ကြေးအိုး ကြေးအိုးဆိုတာ ဘာလဲဗျ

moonpoemSeptember 12, 20111min26948

ပြီးခဲ့တဲ့ စနေနေ ့ကပါ။ သူငယ်ချင်း ၃ယောက်နဲ ့ကျွန်မ ကြေးအိုးသောက်ဖို ့မြေနီကုန်းက YKKO ကိုထွက်ခဲ့ပါတယ်။
သူတို ့က ဝက်ကြေးအိုးဆီချက်ပွဲသေး၃ပွဲမှာပြီးတော့ ကျွန်မက ကြက်ကြေးအိုးအရည်နဲ ပွဲသေး ့၁ပွဲမှာပါတယ်။
၅မိနစ်လောက်နေတော့ စားပွဲထိုးကောင်လေးပြန်ရောက်လာပြီး ကြက်ကြေးအိုးအရည်နဲ ့ မရနိုင်ကြောင်း
ပြောတော့ ကျွန်မက ဒါဆိုလည်း ဆီချက်ပဲ လုပ်လိုက်ပါလို ့မှာလိုက်ပါတယ်။
တအောင့်လောက်နေတော့ ကြက်ကြေးအိုးဆီချက် ပွဲကြီး ၁ပွဲလာချပါတယ်။ ကျွန်မက ပွဲသေးပဲမှာတာကြောင့်
မှားနေတယ်ဆိုတာရယ် ၄ပွဲလုံးကို မြန်မြန်ယူလာခဲ့ဖို ့ပြောလိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေစုံတာကြောင့်
ရယ်လိုက်မောလိုက်နဲ ့ပေါ့။ အဲဒီအချိန်မှာ မှာထားတာ မိနစ်၂ဝလောက်ရှိနေပါပြီ။ ခဏနေတော့ မိသားစု
လေးယောက်ဝင်လာပြီး ကျွန်မတို ့မှာတဲ့အတိုင်း မှာပါတယ်။ ကျွန်မတို ့စားပွဲဝိုင်းကို ဆားဗစ်ပေးတဲ့ကောင်လေးက
လိုက်မှတ်ပြီး အထဲဝင်သွားတယ်။ ၅မိနစ်လောက်အကြာမှာ ကြေးအိုး၄ပွဲကို ဗန်းနဲ ့ယူလာတာမြင်တော့
ကျွန်မလည်း ဪငါတို ့ကို လာချတာပဲ အပြတ်တွယ်မယ်ဆိုပြီး ကြည့်နေတာ ဘယ်ဟုတ်မလဲ အဲဒီကောင်လေးက
ကျွန်မတို ့နောက်မှ လာတဲ့ဝိုင်းကို သွားချနေတာလေ။ မှာတာက မတူ လို ့ဆိုလည်း ထားဦးတော့။ကပ်ရက်ထိုင်နေတာ
သူတို ့မှာတာလည်းကိုယ်က အကုန်ကြားနေရတယ်။ သိသိရက်နဲ ့များလုပ်တာလားမသိဘူးဆိုပြီး စားပွဲထိုးကောင်လေးကို
ခေါ်လိုက်တယ်။ အစ်မတို ့က အရင်ရောက်တာ မင်းသိရက်နဲ ့ဘာလို ့နောက်မှရောက်တဲ့သူကို အရင်သွားချတာလို ့မေးတော့
အစ်မတို ့ကချေးများတာကိုး မှာတာပွဲသေးပေမယ့်ပွဲကြီးချလည်း စားလိုက်ပေါ့။ အတူတူပဲကို အဲဒါကြောင့် ချေးမများတဲ့
ဝိုင်းကို သွားချလိုက်တာတဲ့လေ။ ကဲ အားလုံးပဲ စဉ်းစားကြည့်ပါ။ သူ ့စိတ်ထဲမှာ အဲလို ရှိနေခဲ့ရင်တောင် ကိုယ့်ဆိုင်ကိုလာ
စားတဲ့ Customer ကို ဒီလိုတော့ မပြောသင့်ဘူးမဟုတ်လား ။ ပွဲသေးနဲ ့ပွဲကြီး ဈေးက မကွာပါဘူး ဟုတ်ပါတယ်
ဒါပေမယ့် ကျွန်မတို ့မစားနိုင်ဘဲ ပိုနေတာတွေကို အလဟာသသွန်ပစ်ရမှာ နှမျောစရာကောင်းပါတယ်။ ဒါကြောင့်
ကျွန်မက ကြေးအိုးဆိုရင် ပွဲသေးပဲ မှာစားတာများပါတယ်။ထားပါတော့ ရှေ ့စကားပြန်ဆက်ရဦးမယ်။
အဲဒီအချိန်မှာ ကျွန်မတော်တော်ဒေါသထွက်ပါတယ်။ ဒါနဲ ့ပဲ မင်းတို ့မန်နေဂျာကို ငါသွားတွေ ့မယ်
