ဒီနေ့မနက် ဂရုမေးလ် တစ်ခုကနေ ၀င်လာတဲ့ အကြောင်းရာလေး ဖတ်ပြီး သဘောကျမိတယ်… ။ စာပြန်ရေးလျှင် ပါ့ဘလစ် မေးလ်ဖြစ်မယ်ဆိုတာ သိပေမဲ့… ပြောချင်စိတ် မထိန်းနိုင်တဲ့ အတွက် စာရေးမိလိုက်ပြန်တယ် … ။ ဒီဆိုက်ထဲမှာလည်း အဲ့ဒါလေးနဲ့ ပတ်သတ်ပြီးနည်းနည်းဆွေးနွေးကြည့်ရအောင်နော် …။

မူရင်း ရေးသားသူကတော့ … ယောကျာ်းလေးမို့ ယောကျာ်းလေးဘက်က အမြင်နဲ့ ရေးခဲ့တာပါပဲ … သူရေးထားတာ အကျဉ်းလေးကတော့ … သူနဲ့ ခင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ စင်တာတစ်ခုမှာ အမှတ်မထင်ပြန်ဆုံမိတယ်… ဆုံရင်း ထိုအမျိုးသမီးရဲ့ အပြုမူက ရဲတင်းတယ်ပေါ့ .. ဘီယာမူးနေတာကြောင့်လည်းဖြစ်တယ်ပေါ့ … သူကပဲ မူးနေတဲ့အမျိုးသမီးကို ထိန်းကျောင်းပေးရင်း … အမျိုးသမီးနဲ့ ချိန်းထားတဲ့ သူငယ်ချင်းတွေကို စောင့်ပေးခဲ့တယ် … လာတဲ့ သူငယ်ချင်းဆိုသူတွေကလည်း အမျိုးသား နှစ်ယောက်ဖြစ်ပြီး … မေးခွန်းစာရွက်ဆိုလား ဘာလားမသိတဲ့စာရွက်လာပေးပြီး ပြန်သွားခဲ့တယ်… ဒီအမျိုးသမီးကို ကြည့်ရင်း သူလည်း ဂရုဏာဒေါသဖြစ်မိတယ်ပေါ့ … သူသာ တဏှာရူးလို လူစားမျိုးဆို မလွယ်ဘူးဆိုတဲ့ အကြောင်းလေး ရေးပြထားပါတယ် … ။ ဒါပြင် ဒီအရက်မူးနေတဲ့ အမျိုးသမီးက သူ့နောက်သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုတဲ့ ဆိုင်ကိုလည်း လိုက်ပို့ခဲ့ပေးရကြောင်း ၊ ဆိုင်မှာလည်း …သူလို မူးနေတဲ့ မိန်းကလေး သူငယ်ချင်းတွေကြား … ယောကျာ်းလေး သူငယ်ချင်းအနည်းငယ်ကိုလည်း တွေ့ရကြောင်း ရေးသား ထားခဲ့ပြီး … ပြန်တဲ့လမ်းမှာ စိတ်ပူ အတွေးများ ခဲ့ကြောင်း ရေးသားထားပါတယ် … ဒါပြင် မိန်းကလေးတွေ ဒီလိုဖြစ်နေတာကို အောက်ပါအချက်တွေနဲ့ အသေးစိတ်ဝေဖန်ပြသွားခဲ့ပါတယ် … ။

((((၁)အရက်၊ဘီယာ ကို လွယ်လွယ်ဝယ်ယူရနေခြင်း   (၂)နိုင်ငံခြား ရုပ်သံမှ အတုခိုးမှားခြင်း   (၃)မိဘ ပြည်သူများက လျှစ်လျှူ ရှူ့  လွန်းခြင်း    (၄)နိုင်ငံအစိုးရက အရက်၊ ဘီယာများကို အခွန်မတင်းကျပ် ခြင်း    (၅)မိန်းကလေးများ မှ ယောကျာ်းလေးများ ကို ခွာယာတိုင်းခြင်း တို့ ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။ )))

