ကင်ဆာ

naywoon niSeptember 11, 20111min14311

ကင်ဆာဟာ
နေရာတစ်ကာမှာရှိတယ်
အရာအားလုံးကိုလှိုက်စား
မှောင်မိုက်တဲ့အားနဲ့
ငါ့ရဲ့ စိတ်ဓါတ်တွေကို
မြွေဟောက်ပျိုမလိုခြိမ်းခြောက်
ငါလေ……
သိပ်ကြောက်နေမိတယ်….ပေ့ါ…..။။
ကျရောက်လာမဲ့အန္တာရာယ်
နိဂုံးရဲ့နောက်မှာ
ကင်ဆာ
ကင်ဆာ
ကင်ဆာ
ငါ့ဆီမလာပါနဲ့……
ငါကိုမခေါ်နဲ့လေ……
အိုးးးးးး
သွားရတော့မယ်…။
ငါသွားရတော့မယ်………
ကင်ဆာ
ငါ့ကိခေါ်နေပြီ……။
ငါ့စိတ်တွေကို
ကင်ဆာ လှိုက်စား
နောက်ကျိမှုများပြိုကွဲ
ရောင်နီလည်းလာရော…….
ငါဟာ ကင်ဆာ နဲ့ အတူမျောပါရင်…….
လမ်းလျှောက် သွားနေတာကိုတွေ့လိုက်ရတယ်………။

နေဝန်းနီ

11 comments

  • windtalker

    September 11, 2011 at 5:43 pm

    မဆုံးတဲ့ သီချင်းတွေ ကို
    အပီဟဲရင်းနဲ ့
    ကင်ဆာ ဖြစ်သွားတယ်ပေါ့နော်
    ( စတာဗျို ့)

  • manawphyulay

    September 11, 2011 at 5:48 pm

    ဇာတ်သိမ်းကတော့ မလှမပနဲ့သိမ်းသွားတာပါလား ဦးကင်ဆာရယ်….

  • မီးမီး သော်

    September 11, 2011 at 5:51 pm

    ဟုတ်တယ်နော် ကိုနေဝန်းနီက မဆုံးတဲ့ သီချင်းတွေပြီးတော့ ရောဂါရင့်သွားလို ့နေမှာပါ။မပူပါနဲ ့ရှင်။စိတ်ပျိုကိုယ်နုတာပေါ့။

  • naywoonni

    September 11, 2011 at 6:24 pm

    မဆုံးတဲ့ သီချင်းက အရေးကြီးတဲ့ အချိုးအကွေ့ကိုရောက်နေလို့ လွန်ခဲ့ 24/5 နှစ်ဆီကို ခရီးထွက်ပြီး ပြန်လေ့လာနေရတယ်…။ အဲဒိအကွေ့ လေးက မကွေ့မတတ်ရင်မှောက်မှာစိုးရလို့ပါ..။
    အော်…….ဒီကဗျာလေးက … အဲဒိအတိတ်ကို ပြန်ရှာဖွေရင်းက လွန်ခဲ့တဲ့ 25 နှစ်လောက်က ရေးထားခဲ့တဲ့စာအုပ်ပုံထဲက ပြန်တွေ့လို့ ကောက်တင်ပေးလိုက်တာပါ…။ မှတ်မှတ်ရရ မဂ္ဂဇင်းတိုက် 10 လောက်က ဖယ်ခဲ့တဲ့ ကဗျာ လေးပါ..။ ပေးဆပ်ခြင်း….လားရယ်..။ ဒီကဗျာလေးရယ်..။

    • thit min

      September 12, 2011 at 1:23 am

      “””အဲဒိအတိတ်ကို ပြန်ရှာဖွေရင်းက လွန်ခဲ့တဲ့ 25 နှစ်လောက်က ရေးထားခဲ့တဲ့စာအုပ်ပုံထဲက ပြန်တွေ့လို့ ကောက်တင်ပေးလိုက်တာပါ…”””ဆိုတော့….
      တစုံတရာကိုဝန်ခံလိုက်သလိုပဲနော်။(ခင်လိုနောက်တာနော်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 12, 2011 at 8:56 am

    ငါ့ကိခေါ်နေပြီ……။ ဆိုတာ ငါ့ကိုခေါ်နေပြီလို့ ဘာသာပြန်ဖတ်လိုက်ပါတယ်
    ခေါ်တော့လည်းလိုက်သွားလိုက်ပေါ့ကွယ် 😀

  • ကြောင်ကြီး

    September 12, 2011 at 10:45 am

    ဖင်နာတာ
    ကင်ဆာမထင်နဲ့
    ကုတင်မာလို့ကွဲ့..။

    • ဆူး

      September 21, 2011 at 2:20 pm

      ကုတင်မာတာ ဖင်နာတာ တွဲမမြင်နဲ့ ကင်စားတာဆို အဆီများတာမှ ကောင်းတယ်ကွဲ့။

  • Shwe Ei

    September 12, 2011 at 11:39 am

    ကင်ဆာ ကင်ဆာ ကင်ဆာ များအမြစ်တွယ်လို့ ငါ့နှလုံးသားထဲက (ကျားပေါက်သီချင်း) 😛

  • chartatelay

    September 21, 2011 at 12:47 pm

    ကင်ဆာဆို တာက အပြင်းစားရောဂါဆို တာသိတယ်နော်

  • etone

    September 21, 2011 at 3:19 pm

    ကင်တာ စားလျှင် …
    ကင်ဆာဖြစ်တတ်သတဲ့ …
    ကင်ဆာဖြစ်လျှင် …
    ကင်တာ ခံရဦးမယ် .. ဒြပ် 🙄

Leave a Reply