ဧရာဝတီကိုချစ်သော မြန်မာတို့ရဲ့ Save The Irrawaddy ဟောပြောပွဲ

POLSeptember 12, 20111min32129

ဧရာဝတီကို ကယ်တင်ရန်၊ မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ကြရန် ရည်ရွယ်ချက်ဖြင့် Save The Irrawaddy ဟောပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဟောပြောခဲ့တဲ့သူများကတော့ ကိုမြင့်ဇော်(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ)၊ ဒေါက်တာထွန်းလွင်(မိုးလေဝသပညာရှင်)၊ မောင်စိန်ဝင်း ပုတီးကုန်း(စာရေးဆရာ)၊ ကိုတာ (စာရေးဆရာ) တို့ကဟောပြောခဲ့ကြပြီး ဧရာဝတီကိုချစ်သော စိတ်ပါဝင်စားသူ ၅၀ဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။ အများစုမှာ လူငယ်များ ဖြစ်ကြပါတယ်။

ဟောပြောချက်များကို www.news-eleven.com မှာကြည့်ရှုနိုင်ပါတယ်။

29 comments

  • ပေါက်ဖော်

    September 12, 2011 at 10:21 am

    ဘယ်လိုလုပ်ကြမှာတုန်းဗျာ..
    ဒီမှာလဲ
    မည်သည့်ကန့်ကွက်မှုများရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား
    ဆိုပဲ..အောက်ကလင့်ခ်မှာ..
    http://komoethee.blogspot.com/2011/09/blog-post_4863.html

  • taungpawthar

    September 12, 2011 at 11:53 am

    ဘာပဲဖြစ်ဖြစ် ဆက်လုပ်မယ်တဲ့ ဒီနေ ့ထုတ် weekly eleven မှာလည်းဖတ်လိုက်ရတယ် ဟိုတခါသတင်းစာရှင်းလင်းပွဲလုပ်တုန်းက အထက်ပိုင်းကိုတော့လေ့လာပြီးပြီ မြစ်အောက်ပိုင်းကိုတော့လေ့လာဆဲပဲဆိုပြီးဖတ်လိုက်ရတော့ ဆက်မလုပ်ပဲလေ့လာရေးအဖွဲ ့ဖွဲ ့ပြီး ပြန်သုံးသပ်ဦးမယ်ထင်နေတာ ဆက်လုပ်နေတုန်းပါတဲ့ဗျာ

  • manawphyulay

    September 12, 2011 at 12:05 pm

    ဟောပြောပွဲဆိုလို့ ဟောပြောပွဲအကြောင်းအရာ စုံလင်စွာ ဖတ်ရပြီလို့ ထင်လိုက်တာ… တင်ပေးစေချင်ပါတယ်ရှင်။

  • forever

    September 12, 2011 at 2:17 pm

    သူပိုင်တဲ.ခြံထဲမှာ ရေတွင်းတူးနေသလိုမျီုး
    လူမိုက်စကားပြောနေတယ်…
    တိုင်းပြည်ကိုချစ်တာတော.မဖြစ်နိင်ဘူး
    သူစားထားတာတွေပြန်မပေးရအောင်ခံငြင်းနေပြီ

  • nayminn

    September 12, 2011 at 3:06 pm

    ယူထားပြီးကြပြီ….ရှေ့တိုး ထမ်းပိုး…နောက်ဆုပ် လှည်းဒုတ်။

  • kai

    September 12, 2011 at 3:10 pm

    ဖတ်မရမှာစိုးလို့.. ကော်ပီကူးတင်ပေးလိုက်တယ်နော…။
    ===========
    မည်သည့်ကန့်ကွက်မှုများရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁ဝ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    “အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာလုပ်ငန်းတွေဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့်ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် အဲဒီနေရာကလည်း weather window အရ တစ်နှစ်မှာ ခြောက်လလောက်ပဲ လုပ်လို့ရတဲ့အတွက် မိုးတွင်းမှာတော့ လုပ်ငန်းရပ်နေတယ်။ နွေရာသီ open season စတာနဲ့ ဒီလုပ်ငန်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ကျွန်တော်တို့စလုပ်တဲ့ အချိန်ကစပြီးတော့ ရှစ်နှစ်အတွင်းမှာ အပြီးလုပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်မဆုတ်ပါဘူး။ အဲဒီတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်။ UN က ထပ်မံစစ်ဆေးဦးမှာလား၊ UN နဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအောင်မြင်အောင် လုပ်မှာဖြစ်ပါတယ်။ ကျန်တာ ကိစ္စတွေကတော့ နောက်မှရှင်းပြမယ်”ဟု ၎င်းက ပြောကြားခဲ့ပါသည်။
    “ဒီမှာ တက်ရောက်သောသူများ နည်းနည်းလေး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး Knowledge လေးရအောင် ကျွန်တော် နည်းနည်းရှင်းပြပါမယ်။ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုပ်ဖို့ဆိုသည်မှာ အနည်းဆုံးသုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက် လေ့လာတဲ့အတွင်းမှာ ဒီမြစ်ဝှမ်းကြီးတစ်ခုမှာ ဘယ်နေရာတွေမှာ စီမံကိန်းတွေ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သူရဲ့ Geology အနေအထား၊ သူရဲ့ရေစီးရေလာ Hydrology အနေအထား အကုန်လုံး သုံးနှစ်လောက် လေ့လာရပါတယ်။ သုံးနှစ်လောက်လေ့လာပြီးတဲ့အခါကျတော့မှ ဘယ်နေရာတွေမှာ လုပ်ရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတာ proposal လေးတစ်ခုရလာတယ်။ အဲဒီလို proposal လေးရလို့ရှိရင် ဘယ်နေရာဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာ ထပ်ပြီးတော့ လေ့လာရပါတယ်။ အကောင်းဆုံးဖြစ်မယ့် တစ်နေရာကို ရွေးပြီးတော့ အဲဒါကို ထပ်လေ့လာတာ၊ အသေးစိတ် ထပ်လေ့လာတာ တစ်နှစ်လောက်ကြာပါတယ်။ အဲဒါပြီးတော့မှ ဒီလုပ်မယ့်နေရာနဲ့ ပတ်သက်တဲ့ design အသေးစိတ်ဆွဲရပါတယ်။ ဒီဥစ္စာတွေအားလုံးဟာ အနည်းဆုံး သုံးနှစ်၊ လေးနှစ် မကြာဘဲနဲ့ စီမံကိန်းတစ်ခု မဖြစ်ပေါ်လာဘူး။ စီမံကိန်းသစ်ကို လုပ်ဆောင်တိုင်းမှာ Tactical အရ ဒါတွေလေ့လာရတဲ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကျိုးသက်ရောက်မှု ဘာတွေရှိမလဲ ဒါကိုလည်း တစ်ချိန်တည်းမှာ လေ့လာရတယ်။ ဒီသက်ရောက်မှုတွေ အားလုံးဟာ ကျွန်တော်တို့ ဝန်ကြီးဌာနက မလေ့လာဘူး။ ကျွန်တော်တို့က ပိုက်ဆံပေးငှားပြီး လေ့လာပါတယ်။ ဥပမာ မြစ်ဆုံကို ပြောတာပေါ့။ မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ ဝန်ကြီးဌာနက လေ့လာတယ်ဆိုရင် ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်သလို ဖြစ်မှာစိုးတဲ့အတွက် Third Party ဖြစ်တဲ့ အဖွဲ့အစည်းကိုလေ့လာခိုင်းပါတယ်။ Tactically အရ နည်းပညာအရ လေ့လာမယ်ဆိုရင်လည်း ကမ္ဘာမှာရှိတဲ့ နိုင်ငံကျော်ဒီဇိုင်းနဲ့ Institute တွေကို ငှားပြီးတော့ လေ့လာရပါတယ်။ ဒါမှသာလျှင် တစ်နေရာ တစ်နေရာမှာ အင်မတန် သေချာတဲ့ စီမံကိန်းတစ်ခု ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လေ့လာခဲ့တဲ့ စီမံကိန်းဟာ Environmental အရရော၊ Tactically အရရော သေချာလေ့လာပြီးသား လုပ်တဲ့စီမံကိန်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆက်လုပ်မှာ ဖြစ်ပါတယ်။ ရောဂါဆန်းဖြစ်နေတဲ့ ဟာတွေကို ရှင်းသွားအောင်ပြောတာ၊ ဆက်လုပ်မယ်ဆိုတာကို”ဟု ၎င်းက ပြောကြားခဲ့ပါသည်။