ဘယ်မှာလဲ မင်းငါ့ကို လိုက်ပို ့လည်းဆိုရော ကောင်လေး ရုတ်တရတ်လန် ့သွားပြီး အစ်မမန်နေဂျာကို
သွားပြောရင် ကျွန်တော် အလုပ်ဖြုတ်ခံရပါလိမ့်မယ် မလုပ်ပါနဲ ့တဲ့။ ကျွန်မတို ့တွေ ရှေ ့မှာ စကားများနေတာကို
တွေ ့တဲ့ ဝိတ်တာခေါင်းဆောင်ကလည်း ဝင်ကူပြီး တောင်းပန်ခိုင်းပါတယ်။ ခန် ့ထားတဲ့ မကြာသေးတာကြောင့်
အလုပ်အတွေ ့အကြုံ မရှိသေးတာရော ၊ ဆက်ဆံရေးမကောင်းတာကို လည်း သည်းခံနားလည်ပေးဖို ့ပြောပါတယ်။
အဲလို မျို းဝိတ်တာခေါင်းဆောင်တောင်းပန်နေချိန်မှာ စားပွဲထိုးကောင်လေးက ငိုမလို ဖြစ်နေပါပြီ။ ကျွန်မလည်း
အဲလို မြင်ရတော့ စိတ်မကောင်းပါဘူး။ ဒါနဲ ့ပဲ ရှေ ့ဆက်အလုပ်လုပ်ချင်ရင်း အချိုးတွေ ပြုပြင် ပြီး နေပါလို ့
မှာပြီး ဘာမှ မစားရသေးတဲ့ ကျွန်မတို ့၄ယောက် အိမ်ပြန်ချိန် ရနာရီ ကျော်လို ့မရတဲ့သူငယ်ချင်းတစ်ယောက်ကို
၈မိုင်လိုက်ပို ့ပေးပါတယ်။ ပြီးတော့ ကျန်တဲ့ ၂ယောက်နဲ ့ကျွန်မ ငတ်ကြီးကျစွာနဲ ့ပဲ လမ်းမှာတွေ ့တဲ့
ရွှေယုန်လေးကြေးအို း(တစ်ခါမှလည်း မစားဘူးသေးတာကြောင့်)အရသာ မြည်းစမ်းတဲ့အနေနဲ ့ရော
ဗိုက်ဆာနေတာရောကြောင့် ဆိုင်ထဲကို ဝင်လိုက်ပါတယ်။ အခင်းအကျင်းကတော့ သပ်ရပ်ပါတယ်
ဆိုင်ထဲမှာလည်း ဝိုင်းက ၂ဝိုင်းပဲ လူရှိပါတယ်။ ကျွန်မတို ့မှာပြီး သိပ်မကြာပါဘူး လာချပေးပါတယ်။
စိတ်ထဲမှာလည်း အမှတ်အပြည့် ပေးလိုက်ပါသေးတယ်။ ကျွန်မတို ့တွေ စားကောင်းကောင်းနဲ ့တွယ်နေတုန်း
သူငယ်ချင်းက ထအော်ပါတယ် ဟာ သရေပင်ကြီး တဲ့။ ဟုတ်ပ သရေပင်ပါလာတာကိုး ။သူကတော့ ခပ်တည်တည်ပါပဲ
ဖယ်စားလိုက်သေးတယ်။ အဲ နောက်တစ်ယောက်က ထပ်အော်လာတယ် ဟာ တီကောင်ကြီး တဲ့။ ကျွန်မလည် ့ကြည့်လိုက်တော့
ဟုတ်ပ တီကောင် အစစ်ပါ ၄စင်တီမီတာ လောက်ရှိမယ် ထင်တယ်။ ကန် တော့ပါရဲ ့ကျွန်မတို ့၃ယောက်လုံး မတိုင်ပင်ဘဲ
အန်ထွက်ကုန်ပါတယ်။ သူငယ်ချင်း က ဆိုင်ရှင်ကိုခေါ် အားရပါးရ ပြောတော့တာပေါ့။ ဆိုင်ရှင်လည်း ထိုင်ကန် တော့ မတတ်တောင်းပန်ပြီး သူတို ့ပြင်ဆင်ပါ့မယ်ဆိုတာရယ် ၊ ဘယ်သူ ့ကိုမှ မပြောဖို ့ရယ် ပြီးတော့ ကျွန်မတို ့အိမ်ဖို ့ပါဆယ်ယူသွားဖို ့ပြောပါတယ် ။ နေပါစေတော့ရှင် ပါဆယ်ယူသွားလို ့တစ်အိမ်လုံးအန်ထွက်မှာစိုးလို ့ကျွန်မတို ့တွေ ပြန်လာခဲ့ကြပါတော့တယ်။
လမ်းမှာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို ့အစအနောက်သန် တဲ့သူငယ်ချင်းက မေးရှာတယ် နင်ကြေးအိုးစားချင်သေးလားဟင်တဲ့။