သူက သူ့အမြင်နဲ့ … မြန်မာမိန်းမတစ်ယောက် ဘီယာ၊ အရက်သောက်တာမျိုးကို မကြိုက်တဲ့အကြောင်း ဝေဖန်ပြသွားပါတယ် … ။

ကျွန်မကလည်း မိန်းမတစ်ယောက်ရဲ့ အမြင်နဲ့ …ပြန်လည် ဆွေးနွေးပြခဲ့ပါတယ် .. ။

%%%%%%%%%%%%%%%%

ကျွန်မတို့ နိုင်ငံမှာ ဗိုင်းကောင်းကျောက်ပိ ဆိုတဲ့ စကားကို .. ရှေးယခင် ဘိုးတော်ဘုရားလေးဘက် သွားစဉ်ထက် စောစီးစွာ ပြောဆို လက်ခံ ကျင့်သုံးခဲ့ကြတယ်နော် … ။အဓိပ္ပါယ်ကတော့ …   အားလုံးသိပြီးသားဖြစ်မှာပါ …. ။ ရှေးအစဉ်ဆက် မိန်းကလေးဆိုလျှင် ပိပိရိရိနေ ၊ အိနြေ္ဒရရ နေမှ ၊ လူကြီးသူမတွေရဲ့ … အဆုံးမအတိုင်း ချို့ယွင်းချက်မရှိ (ပြန်လည် ချေပ ဆွေးနွေးခွင့်မရှိပဲ) နေမှ အဖိုးတန်တယ် … တန်ဖိုးရှိတယ် ဆိုတာမျိုး လက်ခံကျင့်သုံးခဲ့ကြတယ် …။ မိန်းမတွေကို အိမ်တွင်းအောင်း အဖြစ်သာ ထားခဲ့ပြီး … မီးဖိုချောင်အလုပ်တွေနဲ့ပဲ ကျင်လည်စေခဲ့တယ် … ။အိမ်မှူကိစ္စအ၀၀ နဲ့ လင်ယူသားမွေး ၊ သားသမီးထိန်းကျောင်းရတာတွေဟာ အဓိက အလုပ်လိုလုပ်ခဲ့ကြရတယ် …  တနည်းအားဖြင့် ဖိနှိပ်ခံ မိန်းမများရဲ့ ဘ၀ဟာ ပြန်လည် ဆွေးနွေးခွင့်မရပဲ …တဆင့်နိမ့်ဆက်ဆံခဲ့ပါတယ်… ။သေစာ ရှင်စာလောက်သာ သင်ကြားခွင့်ရပြီး အပြင်ထွက်အလုပ်လုပ်ဖို့ဆိုတာမျိုး အိပ်မက်တောင် မက်ခွင့်မရှိတဲ့ ဘ၀မျိုးထိ ရောက်ခဲ့ကြတယ်လေ … ။ ဒါကြောင့်လည်း အိမ်တွင်းမှာနေပြီး ဗဟုသုတမရှိ မျက်စိပိတ် နားပိတ်နဲ့ … အချိန်တွေ ကုန်ခဲ့ရတယ်… ။