    “ဒုတိယအချက်ကတော့ ကျွန်တော်တို့ ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီး လျှပ်စစ်ထုတ်ပေးခဲ့အခါ ဒီနေ့အထိ going strong ဖြစ်ပါတယ်။ သူသည် ၅၂ နှစ် ရှိပါပြီ။ ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ညီအစ်ကို မောင်နှမတွေ ကြားဖူးသလား။ မကြားဖူးပါဘူး။ ဒီတော့ ပေါင်းလောင်းစီမံကိန်း မဂ္ဂါဝပ် ၂၈ဝ ရှိပါတယ်။ ပေါင်းလောင်းစီမံကိန်းကြီးကြောင့် ပေါင်းလောင်းချောင်းကြီး ပေါင်းလောင်းမြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ရဲရွာစီမံကိန်း မြန်မာနိုင်ငံမှာ လက်ရှိမှာ အကြီးဆုံးစီမံကန်း ရဲရွာစီမံကိန်းပါပဲ။ လျှပ်စစ်ဓာတ်အားလည်း ပေးနေပါတယ်။ ရဲရွာစီမံကိန်းကြောင့် ဒီနေ့ဒီအချိန်ခါမှာ ပြီးခဲ့တဲ့နှစ်ကာလများထက် လျှပ်စစ်သုံးဆလောက် ပေးနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ပေးနေတဲ့ လျှပ်စစ်မဂ္ဂါဝပ် ၁၅၀ဝ လောက် ပေးပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ လောက်က ၅၀၀၊ ၆၀ဝ လောက်တောင် အနိုင်နိုင် ပေးနေရတာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီရဲရွာစီမံကိန်းကြောင့် ဒုဋ္ဌဝတီ မြစ်ကြီး၊ မြစ်ငယ်မြစ်ကြီး ပျက်စီးသွားပြီလား။ မပျက်စီးပါဘူး။ ဒါဟာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ environmental နဲ့ ပတ်သက်ပြီးတော့ ဒီအယူအဆနဲ့ ပြောနေဆိုနေကြတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ environmental အကျိုးသက်ရောက်မှု ရှိလား မရှိဘူးလား၊ ရှိပါတယ်။ ဒီ သဘာဝကို ဆန့်ကျင်ပြီးတော့ မြစ်ချောင်းတစ်ခု ပိတ်လိုက်ရင်၊ အဲဒီမြစ်ချောင်း မှာ reserver ဆိုတာ ဖြစ်သွားပါတယ်။ reserver ဖြစ်သွားလို့ရှိရင် reserver အနီးမှာ နေထိုင်တဲ့ သားရဲတိရစ္ဆာန်လေးတွေ ငှက်ကလေးတွေ နေရာမရှိဘူး၊ ဘာဘူး ညာဘူး။ သစ်ပင်ပန်းမန်တွေ ပျက်စီးတယ်စသည် ဖြင့်ပေါ့လေ။ လူတွေ စိုက်ဧက နည်းနည်းပါးပါးတွေ ပျက်စီးတယ်၊ လူတွေနေရာ ရွှေ့ပေးရတယ် စသည်ဖြင့် အချက် လေး၊ ငါး၊ ရှစ်ချက်လောက် ရှိပါတယ်။ environmental နဲ့ ပတ်သက်ရင်၊ environmental ပျက်စီးသွားတဲ့ဥစ္စာကြောင့် ခံစားရမယ့် အကျိုးသက်ရောက်မှုနဲ့ မိမိတို့နိုင်ငံကရရှိမယ့် အကျိုးအမြတ်ရရှိမှု ဘယ်ဟာက ပိုများသလဲ။ ပိုများတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော်ခုနက ပြောခဲ့တဲ့ ရဲရွာစီမံကိန်းတစ်ခု လုပ်လိုက်တယ်။ မြစ်အထက်မှာရော၊ မြစ်အောက်မှာရော အခုချိန်မှာ ဘယ်လောက်များ ပျက်စီးသွားပြီးတော့ လူတွေက ဒုက္ခသုက္ခ ရောက်နေကြလို့လဲ။ ဒီဧရာဝတီမြစ်မှာလည်း ၎င်းအတိုင်းပါပဲ။ ပျက်စီးမှုနည်းနည်း ပါးပါးရှိပါတယ်။ ဒီဥစ္စာလူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးလို့ ကျွန်တော်တို့က ဝိုင်းဝန်းကူညီပေးလို့ ဒါတွေနဲ့ ဒီအကျိုးသက်ရောက်မှုဟာ နှေးနှေးသွားပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၅၀၊ သန်း ၆ဝရဲ့ အကျိုးကျေးဇူးအများကြီးပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လူတွေကဘာတွေ ပြောလဲဆိုတော့ မြစ်ကြီးပိတ်လိုက်ရင် မြစ်ကြီးကခြောက်သွားပြီ၊ ဧရာဝတီမြစ်ကြီးက သေသွားပြီ၊ ကျွန်တော်တို့က မြစ်ကြီးကို ချစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီမြစ်ကြီး အသေမခံနိုင်ပါဘူးဆိုတဲ့သူတွေပေါ့။ ဧရာဝတီမြစ်မှာ စီးဆင်းတဲ့ရေရဲ့ ၇% ကျွန်တော်တို့ ဖမ်းပါတယ်။ နှစ်တိုုင်း နှစ်တိုင်း မဖမ်းခင်တုန်းက ဧရာဝတီ မြစ်ရဲ့ရေက ဘယ်သွားလဲ။ ပင်လယ်ထဲကိုသွားတယ်။ ကျွန်တော်တို့က ဧရာဝတီမြစ်ရဲ့ ရေကို ၇% ဖမ်းတယ်။ ၉၃% ဆက်လက်စီးဆင်းနေတဲ့အတွက် မြစ်ရဲ့ရေစီးကြောင်းက ဘာမှပြောင်းလဲစရာမရှိဘူး။ ၇% ဖမ်းထားတဲ့ရေကို စက်မောင်းပေးတယ်။ ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။ အဲဒီရေနဲ့ မောင်းလိုက်ရင် အဲဒီရေက မြစ်ထဲပြန်စီးသွားမယ်။ အဲဒီတော့ဘာတစ်ခုမှ ရေစီးရေလာ ပြောင်းသွားစရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားရေး၊ National Interest နဲ့ ပတ်သက်ရင် ဘယ်ဟာက အကျိုးရှိသလဲ။ ဘယ်ဟာက အကျိုးယုတ်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အကျိုးအမြတ်များရင် ကျွန်တော်တို့ ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီးပျက်စီးရင် ကျွန်တော်ခုနက ဖတ်တဲ့ကာတွန်းလို၊ ဒီမှာအများစု ပညာရှင်တွေပါတယ်။ မဟာဗန္ဓုလ အရိုးအိုးစေတီ ဘယ်နားမှာ ရှိသလဲ သိကြသလား။ မသိနိုင်ဘူး။ မဟာဗန္ဓုလ အရိုးအိုးစေတီအစစ်က မင်းလှမှာ၊ မလွန်မင်းလှမှာ ရှိတယ်။ ခွေးသာချောင်းဆိုတဲ့ ခွေးသာချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့ နေရာမှာ ရှိပါတယ်။ အဲဒီအရိုးအိုးစေတီကို ကျွန်တော် တိုင်းဥက္ကဋ္ဌဘဝက ရွှေ့ပေးခဲ့ရတယ်။ လွန်ခဲ့တဲ့ ၉ နှစ်၊ ၁ဝ နှစ်လောက်က၊ ကမ်းပါးပြိုမှာစိုးလို့ ရွှေ့ပေးလိုက်ရတယ်။ မြစ်က နှစ်ပေါင်း ၁၀၀၊ ၂၀ဝ ဘယ်သူမှမထိန်းသိမ်းလို့ ပျက်စီးတာ။
    “မြစ်ကြီးကို ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ဘူး။ ရေက စီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဆိုပါတော့ ဧရာဝတီမြစ်က အရင်က ကိုက် ၁၀ဝ ကျယ်တယ်ဆိုပါတော့၊ အခု ကိုက် ၅၀ဝ ကျယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေက စီးချင်တဲ့ နေရာ လျှောက်စီးနေလို့။ ဒါကို နိုင်ငံမှာ ဓနအင်အားကြောင့်ရော၊ စိတ်ဝင်စားမှုကြောင့်ရော ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့တဲ့အတွက် ကိုက် ၁၀ဝ စီးရမယ့် ရေက ကိုက် ၅၀ဝ စီးနေတဲ့အခါ ရေအနက် ပေ ၁၀ဝ ရှိရမယ့်နေရာမှာ ပေ ၅ဝ ပဲ ရှိမှာပေါ့။ ရေအနက် ငါးပေ ရှိရမယ့်နေရာမှာ ရေကတစ်ပေပဲရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှမထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ်မဟုတ်ဘူး။ ဒီမြစ်ကြီးကို ဘယ်လို ဝိုင်းဝန်းထိန်းသိမ်းမလဲဆိုတဲ့ issue ကို သွားရမှာ။ အဲဒီတော့ ဟိုမှာ ဒီတစ်ခါ ကျွန်တော်တို့ သတင်းစာထဲမှာ ဘာတွေပြောလဲဆိုတော့ တရုတ်ကအကျိုးရှိတဲ့ စီမံကိန်းလို့ပြောတယ်။ တရုတ်အကျိုးရှိတယ်။ မြန်မာပြည် အကျိုးမရှိဘူးလို့ပြောတယ်။ ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀ဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လုပ်မယ့်လူလာရင် ဝယ်သုံးရမှာ။ ဒါ market ရဲ့ သဘောပဲ။ ကျွန်တော်တို့ဟာ ကိုယ်တိုင် မလုပ်နိုင်တဲ့အခါ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ JVDI နဲ့လုပ်ကြတယ်။ ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀ဝ ထွက်ရင် ကျွန်တော်တို့က ၁၈၀ဝ အလကားရမယ်။ free ရတယ်။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ဝယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

    ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀ဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။

    “လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရင်သုံးမှ မသုံးနိုင်ရင် ရောင်းမှ။ ဒီ Idea တွေ ဒီဟာတွေက ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ စက်မှုနိုင်ငံ ဖြစ်ထွန်းဖို့ကိစ္စမှာ လျှပ်စစ် အလွန်အရေးကြီးတယ်။ လျှပ်စစ်ရဖို့ က နည်းမျိုးပေါင်းစုံနဲ့ ကြိုးစားနေတဲ့ အချိန်မှာ ခုနတုန်းကပြောတဲ့ မလိုလားအပ်တဲ့ တခြားတစ်မျိုးတစ်မည် ကြံစည်မှုတွေ၊ ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ အဲဒီတော့ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားရေးကိုပဲ ကျွန်တော်တို့က နားယောင်ပြီး လုပ်လိုက်ကြမလား။ ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ သန်း ၅၀၊ ၆ဝ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ဝိုင်းစဉ်းစားဖို့ပါပဲ။ ကျွန်တော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဒီ BANCA နဲ့ တရုတ်ပညာရှင်တွေ၊ ဒီတရုတ်ပညာရှင်တွေ ဘာလုပ်ရသလဲဆိုတော့ ဒီစီမံကိန်း ကြီး တကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ Tactically Investigation တွေ အများကြီး လုပ်ရတယ်။ သုံးနှစ်၊ လေးနှစ် လုပ်ရပါတယ်။ BANCA သည် ရှစ်လ၊ တစ်နှစ်လောက် ကောင်းကောင်း environmental နဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတော့ ကျွန်တော်တို့ကို သူက ဘာလုပ်ရလဲဆိုရင် ဘာတွေတွေ့ရှိပါတယ်။ ဘာတွေ အကျိုးသက်ရောက်မှုရှိတယ်။ ဘာတွေ ဖြစ်ပျက်နိုင်တယ် ဒီ့အတွက် ခင်ဗျားတို့ ဘာတွေလုပ်ပါ။ ဘာတွေ လုပ်သင့်ပါတယ်ဆိုတာ BANCA က recommendation ပေးရတယ်။ သူ့ recommendation ကျွန်တော်တို့ လိုက်လုပ်ရတယ်။ ဒီဟာ International Practice ပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ပါတယ်။ BANCA နဲ့ပတ်သက်ရင်လည်း BANCA ကို ကျွန်တော်တို့က တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး။ နောက် ဒုတိယအချက် ခင်ဗျားတို့ မီဒီယာတွေက ပြောနေကြတဲ့ အချက်ပေါ့။ အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀ဝ လောက်ရှိတယ်။ အဲဒီထဲမှာ ရေးထားတာ မြန်မာအစိုးရက မလိုက်နာဘူးလို့ ပြောကြတယ်။ BANCA က ဒီ report ကို တင်လို့ မရဘူး။ BANCA ကို ကျွန်တော်တို့က စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး။ ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါခုနက စီးပွားရေးအကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တယ်။ ဒါက trade secret ဖြစ်တယ် ပြောလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတော့လည်း ပါးစပ်ပိတ်ပြီး မနေနိုင်ဘူး ပြောတာပေါ့လေ။ ဒါ Trade Secret ဖြစ်တယ်။ ပြောလို့ မရဘူး။ ကျွန်တော်တို့က လျှို့ဝှက်ထားတာ။

    လာမယ့်အပတ် စနေနေ့မှာ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများကြောင့် ဧရာဝတီမြစ်ပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဒါတော့ Technical Workshop ပါပဲ။ ဒါတော့ စီမံကိန်းတိုင်း စီမံကိန်းတိုင်း မှာတော့ဒီ workshop လုပ်ပါတယ်။ သို့သော်လည်း ဒီ workshop မှာတော့ မီဒီယာကလည်း စိတ်ဝင်စားတယ်။ ပညာရှင်တွေလည်း စိတ်ဝင်စားတယ်။ ဒီ workshop မှာတော့ မီဒီယာတွေရော၊ ပညာရှင်တွေရော ဖိတ်ထားတယ်။ လာနားထောင်ကြည့်လိုက်။ လာနားထောင်ကြည့်ရင် ဘာလဲဆိုတာ သိသွားလိမ့်မယ်။ နို့မို့ဆိုရင် သေချာမသိဘဲနဲ့ ဟိုပြောဒီပြောဆိုရင်တော့ မကောင်းဘူးပေါ့လေ။ ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ် ရေးပြီးတော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော် မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။ ဒီဥစ္စာ နိုင်ငံအကျိုးရှိမယ့်ကိစ္စ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ကိစ္စ၊ ဒီဥစ္စာကို ဝိုင်းဝန်းကာကွယ်ရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့မှာ တာဝန်ရှိတယ်။

    မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အမြင်များ

    ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီလိုစကားမျိုးပြောတဲ့အတွက် အင်မတန်စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀% ယူတယ်။ မြန်မာနိုင်ငံက ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို ကြားပွဲစားကယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံအကျိုးအတွက်ရတာ တစ်နှစ်ကို သန်း ၅၀ဝ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅ဝ ရမယ်။ အဲဒီတော့ နှစ်က နှစ် ၃ဝ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀ဝ ကို ကြားပွဲစားကရမယ်။ ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ဝန်ကြီး ဖြေရှင်းသင့်တယ်။ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံချင်တယ်။ အခု နိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေ ပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလဲ အရှိန်ရနေပြီ။ တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလဲ စိတ်ချမ်းသာစပြုနေပြီ။ အဲဒီ အခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကားမှန်မမှန်ကို သမ္မတကြီးအနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော် တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး သတိပေးတာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ issue တစ်ခုတည်းမဟုတ်ဘူး၊ (၂) ဒါဟာ political နိုင်ငံရေးပြသနာ political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာဟာ အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်။
    ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

