ချစ်သူ ၏ ကြယ်

whitestarSeptember 12, 20111min15614

ဟို အဝေးတစ်နေရာ တွင် ချစ်သူ ၏ ကြယ်ကလေးကို လှမ်းကာမြင်နေရ သည်။
ယခုလို ကြယ် တွေ စုံ သော ညခင်းလေးရောက် တိုင်းကျွန်မ ရင်ခုန် ရစမြဲပင်။
ကျွန်မ ၏ နှလုံးသား တစ်ခုလုံး ချစ်သူကို လွမ်းဆွတ် တမ်းတ မှု တွေ ဖြစ်တည်လာရ ၏။
ယခု လို အချိန်ဆို လျှင် ချစ်သူ သည် သူ ၏ အခန်းလေးထဲတွင် အိပ်စက်နေမည်လား..
သို့တည်းမဟုတ် သူ သိပ်နှစ်သက်သော ကဗျာ များကို ခံစားချက်အပြည့် ဖြင့် ရေးဖွဲ့သီကုံးနေမည်လား.
သူ၏ ဒိုင်ယာရီ စာအုပ် လေးထဲတွင် တစ်နေ့တာ သူ၏ လုပ်ဆောင်ချက်လေးများ မှတ်သား နေမည်လား..
သို့မဟုတ်ပါ က သူ ရဲ့ ရောဂါ ဝေဒနာ ကို ကြိတ်မှိတ် သည်းခံ နေမည် လား ကျွန်မ မသိနိုင်ပါ ။
ကျွန်မ သူ စတင်ဖွင့် ပြောခဲ့သော သူ၏ရောဂါ အကြောင်းကို ကြားသိခဲ့သည့် နေ့တွင် မည်သို့မှ မယုံကြည်နိုင်ခဲ့ပါ။
ကင်ဆာ ဆို့ သည့် ရောဂါ ဆိုး သည် ဒီကမ္ဘာ မြေ ပေါ်တွင် မပေါ်ထွက်လာခဲ့လျှင် ဘယ်လောက်များကောင်းလိမ့်မလဲ…
မည်သို့ပင်ဖြစ်စေ ကျွန်မ ယုံကြည်ရခက်ခက် ဖြင့် လက်ခံခဲ့ရသည်။
ကျွန်မ နှင့် ဆုံတွေ့ ချိန်တွင် သူသည် ဘာမှမဖြစ်သလို ဟန်ဆောင်နေထိုင်ခဲ့သည်။ သို့အတွက်ကျွန်မသည်လည်း မည်သို့မျှ
မယုံနိင်ခဲ့ပါ။ သူ့တွင် ဘယ်လိုရောဂါ ပင် ရှိရှိ ကျွန်မသတိ္တရှိရှိဖြင့် ရှိချစ်ခဲ့သည် ။ ချစ်နိုင်ခဲ့သည်။
ယခုအချိန် သူ နေထိုင်မှ ကောင်းရဲ့လားမသိ… နေထိုင်မကောင်းခဲ့လျှင် သူ၏အခန်းလေးထဲတွင်
အထီးကျန် ကြေကွဲဝမ်းနည်းနေမိလား..ချစ်သူသည် အပြင်ပန်းအားဖြင့် စိတ်မာ သယောင်ထင်ရသော်လည်း
တကယ်တမ်း ဆိုလျှင် အားငယ် ဝမ်းနည်းတတ်လေသည်။ စိတ်ကူးယဉ်ရာတွင်လည်း သူ့ကိုမည်သူမှ မှီမည်မထင်ပါ။
သူလည်းပင် ကျွန်မလို ပင် ယခုည ဤကြယ်လေး ကိုကြည့်နေမည်လား ကျွန်မတို့ မျက်နှာချင်းလမင်း မှာမဆုံဘဲ
