ရိပ်ယောင်ရေထဲ (အပိုင်းနှစ်)

1 နန်းမြို့ရိုးနဲ့ပြဿဒ်တော် ကျုးံရေပြင်ပေါ် ရေသောက်ဆင်း။

မန္တလေး နန်းရှေ့ တံတားနဲ့ ဝင်ပေါက် ဒီတံတားကနေအရှေ့တည့်တည့်သွားရင် ရန်ကင်းတောင်ကိုရောက်တယ်လေ)

2ကရဝိက်ပုံသွင် မြူမှုံမသဲမကွဲ ရေပြင်ထဲမှာအရိပ်ထင်

(မန်းလေးကန်တော်ကြီးက ပြည်ကြီးမွန်ဖောင်တော်)

3အာရုဏ်ဦး နေထွက်ချိန် ရေပြင်ထက် ဝိုးတဝါးထင် ပုံရိပ်မြင်
(တက်သေးအင်း မြောက်ဘက်ခြမ်း နေထွက်စအချိန်)အဝေးမှာ မဟာမြတ်မုနိဘုရား

4မိုးရွာလို့ရေအိုင်နေတဲ့အထဲကို ဘေးနားကသစ်ပင်က ဝင်လို့ခိုနေတာပါ။
(မန္တလေး မြို့သစ် 73လမ်း လမ်းနံဘေးနားကသစ်ပင်)

5 တကယ်တော့ ချမ်းသာကြီးဘုရားနဲ့ ရေပြင်အဝေးကြီးရယ်
ပထမပိုင်းတုံးက တင်တုံးကပုံမှားတင်မိလိုပြန့်တင်ပေးတာပါ။( မိုးကုတ်ချမ်းသာကြီးဘုရားအရိပ်သူ့အရှေ့ဘက်ကရေပြင်မှာကျနေတဲ့ပုံလေးပါ။)
6ရေမရှိတဲ့ကန်ထဲမှာ တစ်ပင်ထည်းအဖော်ကွဲနေတာ
အရိပ်ကလေးရှိလို့သာအဖော်ရတာရယ်။
(မန်းလေးကန်တော်ကြီး အနောက်မြောက်ဘက်ခြမ်း ရေနည်းတုန်းရိုက်ထားတာပါ)

7 ရေပြင်မှာအရိပ်ထင်နေတဲ့ယာယီတံတား နဲ့ကစားစရာ ဘဲရုပ်လှေလေးတွေ
ကန်တော်ကြီးတောင်ဘက်ခြမ်း မန်းလေးမှာပါ။ ရေနည်းတဲ့လမှာရိုက်ထားတာပေါ့၊

8 မိုးလင်းစနံနက် တစ်ပင်ထဲအဖော်ကွဲလို့အထီးကျနေပါတယ်
အရိပ်ကလေးကတော့ မပီတပီ
(မန်းလေးကန်တော်ကြီးမြောက်ဘက်ခြမ်းက အပင်လေးပါ။ ဒီဓါတ်ပုံရိုက်ပြီးလေးရက်လောက်နေတော့ ပြိုလဲသွားပါတယ်။ အချိန်မီရုံလေးပေါ့)

9 ထန်းပင်စုစုလေးရဲ့အရိပ် မှုံရီရီနေ့လေးဆိုတော့ ကျုံးရေပေါ်ကျတဲ့အရိပ်က မဆိုစလောက်ကလေးရယ်

(အနောက်ဘက်ကျုံးရေပြင် 25လမ်းကနေမြောက်ဘက်ကိုကြည့်ရင်မြင်ရတာလေးလေ)

10 နှင်းမူံတဲ့အာရုံတက် ရေပြင်ထက်မှာ အရိပ်ထင်တဲ့ ပြည်ကြီးမွန်
(ဆောင်းအကုန်နွေအကူး အာရုံတက်မှာ တွေ့ရတဲ့ မန်းလေးကန်တော်ကြီးက ကရိဝိက်)

11 မိုးရွာလို့ရှိတဲ့ရေအိုင် မှာ ခဏဝင်နားတဲ့ ပင်ညီနောင်
(အမှတ်စဉ်လေးက အပင်နဲ့အတူတူ ရိုက်တဲ့ရက်မတူတဲ့မြင်ကွင်း)

12 လှတော့ မလှဘူးလမ်းဘေးရေအိုင်မှာကျနေတဲ့အရိပ်
မိုးရွာလို့တင်ကျန်နေတဲ့ရေအိုင်မှာ အရိပ်ထင်နေတဲ့ကုက္ကိုလ်ပင်။
မလှပါဘူး အမှတ်တရပေါ့။

