လိုချင်တောင့်တနေတဲ့ Android ဖုန်းလေး ဒီတစ်ခါတော့ မျက်စိမှိတ်ပြီးဝယ်လာခဲ့ပါပြီ။ Samsaung Galaxy mini S5570 လေးပါ။(ကြွားတယ်လို့မထင်ကြစေချင်ပါ) ဒီဖုန်းလေးရကတည်းက ပထမဦးဆုံးကျိုးစားမိတာကတော့ မြန်မာစာသုံးနိုင်ရေး၊ ဇော်ဂျီဖောင့် သုံးနိုင်ရေးပါပဲ။ ဒီလိုနဲ့ Myanmar Tutorial နဲ့ google မှာရှာရင်းဖတ်ရင်း၊ စမ်းသပ်ရင်းနဲ့ အောင်မြင်စွာ မြန်မာစာ သုံးနိုင်ခဲ့ပါပြီ။ ကွန်ပျူတာနှင့်ပတ်သက်လျှင် အရမ်းကျွမ်းကျင်တဲ့သူမဟုတ်ပေမယ့် သူများတကာတွေရေးထားတာဖတ်ပြီး ကိုယ်က တခြားလူတွေကိုပြန်မဖြန့်ဝေပေးလျင် ယူပဲယူပြီး ပြန်မပေးတတ်သလို တာဝန်မကျေရာ ခံစားရတာမို့ မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ သိပြီးတတ်ပြီးသားလူများ သီးခံတော်မူကြပါ။

အဆင့် ၁။ Android ဖုန်းတွေမှာ ဇော်ဂျီဖောင့် ထည့်နိုင်ဖို့ အရင်းဆုံး root လုပ်ဖို့လိုပါတယ်။ root လုပ်တယ်ဆိုတာက Android OS မှာ system admin အနေနဲ့ control လုပ်ခွင့်ရအောင်ပြင်ဆင်တယ်လို့ ဆိုပါတယ်။

၁.၁။ root လုပ်ဖို့ အရင်ဆုံး ကိုယ့် pc မှာ အရင်ဆုံး kies software ထည့်ထားရပါမယ်။ ဖုန်းဝယ်ကတည်းကပါလာတဲ့ cd မှာရှိပါတယ်။

၁.၂။ နောက်ပြီး superone click 1.7 ဆိုတဲ့ program လေးဆွဲယူပါတယ်။

၁.၃။ ဖုန်းကို usb နဲ့ ကွန်ပျူတာကို ချိတ်ပါတယ်။ kies software run လိုက်တဲ့အခါ ဒီလိုတွေ့ပါမယ်။

၁.၄။ ပြီးရင် download လုပ်ထားတဲ့ SuperOneClick ကို zip ဖြေပြီး run ပါတယ်။

၁.၅။ shell root ဆိုတဲ့ button ကို နှိပ်ပါတယ်။ ဒီလိုစာပေါ်လာပါတယ်။

“Device has a temporary ADB root!
Reboot your device to remove it”

တကယ် reboot လုပ်စရာမလိုပါဘူး။

၁.၆။ ပြီးရင်ပေါ်လာတဲ့ test? ဆိုတာကိုနှိပ်ပြီး Root files have been installed! Would you like to run a test? ပေါ်လာရင် yes ကိုနှိပ်ပါတယ်။

၁.၇။ နောက်ထပ်ပေါ်လာတဲ့ window တွေကိုလဲ 0k လုပ်ပါတယ်။ နောက်ဆုံး “Your device has been rooted!”
“Would you like to donate now?”
Press yes if you want donate or else press no ဆိုတဲ့စာပေါ်လာရင် root လုပ်တဲ့လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။ usb ဖြုတ်ပြီး reboot လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ application တွေထဲမှာ superuser ဆိုတာလေးရောက်နေပါပြီ။

၂။ ဒုတိယအဆင့်ကတော့ zawgyi ဖောင့် ထည့်တာပါ။ ဒီ program လေးဆွဲယူပြီးဖုန်းထဲမှာသွင်းလိုက်ပါ။ သူက ဖုန်းရဲ့ system ဖောင့်ကို zawgyi နဲ့ပြောင်းပေးတာပါ။