    “စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့ ဝိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်းမြေ့စရာဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့ လွှတ်တော်အမတ်တွေရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကိုပြောတဲ့ အခါမှာလည်း ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုကျိုးက ပိုများနေတယ်။ အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲတာတွေမဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့ အကြောင်းကို ရှင်းသင့်တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်ရဲမွဲတေမှု တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်။”
    ဆရာမောင်ဝံသ

    ပြည်သူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုလာတာတွေ ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မြစ်ဆုံကိစ္စ ရေအရင်းအမြစ်ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်လို့အဆိုအနေနဲ့ လွှတ်တော်မှာ တင်ထားတာရှိပါတယ်။
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း

    ကျွန်တော်တို့နိုင်ငံက မဂ္ဂါဝပ် ၁၅၀ဝ သုံးမကုန်ဘူးလို့ ပြောတယ်။ အခု နယ်တွေ၊ ရွာတွေမှာ လျှပ်စစ်မီးတောင် မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ Power Consumption က အခု ကျောက်ခေတ်အတိုင်း ရှိမှာလား။ နိုင်ငံက ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ မဖြစ်တော့ဘူးလား။ အခု တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ နောက်ထပ်လာမယ့် ရန်ကုန်မြို့တော်သစ်စီမံကိန်း၊ တိုးတက်လာမယ့် စက်မှုလုပ်ငန်းတွေအတွက် အနည်းဆုံး မဂ္ဂါဝပ် ၁၀၀၀ဝ အထက်လိုမယ်။ ခေတ်စနစ်တွေက ပြောင်းနေပြီ၊ ပြောင်းလဲသင့်နေပြီ။ ခေတ်ဟောင်းမှာ ကျန်ခဲ့ရင်တော့ ခေတ်စနစ်ဟောင်းရဲ့ ဒဏ်ခတ်ခြင်းခံရမှာပဲ။ ဒါသမိုင်းရဲ့သဘောလည်း ဖြစ်သလို၊ တရားဓမ္မသဘောလည်း ဖြစ်တယ်လို့ဝန်ကြီးကို ပြောချင်ပါတယ်။
    ဒေါက်တာသိန်းမြင့် (Managing Director, Eleven Media Group)
    “ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့ ဝိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး”
    လူထုစိန်ဝင်း

    “မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရက အကျိုးအမြတ်ရလဒ်တွေကို တိတိကျကျ ပြည်သူကို ချမပြသရွေ့ ကျွန်တော်ကတော့ ဒီစီမံကိန်းဆက်လုပ်မှာကို ကန့်ကွက်တယ်။ ကျွန်တော်တို့ကို ချပြပါ။ ချပြလို့ တကယ်အကျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ စဉ်းစားမယ်။ ထောက်ခံမယ် မပြောသေးဘူးနော်။ စဉ်းစားမယ်လို့ ပြောတာ။ ဘာတွေချပြရမလဲဆိုတာကိုတော့ ကျွန်တော့်ဝက်ဘ်ဆိုက်မှာလည်း ရေးထားခဲ့ပြီးသားပါ။ အကြောင်းအရာသုံးချက်နဲ့ အချက်ကိုးချက်ပါပါတယ်။ (၁)ရေကာတာမှ ထွက်တဲ့လျှပ်စစ်ကို တရုတ်က ဘယ်လောက်ယူမလဲ၊ ဒေသခံကချင်က ဘယ်လောက်ရမလဲ၊ ပြည်ထောင်စုကြီးက ဘယ်လောက်ရမလဲ (၂) စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ဘယ်သူက အကုန်ကျခံမလဲ၊ တရုတ်က ဘယ်လောက်၊ ကချင်က ဘယ်လောက်၊ ပြည်ထောင်စုက ဘယ်လောက် (၃) စီမံကိန်းကြောင့် ထိခိုက်မှုကို အခု ဘယ်လိုလုပ်ထားသလဲ။ နောက်လာမယ့် အနာဂတ်အတွက် ထိခိုက်မှုတွေကို ဘယ်လို ကြိုတင်စီမံထားသလဲ၊ ဖြစ်လာသမျှထိခိုက်မှုတွေအတွက် ဘယ်သူက တာဝန်လဲ။ အဲတာတွေကို အစိုးရက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်။ အဲတာတွေ သိရမှ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ စဉ်းစားမယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်။ လက်ရှိလုပ်နေတဲ့ လွှတ်တော်ကို ကျွန်တော် အားမရဘူး။ မေးခွန်း မေးနေတာတွေချည်း မလုပ်ဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းလို ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေချင်တယ်”
    ဦးနေမျိုးဝေ (ဥက္ကဋ္ဌ ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ)

    “ပြီးခဲ့တဲ့ သောကြာနေ့က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က သူရဦးအောင်ကိုက အဆိုတစ်ခု တင်သွင်းတယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်သွင်းရာမှာ တောပြုန်းတာတွေ၊ ချင်းတွင်းမြစ် ထိခိုက်တာတွေကို ပြောခဲ့တယ်။ တစ်ဆက်တည်း ဧရာဝတီကိစ္စကိုလည်း ဆက်ပြောခဲ့တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် တော်တော်ပြောသွားတယ်။ မြစ်ဆုံကိစ္စကို ဆက်လုပ်မယ်ဆိုရင်တော့ ပျက်စီးဆုံးရှုံးတာတွေ ပိုပြီးဆက်ဖြစ်လာနိုင်စရာရှိတယ်။ ပြီးခဲ့တဲ့ အစိုးရက လုပ်ခဲ့လို့ အခုဆက်လုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ တရုတ်နိုင်ငံမှာတောင် သူတို့ဆီမှာလုပ်မယ့် စီမံကိန်းတွေကို ရပ်ထားတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်တဲ့အခါ တကယ့်အကျိုးအမြတ်က ဘာလဲ၊ ဆုံးရှုံးမှုက ဘာလဲဆိုတာတွေကို သေချာတွက်ချက်စေချင်တယ်။ အကျိုးအမြတ်က တွက်ရလွယ်တယ်။ ဆုံးရှုံးမှုတွက်ဖို့က သိပ်ခက်တယ်။ တရုတ်က အကျိုးအမြတ်များများရမှာကို သိလျက်နဲ့ ငွေရရင် ပြီးရောဆိုတဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်ကတော့ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် နာတယ်။ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်။ ဒီကိစ္စကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုမယ်။ လွှတ်တော်ကို ချပြဖို့လည်း လိုအပ်မယ်။ ချင်းတွင်းမြစ် ပျက်စီးတာကိုတောင် ပြောနေရပြီဆိုရင် ဧရာဝတီကိစ္စဟာ ပိုပြီးအရေးကြီးလာခဲ့ပြီ။ ဧရာဝတီကောလို့ မဖြစ်ဘူး။
    ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လသာမြို့နယ်မဲဆန္ဒနယ်)