48 comments

  • ပေါက်ဖော်

    September 12, 2011 at 4:09 pm

    ရွှေယုန်လေး.. ?
    ရ မိုင် နားကဆိုင်လား..
    ချော်တွင်းကုန်းက လား.
    ဘယ်နားကလဲ မသိ..

    အဲဒီဆိုင်က တီကောင်ပါလာရအောင်ကိုပဲ ညစ်ပတ်သလားခင်ဗျ..သားရေကွင်းကတော့ ထားပါတော့
    တီကောင်က..၄ စင်တီဆိုတော့ ၂ လက်မ နီးပါးလောက်ရှိမပေါ့
    လမ်းဘေးဆိုင်တောင် တီကောင်မပါဘူးနော့်…..

    ဘယ်လိုဂျီးတုန်း.. ????

  • moonpoem

    September 12, 2011 at 4:18 pm

    ချော်တွင်းကုန်းကရွှေယုန်လေးမှာပါ။ ကြေးအို းထဲက မုန်ညင်းရွက်ထဲက နေ တီကောင်ထွက်လာတာ သေချာမဆေးလို ့ထင်တယ်။

  • Moe Z

    September 12, 2011 at 4:22 pm

    မနေ့ကဖတ်မိတဲ့မဂ္ဂဇင်းထဲမှာ YKKO ပိုင်ရှင်နဲ့ အင်တာဗျူးပါတယ်..
    သူတို့က service ကို ကောင်းကောင်းပေးတယ်လို့ပြောတာပဲ..

    • moonpoem

      September 12, 2011 at 4:33 pm

      ဘယ်လို ပိုင်ရှင်ကများ
      ကျွန်တော်တို ့ဆိုင်က မကောင်းတာတွေ ရောင်းစားတာပါ။ ဆားဗစ်မကောင်းပါဘူး လို ့ပြောပါ့မလဲ မိုးဇက်ရယ်။
      ကျွန်မပြောချင်တာက ဝိုင်ကေကေအို မကောင်းဘူးလို ့မပြောချင်ပါဘူး။ သူ ့ရဲ ့ဝန်ထမ်းတစ်ယောက်အပြောအဆိုမတတ်တာကို ပြင်သင့်ကြောင်း ။ ဟိုညစ်ပတ်တဲ့ ဆိုင်ကိုလည်း ပြုပြင်စေချင်တဲ့ ဆန္ဒနဲ့ပါ။ ဘယ်သူ ့ကိုမှ စီးပွားပျက်စေဖို ့မရည်ရွယ်ပါဘူး။ မကောင်းတာတွေပြင်လိုက်တော့ ပိုကောင်းသွားတာပေါ့မဟုတ်လား။