နှစ်ပေါင်းကြာရှည်သည့်တိုင်အောင် ထို အယူဆတွေ ပတ်ချာလည်နေခဲ့ရတဲ့ ကျွန်မတို့ ၀န်းကျင်မှာ လူအတော်များများ ဒီအယူဆတွေ စွဲကိုင်ထားတုန်းပဲလေ …. ။ဘာမဟုတ်တဲ့ အစားသောက် ကိစ္စမှာတောင် ဇီဇာကြောင်စွာနဲ့ … ယောကျာ်း မိန်းမ ခွဲခြားမှူက ရှိနေတုန်းပဲ … ။ မိန်းမတွေ အရက် ၊ဘီယာ မသောက်ရပါဘူးလို့ … ဘယ်အရက်ချက်စက်ရုံ ၊ ဘီယာစက်ရုံကမှ မတားမြစ်ထားပါဘူး …… ။ အသက်ရွယ်ပြည့်သူတိုင်း …သင့်တင့်တဲ့ တန်ဖိုးပေးပြီးလျှင် အရက်၊ဘီယာ ၀ယ်သောက်လို့ရပါတယ် … ။ မိန်းမတွေ အိမ်တွင်းအောင်း နေခဲ့စဉ်ကတည်းက အရက်ဆိုတာ ယောကျာ်းတွေနဲ့ သက်ဆိုင်တဲ့ အရာဆိုတာမျိုး လှေနှံဓါးထစ် စွဲခဲ့ကြတာမို့ … အခုထိတိုင် … အယူဆစွဲ သက်ရောက်မှူကလည်း ရှိနေပြန်သေးတယ် … ။ အရက် ၊ ဘီယာ သောက်တဲ့ မိန်းမက အရှက်မရှိဘူး ဖြစ်သွားပြီလား …အကျင့်စာရိတ္တပျက်ပြားနေလို့ ယူဆလို့ရမလား … ။ သုံးစားလို့မရတဲ့ ဇာတ်ပျက်စာရင်းဝင်သွားပြီလား … ။ (မိန်းမ)လူတစ်ယောက်ရဲ့ စာရိတ္တကို အရက်သောက်တတ်တာ ၊ဘီယာသောက်တတ်တာနဲ့ ယှဉ်ပြီး ဆုံးဖြတ် ဝေဖန်လို့ မရပါဘူး … ။ အရက်မသောက်ပဲ အမှောင်ထုရဲ့ နောက်ကွယ်မှာ ပျက်လိုပျက်ဆီးဖြစ်နေတဲ့ အရွယ်ကောင်းအမျိုးသမီးတွေ ဒုနဲ့ဒေးပါပဲ … ။ အရက်သောက်တတ်တဲ့ မိန်းမတွေကို ပုတ်ခတ်ပြောဆိုနေတဲ့ ယောကျာ်းတွေကသာ … ယောကျာ်းတန်မဲ့ သူများကိစ္စ စပ်စုလို့ ရှက်စရာကောင်းတာပါ … ။ အစားသောက်နဲ့ ပတ်သတ်လို့ … ဇီဇာကြောင်တဲ့လူမျိုးပါပဲ …။ လူမြင်ကွင်းမှာ လူတွေသောက်တဲ့ ဘီယာ ၊၀ီစကီ ၊၀ိုင်သောက်တာ …. ရှက်စရာကိစ္စမှ မဟုတ်တာပဲ … ။ တစ်ခုတော့ရှိတယ် … ကိုယ်လက်ခံသောက်သုံးနိုင်တဲ့ ပမာဏတော့ ချင့်ချိန်ရမှာပေါ့ … ။ အလွန်အကျွံသောက်သုံးမိပြန်လျှင်လည်း …. အသိတရား လျှော့ပါးလာတတ်တာမို့ … မလိုလားအပ်တဲ့ …နောက်ဆက်တွဲ….ပြသနာတွေလည်း ဖြစ်ပွားတတ်ပါတယ် … ။