ဒီကြယ်လေး ထံတွင် ဆုံကြသည်လေ။ ကြယ်တွေစုံ သောည ဆိုလျှင် သည်ကြယ်လေးကို အမောတကောရှာရလေသည်။
အပြာရောင် ညကောင်းကင်တွင်ကျွန်မ ကိုယ်တိုင်   သူ့အတွက် သတ်မှတ်ပေးထားသော ချစ်သူ ၏ ကြယ်ကလေးကလည်း
မှိတ်တုတ်မှိတ်တုတ် တလက်လက်နှင့် တောက်ပနေသည်..ကျွန်မကို ပြုံးပြနေသည်ထင်မိသည်..
အတိုင်းဆမဲ့စွာ လွမ်းဆွတ်တမ်းတလာမိသည်။ ရင်ထဲ အသဲထဲတွင် ကြေကွဲ ဆို့နစ် လာရပါသည်။
သက်ရှိ လူသား သူမဟုတ်သော ကြယ်ကလေးသည် ဘာအတွက်ကြောင့်များ ကျွန်မကို ခံစားမှု များပေးစွမ်းစေနိုင်လဲ
ဆိုတာကို ကျွန်မကိုယ်တိုင်မသိခဲ့ ပါ ။ သိစရာလည်းမလိုဟု ထင်မိပါသည်။
အမှန် ဆိုလျှင် ကြယ်သည်ကြယ်ပင် ကျွန်မ၏ ချစ်သူ မှမဟုတ်ဘဲလေ။သို့သော် အမြဲပင် အသက်ဝင် နေသော
ကျွန်မတို့၏ ချစ်ခြင်းကြောင့်လည်းဖြစ်နိုင်သည် မဟုတ်လား။ အဲသည့်ကြယ်ကလေးသည် ကျွန်မ၏ စိတ်ကို ညှိ့ငင်နိုင်စွမ်း
အပြည့်ရှိသည်။  ထိုကြယ်လေးကို မြင်လျှင် ချစ်သူကို မြင်ယောင်သည်။ ကြယ်လေး ကတလက်လက်တောက်ပလာလျှင်ဖြင့်
ချစ်သူကို ပိုလွမ်းရသည်။ အဲသည့်ကြယ်လေး ကြွေခဲ့ရင် ဖြင့် ကျွန်မ၏ ရင် ထဲ တွင်ငို ကြွေးရပေလိမ့်မည်။ အမှန်တော့ အဲသည့်
ကြယ်လေးသည် သူ ဟု ကျွန်မသတ်မှတ် ပေးထားသော ချစ်သူ၏ ကြယ်လေးပင် မဟုတ်ပေလား။ ချစ်သူ ၏ ခံစားချက်တို့ဖြင့်
ပေါင်းစပ် ထားသည့်ကြယ်..ချစ်သူ၏ ပုံရိပ်အဖြစ် မြင်ယောင်နေသော ကြယ်…..ချစ်သူ ၏ ဘဝ ဟု ကျွန်မတင်စားထားသည့်
ကြယ်လေးပင် ဖြစ်လေသည်..သို့ဖြစ်၍ ကြယ်တွေ စုံလင်သော ညချမ်းလေးများ ထာဝရ ရှိစေချင်သည်။ ချစ်သူ ကို ကိုယ်စားပြုထားသည့်
ကြယ်လေးလည်း  ကြည်ပြာရောင် ကောင်းကင်ကြီးထဲတွင် ကမ္ဘာကြီးတည် တံ့ နေသ၍ ထာဝရ ရှိနေနိုင်ပါစေ ဟု ဆုတောင်းလျှက်..