      • etone

        September 13, 2011 at 10:05 am

        YKKO တခြားနေရာတွေက သိပ်ပြသနာ မရှိပေမဲ့ … မြေနီကုန်းက ဆိုင်က တကယ့်ကို ဂျောက်ဂျက်ပဲ .. ကိုယ်တွေပါ … ။ ကျွန်မအရင်ကဆို တစ်ယောက်တည်းပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ချစ်သူနဲ့ပဲ ဖြစ်ဖြစ် ခဏခဏ သွားထိုင်စားတယ် … … မှာလိုက်လျှင် တမေ့ တမောပဲ … နောက်မှ ရောက်ပြီး အရင်ချပေးလို့လည်း ခဏခဏ ကွန်ပလိန်း တက်ရတယ် … နောက် … အဲ့ဒီဆိုင်မှာ … အဆိုးဆုံးးးးးးးးးးးးးးးးး ကတော့ …
        ” Bill ရှင်းလျှင် အသေးစိတ်ပြန်စစ်ပါ … ” ခဏခဏ မှားတယ် … ဆယ်ခေါက်သွားလျှင် ၈ခေါက်မှားတယ် … တမင်ပဲ မှားရိုက်တာလို့ ထင်ပါတယ် … ။ ပွဲသေးဆို ပွဲကြီးဈေးနဲ့ တွက်တယ် မမှာတဲ့ Juice တွေ ရောတွက်တယ် …၊ အရံဟင်းတွေ အကင်းတွေ ထပ်ပေါင်းတယ် .. တမျိုးမဟုတ်တမျိုး ရောရောပေါင်းတတ်တယ် … တစ်ခါတစ်လေ ရေဗူးပါ ရောတွက်တယ် .. ။ ကျွန်မကတော့ … အဲ့ဒီဆိုင်သွားလျှင် ပိုက်ဆံရှင်းခါနီး သေချာလေး စစ်တယ် … 😛

        ရွှေယုန်လေး …ကြေးအိုးထဲ တီကောင်ပါတယ်ကြားရတော့ … ကိုယ်တောင်ကြေးအိုးစားချင်စိတ်ကုန်သွားတယ် .. 🙄

  • May

    September 12, 2011 at 4:26 pm

    ဆိုင်နံမည်ကြီးတိုင်းကောင်းတာမဟုတ်ဘူးနော်…

  • nozomi

    September 12, 2011 at 4:31 pm

    ဆိုင်ရှင်က ပြောပါဆိုရင်တောင် ပြောဘို့မေ့ချင် မေ့နေဦးမယ်
    အခုလို နာမည်နဲ့တပ်ပြီး ပြောကြတာ အားတော့ အားနာစရာကြီးဗျ 😀

    အဲဒီဆိုင်ကို ဆက်သွယ်မေးကြည့်တော့ သူတို့ဆိုင်မှာ ကြေးအိုးကို ကုန်းနေကြက်၊ဝက်၊
    ရေနေပင်လယ်စာ၊ ကုန်ရေနှစ်သွယ်သတ္တဝါ တွေ နဲ့ ရမယ် လို့ သေချာ ရှင်းပြတော့ ၊ အဲဒီမမလေးတို့ အဖွဲ့ က ထူးထူးဆန်းဆန်း ကုန်ရေနှစ်သွယ် သတ္တဝါနဲ့ စားချင်ပါတယ်လို့ ပြောလို့ လုပ်ပေးတာပါတဲ့၊ အခု လို နာမည်ကျော်အောင် အခမဲ့ကြော်ငြာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့ ၊နောက်တစ်ခါ လာရင် ဒီထက်ကောင်းတာတွေနဲ့ ဧည့်ခံပေးပါမယ်လို့ ပြောပါတယ်

  • moonpoem

    September 12, 2011 at 4:43 pm

    ဟိုတလောကကားကုမ္ပဏီတစ်ခုက သူတို ့ကားစီးရင် ဝန်ဆောင်မှုအနေနဲ ့ကော်ဖီနဲ ့မုန့်တိုက်မယ်ပြောပြီး ပိုက်ဆံတစ်ထောင်တောင်းတာ မကျေနပ်လို ့ ရေးတယ်။ ဒါပေမယ့် နာမည်တော့ ထည့်မပြောလိုက်ဘူး။
    အဲဒီတော့ ကွန်မန် ့တွေ ဝိုင်းပေးကြတယ် မှတ်လောက်သားလောက်ရှိအောင် ကုမ္ပဏီနာမည် ပါ ထည့်ပြောသင့်ပါတယ်တဲ့။ အခု ဒီပို့စ်ကိုရေးတော့ ဘာပဲဖြစ်ဖြစ် ပြုပြင်စရာရှိရင် ပြုပြင်လို့ ရအောင်ဆိုင်နာမည်ထည့်ပြောတော့ အားနာစရာကောင်းပါတယ်လို ့nozomiက ပြောလာတယ်။ကျွန်မသိချင်တာက မီဒီယာဆိုတာ ဘယ်လို နေရာမျိုးတွေမှာ ကွယ်ဝှက်သင့်တာလဲ။ ဘယ်လို ဆို ဖွင့်ချပြောပြသင့်တာလဲ။ ကျွန်မရေးတဲ့ပိုစ့်၂ခုလုံးကတော့ အတူတူပဲ ထင်ပါတယ်။ ကျွန်မတကယ်နားမလည်လို ့မေးကြည့်တာပါ။