    ရေအားလျှပ်စစ်စီမံကိန်းတွေ၊ ဆည်မြောင်းတာတမံတွေ ဆောက်လုပ်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ရမယ်။ စီမံကိန်း မစခင်ကတည်းက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သေသေချာချာ သုံးသပ်သင့်တယ်။ ထိခိုက်မှုရှိရင် မလုပ်ထိုက်ဘူး။ အိန္ဒိယတို့၊ တရုတ်တို့မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဝေဖန်တာကို အသိအမှတ်မပြုဘဲ ဆောက်လုပ်ခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် နောင်အချိန်တွေမှာမှ အစိုးရတွေက ပြည်သူတွေကို ပြန်တောင်းပန်ရတယ်။ ဒါပေမယ့် သဘာဝက ပျက်ယွင်းပြီးဖြစ်နေတော့ ပြင်ဆင်ပြောင်းလဲလို့မရတော့ဘူး။ ဒါကြောင့် တစ်ခုခုလုပ်ရင် ဘယ်လိုအကျိုးဆက်ရှိမလဲ သေချာတွက်ဆသင့်တယ်။ လုပ်ထိုက်၊ မလုပ်ထိုက်တွက်ရမယ်။ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှုတွေများရင် လုံးဝ ဆက်မလုပ်သင့်ဘူး။ အခု မြစ်ဆုံစီမံကိန်းကလည်း မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဖြစ်တယ်။ ကြိုတင်လေ့လာတိုင်းတာမှုတွေလည်း လုပ်ခဲ့ပြီးပြီလို့သိရတယ်။ အချက်အလက်တွေမှာ မလုပ်သင့်တဲ့အချက်များနေရင် အကောင်အထည် မဖော်သင့်ဘူး။ တတ်သိပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစိုးရကအလေးထားဖို့လိုတယ်။
    ဒေါက်တာဒေါ်မြင့်မြင့်ခင်

    တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ မြစ်ဆုံလိုကိစ္စမျိုးကို ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလို ဆက်လုပ်မယ်ဆိုရင် ဘာတွေဖြစ်မယ်၊ မဖြစ်နိုင်ဘူးစတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်လို့တော့ မငြင်းခုံချင်တော့ဘူး။ ငြင်းနေရမယ့် အချိန်လည်းမဟုတ်တော့ဘူး။ ပြတ်ပြတ်သားသား ပြောရမယ့်အချိန်ပါ။ မြစ်ဆုံကိုဆက်လုပ်ခြင်းနဲ့ ပတ်သက်လို့တော့ risk သိဖို့လိုတယ်။ ဒါဟာ ဗမာပြည်ဒုက္ခဖြစ်မယ့်ကိစ္စ။ သေရေးရှင်ရေး ကိစ္စပါ။ လူတစ်ယောက်က ဆုံးဖြတ်ရမှာမဟုတ်ဘူး။ တိုင်းပြည်မျက်နှာကို မကြည့်ဘဲ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောင်တစ်ချိန်မှ မှားသွားပြီဆိုရင်လည်း ပြန်ပြင်လို့ မရတော့ဘူး။ အခုဆိုရင် အစိုးရသစ် ဖြစ်နေပြီ။ အစွဲဟောင်းတွေ ပြုတ်ဖို့ လိုတယ်။ ပြည်သူတွေကတော့ အသစ်ကို လိုချင်တယ်။ အဟောင်းထဲက ကောင်းတာပဲယူပြီး မကောင်းတာကို ယူမလာစေချင်ဘူး။
    ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

    ဧရာဝတီဟာ ကျွန်မတို့နိုင်ငံရဲ့ အလှတရား၊ သဘာဝအမွေပါ။ ရေမြေတောတောင် သဘာဝတရားနဲ့ ပတ်သက်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ မြစ်ဆုံဟာ မြန်မာနိုင်ငံအတွက် အလွန်တန်ဖိုးကြီးပါတယ်။ နောက်ပိုင်း နှစ်များစွာအထိ မြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ရမှာ။ မြစ်ဆုံကိုရော ဧရာဝတီကိုရော သဘာဝအတိုင်း ဆက်ရှိနေစေချင်ပါတယ်။
    ဆရာမ ဂျူး

    ဧရာဝတီနဲ့ ပတ်သက်ရင် ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့အသက်သွေးကြောပဲ။ လူတိုင်းနဲ့သက်ဆိုင်တယ်။ လူတိုင်းပြောပိုင်ဆိုခွင့်ရှိတယ်။ လူထုရဲ့အသံကို နားထောင်သင့်တယ်။ အများပိုင်ပစ္စည်းဖြစ်တဲ့အခါမှာ အများရဲ့ဆန္ဒလိုပါတယ်။
    အမျိုးသားလွှတ်

    • piti

      September 13, 2011 at 3:29 pm

      Third Party ဖြစ်တဲ့ BANCA အဖွဲ့အစည်းကိုလေ့လာခိုင်းတယ်လို့ပြောတယ်။
      BANCA ကို တစ်သန်းခွဲနီးပါးလောက် လုပ်ခပေးပြီး ငှားထားတာဆိုတော့ ကိုးရိုးကားယား မလုပ်ရဲဘူး… အင်တာနက်မှာ တင်ထားတဲ့ report က စာမျက်နှာ ၅၀ဝ လောက်ရှိတယ်… အဲဒီထဲမှာ ရေးထားတာ မလိုက်နာဘူးလို့ ပြောကြတယ်… BANCA က ဒီ report ကို တင်လို့ မရဘူး…စာချုပ်နဲ့ ငှားထားတာ၊ မင်းတို့ ဒါလုပ်၊ ပြီးရင် အဲဒီ report ငါ့ပေး… ဒါက Trade Secret ဖြစ်တယ် ပြောလို့မရဘူး လျှို့ဝှက်ထားတာ ဆိုပဲ…
      ဟုတ်ပါပီ။ အခု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီသမားတွေက ကန့်ကွက်နေကြပီ။ အဲဒီတော့ BANCA က တင်ပြတဲ့အချက်ထဲမှာ သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်နိုင်ဘူး လို့ပဲ ဖော်ပြထားလား? ဒါမှမဟုတ် အနည်းငယ် ပဲ ထိခိုက်နိုင်မယ်ပြောလား?
      ဝန်ကြီးအနေနဲ့ BANCA ရဲ့အစီရင်ခံစာ အကုန်ထုတ်ပြောဖို့ မလိုပေမယ့် အားလုံး သံသယရှင်း သွားအောင်လို့တော့ တရားဝင်ထုတ်ပြပီး ငြင်းဆိုရင် မကောင်းဘူးလား?
      ကိုယ့်လိပ်ပြာ ကိုယ်လုံရင်ပြောတာပါ။ မလုံရင်တော့ မပြနဲ့ပေါ့။
      နောက်တစ်ခု ဝန်ကြီးပြောတာ “ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀ဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။”
      တော်လိုက်တဲ့ဝန်ကြီး… မြန်မာနိုင်ငံမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံတွေရဲ့ စက်တပ်ဆင်အား အပြည့်အဝထုတ်မယ်ဆိုရင်တော့ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်… လက်ရှိအချိန်မှာ စာရွက်ပေါ်က စာရင်းကိုပဲ မပြောသင့်ဘူး။ အမှန်တကယ် ဘယ်လောက်ပဲ ထုတ်ပေးနိုင်သလဲ? မြန်မာနိုင်ငံတဝှမ်းလုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေပီလား? နေပြည်တော်တစ်ခုပဲ အချိန်ပြည့်လင်းနေနိုင်သေးတာ။ ရန်ကုန် နဲ့ မန္တလေးတောင် လျှပ်စစ်မီး အပြည့်အဝမပေးနိုင်သေးတာ အားလုံးအသိပါ။ မျက်ကမ်းမျိုးချစ်စိတ်မထားသင့်တော့ဘူး ဒီအချိန်မှာ။ မျက်စေ့ဖွင့်ထားပီး အမှန်အတို်င်း မြင်သင့်နေပီ။ တကယ်ပိုရင်တော့ ရောင်းစားပါ။ မကန့်ကွက်ပါဘူး။ ပထမဆုံး ကိုယ့်ပြည်တွင်းက နေရာတိုင်း လျှပ်စစ်မီး အမှန်တကယ် အပြည့်အဝလင်းဖို့ စေတနာသန့်သန့်နဲ့ လုပ်ပေးစေချင်တယ်။
      နောက်တစ်ခု … အခုပြောနေတဲ့ မြစ်ဆုံစီမံကိန်းနဲ့တော့မဆိုင်ဘူး… မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို အခြားနိုင်ငံတွေကို ဈေးပေါပေါနဲ့ ရောင်းထားတယ်။ လျှပ်စစ်မီးအပြည့် အဝမပေးနိုင်လို့ စက်မှုဇုံတွေ၊ ဟိုတယ်တွေ အပါအဝင် လုပ်ငန်းရှင်တွေ၊ နေအိမ်တွေက ပြည်သူတွေ နိုင်ငံခြားက ဓါတ်ဆီ၊ ဒီဇယ်ဆီကို ဈေးကြီးကြီး ပေးတင်သွင်းပီး မောင်းနေရတယ်။ သုံးနေရတယ်။ သဘာဝ ဓါတ်ငွေ့နဲ့သာ လျှပ်စစ်ဂျင်နရေတာတွေကို မောင်းနိုင်မယ်ဆိုရင် နိုင်ငံခြားငွေ ကုန်ကျမှု သက်သာနိုင်ဘူးလား? သေချာ စေတနာထားရင် ကန့်ကွက်ခြင်း ခံရမယ် မထင်ဘူး