ကျွန်မတို့ ဘိုးဘွားတွေလက်ထက် ဘီယာဆိုတာမျိုး ပေါ်ချင်မှ ပေါ်ခဲ့မယ် … ဒါပေမဲ့…. တောအရက်တွေကိုတော့ ဆေးဝါးအဖြစ် သောက်သုံးခဲ့တာတွေ … ဒဏ်ကြေဆေးအဖြစ် လိမ့်ကျံခဲ့တာတွေရှိခဲ့ပါတယ် … ။ အဲ့ဒီလူတွေကိုရော … အကျင့်စာရိတ္တပျက်ပြားတဲ့ မိန်းမပျက်စာရင်းထဲ ရောပြွမ်းပြီး ထည့်လိုက်တော့မှာလား … .။ နှိုင်းယှဉ်ပြရလျှင် ဖြင့် ကုန်နိုင်မယ်မထင်ပါဘူး … ။ ၂၁ ရာစုရဲ့ အမျိုးသမီးတချို့ကတော့ ယခင်ကလူတွေနဲ့ မတူပဲ ရဲတင်းပွင့်လင်းလာကြသော်လည်း လက်လှုပ်လက် ၊ ခြေလှုပ်ခြေ လိုက်ပြောနေမယ့် ရှေးအယူစွဲ လူများကလည်း ကျန်သေးတာမို့ …. ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆိုပေမဲ့လည်း … မိဘဆွေမျိုး အသိုင်းဝိုင်းရဲ့ မျက်နှာတော့ ပြန်ထောက်ကြရမှာပေါ့ … ။ လှုံ့ဆော်မှူ အမျိုးမျိုး ၊ အကြောင်းပြချက် အမျိုးမျိုးကြောင့် အရက် ၊ ဘီယာ ၊ ၀ီစကီ ၊ ၀ိုင်ကို နှစ်ခြိုက်စွာ သောကသုံးကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ် … မိမိရဲ့ အပြုမူက သူတပါးကို ဒုက္ခမပေးဘူး ၊ ပတ်ဝန်းကျင်ကို ရိုင်းပြစော်ကားနေတာ မဟုတ်ဘူးဆိုလျှင် တူညီတဲ့ လွတ်လပ်ခွင့်ရှိသင့်တယ်မဟုတ်လား ။မှိုတတ်နေတဲ့ အယူအဆတွေ လက်ခံကျင့်သုံးမယ်ဆိုလျှင် … ကျွန်မတို့ရဲ့ next generation တိုင်အောင် ဖျောက်မရတဲ့ အယူဆတွေ ပါသွားလိမ့်မယ် … ။  အကျင့်စာရိတ္တ ကောင်းတယ် ၊ ဆိုးတယ်ဆိုတာ ပင်ကိုယ်စရိုက် ၊ စိတ်နေစိတ်ထားနဲ့ပဲ သက်ဆိုင်ပါတယ် ….. ၄င်းတို့ရဲ့ အစားသောက် အမျိုးစားပေါ် သက်ရောက်မှု မရှိတာ … သူများမျက်ချေးပဲ မြင်ပြီး ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့ လူတွေ သဘောပေါက် နားလည်ဖို့သင့်ပြီလေ … ။

ကျွန်မဒီပို့စ်ရေးတာ မိန်းမတွေ ဘီယာ၊ အရက်၊ ၀ိုင် ၊ ၀ီစကီတွေ သောက်ကြပါစေတော့လို့ …. ရည်ရွယ် တိုက်တွန်းတာမျိုးမဟုတ်ပဲ ….. ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းချင်နေကြတဲ့ …. ဆီလို အပေါက်ရှာ ပြောချင်ကြသူတွေအတွက် လက်ခံနားလည်လာအောင်ရေးခဲ့တာပါ … ။ မိန်းမတွေကလည်း … ကိုယ်ကြိုက်လို့ ကိုယ်သောက်တယ်ဆိုပေမဲ့ …လူအများအလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်စေနိုင်တဲ့ အမှားယွင်းမျိုးရှောင်သင့်ပါတယ် …. ။ ကိုယ့် limit ကိုယ်သိပြီး သောက်လျှင် ဘယ်သူကမှ ကိုယ်ထိလက်ရောက်မပြောနဲ့ …. နှုတ်အမူယာနဲ့ပါ မစော်ကားရဲပါဘူး …. ။ အသွေးပဲ ရရ ၊ အသားပဲ ရရ အမဲဖြတ်ချင်တဲ့ တချို့ ယောကျာ်းတွေကြားထဲ မူးမူးကွဲကွဲဖြစ်လို့ကတော့ …. မိမိထိုက်နဲ့ …. မိမိကံပဲ မို့ …  အတတ်စူးလို့ မရူးကြပါစေနဲ့လို့ပဲ … တိုက်တွန်းလိုက်ချင်ပါတော့တယ် ..။

တိုက်ဦးမှာ :P

 

ကြိုက်တာရွေး ... ကျသလောက်ရှင်း :P

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!