    • nozomi

      September 12, 2011 at 4:54 pm

      ခက်တော့တာပဲ ဒီ လမင်းကဗျာ နဲ့ တော့
      တားမြစ်တာ မဟုတ်ပါဘူး သက်ဆိုင်ရာ ဆိုင်ရော တခြားဆိုင်တွေပါ ဆင်ခြင်နိုင်မှာမို့
      အားပေးတာ ၊ အားပေးတာ (တည့်တော့ မဟုတ်ဘူးပေါ့ ဗျာ)

      • moonpoem

        September 13, 2011 at 4:26 pm

        ဪ အဲဒီလိုလား တကယ်နားမလည်လို ့ မေးတာပါ nozomi ရယ်။

  • manawphyulay

    September 12, 2011 at 4:51 pm

    YKKO ကတော့ နေရာတိုင်းက ဆိုင်တိုင်းက ကြာတတ်တာ အကျင့်လိုဖြစ်နေပါပြီ။ ပြီးရင် ဘာမေးမေး မရှိတာ များနေတယ်။ မနောကတော့ ပိုက်ပိုက်မရှိတာရယ်…. ကြေးအိုးမကြိုက်တာရယ်ကြောင့်သိပ်မစားဖြစ်တော့ပါဘူး။ သွားစားရင်လည်း စောင့်ရတာနဲ့ ဝိတ်တာခေါ်ရတာ အာပေါက်တာနဲ့ အစာအိမ်ဖြစ်မှာတောင်စိုးရပါတယ်။ အရင်တုန်းက လှည်းတန်းနားက ဆိုင်တစ်ဆိုင်ဆို ကြေးအိုးမှာ ဆေးခြောက်တောင်ထည့်ချက်တာ။ သူငယ်ချင်းတစ်ယောက် စားမိလို့ ပြန်တော့ တစ်လမ်းလုံးရယ်နေတာ မရပ်တော့ဘူးလေ။

  • မောင်ဘလိူင်

    September 12, 2011 at 5:08 pm

    ရွှေယုန်လေးက ကြေးအိုးကတော့ ရန်ကင်းကြေးအိုးထက်
    ကောင်းတာတော့ သေချာပါတယ်(ကျွန်တော့် အထင်)။ကျွန်တော်စားဖြစ်တာကတော့
    ကြို့ကုန်းက ရွှေယုန်လေးပါ။သန့်တယ်ထင်တာပဲ..။
    ခု မလကဗျာ က ဘယ်သူ့မှ မပြောပါဘူး မန်းလေးဂေဇက်မှာပဲ
    တင်လိုက်တာပါ… 🙂

    • ပေါက်ဖော်

      September 12, 2011 at 8:04 pm

      ကြေးအိုးထဲမှာတော့ ရွှေယုန်လေးကို အကြိုက်ဆုံးဘဲ 😀
      ဒါပေမဲ့..
      ခုလိုကြီးကြားရတော့.. တစ်ညိုးကြီးပဲ….
      စားချင်စိတ်ပျောက်သွားဘီ..ဂယ်ပဲ.. (ပိုက်ချံလဲ မချိပါဝူး..စားချင်ရင် 😛 )

  • Shwe Ei

    September 12, 2011 at 5:12 pm

    ၃၈ လမ်းကYKKO မှာတော့ ပွဲသေးမရောင်းဘူး ပွဲကြီးဘဲရောင်းတယ်တဲ့။ လာချလို့ကြည့်လိုက်တော့ နည်းလိုက်တာ ပွဲကြီးနဲ့ ပွဲသေးမှားလာသလားမှတ်ရတယ်။ ပေးလိုက်ရတော့ ကြက်ကြေးအိုးဆီချက် တပွဲကို ၃၇၀၀။ တခါတည်းအန်ထွက်ချင်သွားတယ်။:P