  • May

    September 12, 2011 at 3:14 pm

    ဟုတ်ပါ့ … ရှေ့ကယူသွားတော့ နောက်ကဆက်လုပ်ပေါ့….
    ဒီတော့ ဘာဖြစ်ဖြစ်လုပ်မယ် ဖြစ်တော့တာပေါ့….

  • cobra

    September 12, 2011 at 3:29 pm

    တကယ်ကိုမကောင်းတဲ့သတင်းပါ။
    သူတို့တွေမလုပ်သင့်တော့ဘူးဆိုတာသိရက်နဲ့ဘာလို့
    ဆက်လုပ်နေကြတာလဲ။

  • kai

    September 12, 2011 at 3:44 pm

    ဧရာဝတီက.. မြစ်ဆုံဆည်ကဘယ်နားနေမှန်းမသိသေးဘူး…
    အခုထဲက..ပြသနာတွေတက်နေပြီလေ..။

    ဆိုတော့…
    ဥရောပနဲ့.. ယူအက်စ်ကမြစ်တွေလို.. နိုင်တဲ့နေရာတွေ.. သဲသောင်တူး.. မြစ်ရေစီးလမ်းကြောင်းတွေပြန်ဖေါ်..မြစ်ကမ်းတွေ..ကွန်ခရစ်နဲ့..ဘောင်ခပ်… စတာတွေလုပ်သင့်နေပြီထင်ပါတယ်..။
    မြစ်ကမ်းရွှေတူးတာတွေ.. စက်ရုံးစွန့်တွေ..မြစ်ထဲလွှတ်ချတာတွေ.လည်း..ဥပဒေတွေနဲ့ကန့်သတ်သင့်နေပြီထင်မိတယ်..။

  • alinsett

    September 12, 2011 at 4:00 pm

    ကျွန်တော် ချစ်သော ဧရာဝတီ အကြောင်း ပြောကြ ဆိုကြ သူ အားလုံးကို ကျေးဖူးတင်ပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 12, 2011 at 4:10 pm

    တော်တော်စောက်ခွက်ပြောင်တဲ့ ဝံဂျီးဘဲ
    မီဂါဝပ် 1500 ကမြန်မာနိုင်ငံသုံးလို့တောင်မကုန်ဘူးတဲ့
    မအေလိုး
    အဲ့သည်1500 မီဂါဝပ်ကိုသုံးဘို့မီးကြိုးတောင် သူ့အထွေးတရုပ်စီကဝယ်ရဦးမယ့်အခြေနေမှာရှိနေတဲ့ဟာကို
    စောက်ခွက်ပြောင်ပြီးပြောတယ်

    • R Ga

      September 13, 2011 at 2:51 pm

      အိုင်ပီ အောင်ပု ရယ် ဒီကောင်တွေ စောက်ခွက်ပြောင်တာ အခုမှမဟုတ်ဘူး။ လွန်ခဲ့နှစ်ပေါင်းများ စွာကပဲ ပြောင်လွန်းတာ နှစ်တွေကြာတော့ သူတို့ကို သူတို့ ပြောင်လို့ပြောင်မှန်းတောင်မသိ တော့ဘူး။ လမ်းဘေးက စောက်ရူးတစ်ယောက် ပြောတဲ့ စကားကမှ ဒင်းတို့ပြောတဲ့ စကားထက် တန်ဖိုးရှိချင်ရှိဦး..မယ်။

  • nozomi

    September 12, 2011 at 5:15 pm

    အခုပဲ weekly website မှာ တင်ထားတာ တွေ့လို့ပါ

    အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အရာရှိကြီးတစ်ဦး၏ ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ယခုအကြောင်းအရာကို တင်ပြနိုင်ခြင်းဖြစ်ပါသည်။

    ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀ဝ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀ဝ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀ဝ အစား မဂ္ဂါဝပ် ၆၀၀ဝ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကိစ္စအား အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်း အတော်များများမှစ၍ ညွှန်ကြားရေးမှူးချုပ် အထိ သိရှိထားကြကြောင်းလည်း သိရှိရပါသည်။ မဂ္ဂါဝပ် ၄၀၀ဝ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ထုထည် ပမာဏသည် မဂ္ဂါဝပ် ၆၀၀ဝ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ ထုထည်ပမာဏမှာ နှစ်ဆကွာနေကြောင်းနှင့် အကယ်၍ အကြောင်းကြောင်းကြောင့် ဆည်ကျိုးပေါက်ပါ က မြစ်ကြီးနားမြို့ရေကြီးသည့် အဆင့် မဟုတ်ဘဲ မြစ်ကြီးနားတစ်မြို့လုံး ရေမြှုပ်သွားမည့် အနေအထား ဖြစ်ကြောင်း သိရှိရပါသည်။

    အဆိုပါ အနေအထားများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ထမ်းများမှ ယင်းအခြေအနေများ ကို ဝန်ကြီးဌာနသို့ တင်ပြထားကြသလို MOU ထိုးပြီးစကလည်း သက်ဆိုင်ရာ တရုတ်ကုမ္ပဏီသို့ ပြန်စဉ်းစားနိုင်ရန် ပြောကြားခဲ့ဖူးကြောင်း သိရပါသည်။ သို့သော် တရုတ်ကုမ္ပဏီဘက်မှ မြန်မာနိုင်ငံမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များနှင့် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ပြန်စဉ်းစား ပြင်ဆင်ရန်ပြောသည့် ဝန်ထမ်း ကိုပြန်ပြောခဲ့သည်ဟု သိရှိရပါသည်။

    “ဒီအကြောင်းအရာတွေကတော့ တကယ့်ဖြစ်စဉ် အမှန်ကို ကိုယ်တွေ့ ကြုံပြီး ဘာမှမတတ်နိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ အမှတ် (၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန အရာရှိကြီး တစ်ယောက်ရဲ့ ရင်ဖွင့်စကားတွေကို တာဝန်သိ ပြည်သူတစ်ယောက်က သတင်းပေးလာတာ ဖြစ်ပါတယ်။ အခြားသိရှိသူတွေ အနေနဲ့လည်း နိုင်ငံအတွက် အရေးကြီးတဲ့အချိန်မှာ သိထားသမျှတွေကို ဖော်ထုတ်သင့်ပါတယ်။ ဒီ ကိစ္စမှန်၊ မမှန်ကို သက်ဆိုင်ရာက အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးသင့်ပါတယ်”

  • sususan

    September 12, 2011 at 5:51 pm

    ခုလို ဟိုလူတင်ဒီလူတင်နဲ့ တစ်နေရာထဲမှာပြည့်ပြည့်စုံစုံဖတ်ရတာကောင်းတယ်နော်။
    အော်ဧရာဝတီရယ်..ဖြစ်ရလေ…မင်းသားတစ်ယောက်ကတော့
    သူ့သမီးလေးကိုတောင်..ဒီမြစ်နာမည်လေးပေးလို့..မြစ်ကြီးကလူနာမည်ထဲမှာတောင်ပါနေတာ..
    တကယ့်အထင်ကရကြီး..