ရင်၌ဖြစ်တည်ရသောခံစားချက်ဖြင့် အားလုံးကိုခင်မင်လျှက်
(WhiteStar)ကြယ်ဖြူလေး
(ပထမဆုံးအကြိမ် တင်သောပို့စ် ဖြစ်ပါ၍ အမှားပါလျှင် ခွင့်လွှတ်ပါရန် သူကြီးနှင့်ရွာသူရွာသားများကို တောင်းပန်လျှက်)

14 comments

  • ပေါက်ဖော်

    September 12, 2011 at 3:55 pm

    အော်.
    ခုဏက Coppy/Paste Category ထဲရောက်သွားသေးတယ်ဆို..
    သဂျီးပြန်ပြင်ပေးလိုက်တာထင်တယ်
    အိုကီး..အိုကီး..

    ကဲ.ကဲ..
    တောင်းတဲ့ဆုနဲ ့ပြည့်ပါစေကွယ်..

    ဒီကြယ်တွေက မတောင်းလဲ သူ ့ ဘာသာ ရှိနေမှာဆိုတော့.. ပြည့်စေသတည်း ပြည့်စေသတည်း
    😀

  • alinsett

    September 12, 2011 at 4:04 pm

    ပထမဆုံး တင်ပေမယ် ့ ဝါရင် ့စာရေးသူ တစ်ဦးလို ့တောင် ထင်မိပါတယ် ။
    စာပေအရေးအသား..ဆိုင်ရာ… ကို တော်တော် ကျွမ်းကျင်နေပုံရပါတယ် ။
    ကောင်းပါတယ် ။
    ဆက်ရေးနေပါ။
    အားပေးနေပါ့မယ် ။

  • rain pricess

    September 12, 2011 at 5:27 pm

    အစ်မ အရမ်းကောင်းပါတယ်
    တကယ်ပါ အောင်မြင်ပါစေ။

  • Shwe Ei

    September 12, 2011 at 5:29 pm

    ဒါ ဖြစ်ရပ်မှန်လား ဝတ်တုလားဟင်။ ဖတ်လို့ကောင်းပါတယ်။

  • whitestar

    September 12, 2011 at 5:41 pm

    ဝတ်မတုပါဘူး တစ်ကယ်ပါ အင်းဟုတ်ပါပြီ
    ကြယ်ဖြူ ဆက်ရေးမှာပေါ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးအစကနေအဆုံးထိကို
    မကြာမီလာမည် မျှော် ………….

  • rain pricess

    September 12, 2011 at 5:46 pm

    အဆက်ရှိသေးတယ်ပေါ.

  • whitestar

    September 12, 2011 at 6:00 pm

    ဒီလိုဘဲပေါ့ ဇတ်လမ်းလေးတွေပေါ့ ဂျ ဖတ်ပေးကြမယ်မလား
    ရွာသူရွာသားအပေါင်းတို့

  • မှော်ဆရာ

    September 12, 2011 at 6:05 pm

    အားပေးပါဦးမယ်

  • မောင်ရေချမ်း

    September 12, 2011 at 8:49 pm

    ချစ်သူ ကို ကိုယ်စားပြုထားသည့်
    ကြယ်လေးလည်း မဟူရာ ကောင်းကင်ကြီးယံအလယ် ၌် ကမ္ဘာကြီးတည် တံ့ နေသ၍ ထာဝရ ရှိနေနိုင်ပါစေ ဟု ဆုတောင်းလျှက်…..

    မောင်ရေချမ်း

  • whitestar

    September 13, 2011 at 1:29 pm

    တောင်းတဲ့ဆုနဲ့ပြည့်ပါစေ 😛

  • နွယ်ပင်

    September 13, 2011 at 2:47 pm

    ဝင်ရောက်ခံစားသွားပါတယ် ကြယ်ဖြူရေ
    ဆက်လက်ရေးသားပါဦး … အားပေးနေပါမယ့် …….

  • R Ga

    September 13, 2011 at 3:23 pm

    အလွမ်းသင့် အက်ဆေး။ အချစ်ကင်ဆာ အလွမ်းဝေဒနာ…………………………………

  • whitestar

    September 13, 2011 at 3:58 pm

    R Ga ပြောတဲ့စာသားလေးတွေ heart ကိုထိနေတာဘဲ

  • kyeyounglin

    October 4, 2011 at 8:31 pm

    ဘာပြောရမှန်းမသိလောက်အောင်ဖြစ်နေလို ့
    ရောက်တိုင်းဒီစာမျက်နှာမှာဘာရေးရမလဲဆိုပြီးလာလာကြည့်ဖြစ်တယ်
    ရောက်တိုင်းလဲဘာမှပြောမထွက်လောက်အောင်ကိုပဲ
    ပြောချင်တာတစ်ခုကတော ့
    တကယ်ကျေးဇူးတင်ပါတယ်ဖြူ
    ထာဝရကောင်းကင်မှာကြယ်လေးရှိနေသလို
    ချစ်သူလဲအနားမှာရှိနေချင်မှာပါ……………..

Leave a Reply