ဗီဇာ

koyinSeptember 12, 20111min590
ဗီဇာ

အသဲကွဲရပ်ဝန်းကနေ
ရင်ခုန်သံအသေတွေနဲ့
ငါ…
ထွက်ပြေးလွတ်မြောက်ခဲ့တယ်
စက်ရုပ်လို
အသက်မဲ့လှုပ်ရှားရင်း
ငါ့စိတ်ဓါတ်တွေရင့်ကျက်ကြီင်္းပြင်းဖို့
ယေဘုယျကွဲလွဲချက်တွေနဲ့
ငါ…
လွင့်ထွက်စီးနင်းလိုက်ပါ
တကယ်တော့လည်း
အချိန်ကာလဆိုတာ
သမားတော်အစစ်မှမဟုတ်ခဲ့တာ
ဒီတော့လည်း
ကြိုဆိုသူမရှိမယ့်
နှလုံးသားကင်းမဲ့ဇုန်ကို
ဘယ်လိုရင်ခုန်မှုမျိုးတွေနဲ့
ငါ…
ပြည်တော်ပြန်ဝင်ရမှာလဲ…။

တောက ကိုရင်