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 12, 2011 at 5:54 pm

    အေးကွာ. ကိုယ့်ထက်အသိပညာကြွယ်ဝသူတွေက ထောက်ပြဝေဖန်တာကို ဆက်လုပ်မယ်ဆိုတဲ့ ဖြုတ်ဦးနှောက်နဲ့ကောင်တွေကိုတော့ အံ့ဩပါတယ်ကွာ။ရာဇဝင်ထဲမှာဘဲ ကျန်ရစ်ခဲ့ပါတော့ ဧရာဝတီရယ် လို ့ဘဲပြောရတော့မယ်ဗျို့

  • pooch

    September 12, 2011 at 5:57 pm

    လက်တဆုပ်စာ လူတစု တဘဝစာကောင်းစားဖို့ အတွက် တပြည်လုံးက ပြည်သူတွေရဲ့ အသက်သွေးကြောကို ဖောက်ထုတ်ပြီး တမျိုးသားလုံးရဲ့ အနာဂတ်ကို ဖျက်ဆီးမဲ့ စီမံကိန်းကို ရင်ထဲ အသဲထဲကကို အကြီးအကျယ် ကန့်ကွက်တယ်။

  • POL

    September 12, 2011 at 8:01 pm

    မြန်မာပြည်ကိုချစ်သော စာရေးဆရာ၊ ပညာရှင်များ က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအထဲကမှ အရေးကြီးတဲ့အချက်တစ်ချို့ကိုကောက်နှုတ် တင်ပြလိုက်ပါတယ်။

    ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀ဝ ကျော်ရှိတဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ ‘မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တကယ်ပူပန်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန်မလိုချေ’ တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ (ကိုမြင့်ဇော်)

    ဒီဟောပြောပွဲဟာ ‘Save the Irrawaddy’ ဟောပြောပွဲ ဖြစ်တဲ့အတွက် ဧရာဝတီအကြောင်း ပြောရမယ်။ ကျွန်တော့်ရှေ့လူတွေက ပွင့် ပွင့်လင်းလင်း ပြောသွားကြတယ်။ ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။

    မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။ (ဒေါက်တာထွန်းလွင်)

    မြစ်ဆုံမှာဆည်ဆောက်ပြီးရင် တစ်နိုင်ငံလုံး မီးလင်းမယ်တဲ့၊ဆရာ့ သဘော ဘယ်လိုရှိလဲလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ရိုးရိုးပဲ ဖြေလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကသစ်တောတွေနဲ့ ဧရာဝတီကို ဒီအတိုင်း စီးခိုင်းပြီးတော့ပဲ ကျွန် တော်အမှောင်ထဲမှာပဲ နေချင်ပါတယ် လို့ဖြေလိုက်ပါတယ်။ (မောင်စိန်ဝင်း ပုတီးကုန်း)

    တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဘယ်လိုမြင်သလဲဆိုတော့ အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်ပေါက်ဖြစ်နေတယ်။ နိုင်ငံလူဦးရေနည်းပြီး သယံဇာတများတယ်။

    မြန်မာနိုင်ငံက တရုတ်ပြည်နဲ့ အိန္ဒိယပြည်ရဲ့ကြားမှာရှိနေတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တရုတ်ကြီးအပြင် ကုလားကြီးရဲ့ အန္တရာယ်ကပါ သတိပြုရမှာပါ။ ရင်းနှီးမြှုပ်နှံမှုများတာ ကောင်းပါတယ်။ အဲဒီရင်းနှီးမြှုပ် နှံမှုတွေက ထိထိရောက်ရောက် ဖြစ်ဖို့ကောင်းတယ်။ ထိရောက်တဲ့၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာဘာလဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရဘူး။ စားသုံးသူကို မထိခိုက်ရဘူး။ သဘာဝပတ်ဝန်းကျင် မပျက်စီးရဘူး။ လူ့အခွင့်အရေးကို မချိုးဖောက်ရဘူး။ (ကိုတာ)

    အပြည့်အစုံ ကို http://www.news-eleven.com မှာ ဖတ်နိုင်ပါတယ်။

  • fatty

    September 12, 2011 at 8:12 pm

    ဝန်ကြီးရဲ့လေသံက အာဏာရှင်လေသံ မပျောက်တာကိုသတိပြုမိကြမှာပါ။ အဲဒါ နောက်က background
    ရှိနေသေးပုံပါဘဲ။ အမှန်က ယနေ့အာဏာရထားသူများကိုယ်တိုင်က သတိကြီးကြီးထားပြီး ငါတို့က
    အရင်စံပြအနေနဲ့ ပြောင်းလဲပြရမယ်ဆိုတဲ့အသိရှိနေဖို့လိုတယ်လို့ထင်ပါတယ်။
    ငါလောက်သိတဲ့သူမရှိဘူး ငါလောက်တတ်တဲ့သူမရှိဘူးဆိုတာနဲ့ဘဲ ကျနော်တို့နိုင်ငံမှာ ကိုဖိုးတတ်ကြီးတွေ
    ကိုဖိုးသိကြီးတွေ အုပ်ချုပ်သွားလိုက်တာ … တက်တက်ပြောင်ပါရောလား။ အောက်တန်းအကျဆုံးနိုင်ငံ မျက်နာအငယ်ရဆုံးနိုင်ငံ အဖြစ် ကျန်ရစ်ခဲ့ရပါရောလား …။ ဒါဘယ်သူမှငြင်းလို့မရဘူးလို့ကျနော်ထင်ပါတယ်။ ကုမ္ပဏီတခုရဲ့ဖွဲ့စည်းပုံမျိုးနဲ့ကြည့်ရင် ကမ္ဘာမှာအကောင်းဆုံး ကုမ္ပဏီဟာ ဂျပန်မှာဘဲရှိတယ်လို့ပညာရှင်တွေသတ်မှတ်ပါတယ်။ အကြောင်းရင်း
    ကတော့ ကုမ္ပဏီရဲ့ ဥက္ကဌ ဖြစ်ဖြစ် CEO ဖြစ်ဖြစ် မန်နေဂျာ level ဖြစ်ဖြစ် ငါ မင်းတို့ထက်တတ်တယ်
    ငါ့ဖာသာဆုံးဖြတ်မယ်လို့ဘယ်တော့မှလုပ်လေ့မရှိဘဲ အောက်ဝန်ထမ်းရဲ့ အကြံဉာဏ်ကိုတလေးတစား
    နားထောင်ပြီး စဉ်းစား ဆင်ခြင် သုံးသပ်တဲ့ အလေ့အထရှိလို့ဖြစ်ပါတယ်လို့ … ဆိုကြပါတယ်။
    ………. ကောင်းသောအလေ့အကျင့်ဆိုရင် ကျနော်တို့လဲ အတုယူသင့်ရင်ယူရမှာဖြစ်ပါတယ်။
    စဉ်းစားဆင်ခြင် ဝေဖန်ထောက်ရှု ကောင်းသောအမှု ပြုနိုင်ပါစေ …..။

  • Ko Ko Aung

    September 12, 2011 at 10:33 pm

    ဝန်ကြီးရဲ့လေသံကတော့ မဆန်းပါဘူး။ မျက်နှာဖုံးကွာကျပြီး ဗူးပေါ်သလိုပေါ်တာပါ။ ဒီလူတွေအာဏာရှင်အဖြစ်ကို ရုပ်ပြကလေးတောင်မှ မစွန့်လွှတ်နိုင်ဘူးဆိုတာကို – အယုံလွယ်တဲ့ ကျွန်တော်တို့ပြည်သူတွေကို သက်သေပြတာပါ။