13 နွေဦးပေါက်စ ရဲ့ အာရုဏ်တက် ဝမ်းစာအရှာထွက်တဲ့လှေငယ်ရင် ရေပြင်မှာထင်ကျန်တဲ့အရိပ်
နွေဝင်စ မတ်လနံနက်ခင်း အာရုဏ်ဦးတစ်ရင် လှေငယ်အရပ်က မပီပြင် ပါတ်ဝန်းကျင်က မူံရီရီ

ဒါကတော့ ဆောင်းကုန်စ ဇန်နဝါရီလထဲမှာ နှင်းတွေမကုန်ခင်မှာရိုက်ထားတဲ့ပုံလေးပါ။
အဝေးကထန်းပင်လေးတွေက လွမ်းစရာ။
[/captio
ရေအရိပ်ထဲမှာ မပီဝိုးတဝါးကျနေတဲ့သစ်ပင်အုပ်နဲ့ မိုးတိမ်အုပ်အုပ်မြင်ရတာလွမ်းစရာပါ။
ငါးမည်ရတဲ့ ပြည်ရွှေဘိုက မြောက်ဘက်ခြမ်းမှာရှိတဲ့ကျုံးဟောင်းကပုံပါ
မန်းလေးအနောက်ဘက်ကျုံးက အာဠဝီတံတား

တိမ်ပြာအောက်က တောင်စိမ်းစိ်မ်း တောင်စိမ်းစိမ်းအောက်မှာကတဲ
တဲကတော့ သူ့ရှေ့ကရေအိုင်ထဲမှာရေချုးိဆင်း။
တိမ်တွေတောင်အဆစ်ပါလိုက်သေးတယ်။
မန်းလေး မိုးကုတ်ကားလမ်းနံဘေးက တဲအိမ်စုလေး ကားပေါ်ကနေလှမ်းရိုက်ထားတာပါ

အပြာနဲ့ဘော်ငွေရောင်ရောယှက်နေတဲ့တိမ်တောင်ထုအောက်က မင်းဝံတောင်ရိုး ။
မင်းဝံတောင်ရိုးပေါ်မှာက ရူ့မဝတဲ့ စစ်ကိုင်းတောင်က စေတီ။
ဧရာဝတီရဲ့ရင်ပြင်မှာခိုဝင်နားလို့နေတဲ့ ရေယာဉ်များအရိပ်ကတော့…………….
စစ်ကိုင်း တောင် ရွှေကြက်ယက်ဆိပ်ကမ်း

နေထွက်ပေမယ့် လမဝင်သေးတဲပုံ
18 နေထွက်ပေမယ့် လမဝင် ရေပြင်မှာထင်နေတဲ့သစ်ပင်ရိပ်
ဒီပုံလေးကတော့ တစ်ခါတင်ဘူးတယ်ထင်ပါတယ်။
(တက်သေးအင်း ကရိဝိက်နားက တံတားလေးပေါ်ကမြင်ရတဲ့လမဝင်သေးတဲ့နံနက်ခင်း)

19 မြူတွေဆိုင်းနေတဲ့ ဆောင်းနှောင်းရက်နေ့လည်ခင်း အရိပ်ကလေးတွေက ကျချင်သလို မကျချင်သလိုလို
(မန်းလေးကန်တော်ကြီးနဲ့ကရဝိက်ကို တောင်ဘက်ကနေလှမ်းမြင်ရတာပါ။)

20 မိုးဦးကျစ နေ့ရက် စိန်ပန်းနီနီအရိပ်ကရေထဲကျ ရေယက်ဝိုင်းလေးများထနေတာကြည်နူးစရာ
(မန်းလေးကန်တော်ကြီး လမ်းမြောက်ဘက်က ဥယျာဉ်ထဲက စိန်ပန်းပင်)

21 ဒီထဲက အရိပ်လေးတွေက ဒုဌဝတီမြစ်ရင်ခွင်မှာဝင်နေတာလေ။

(ပေါ်တော်မူဘုရားဘက်ကမ်းက မြင်ရတဲ့ဒုဌဝတီမြစ်ပြင်နဲ့မရမ်းခြံတွေ)

22 ရေအိုင်လေးထဲဝင်နေတဲ့ သစ်ပင် အဝေးမှာတော့ စစ်ကိုင်းတောင်နဲ့စေတီတွေ
(ြ
မစ်ငယ်ကနေစစ်ကိုင်းသွားတဲ့လမ်းမှာမြင်ရတဲ့ ရူ့ခင်းလေးပါ။ မှင်သက်မိလောက်အောင်ကို လှပါတယ် မြင်ရတုန်းကပေါ့။)

