးတစ်နေရာမှာ
သူ့အပြုံးတွေ မှန်းဆရင်း
လွမ်းနေရပေမယ့်…..
ဖြေသာတယ်။
မနောဖြူလေး ခံစားသီဖွဲ့သည်။

9 comments

  • ကြောင်ကြီး

    September 12, 2011 at 9:44 am

    ပြောချင်တယ်
    မနောရယ်…
    ကိုကြောင်ရင်ထဲ
    မျိုသိပ်ယိုဖိတ်
    ဟိုအတိတ်ဆီက
    ရစ်ပတ်တွယ်နှောင်
    နတ်ရှင်နောင်နဲ့
    မြဝတီဦးစ
    ယှဉ်မပြခဲ့..
    သောကဗျာဝေ
    အားငယ်နေလို့
    ကမ်းစွင့်လှမ်းလက်
    မျှော်ရင်းငယ်ပြီ
    မနောကယ်မှ
    ရှင်မဲ့သူ..။ 😳

    • manawphyulay

      September 12, 2011 at 10:13 am

      ရေထဲ ပြုတ်ကျနေလို့လား လေးလေးကြောင်…………
      မနောလည်း လက်ကိုက်နေလို့ ဆွဲတင်ဖို့ မလွယ်လောက်ဘူး။ 😛

  • စုံ စုံ

    September 12, 2011 at 9:49 am

    မနောရေ ကိုကြောင်ကြီးကတော့ မနောကယ်မှ ရှင်မှာတဲ့
    လူ့အသက်တချောင်းကယ်ကောင်းပါတယ်လေ
    ကယ်လိုက်ပါနော့ 😛

  • yetazar

    September 12, 2011 at 1:21 pm

    လွမ်းသွားပြီမနောဖြူရေ ။ ကဗျာလေးကောင်းပါတယ် ။ အားပေးနေတယ်နော် ။

  • chitsu

    September 15, 2011 at 1:51 pm

    လုံးဝတိုက်ဆိုင်တယ်.ကြိုက်လည်းကြိုက်တယ်ကဗျာလေးကို
    ခံစားချက်အပြည်.ပဲ

  • နွယ်ပင်

    September 15, 2011 at 2:08 pm

    အစ်မရေ နွယ်ပင်လဲ ဝင်ရောက်လွမ်းသွားပါတယ်နော် ………..

  • Moe Z

    September 15, 2011 at 3:14 pm

    ငိုချင်လာပြီနော်…

  • musicalpunk

    September 15, 2011 at 3:48 pm

    အားပေးနေပါ့မယ် မမ။ခံစားချက်တွေတူနေပါတယ်။မနောရဲ့ ကဗျာတွေဖတ်ပြီး ကျွန်တော်သုူ့ကို ပိုလွှမ်းမိတယ် အဲဒီ အလွှမ်းက ဖြေသိမ့်အလွှမ်းတွေပါပဲ။ ကူညီပါဦးဟာ

Leave a Reply