ကျွန်တော် နောက်ထပ်လုပ်တဲ့အဆင့်တွေလဲရှိပါသေးတယ်။ နှစ်ခုစလုံးကြောင့်လား အပေါ်က တစ်ခုထဲ ကြောင့်ရတာလား မေ့သွားပါပြီး အပေါ်ကတစ်ဆင့်ထည်းနဲ့ရရင် အခုအောက်ကအဆင့်တွေလုပ်ဖို့မလိုပါဘူး။

၂.၁။ wifi ဖွင့်ပြီး android market ကနေ typefresh, astro, Andexplorer စတဲ့ programလေးတွေဆွဲယူပြီး install လုပ်ပါ။

zawgyi ဖောင့်ကို DroidSansFallback.ttf လို့နာမည်ပြောင်းပြီးဖုန်းထဲထည့်ပါ။ type fresh ဖွင့်ပြီး

typefresh ဖွင့်ပြီး DroidSansFallback.ttf ကိုနှိပ်ပေးပါ။ သူက system font ကို နာမည်ပြောင်းထားတဲ့ ဇော်ဂျီနဲ့လည်းပေးတာပါ။ reboot လုပ်ခိုင်းရင်လုပ်ပါ။

၃။ နောက်ဆုံးအဆင့်အနေနဲ့ zawgyi pad နဲ့ softkeyboard နှစ်ခုကို download လုပ်ပါ။ android app တွေက .apk ဆိုတဲ့ file extension နဲ့ဆုံးပါတယ်။ သူတို့ကို install လုပ်ချင်ရင် astro ကိုဖွင့်ပြီး သူတို့ရှိတဲ့နေရာရောက်အောင်သွား၊ click နှိပ်တာနဲ့ install လုပ်မလားမေးရင် ဆက်နှိပ်သွားရပါမယ်။

၃.၁။

  • Install လုပ်ပြီးပါက ဖုန်းရဲ့ Setting ထဲသွားပါ။
  • Language & keyboard ကိုရွေးပါ။
  • MyanDroid Soft Keyboard ကိုအမှန်ခြစ်ပါ။
  • Attention Box ကို Ok လုပ်ပါ။

၃.၂။

  • All programs ထဲသွားပြီး zawgyipad program ကိုဖွင့်ပါ။
  • Textbox ထဲကို ခပ်ကြာကြာလေး long press ဖိထားပါ။
  • Input Method ကိုရွေးပါ။
  • Select input method Box ထဲမှာ MyanDroid Soft Keyboard ကိုတွေ့ပါလိမ်မယ်။ရွေးပါ။ မြန်မာစာ keyboard ပေါ်လာပါလိမ့်မယ်။

ဒါဆိုရင်အဆင့်အားလုံးပြီးလို့ မြန်မာလိုရေးထားတဲ့ website တွေဖတ်နိုင်ပါလိမ့်မယ်။ သွားရင်းလာရင်း facebook တို့ gmail တို့ကို မြန်မာလိုရေးနိုင် ဖတ်နိုင်ကြပါပြီ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

 

ကျွန်တော်ဟိုလျှောက်စမ်း၊ ဒီလျှောက်စမ်းရင်းနဲ့လုပ်ရတာကို ပြန်ပြီးရေးတာဖြစ်လို့ တစ်ချို့ဟာတွေမမှတ်မိတော့ပါဘူး။ ချို့ယွင်းချက်တွေ ရှိပါလိမ့်မယ်။ ဒါကို comment ထဲမှာ သိတဲ့ဆရာများဝင်ရောက်ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံပါတယ်။

*** myanmartutorial က ဒီဆောင်းပါးရေးသူနဲ့ အောက်က မှတ်ချက်ပေးသူများရဲ့ကျေးဇူးကို တုန့်ပြန်ပါတယ်။ http://www.myanmartutorials.com/release/keyboard/myandroid-soft-keyboard-zawgyi-beta/

နည်ရဲဇော် (12-9-2001)

About နည်ရဲဇော်

နည် ရဲဇော် has written 19 post in this Website..