တောသားလား လူပျင်းလား – ယာဉ်သက်တမ်းလား နံပါတ်သက်တမ်းလား

လင်းဝေSeptember 12, 20111min20119

အားလုံးသိကြပြီးတဲ့အတိုင်း ကားဟောင်းတွေကို အသစ်နဲ့ လဲခွင့်ပြုလို့ ကြေငြာလိုက်ပါပြီ။ သတင်းစာထဲက သတင်းကိုဖတ်ရင်း စကတည်းက စဉ်းစားမိတာက ယာဉ်မှတ်ပုံတင်သက်တမ်း နှစ် ၄ဝကျော် ၃ဝကျော် ၂ဝကျော် ဆိုကတည်းက နံပါတ်ကို မူတည်ပြီး ပြောကြဦးမယ်ထင်ပါရဲ့လို့ တွေးမိသား။

နောက်မှ ၁၁သတင်းငှာနအုပ်စု က ထုတ်တဲ့ ၁၁အပတ်စဉ်ထဲမှာ အသေးစိတ်ရေးပြတော့မှ အင်း လုပ်လိုက်ပြန်ပါပြီလို့ တွေးမိပါတယ်။ ရေးထားတာလေးကယ

စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြန်လည်ဖြေကြားခဲ့သည်။

“ယာဉ်မှတ်ပုံတင် သက်တမ်းကြာမြင့်တဲ့ ကားအိုကားဟောင်းတွေ ပယ်ဖျက်တဲ့ အစီအစဉ်ကို နောက်နှစ်ပတ်လောက်မှာစဖို့ စီစဉ်နေပါတယ်။ အဲဒီကားတွေကို တိုင်းဒေသကြီးအလိုက် ကညနရုံးတွေမှာ အပ်တာလက်ခံဖို့ စဉ်းစားထားတာ ရှိပါတယ်” ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ယင်းအပြင် ပြည်ပမှ ကားတင်သွင်းခွင့်ရရှိသူများအားလုံး ကားတင်သွင်းမည်ဆိုပါက လက်ရှိကားအပေါ် ကောက်ခံနေသည့် အခွန်နှုန်းထားများ၊ အခွန်အမျိုးအစားများအတိုင်း ပေးဆောင်ရမည်ဟုလည်း သတင်းရရှိပါသည်။

တင်သွင်းသူများအနေဖြင့် မိမိတင်သွင်းသည့် ကားအမျိုးအစားအလိုက် ကျသင့်သည့်အကောက်ခွန် Custom Duty၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကညနယာဉ် မှတ်ပုံတင်ရာတွင် ကောက်ခံသည့် အခွန်အပါအဝင် လက်ရှိကားအပေါ် ကောက်ခံသည့် အခွန်များအတိုင်း ပေးဆောင်ရမည်ဟု လက်တလော စီစဉ်ထားမှုများအရ သိရသည်။

“အခုယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၄ဝ ကျော်ယာဉ်တွေ အနှစ် ၃ဝ နဲ့ ၄ဝ ကြားယာဉ်တွေ အနှစ် ၂ဝ ကျော်ကနေ အနှစ် ၃ဝ ကြားယာဉ်တွေကို ပယ်ဖျက်ပြီး အစားထိုးယာဉ်တင်သွင်းဖို့ ပါမစ်တွေ ထုတ်ပေးသွားမှာပါ။ တရားဝင်မှတ်ပုံတင်ထားတဲ့ စာရင်းအရ ပယ်ဖျက်ရမယ့်အထဲမှာ အနှစ် ၄ဝ ကျော် ယာဉ်အမျိုးအစားက အစီးရေ ၁၀၂၁၁ ရှိတယ်။ အဲဒီအထဲမှာ ‘စ၊ ဆ၊ ဇ’ အက္ခရာတန်းတွေ ပါတယ်။ နှစ် ၃ဝ နဲ့ ၄ဝ ကြားယာဉ်က အစီးရေ ၈၃၃၁ ရှိတယ်။ အဲဒီအထဲမှာ ‘ဈ၊ ည’ အက္ခရာတန်းတွေပါတယ်။ နှစ် ၂ဝ နဲ့ နှစ် ၃ဝ ကြားယာဉ်က အစီးရေ ၃၆၈၇၅ ရှိတယ်။ အဲဒီအထဲမှာ ‘ဏ’ ကနေ ‘ပ’အထိ အက္ခရာတန်းတွေပါတယ်။ စုစုပေါင်းပယ်ဖျက်ရမယ့် စာရင်းထဲမှာပါတာ ၅၅၄၁ရ စီးရှိတယ်။ ဒါတွေကမှတ်တမ်းတင်ထားပြီးသား ယာဉ်တွေပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ကဲ ဘာဖြစ်လို့ နံပါတ်တွေနဲ့ အခြေခံရတာတုန်း။ ယာဉ်သက်တမ်းကို မကြည့်ပဲ နံပါတ်သက်တမ်းကိုပဲ ကြည့်တာကတော့ တော်တော်လွဲပါတယ်။ ယာဉ်နံပါတ်လောက်သာသိတဲ့ တောသားများ က လုပ်ချင်ရာတက်လုပ်နေတာနဲ့မတူဘူးလားဗျာ။ ဝန်ကြီးလုပ်တဲ့သူကို အပြစ်မဆိုရက်ပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အောက်ကလူတွေ ညာဖြီးတင်ပေးသမျှ အင်း ဟုတ်မှာပဲလို့ သဘောထားကြီးပေးရတာကိုး။
အောက်က လူတွေ က ညာတတ်တယ်၊ ဆင်ခြေကောင်းကောင်းပေးတတ်တယ်။ ဒီကိစ္စမှ မဟုတ်ဘူး။ အားလုံးသော ကိစ္စတွေမှာ လူကြီးပြောတာကို သူတို့ အကျိုးစီးပွား ခွင်ကို မထိအောင်၊ သူတို့ အလုပ်ရှုပ်သက်သာတာတို့နဲ့ အဆင်ပြေအောင် ကြုက်ကြက်လိ ဖို့ ဝန်ကြီးကို ဘာညာ ရွှီးတတ်တယ်။ စာသင်ပေးတတ်တယ်။ လမ်းကြောင်းလွှဲပေးတတ်တယ်။ ခွင်ဖန်ပေးတတ်တယ်။ အခုကိစ္စမှာတော့ ကားတွေ ဘယ်နံပါတ် အစီးရေ ဘယ်လောက်တုန်းဆိုတာ ဒက်ကနဲ ပြောလို့ လွယ်တယ်။ ထုတ်လုပ်တဲ့ ခုနှစ် မော်ဒယ်အလိုက် ဘယ်နှစ်အထိ အစီးရေ ဘယ်လောက်ရှိတယ် ဆိုတာ စာရင်းမရှိဘူး။ မရှိဘူးပြောရင် အဆဲခံရမယ်။ ပြန်ကောက်ဆိုရင်လည်း အချိန်ကြာမှာပဲ။ တကယ်ကောက်ဖို့ ဖို့ဆို သူတို့ တပြည်လုံးစာ ကောက်ရရင် သေသွားမယ် အကုန်လွဲသွားမယ်။ အဲဒီတော့ ကညန ညွှန်ချုပ်ကို အောက်က ပြန်စာသင်ပေး ၊ ညွှန်ချုပ်ကလည်း ဝန်ကြီး ကို ပြန်စာသင်ပေးနဲ့ အခုလို တလွဲကြီးထွက်လာတာပါပဲ။ တကယ်တော့ အစိုးရအဖွဲ့ကနေပြီး စိတ်ထားကောင်းစွာ ပြည်သူလူထုကို ကားကောင်းစီးစေချင်လို့ လုပ်ပေးတာကို ဝန်ထမ်း ဆိုးတွေ ဝန်ထမ်းပျင်းတွေ ကြောင့် လွဲနေတာ၊ အခုလို ရယ်စရာကြီး ချော်တလွဲနဲ့ အကြောင်းအကျိုးမသင့်တာကို ကြားရတာပါပဲ။ ကဲ ဒါတို့ပြေ ဒါတို့မြေပါ။ ဒီလို အပျင်းအဖျင်း မလည်တလည် ပေကတ်ကတ် ဝန်ထမ်းတွေ လှည့်တိုင်း လည်နေရတဲ့ တို့ပြေကြီးပါ။ တို့ပြည်ကြီး မဟုတ်ဘူးနော် တို့ပြေကြီး အားလုံးပြေတယ် ဘာဖြစ်ဖြစ် ပြေတယ် ပြေနေတာပဲလေ။

