အလုပ်ခေါ်စာ

ေမွာ္ဆရာSeptember 12, 20111min23619

အရင်းအနှီး နည်းပါးစွာဖြင့် အောင်မြင်မှုလမ်းကြောင်းကို ရယူလိုသောသူများ အောက်ပါ အလုပ်အကိုင်များနှင့် ရင်းနှီးမြှုတ်နှံမှုများတွင် ဝင်ရောက် လုပ်ကိုင် ဆက်သွယ်ဆောင်ရွက်နှိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Mhaw Sayar Company နှင့် အောက်ပါလုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်လိုက်သည်။

1. ပြက္ခဒိန် သိုလှောင်ခြင်းလုပ်ငန်း
ယခုအခါ နှစ်လည်ပိုင်း ကျော်လွန်လာပြီဖြစ်သဖြင့် ပြက္ခဒိန်များ ဈေးကျသော ရာသီသို့ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် 2011ခုနစ်ထုတ်ပြက္ခဒိန်များအား လျှော့ဈေးဖြင့် လိုက်လံဝယ်ယူပြီးလျှင် 2012 ခုနှစ် ပြက္ခဒိန်ရာသီတွင် အမြတ်အစွန်းများများဖြင့် ပြန်လည်ရောင်းချမည့် အစီအစဉ်ဖြစ်သည်။၅လတာမျှ ရင်းနှီးမြှတ်နှံရုံ မျှဖြင့် အမြတ်အစွန်း ၂ဆကျော် မြတ်စွန်းမည် ဖြစ်ပါသဖြင့် စိတ်ကူးမလွဲသင့်သော လုပ်ငန်းဖြစ်သည်။
2. အအေးခန်းကား အငှား ဝန်ဆောင်မှုလုပ်ငန်း
တောင်ဝန်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ လေ့လာရန်အတွက်ဖြစ်စေ။အပျော်ခရီးဖြစ်စေ သွားရောက်လိုသောသူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနှိုင်ရန်အတွက် လေအေးစက်တပ် အအေးခန်းကားဖြင့် လိုက်လံပို့ဆောင်ပေးမည့်အစီအစဉ် ဖြစ်သည်။အရင်းအနှီးများပြားသလောက် အမြတ်ကြမ်းမည့်လုပ်ငန်းဖြစ်သဖြင့် ဦးစားပေးအနေဖြင့် စဉ်းစားသင့်ပါသည်။
3. ကြွက်နှိမ်နှင်းရေး သတ္တဝါ ရောင်းဝယ်ရေးလုပ်ငန်း
ကြွက်နှိမ်နှင်းရေးအပြင် အိမ်တွင်း အလှမွေး သတ္တဝါအဖြစ် မွေးမြူနှိုင်ရန် မြွေပွေး ၊ တောကြီးမြွေဟောက် နှင့် အာဖရိက ခလောက်မြွေတို့ကို အိမ်တိုင်ယာရောက် လိုက်လံ ရောင်းချမည့်လုပ်ငန်းဖြစ်သည်။ထို့အပြင် ခလေးသူငယ်များအတွက် ရွှေငါးလေးများနှင့်အတူမွေးမြူနှိုင်သော ပင်လယ်ဂျပ်မြွေကိုပါ လိုက်လံ ဖြန့်ဖြူးပေးမည် ်ဖြစ်ပါသည်။ တိရစာ္ဆန်မွေးမြူရေးလုပ်ငန်းနှင့် စီးပွားဖြစ်လိုသောသူများ ဆက်သွယ်နှိုင်ပါပြီ။

အလုပ်ခေါ်စာ
1.သံတမန်
အမေရိကန်နိုင်ငံနှင့် အစွန်းရောက်စစ်သွေးကြွများအကြား သံတမန်တာဝန် ဆောင်ရွက်နှိုင်မည့် ဝန်ထမ်းအလိုရှိသည်။
1. အိမ်ထောင်မရှိသူ ဖြစ်ရမည်။
2. ဘုန်းတော်ကြီးကျောင်းမှ သရဏဂုံ တင်ပြီးကြောင်း ထောက်ခံချက် တင်ပြနှိုင်ရမည်။
3. သေမထူး နေမထူး ဆန်ကုန်မြေလေးဖြစ်ကြောင်း ရပ်ကွက်မှ ထောက်ခံချက် တင်ပြနှိုုင်ရမည်။
2. ဘွဲ့ရများသာ လျှောက်ထားရန်
အနှေးယာဉ် (ဆိုက်ကား) နင်းရန်အတွက် ဘွဲ့ရများ အလိုရှိသည်။
1. တက္ကသိုလ်တစ်ခုခုမှ အရည်အချင်းပြည့်မှီစွာဖြင့် ဝိဇ္ဖာ(သို့မဟုတ်)သိပ္ပံဘွဲ့ ရရှိထားသူများသာ ဘွဲ့လက်မှတ်တင်ပြ၍ လျှောက်ထားနှိုင်သည်။
2. ခြေသလုံး တုတ်သူများ ဦးစားပေးမည်။
3. အရည်အချင်းစစ်ဆေးခြင်းအနေဖြင့် ဆန်အိ်တ်၊ ဆီပုံးနှင့် မီးသွေးခြင်းများအား ထမ်းပြနှိုင်ရမည်။
4. ဆေးတက္ကသိုလ်၊နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်ကျောင်းဆင်းများ လျှောက်ထားလိုပါက မိခင်တက္ကသိုလ်မှ ထူးချွန်စွာအောင်မြင်ကြောင်း ထောက်ခံချက် နှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်ပါ ပူးတွဲတင်ပြမှသာ ချွင်းချက်အဖြစ် လက်ခံစဉ်းစားမည် ဖြစ်သည်။
စွန့်စားခြင်းဖြင့် တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေလိုသောလူငယ်များ အတွက်
1. အသေခံ ဗုံးခွဲသမားများ အလိုရှိသည်။
2. မည်သည့် ထောက်ခံချက် မှ မလိုအပ်ပါ။
3. အလုပ်ကို အောင်မြင်အောင် ဆောင်ရွက်နှိုင်ပါက သင့်ဘဝတသက်တာ စိတ်ချရပြီ ဖြစ်သည်။
4. လုပ်ငန်း ဆောင်ရွက်ပြီးပါက ရသင့် ရထိုက်သော လစာအား ယမမင်းထံတွင် ဆက်သွယ် ထုတ်ယူနှိုင်မည်ဖြစ်သည်။