    • etone

      September 13, 2011 at 10:07 am

      38 လမ်းမှာ ကြေးအိုးဆိုင်ခွဲ ထပ်ဖွင့်တာလားဟင် ..သိတောင် မသိလိုက်ဘူး 😛

      • Shwe Ei

        September 13, 2011 at 12:46 pm

        38လမ်းလား၊ ဆိပ်ကမ်းသာလမ်းလား သေချာမသိဘူး etone ရေ။ ဇော်မိတ်တူ ရှိတဲ့ဘလောက်ပဲ။

  • Shwe Ei

    September 12, 2011 at 5:16 pm

    ပီးတော့ရှိသေးတယ်။ ပင်လယ်စာကြေးအိုးတဲ့ ပုဇွန်တမြီးနဲ့ ရေဘဝဲပိစိကွေးတကောင် (YKKO ၃၈လမ်းဘဲနော် ) စိတ်ကိုပျက်ရော။

  • Shwe Ei

    September 12, 2011 at 5:19 pm

    အော် မေ့လို့။ တီကောင်ဆိုတာ ပူတဲ့အရည်ထဲရောက်သွားရင် အရည်ပျော်သွားတယ်မဟုတ်ဘူးလား။ 🙁

  • good

    September 12, 2011 at 5:30 pm

    YKKO ကော ရွှေယုန်လေး ကြေးအိုးဆိုင် နှစ်ဆိုင်လုံးဟာ အဆင့်အတန်း ရှိတဲ့ ဆိုင်တွေ ကြီးပါပဲ။
    YKKO မှာ ဖြစ်တဲ့ ကိစ္စ ကတော့ ဆိုင်တော်တော် များများ မှာ ဖြစ်လေ့ ရှိပေမဲ့ customer ကို အခု လိုမျိုးထိ ချေးများလို့ ဆိုပြီး ပြန်ပြောတာတော့ မဖြစ်သင့် ဘူး။ head waiter မှာ လည်း မျက်မြင် ဖြစ်နေ သလို အဓိ တာဝန်ရှိသူပဲ။ customer care တော့ respond လာသင့် တယ်။
    တီကောင် ရော သရေပင် ပါ ပါတဲ့ ရွှေယုန်လေးကို တော့ လုံးဝ လေးစား တယ်။ ဝိုင်းဆီမှာတောင် အဲလောက် ဖြစ်နေရင် အနောက်မှာ (ပြင်ဆင်ချက်ပြုတ်သည့် နေရာ) ဘယ်လောက်ဖြစ်နေမလဲ မသိဘူးနော်။

  • hmee

    September 12, 2011 at 5:30 pm

    သမီးကတော့ ဒီလိုပဲ ကော်စားလိုက်တယ် အဲ..ဟုတ်ပါဘူး အိမ်မှာပဲ ချက်စားတယ်။ သန့်သန့်လေး စိတ်တိုင်းကျ ချက်စားချင်သူများ နည်းသိချင်ပါသလား။ သိချင်သူများရှိရင် ပြောပြမယ် လွယ်မှလွယ် မသန့်မှာတော့မပူနဲ့ ကိုယ့်စိတ်ကြိုက်ကိုးလို့။

    • pan pan

      September 14, 2011 at 3:21 pm

      တကယ်လား မကြီးမှီ
      ကျွန်မတော့ ဒံပေါက်တို့ ဟော့ပေါ့တို့လောက်ပဲချက်တတ်တာ
      ကြေးအိုးတော့ အရမ်းကြိုက်ပေမယ့် မချက်တတ်သေးဘူး
      အဆင်သင့်ရင် နည်းလေးပေးပါဦးနော် 🙂

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 12, 2011 at 5:34 pm

    အေးပေါ့ကွာ တီကောင်ရော၊သားရေကွင်းပါ စေတနာဗလပွနဲ ့ထည့်ချက်ပေတဲ့ဆိုင်မှာ နောက်တခါထပ်သွားမစာတော့နဲ ့ပေါ့။ဒါလေးများ