19 comments

  • Ko Ko Aung

    September 12, 2011 at 12:24 pm

    ကျွန်တော်တို့ ပြောချင်တာတွေကို ကျွန်တော်တို့ထက် ပိုကောင်းအောင်
    တိုတိုနဲ့ ထိထိမိမိ အမှန်အတိုင်းပြောသွားတာပဲ။

    ကိုလင်းဝေကျော်ကို မေတ္တာရပ်ခံချင်တာက ဒီပိုစ့်ထဲက စာသားတွေကို အခြားနေရာများမှာလဲ ကူးဖြန့်ခွင့်ပြုရင် ပိုကောင်းမှာပဲ။ ခွင့်ပြုနိုင်ရင် ကွန်မင့်လေးနဲ့အတည်ပြုပေးစေချင်တယ်။

    ဒီလူတွေ ပြောင်းနေပါပြီ ပြင်နေပါပြီဆိုပြီး – တလွဲတွေချည်း ဆက်လုပ်နေရင် ပိုတောင်ဆိုးလာဦးမယ်။

  • moethidasoe

    September 12, 2011 at 12:29 pm

    အရင် ဌာနဆိုင်ရာတွေ ဖွတ်ဖွတ်ညက်အောင် သုံးခဲ့ပြီး လေလံတင်လိုက်ပြီး နံပါတ် အသစ်တွေ ထုတ်ပေးထားတဲ့ B360 တွေ B 600 တွေ လိပ်ခုံးကားတွေ ပေါင်မုန့်ကားတွေ မာဇဒါတွေ အဲဒါတွေ အများစုက အရင်က စ ဆ ဇ တွေပါ အခုတော့ ၂က ၃က ၄က တွေ ဖြစ်ခဲ့ပြီ သူုတို့ မပါတော့ဘူးလား
    အဲဒီယာဉ်တွေရဲ့ သက်တမ်းတွေ ပြင်လိုက်သလား ဒါဆိုရင် သူတို့တွေ ကျန်နေတော့မှာပေါ့
    နောက်ပြီး ဗိုက်ပူတွေကို ဖယ်ထုတ်တော့မယ့် အနေအထားလား

  • လင်းဝေကျော်

    September 12, 2011 at 12:52 pm

    ကိုကိုကိုအောင်ရေ, ကိုတွေကို ထပ်နေအောင်ကို ခေါ်ရတယ်ဗျာ။
    ဒီအမြင်ကို ပြန့်ပွားစေချင်လို့ ဒီလိုရေးတာပါ။ ကြိုက်သလို ဖြန့်ခွင့်ရှိပါတယ်။
    တစ်ခုပဲ ဒီအပေါ်က ဟာကိုတော့ ဒီက ဆရာကြီးက သူမူပိုင်ဖို့ အခွင့်ရှိသလားမသိဘူးဗျ။
    (နောက်တာပါ ဖြန့်ချင်သလိုသာဖြန့်။ ဒီက မူပိုင်မယ်ထင်ရင် စကားလုံးတွေ ပြောင်းဖြန့်ပေါ့ဗျာ )