ဆက်သွယ်ရန် =
မှော်ဆရာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ
မန္တလေး ဂဇက်ကျေးရွာ
အင်တာနက် မြို့နယ် သို့ လူကိုယ်တိုင် ရုံးချိန်အတွင်း လာရောက်လျှောက်ထားပါရန် ….

19 comments

  • pan pan

    September 12, 2011 at 3:56 pm

    အင်း………..
    လာလျှောက်မယ်
    ဘယ်အလုပ်ရရ
    အလုပ်လက်မဲ့ထက်စာရင် အလုပ်လေးရှိတော့ ဣန္ဒြေရတာပေ့ါလေ
    ဒါနဲ့ အနှေးယာဉ်လုပ်သားက အမျိုးသမီးခန့်မလား
    ပြီးတော့ ဘက်ကပ်အနေနဲ့ တခြားအေဂျင်စီမှာ စပယ်ယာနေရာလည်း သွားလျှောက်ရဦးမယ်

  • ပေါက်ဖော်

    September 12, 2011 at 4:31 pm

    တော်သေးတယ်..ဧရာဝတီမြစ်ကို ရေဘော် ထိုးခိုင်းတဲ့ အလုပ်မပါတာ.. 😛
    ကျုပ်တို ့လို အလုပ်ကြီးအကိုင်ကြီး သမားတွေအတွက်တော့ ကွက်တိပဲ

    • မောင်ရေချမ်း

      September 12, 2011 at 8:53 pm

      အဟ..လုပ်ပါနဲ့ နောင်ကြီးရ…ဧရာဝတီရေဘော် ထိုးမှ တော့ ကျခဲ့ရတဲ့ သွေးတွေ ထွက်ကုန်မပေါ့…. လုပ်ပါနဲ့ဂျ…

  • Shwe Tike Soe

    September 12, 2011 at 4:33 pm

    သံတံမန် အလုပ်က မဆိုးဘူး လျှောက်ကြည့်အုံးမယ်…
    သူဟာ သူ စစ်ပြေငြိမ်းငြိမ်း မငြိမ်း ကိုယ်ကတော့ အမြှောက်ဆံ ကောက်ပြီး ဒီမှာ ပန်အိုးလုပ်ရောင်းရင် တော်တော် စီးပွားဖြစ်မယ်… ဟေဟေ…

  • မှော်ဆရာ

    September 12, 2011 at 6:21 pm

    အလုပ်လာလျှောက်တာ နဲနေသေးတယ်
    အလုပ်လက်မဲ့ များနေလို့ ကူညီမလို့ဟာကို..

  • ဆူး

    September 12, 2011 at 8:01 pm

    ပုံးခွဲသမား နေရာလျှောက်ချင်တယ်။
    လက်ထဲမှာတော့ ငှက်ကြီးတောင် ဓါးတချောင်းရှိတယ်။
    ဘယ်လောက်ကြီးတဲ့ ပုံးလဲ.. သိပ်ကြီးရင်တော့ မလုပ်နိုင်ဘူး ကြိုပြောထားတာ.. ခန့်ချင်ခန့် မခန့်ချင်နေ..

  • chindwinsayargyi

    September 12, 2011 at 8:06 pm

    အသေခံဗုံးခွဲသမားလုပ်ချင်ပါသည်.ပြည်တွင်းတွင်သာဆောင်ရွက်လိုသည်.လုပ်ခလစာအားဝတ်မှုံရွှေရည်
    အားလွဲခဲ့လို့ရမရသိလိုပါသည်.အကြောင်းပြန်ပေးပါ

  • မှော်ဆရာ

    September 12, 2011 at 9:40 pm

    ဝတ်မှုံရွှေရည်ကို လွှဲခဲ့ချင်တယ်ဆိုရင်လဲ ဟိုရောက်မှ ယမမင်းနှင့် ညှိနှိုင်းဆောင်ရွက်ပါရန်…

    • မီးမီး သော်

      September 13, 2011 at 12:19 pm

      ဟဲ့ မှော်ဆရာရေ ရွာထဲမှာ နင်တွေ ့ချင်တဲ့ ယမမင်းကြီးရှိတယ်လေ။မတွေ ့တာတော့ကြာနေပီ။သူ စိတ်ဆိုးနေမယ်နော်။နင်နော်…..