    ပြီးတော့ ဒီစကားမပြောပဲလဲ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်လို့ရပါတယ်။ ဆက်လဲလုပ်နေတာပါ။ ဒီစကားက တမင်ပြောတာလို့ နားလည်ကြရမှာပါ။ ဒီလူ ဘယ်လောက်ညံ့တယ်ထား ရူးတော့မရူးသေးဘူး…။ သတိလွတ်ပြီးပြောတဲ့ စကားမျိုးမဟုတ်ဘူး။ အလွတ်ကျက်ပြီးပြောတဲ့ စကားမျိုးပါ။

  • Ko Ko Aung

    September 12, 2011 at 10:58 pm

    “မြစ်ဆုံကို လေ့လာတာ ဆိုရင် BANCA က လေ့လာတယ်။ BANCA ကို ကျွန်တော်တို့ ဘယ်လောက်ပေးရလဲဆိုရင် ၁ ဒသမ ၂၅ သန်း အမေရိကန်ဒေါ်လာ ပေးရတယ်။ ”

    ဟုတ်လား။ အဲဒီ BANCA ကို တရုတ်ကုမ္ပဏီက ၁ဝသန်း ၁၅ သန်းပေးထားရင်ရော ????
    အဲသလောက်ပိုက်ဆံဆိုတာ စီမံကိန်းကြီးကြီးတွေအဖို့ ဘယ်လောက်မှကို မဟုတ်ပါ။ အဲဒါကတော့ ရမ်းပြောတာ BANCA ဆိုတာ ဘာမှန်းသေသေချာချာမသိပါဘူး။
    ဒါပေမယ့်………
    တမျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စမှာ အခုလိုဝိုင်းကန့်ကွက်တာခံရတဲ့အခါ third party တင်မက အခြား fourth party တခုခုကိုပါ လေ့လာစေရင် ပိုမကောင်းဘူးလား။

    “ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀ဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။”

    အဲဒီေ-ာက်ရူး ကိုယ့်စကားကိုယ် ဘယ်ရောက်မှန်းမသိကြောင်း သက်သေပါ။
    အဲဒါဆို လက်ရှိတခြားစီမံကိန်းတွေနဲ့ကို ကိုယ်သုံးနိုင်တာထက် အဆများစွာ ပိုထွက်လာတော့မှာမဟုတ်လား။ အဲဒီစီမံကိန်းက ကိုယ့်နိုင်ငံက တကယ်လိုလို့ မဟုတ်မှန်း တခါထဲ အတည်ပြုလိုက်တဲ့စကားပေါ့။

  • Ko Ko Aung

    September 12, 2011 at 11:10 pm

    မြစ်ဆုံရေကာတာကြီးကြောင့် အကျိုးရှိတာဘယ်လောက် အကျိုးယုတ်တာဘယ်လောက် ဆိုတာ ထားတော့။

    အဲဒါကြီးဆောက်ပြီးသွားလို့ ရေလှောင်ဧရိယာပြည့်သွားတဲ့အခါမှာ
    အဲဒါကြီး အကြောင်းတခုခုနဲ့ ကျိုးပျက်သွားရင်ရော ???

    ဘာမှမဖြစ်သေးရင် ဘာမှမဖြစ်ဘူး။ ဖြစ်လိုက်ရင်တော့ မသက်သာဘူး။ လောလောလတ်လတ် ဂျပန်ဖူကူရှီးမားပြဿနာကသက်သေပါ။

    အဲသလောက်ဘေးဒုက္ခသင့်နိုင်တာကြီးကို ဆောက်ပြီးပြီဆိုမှဖြင့် – ဗုံးတလုံး ဖင်ခုထိုင်ထားရသလိုနေမှာ။ ကိုယ့်နိုင်ငံကာကွယ်ရေးမှာလဲ အလကားနေရင်း အားနည်းချက်ကြီးတခု ဖြစ်သွားမှာ။ အဲဒါကရော အမျိုးသားအကျိုးစီးပွားမဟုတ်လို့လား။

    ပြီးတော့ဖြစ်လိုက်ပြီဆိုမှဖြင့် ဘယ်သူသေသေ ကြွက်တွင်းထဲကမထွက်တဲ့ နာဂစ်အစဉ်အလာလေးကလဲရှိသေး…….

  • thit min

    September 13, 2011 at 9:16 am

    သစ်ကိုင်းအဖျားမှာထိုင်ပြီးအရင်းကိုလွှနဲ့တိုက်နေသလိုပါပဲ
    ဖြစ်လာမဲ့အကျိုးဆက်တွေကိုလုပ်သူတွေကိုတိုင်လဲခံစားရမှာမစဉ်းစား
    နိုင်ကြတော့ဘူးလား။

  • ကြောင်ကြီး

    September 13, 2011 at 10:28 am

    အဲဒီဝန်ကြီးဦးဇော်မင်းဆိုသူက မလေးရှားမှာ မြန်မာစားသောက်ဆိုင် ဖွင့်ထားတယ် ကြားပါတယ်။ ရံဖန်ရံခါ ရွာထဲ မျက်စိလည်လမ်းမှားလာတတ်လို့ တွေ့ရင် ဝိုင်းကန့်ကွက်ကြပါ..။ 🙂

  • Maung Dae`

    September 13, 2011 at 11:31 am

    အလကား ဝန်ဂျီး ဇော်မင်း သူတစ်ယောက်ထဲသိ သူတစ်ယောက်ထဲတက်တယ်များထင်နေလားမသိဘူး.. ပြည်သူတွေထဲမှာလဲ မင်းတို့ ဝန်ကြီးတွေထက် တော်တဲ့.. တက်တဲ့.. ထူးချွန်တဲ့ စီးပွားရေးပညာရှင်.. ပါတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် မိုးလေးဝသပညာရှင်.. စတဲ့ ပညာရှင်တွေအများကြီးပါတယ်.. မင်းတို့က မင်းတို့စားထားတဲ့ ဟာတွေ ပြန်အန်ထုတ်ရမှာစိုးလို့ ရှေ့ဆက်တိုးချင်တာမဟုတ်လား… မီဂါဝပ် ၁၅၀ဝ တောင်သုံးလို့မကုန်သေးဘူးတဲ့.. စောက်ရူး…

  • မီးမီး သော်

    September 13, 2011 at 12:10 pm

    ဟုတ်တယ်နော်။ဒီလူတွေ ရူးနေပီထင်ပါတယ်။နွေအချိန်မှာ တောင်ဒီတိုင်းဖြတ်ကူးလို ့ရနေပီ။ခုတခါရေကာတာ ထပ်ဆောက်မယ်ဆိုတော့ ဧရာဝတီမြစ်က မြိ ု့ထဲကမြောင်းလောက်တောင်ရေရှိပေါ့မလား။

  • True Answer

    September 13, 2011 at 1:17 pm

    ဟောပြောပွဲ အသေးစိတ်ဖတ်ရှုရန် http://www.first-11.com/index.php?option=com_content&view=article&id=10112:save-the-irrawaddy-&catid=43:2009-11-10-07-39-09&Itemid=111

    ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု၊
    http://www.first-11.com/index.php?option=com_content&view=article&id=10132:2011-09-12-09-56-21&catid=42:2009-11-10-07-36-59&Itemid=112

    ကချင်ပြည်နယ် နဲ့ ဧရာဝတီကို စောင့်ရှောက်ကြပါစို့

  • surmi

    September 14, 2011 at 2:02 am

    ကဒါဖီ တောင် ပြုတ် ကျသေးတာပဲ ၊အားလုံး စည်လုံး ကြဖို ့ လိုနေပြီ။ သခင့် အားရကျွန်ပါးဝ တွေကိုဆန့်ကျင်ကြ ။။။။။။။

  • minmahar

    September 21, 2011 at 11:56 pm

    ပေါက်ဖော်တွေကို တို့ပြည်သူတွေလို့ သဘောထားပီး နှစ်များစွာ
    မလုပ်နိုင်အောင် အချိန်ဆွဲလို့ကော မရဘူးလား .. ။
    လွန်ပီးပေမဲ့ ဧရာဝတီကို ကာကွယ်နိုင်အောင်လေ …

Leave a Reply