  • yetazar

    September 12, 2011 at 12:59 pm

    ဒါတို့ပြေ ၊ ဒါတို့မြေ အဲလိုပြောင်းဆိုရတော့မလား ကိုလင်းဝေကျော်ရေ ။

  • good

    September 12, 2011 at 1:04 pm

    ဟုတ်တယ် ဗျို့ ဝန်ထမ်းတွေ ပျင်း တာ။
    ဒါပေမဲ့ အထက် လူ က လည်း နဲနဲ တော့ ချင့်ချိန် သင့် တယ် လို့ ထင်တယ်။
    ( စော်ကားသလို ဖြစ်စေ တဲ့ စကားလုံး မို့ ကြိုတင် တောင်ပန်တယ် နော် ကိုလင်းဝေကျာ် )
    ကိုလင်းဝေကျော် တောင် ဒါမျိုး ထောက်ပြနိုင်ရင် သူတို့ ကရော ခုလို မစဉ်းနိုင်တာ ဘာကြောင့်လဲ။
    တိုင်းပြည်ရဲ့ တထောင့် တနေရာ က ခေါင်းဆောင်ပဲ ပိုတောင် စဉ်းစားချင့်ချိန်တတ်ရမှာ ပေါ့။
    တက်လာသမျှ လက်မှတ်ထိုးတတ်ရင် လူကြီးဖြစ်ရော လား။ နဲနဲ ပါးပါး check မလုပ်တော့ဘူးလား။

  • windtalker

    September 12, 2011 at 1:07 pm

    အသိတစ်ယောက် ကတော့
    ကားဟောင်းတွေ
    တစ်စီး ၂၅ သိန်း နဲ ့လိုက်ကောက်နေတာ
    ၁ဝ စီးလောက် ရပြီတဲ့
    သူ ့ဆီ က နေ ကို
    တစ်စီး ၅ သိန်း အမြတ်ပေးပြီး
    လာဝယ်နေကြသတဲ့
    ဘာတွေ မှန်းတော့ မသိပါဘူး
    ကိုလင်းဝေကျော်ရယ်

  • Shwe Ei

    September 12, 2011 at 1:30 pm

    ကားဟောင်းတွေ က သံရည်ကျိုစက်ပို့မှာဆို။

  • မီးမီး သော်

    September 12, 2011 at 1:42 pm

    မင်္ဂလာ သတင်းပါ။ကားအကောင်းလေးတွေ အသစ်လေးတွေတင်သွင်းခွင့်ရလာမယ်ဆိုတော့ ကြိ ုဆိုရမှာပါ။ပိုင်ရှင်တွေအတွက်မနစ်နာအောင် နည်းနည်းစဉ်းစားပေးဖို ့လိုတော့တာပေါ့။

  • စုံ စုံ

    September 12, 2011 at 2:48 pm

    ဒီသတင်းကြားကြားချင်းအသိတယောက်ကကားတွေအတင်းလိုက်ဝယ်နေလေရဲ့
    ရောင်းမယ့်သူတွေရှိရင်တော့ကောင်းမယ် သူနဲ့ချိတ်ပေးလို့ရအောင်

  • MaMa

    September 12, 2011 at 3:55 pm

    အင်းး မျက်လှည့်ပြနေသလိုပဲ။ ဟပ်ချလောင်း ဆို ကားအစီးလိုက်ပေါ်လာလိုက်၊ နောက်တခါ ဟပ်ချလောင်းဆို ကားအစီးလိုက် ပျောက်သွားလိုက်။ လက်ခုပ်ထဲကရေ သွန်လိုသွန် မှောက်လိုမှောက်။ သတင်းဦးတဲ့လူတွေ စားပေါက်တမျိုးတိုးတာပေ့ါ။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 12, 2011 at 5:21 pm

    ကျုပ်တို ့ရပ်ကွက်ထဲမှာတော့ ကားကုန်သည်တွေ သောင်းကျန်းနေလိုက်တာ မြေကြီးထဲဘီးတဝက်မြှုပ်နေတဲ့ကား ဗျာ ၄၅ သိန်းပေးဝယ်တာ အရောင်းအဝယ်မဖြစ်ဘူး။တော်တော်ကို သေချာရဲ့လားဗျာ။မဟုတ်ရင် နစ်နာကြရဦးမယ်ဗျှိူ့။

