ချစ်သူ့အတွက် အေးရိပ်

manawphyulaySeptember 12, 20111min17714


ချစ်သူ…
အရိပ်လေးမှာ
ငြိမ်းအေးစွာနှင့်
နားပါလှည့်လား
ခရီးသွားဖော်ပျော်သလောက်လေ…
ချစ်သူ…
ဒီအရိပ်က
ဂုဏ်ရွှေငွေ ဆိတ်သုန်း
အပြုံးဝေဆာ
အကြင်နာနှင့်
မေတ္တာတွေသာ ပေါများတယ်…
ချစ်သူ…
စိတ်ကစားလို့
အရိပ်မှားပြီး
မနားချင်လည်း သဘောပဲလေ
ရှိစေတော့ကံ ဝေးဖို့ဖန်မှ
ကျွန်မ ဖြေသိမ့်နေပါ့မယ်…
ချစ်သူ…
နားလိုက နား
သွားလိုက သွား
ပြန်လိုက ပြန်
သံယောဇဉ်ပြတ်ချင်ပြတ်
ကျွန်မကတော့…
လွမ်းတတ်တယ်ရှင်…

မနောဖြူလေး ခံစားရေးဖွဲ့သည်။

14 comments

  • ပေါက်ဖော်

    September 12, 2011 at 11:47 am

    ဒီအပျိုဂျီး..
    မည်သူ ့ကိုလွမ်းနေသနည်း..မသိ..
    😛

    • manawphyulay

      September 12, 2011 at 12:03 pm

      အင်း…. ပြောပြဖူး တတ်ချင်တတ်… 😛

  • ရွှေအိမ်စည်

    September 12, 2011 at 12:36 pm

    အော်…အခုတော့တမျိုး…ခုဏကစိတ်ပူသွားတာ….

    ပိုစ့်တွေရေးရင်အချိန်တွေ ကုန်မခံနဲ ့

  • MaMa

    September 12, 2011 at 3:53 pm

    ပုံလေးကို ကြိုက်တယ်။ လွမ်းတဲ့လူက ပျော်နေပုံပေါက်တယ်။ 🙂

    • manawphyulay

      September 12, 2011 at 4:03 pm

      mama ရေ….. ဒီအရိပ်က
      ဂုဏ်ရွှေငွေ ဆိတ်သုန်း
      အပြုံးဝေဆာ
      အကြင်နာနှင့်
      မေတ္တာတွေသာ ပေါများတယ်…

      ပုံလေးက ဒီအပိုဒ်ကို ကိုယ်စားပြုထားတာလေ…

  • Moe Z

    September 12, 2011 at 4:05 pm

    ပျော်ပျော်လေးပဲ လွမ်းနေမယ်တဲ့ 😛

    • manawphyulay

      September 12, 2011 at 4:39 pm

      ဒါပေါ့ ငိုပြီးတော့ လွမ်းနိုင်ပါဘူးနော်…. 😛

  • rain pricess

    September 12, 2011 at 5:41 pm

    လွမ်းနေတဲ.သူလေးကလည်းချစ်စရာ

  • chitsu

    September 15, 2011 at 1:47 pm

    ကိုယ်.ချစ်တဲ.သူကကိုယ်.ကိုမချစ်တော.လို.ထားခဲ.တာမဟုတ်ပါဘူး……..သူထပ်ချစ်ချင်လို.နောက်တစ်ယောက်ဆီသွားတာနေမှာပါ………သူကို.စိတ်ရင်းနဲ.လွမ်းနေမယ်ဆိုရင်သူပြန်လာမှာပါ

  • comegyi

    December 4, 2011 at 8:01 pm

    ခေတ်သစ် (ရှင်ငြိမ်းမယ်၊ မခင်စောမူ၊ ကြည်အေး) ပါတကား …………

  • wine pyae

    March 6, 2012 at 1:35 pm

    အလွမ်း ကိုမခံစားနိုင်ပါဘူး တီချယ်လဲမလွမ်းရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်………

  • snow white

    May 9, 2012 at 8:12 pm

    အပင်အောက်ပုရွတ်ဆိတ်ရှိတယ်နော် တကယ်ပြောတာ သိပ်မလွမ်းနေနဲ့ ပုရွတ်ဆိတ်ကိုက်လိမ့်မယ် တကယ်ပြောတာ နော် မယုံမရှိနဲ့နော် သိပ်လည်းမလွမ်းနေနဲ့နော် ။

    • manawphyulay

      May 10, 2012 at 10:35 am

      ခါချဉ်ရှိတယ် လုပ်ပါ စနိုးရယ်… ပုရွတ်ဆိတ်က အပင်ပေါ်တက်နေမလား ဟွန်း.. သူများပျော်တာတောင် ပျောက်သွားတယ်။

  • jujuma

    May 10, 2012 at 12:25 pm

    ဟွင့် လွမ်းပါတယ်ဆိုမှ…ပျော်ပျော်ကြီး တော့လွမ်းနိုင်ပါဘူးတော် … 😀 😀 😀

Leave a Reply