နေရောင်ခြည်မှ ရသည့် vitamin D မှအမျိုးသားများ လိင် အရည်အသွေးပိုကောင်း

introMay 14, 20101min751

နေရောင်ခြည်မှ ရရှိသော ဗိုက်တာမင် (ဒီ)သည် အမျိုးသားများ၏ လိင်မှုဆိုင်ရာ အရည် အသွေး အပေါ် ကောင်းကျိုးသက်ရောက်သဖြင့် ပုံမှန် နေပူစာလှုံမှုမျိုး ပြုလုပ်သင့်ကြောင်း ဩစတြီးယားရှိ ပညာရှင်များက ထောက်ခံပြောဆို ခဲ့ကြသည်။

ဩစတြီးယားနိုင်ငံ ဂရက်ဇီ ဆေးပညာ တက္ကသိုလ်မှ ပညာရှင်များသည် ဗိုက်တာမင် (ဒီ)က အမျိုးသား များ၏ အဖိုဟိုမုန်း ဖြစ်သည့် Testosterone ကို လှုံဆော်နိုင် ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ ကြသည်။

ဗိုက်တာမင် (ဒီ)ကို ငါးကြီးဆီနှင့် အချို့သော အသားများမှလည်း ဖြည့်တင်းရရှိနိုင်သည်။ သွေး (၁)မီလီလီတာတွင် ဗိုက်တာမင် ဒီ (၅၀)နာနို ဂရမ်ထက် ပိုမိုမြင့်မားစွာ ပါဝင်သော အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားစေသည့် Testosterone ပမာဏ သာမန်ထက် (၆၉) ရာခိုင်နှုန်း မြင့်တက်နေကြောင်း ယခု လေ့လာမှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဟော်လန်နိုင်ငံ နေရောင်ခြည်ဆိုင်ရာ လေ့လာရေး အဖွဲ့မှ အက်ဘရင်းက ပြောကြားခဲ့သည်။

Testosterone သည် သုက်ရည် ထုတ်လွှတ်မှု၊ လိင်အင်္ဂါဖွဲ့စည်း တည်ဆောက်မှုတို့တွင် အဓိက ကျကျ လိုအပ်နေသော ဟိုမုန်းလည်း ဖြစ်သည်။ လူ၏အရေပြားသည် နေရောင်ခြည်ရှိ ခရမ်းလွန် ရောင်ခြည်မှ ဗိုက်တာမင်(ဒီ)ဓာတ်ကို လက်ခံရယူပြီး ခန္ဓာကိုယ်အတွင်းသို့ ထောက်ပံ့ ပေးနိုင်သောကြောင့် ပုံမှန် နေပူစာလှုံသော အမျိုးသားများအနေနှင့် Testosterone လျော့နည်းမှုကြောင့် ဖြစ်နိုင်သော ပန်းသေ၊ ပန်းညှိုးခြင်း ကဲ့သို့ ပြဿနာများကို ရှောင်လွှဲနိုင်မည်ဟု သုတေသီများက ထောက်ခံပြောဆိုလိုက်သည်။

One comment

  • Shwemannmay

    May 14, 2010 at 6:40 am

    အကုန်နေပူထဲပြေးထွက်ကုန်လို ့ကိစ္စတွေများကုန်တော့မှာပဲ အင်ထရိုရယ်

Leave a Reply