  • မောင်ဘလိူင်

    September 12, 2011 at 5:31 pm

    ဦးဘလှိုင်ရဲ့ ဝီလီဂျစ်ကလေးက ဇ/၁၀၀ဝ ဆိုတော့မဆိုးဘူးဗျို့..ပွတာပဲ..
    ဝယ်မဲ့သူမရှိတာနဲ့ အတော်ပဲ..။

  • zaw min

    September 12, 2011 at 6:51 pm

    ကားဟောင်းတွေကို ကားကောင်းတွေနဲ့အစားထိုးမယ့် အစီအစဉ်ကိုကြိုဆိုပါတယ်၊ဒါပေမယ့် ပျက်စီးနေတဲ့လမ်းဟောင်းတွေကိုတော့ အရင်ပြုပြင်ဖို့လိုပါလိမ့်မယ်…မြို့တော်အဂါင်္ရပ်နဲ့ အညီပေါက်ပြဲနေတဲ့လမ်းတွေပေါ်မှာ နောက်ဆုံးပေါ်ကားလေးတွေပြေးနေမယ်ဆိုရင်…မျက်နှာမှာ သနက်ခါးနဲ့ပေါင်မှာတော့ သေးစီးချောင်းနဲ့ဆိုသလိုဖြစ်နေတော့မှာပေါ့…

  • padonmar

    September 12, 2011 at 8:21 pm

    ကိုယ့်ဖာသာ ဒီကြေငြာချက်ဖတ်ကြည့်တော့ ဒို့အစိုးရ တော်တော် အကွက်စေ့လာပြီလို့ ချီးကျူးနေတာ၊
    ဝန်ကြီးအဖြေကို မသိလိုက်ဘူး၊
    ကိုလင်းဝေကျော် ထောက်ပြမှ မြင်မိတယ်။
    အခု ဒီကိစ္စ အကောင်အထည်ဖော်ချိန်မှာ ဟာကွက်လေးတွေ သိသွားပြီး တည့်အောင်ပြင်ပေးဘို့ မျှော်လင့်ပါတယ်။

  • taungpawthar

    September 13, 2011 at 10:07 am

    B600 တောင်သိန်း ၆ဝ ဖြစ်သွားပြီတဲ့ အရင်ကတော့ ဆိုက်းကားထက်တောင်ဈေးနည်းတဲ့ကားပါ
    သွင်းမဲ့ကားကဒေါ်လာ ၃၅၀ဝ ဝန်းကျင် ကိုရီးယားကားထဲမှာတွေ ့တွေ ့နေတဲ့ ကားလေးတွေများ ရမလားမသိဘူး

  • ကြောင်ကြီး

    September 13, 2011 at 10:32 am

    ကန်တော်ကြီးစောင်းမှာ တင်ထားတဲ့ ဂျပန်တင့်ကားပျက်က ကျုပ်ဟာနော်…။

  • nayminn

    September 13, 2011 at 11:44 am

    လက်ရှိကားအပေါ် အခွန်က ဘယ်လိုကောက်မလဲ…သိရင်ပြောကြပါ။

    • nayminn

      September 13, 2011 at 11:55 am

      ပြောနေကြတာတော့…၁-မူရင်းဝယ်ဈေး x ၃.၂၅ ဆ…၂-မူရင်းဝယ်ဈေး x 100 % ( ကညန)+60 % ( အကောက်ခွန်ဌာန )…

  • Maung Dae`

    September 13, 2011 at 12:34 pm

    အခွန်ကောက်တာများနေရင်တော့ ဘာထူးဦးမှာလဲကွယ်… ဒေါ်လာ ၃၅၀ဝ နဲ့သွင်းလာပီ.. ၃ ဆနဲ့မြှောက်
    တစ်သောင်းကျော်သွားပီ.. အဲ့ဒီကားက ကားပွဲစားတွေလက်ထဲရောက် နာမည်အမျိုးမျိုးပေးပြီးသကာလ ဈေးကိုထပ်တင်.. မထူးမထူး…

Leave a Reply