23 ဒီပုံလေးကတော့ မြင်ဘူးလောက်ပါတယ်။
တစ်ခါတင်ဘူးတာကိုး။
အဝေးမှာစေတီ ကြားမှာစိမ်းမြတဲ့လယ်ကွင်း ရေမြောင်းလေးထဲကျနေတဲ့အရိပ်။
(မန်းလေးကန်ပါတ်လမ်း ရှမ်းလေးကျွန်းက ကြည်နူးစရာမြင်ကွင်း)

24 နေသာတဲ့တစ်ရက် ကြည်လင်တဲ့ကောင်းကင်အောက်မှာ အဝေးကနေ မြင်ရတဲ့
ကရိဝိက်ရဲ့ ရေပြင်ကအရိပ်
(မန်းလေးကန်တော်ကြီးက ပြည်ကြီးမွန်ကရိဝိက်ဖောင်တော်)

25 ကန်ရေပြင်ပေါ်အရိပ်ထင်နေတဲ့ ဘုရားပုံတော်နဲ့သောက်တော်ရေခွက်။
အလင်းပိတ်နေတဲ့သစ်ပြားပေါ်မှာတင်ထားပေ့မယ်ရေပြင်ထဲကို ဖောက်ထွက်လို့ထင်နေတဲ့အရိပ်။
(မန်းလေးမြို့တောင်ဘက် ပုလိပ်နဲ့စဉ့်ကိုင်ကြားမှာရှိတဲ့ ဒုဌဝတီ မြစ်ကမ်းနံဘေးက နာမယ်ကျော် ပေါ်တော်မူမြတ်စွာဘုရား)

(မန်းလေးမြို့တောင်ဘက် ပုလိပ်နဲ့စဉ့်ကိုင်ကြားမှာရှိတဲ့ ဒုဌဝတီ မြစ်ကမ်းနံဘေးက နာမယ်ကျော် ပေါ်တော်မူမြတ်စွာဘုရား)

ဒီတစ်ခါမှာတော့ရောက်လေရာရာ ဒေသမှာ ကျနော်ရိုက်ထားသမျှထဲက
ရေပြင်မှာအရိပ်ထင်နေတဲ့ ပုံတွေကို ပြန်လည်စုစည်းပြီး လှတယ်လို့ထင်ရ
တဲ့ပုံတွေကို ပြန်လည်စုစည်းလို့ တင်ပေးလိုက်ပါတယ်။
ကျနော်ကပုံတွေတင်တာများတော့ တင်ပြီးသားမြင်ပြီးသားလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်အစောပိုင်းက ကိုပေါက်(မန္တလေး)ရဲ့လက်ရာများကို မမြင်ဘူးတဲ့ရွာသားရွာသူများ
အတွကရည်ရွယ်လို့ ပြန်လို့တင်ပေးလိုက်ပါတယ်။
(ကျနော်လဲသူကြီးပေးတဲ့ ပွိုင့်တွေကိုရတာပေါ့ဗျာ)

မြင်ဘူးပြီးသားဆိုရင်တော့ ခွင့်လွှတ်စေလိုပါတယ်။
ကော်နက်ရှင်မကောင်းတဲ့ကြားကစောင့်မျှော်အားပေးသူမှန်သမျှကို ကျေးဇူးတင်အားနာပါတယ်။
ကျနော်လဲအရင်ကသူများပုံလေးတွေလှတာမြင်ရင် ကော်ပီကူး
အလုပ်ထဲက ကွန်ပြူတာတွေ့ရဲ့ မျက်နှာပြင်မှာ ဝေါပေပါ အဖြစ်တင်ပါတယ်။
အခုတော့ကိုယ့်လက်ရာလေးတွေကို ဝေါပေပါအဖြစ်သုံးကြတယ်ဆိုတာသိရတော့
စိတ်ထဲမှာကျေနပ်မိသလို ကြည်လဲကြည်နူးပါတယ်။
လူတစ်ယောက်စိတ်ကို ညွတ်နူးအောင်ဖန်တီးနိုင်လို့ပါ။
တင်စရာပုံတွေအများကြီးကျန်ပါသေးတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့စနက်ရှော့
စောင့်မျှော်လို့…………………………………………………

9 comments

  • ပေါက်ဖော်

    September 13, 2011 at 10:35 am

    အကုန်နီးပါး လှပါတယ်
    ကျနော်တော့..(မန်းလေး မိုးကုတ်ကားလမ်းနံဘေးက တဲအိမ်စုလေး ကားပေါ်ကနေလှမ်းရိုက်ထားတာပါ) ကိုပိုတဘောကျဒယ်.. 😀