  • sandawchain

    September 13, 2011 at 9:19 am

    ရှာရှာဖွေဖွေတွေးပြီးရေးနို်င်ပါပေတယ်:)

  • etone

    September 13, 2011 at 11:06 am

    ပေါက်ပေါက်ရှာ ရှာ … ဖတ်ပြီး ရယ်မိတယ် .. တတ်လည်း တတ်နိုင်တဲ့လူ 😛

  • စုံ စုံ

    September 13, 2011 at 12:10 pm

    မှော်ဆရာရေ အလုပ်လာလျှောက်ရင်ဖောင်ဖိုးအရင်သွင်းရဦးမှာလား
    အဲ့ဒါဆိုရင်တော့မဖြစ်ဘူးနော် သူများကပိုက်ဆံမရှိလို့အလုပ်လျှောက်ပါတယ်ဆိုမှ
    ဖောင်ဖိုးအရင်ပေးရတော့ တွက်ခြေမကိုက်ဘူး

  • whitestar

    September 13, 2011 at 1:24 pm

    အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ
    ဆိုတော့ ပိုက်ပိုက်အရင် ပေးထားရမှာပေါ့နော်
    တကယ်အလုပ်မခန့်ဘဲ အင်တာဗျူးကြီးလှိမ့်ခေါ်နေမယ်
    ဆိုရင် လာရတဲ့လမ်းစရိတ်ကော အေဂျင်စီကိုပေးခ ရော
    မကိုက်ဘူး မကိုက်ဘူး မလျှောက်တော့ဘူး

  • MaMa

    September 14, 2011 at 7:18 am

    (အရင်းအနှီး နည်းပါးစွာဖြင့် အောင်မြင်မှုလမ်းကြောင်းကို ရယူလိုသောသူများ အောက်ပါ အလုပ်အကိုင်များနှင့် ရင်းနှီးမြှုတ်နှံမှုများတွင် ဝင်ရောက် လုပ်ကိုင် ဆက်သွယ်ဆောင်ရွက်နှိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။)
    ကြော်ငြာတွေ့တာ တော်တော်စိတ်ဝင်စားသွားတယ်။ ဖတ်ကြည့်ပြီးတော့မှ ခေါ်တာက မှော်ဆရာဖြစ်နေမှန်း သတိထားမိသွားတယ်။ မတော် ကိုယ်ပျောက်ရသွားနိုင်တဲ့ ရာထူးတွေချည်းပဲ။ 😀

  • Foreign Resident

    September 20, 2011 at 7:23 pm

    “အာဖရိက ခလောက်မြွေ”
    ခလောက်မြွေ (rattle snake) are not from အာဖရိက
    They only live in America.

    “Rattlesnakes are a group of venomous snakes of the genera Crotalus and Sistrurus[1] of the subfamily Crotalinae (“pit vipers”). There are 32 known species of rattlesnake, with between 65-70 subspecies.[2], all of which are native to the Americas – ranging from southern Alberta, and southern British Columbia Canada to Central Argentina.”
    —http://en.wikipedia.org/wiki/Rattle_snake—

  • မှော်ဆရာ

    June 26, 2012 at 10:43 am

    ကျွန်တော်လဲ ပိုစ့်အသစ်မတင်နှိုင်တာ ကြာပြီဆိုတော့ တင်ခဲ့တဲ့ ကိုယ်တိုင်ရေး အဟောင်းလေးကို ပြန် အသက်သွင်းပေးလိုက်ပါတယ် … မဖတ်ဖူးသေးတဲ့ မိတ်ဆွေများ ဖတ်ဖို့ပါ..

  • Azzurri

    June 26, 2012 at 10:45 am

    ဟုတ်ကဲ့ ရွာသား အသစ်ကျပ်ကျွတ် လေးပါခည…
    အားပေးသွားပါတယ်ခည
    ၁ဝလည်း မ သွားပါတယ်ခည..
    :mrgreen:

    • မှော်ဆရာ

      June 26, 2012 at 10:52 am

      ဘေးက 3722 ဆိုတာကြီး ဖျောက်ပြီးမှ အသစ်ကလေးလို့ပြော …

  • ရဲစည်

    June 26, 2012 at 11:21 am

    နံပါတ်(၃) အတွက် ရင်းနှီးမြှုပ်နှံလိုပါတယ်ခင်ည
    ကလေးတွေရော လူကြီးတွေပါ အိမ်မှာ အလှမွေးလို့ရတဲ့ အန်နာကွန်ဒါမြွေပေါက်လေးတွေ တင်သွင်းချင်လို့ပါ ခင်ည

Leave a Reply