  • etone

    September 13, 2011 at 11:42 am

    မန္တလေးသားလေးပေါက်ရဲ့ ရိုက်ချက်ကောင်းတာနဲ့ … မန္တလေးတောင် သွားလည်ချင်စိတ်ပေါက်လာပြီ … ကြည့်ရတာ အေးချမ်းလိုက်တာနော် … မိုးမရွာလို့ကတော့ လေတဖြူးဖြူးနဲ့ မိုက်မှ မိုက်ပဲ 🙂
    (ဒါနဲ့ … လေးပေါက် သွားရိုက်တဲ့အခါ .. ဖိနပ်ရှည်စီးသွား … သွားရိုက်တဲ့ နေရာတွေက မိုးတွင်းဆို ကျွတ်တွေ ၊ မျှော့တွေ ရှိချင်ရှိမှာ … )

    • pan pan

      September 13, 2011 at 12:02 pm

      လေးပေါက် ရိုက်ချက်ကတော့ ခပ်မိုက်မိုက်တွေချည်းပါပဲ
      မetoneပြောသလို တွတ်ပီဖိနပ်စီးသွားပါ
      ယာယီတံတားနဲ့ ဘဲရုပ်လှေလေးတွေက ချစ်ဖို့ကောင်းတယ် လေးပေါက်ရေ…

  • စုံ စုံ

    September 13, 2011 at 11:51 am

    တော်တော်များများကိုသဘောကျတယ်လေးပေါက်ရေ
    ခံစားချက်ရှိပြီးကဗျာရေးတတ်တဲ့သူမျိုးဆိုရင်တော့
    ပုံတပုံကြည့်ပြီးတိုင်း ရင်တွင်းဖြစ်ကဗျာတပုဒ်ထွက်လာမယ်ထင်ရဲ့

  • manawphyulay

    September 13, 2011 at 12:13 pm

    မန်းလေးကို တစ်ထိုင်တည်းနဲ့ နေရာစုံအနှံ့ ရောက်ရှိသွားသလို ခံစားရမိပါတယ်။ ကံကြုံရင်တော့ မန်းလေး နေရာအနှံ့ကို ဒီလိုရှုခင်းလေးတွေ သွားရောက် ခံစားချင်ပါတယ်။ ခုတော့…. အဝေးကနေ လွမ်းနေမိသလိုပဲ….

  • inz@ghi

    September 13, 2011 at 12:53 pm

    ဆြာပေါက် .. သုံးနေတဲ့ camera body နဲ့ lens အမျိုးအစားလေးများ သိရမလားခင်ဗျ…

  • yetazar

    September 13, 2011 at 2:29 pm

    ကိုပေါက်ပုံလေးတွေဘာကြောင့်ပိုအသက်ဝင်လဲကျွန်တော်သိတယ်ဗျ ။ ကိုပေါက်က ပုံလေးတွေကို နှလုံးသားနဲ့ရိုက်ထားတာ ။ ပုံလေးတွေထဲမှာ ကိုပေါက်နှလုံးသွေးတွေစီးနေတာ ကျွန်တော်မြင်နေရတယ် ။

  • ကျနော်သုံးတဲ့ကင်မရာက အလွယ်တကူဝယ်လို့ရနိုင်တဲ့ ကင်နွန် အမျိုးအစားပါ။
    တန်ဘိုးလဲသိပ်မကြီးပါဘူး။
    တစ်သိန်းကျော်ကျော်လေးရယ်။
    အရင်ကတော့ ဆမ်ဆောင်း သုံးပါတယ်။
    သူလဲ တစ်သိန်းကျော်လေးပဲပေးခဲ့ရပါတယ်။
    အဓိက ကတော့ တော်လို့မဟုတ်ပါဘူး။
    သဘာဝက သူ့ဘာသာသူလှနေတဲ့အချိန်နဲ့ကျနော်လက်ဆော့တဲ့အချိန်ကွက်တိဖြစ်သွားလို့ထင်ပါတယ်။

    • inz@ghi

      September 14, 2011 at 7:00 am

      ပြောပြပေးတဲ့အတွက် ကျေးဇူးပါ ဆြာ..
      ကျနော်လည်း မန္တလေးဘက် ဓါတ်ပုံလာရိုက်ချင်တယ်ဗျာ..
      ဆြာတို့ မန္တလေးသားတွေ ဒါ့ပုံရိုက်တော့ လွှတ်ကောင်းသကိုးဗျ…..

Leave a Reply