  • ဆူး

    September 12, 2011 at 7:57 pm

    ရွှေယုန်လေး ဆိုင်နားက အိမ်ကို လွန်ခဲ့တဲ့ ၁ဝနှစ်လောက်တုန်းက ခဏခဏ ရောက်ဖူးတယ်။ ကျောင်းပရောဂျက်အတွက် ကြိုးစားလုံးပန်းနေရတဲ့ အချိန်ပေါ့…
    အဲဒီတုန်းက ရွှေယုန်လေးက အခုလောက် မသားနားသေးဘူး။
    အခုတော့ တော်တော် သားနားနေပြီ။ အရင်စားတုန်းကတော့ ဗိုက်ဆာရင် အဲဒီဆိုင်ဘက်ကိုပဲ ထွက်ထွက်စားရတာ ကောင်းပါတယ်။
    လူတွေ ကြည့်ရတာ ညစ်ညစ်ပတ်ပတ်လည်း မဟုတ်ဘူး။
    အခု ဘယ်လို ဖြစ်တာလဲတော့မသိဘူး။ တော်တော် အံဩဖို့ကောင်းတယ်။ ဒါဆို ကြေးအိုး အလကားစားခဲ့ရမှာပေါ့.. ပိုက်ဆံတော့ ယူမယ် မထင်တော့ဘူး။

  • fatty

    September 12, 2011 at 8:36 pm

    ဒါမျိုးကိုမှ သတင်းလို့ခေါ်တာပေါ့ဗျာ … ဘာမှအားနာနေစရာမလိုဘူး
    အဲဒီတုန်းက ဖုန်း ကင်မရာလေးဘာလေးမပါဘူးလား တခါထဲရိုက်ယူခဲ့ပြီး local journal တစ်စောင်စောင်
    မှာ အရင်ထည့်လိုက်လဲရတယ်။ မြန်မာတွေရဲ့အားနာတတ်တာ( မလိုအပ်ဘဲ ) တွေ ပြင်ဘို့ကောင်းပြီ။
    အစားအသောက်မှာတယ် ဆံပင်ချည်ပါလာလည်း အားနာပြီးဘာမှမပြောဘူး ဖယ်ပြီးစားလိုက်တာဘဲ။
    ကိုယ်ကချိုပေါ့မှာတယ် လာချတော့ ချိုဆိမ့်လာချတယ် … မထူးပါဘူးလေဆိုပြီးသောက်လိုက်ရတယ်။
    အဲလိုမျိုးပေါ့ … အမှန်တော့ complaint လုပ်ပေးမှ သူတို့ကလေးစားလာမယ်။ တခါတလေများ
    ကိုယ်က စားပွဲရဲ့ ဘယ်ဘက်အစွန်းမှာထိုင်နေတယ် စားပွဲထိုးက ညာဖက်အစွန်းချပြီး ကိုယ့်တောင်လှည့်မကြည့်ဘူး နောက်ပြန် ချသွားတယ်။ အဲလိုတွေမဖြစ်သင့်ဘူးလေ နောက်ဆို
    international service တွေ ပေးရတော့မှာမဟုတ်လား …။

    • etone

      September 13, 2011 at 10:10 am

      လေးဖက်ရေ … ဒီနိုင်ငံမှာက လူမုန်းခံပြီး ကွန်ပလိန်းတတ်တဲ့လူနည်းတယ် … ။ မခံနိုင်လို့ ကွန်ပလိန်းတတ်လျှင်တောင် ကျွန်မတို့ကို လူထူးဆန်းလို ဝိုင်းကြည့်နေတာ .. အတော်များများ ဒီဒဏ်ခံရမှာ စိုးလို့ ဆံပင်ပါလည်းဖယ်စားလိုက်ကြတာပဲ .. ကိုယ်တွေကတော့ ရွံပါရဲ့ …. ။ 🙄
      ပေးရတဲ့ ပိုက်ဆံနဲ့တန်အောင် ဝန်ဆောင်မှူနဲ့ သန့်သန့်ရှင်းရှင်းဖြစ်သင့်တယ် … ။

  • windtalker

    September 12, 2011 at 8:37 pm

    ကြားရ မသက်သာပါကလား နော်
    ကြေးအိုး + တီကောင်
    ကြေးအိုး + ဆံပင်မွှေး

    • mgmglusoe

      September 12, 2011 at 8:50 pm

      အင်း….. စားရမှာတောင် ခပ်လန့်လန့် ဖြစ်သွားပြီ… တစ်ခါတော့ ကြားဖူးလိုက်တယ်ဗျ… အိမ်မြှောင်တစ်ကောင်
      ပါလာတယ် ဆိုလား…. အော့… တွေးမိတော့ အန်ချင်သလိုလို…. :mrgreen:

  • cobra

    September 12, 2011 at 9:50 pm

    သူတို့ကစေတနာနဲ ့ထည့်ပေးတာပါ။
    ကျွန်တော်တော့ကြေးအိုးမစားတော့ဘူး။

  • Atom

    September 12, 2011 at 10:26 pm

    ဆိုင်နာမည် ထည့် ပြောတာ အားနာ စရာ မဟုတ်ပါဘူး။ အမှန် အတိုင်းဖြစ်ဖို ့ပဲ လိုတယ်။ ဒါမှ နောက် သွားစားမယ့်သူ တွေလဲ သိ သွားတာပေါ့။ ဓါတ်ပုံ လေး ရိုက်ပြီးတင်လိုက်ရင် တော့ ကောင်းမယ်။

  • pan pan

    September 13, 2011 at 8:38 am

    mgmglusoeပြောတဲ့ အိမ်မြောင်ပါလာတယ်ဆိုတာ တကယ်ရှင့်
    ကျွန်မအသိအစ်မနှစ်ယောက် ရန်ကင်းကြေးအိုးပါဆယ်ဝယ်လာတာ
    အိမ်ရောက်တော့ ပန်းကန်ထဲထည့်ရင်း အိမ်မြောင်တွေ့တယ်တဲ့
    အဲဒီကတည်းက ရန်ကင်းကြေးအိုး မစားရဲတော့ဘူးဆိုပဲ
    လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်ကပါ

  • ကြောင်ကြီး

    September 13, 2011 at 10:02 am

    ဟွန်း..ငါတို့က စေတနာနဲ့ အပိုလည်း ထည့်ပေးရသေးတယ်။ နောက်တခါကြရင် မျက်စိနဲ့ မမြင်နိုင်တာ ထည့်ပေးလိုက်မယ်။ ငန်ကျိကျိနဲ့ ကောင်းမှကောင်း….

  • zawmaung

    September 13, 2011 at 10:11 am

    I did not go to YKKO due to their very poor and unfriendly service . Since they have so many customers , they don’t care . I wonder why still so many customers too .

  • နွယ်ပင်

    September 13, 2011 at 10:21 am

    ရွှေယုန်လေး ကြေးအိုးဆို အရမ်းကြိုက်ပဲ
    တစ်ခြားဘယ်ဆိုင်မှာ စားစား ရွေယုန်လေး လောက်မကောင်းဘူးကိုထင်တယ်
    ကြေးအိုး စားတိုင်းလဲ ရွှေယုန်လေးမှာပဲ စားဖြစ်တာများတယ်
    အခုတော့ စဉ်းစားရတော့မယ် .. 🙁

  • စုံ စုံ

    September 13, 2011 at 10:55 am

    ykko ကအရင်ကမိသားစုပိုင်လုပ်ငန်းပါ
    အစ်မကြီးကဦးဆောင်ပြီးဆိုင်ဖွင့်ခဲ့တာ နောက်ပိုင်းအောင်မြင်လာတော့
    အစုရှယ်ယာတွေခေါ်ပြီး ကုမ္ပဏီပုံစံနဲ့အုပ်ချုပ်မှုပြောင်းခဲ့တယ်လို့သိရတယ်
    ykko မှာစားတိုင်းစောင့်ရတာတော့ထုံးစံလိုဖြစ်နေတယ်
    ဒါပေမယ့်ဒီလိုဆက်ဆံရေးညံ့တာမျိုးတော့တခါမှမကြုံဘူးသေးဘူး
    ကြုံလာရင်လဲအားနာစရာမလိုဘူး မန်နေဂျာနဲ့တိုက်ရိုက်တိုင်လို့ရတယ်
    မန်နေဂျာနဲ့တိုင်လို့မှ စိတ်ကျေနပ်မှုမရရင်အထက်လူကြီးအထိအဆင့်ဆင့်
    တိုင်လို့ရပါတယ် သူတို့စားသုံးသူကိုကျေနပ်အောင်ဖြေရှင်းပေးပါလိမ့်မယ်
    ရွှေယုန်လေးကတော့တခါမှမစားဘူးလို့မသိဘူး

  • မှော်ဆရာ

    September 13, 2011 at 11:54 am

    ခက်လိုက်ကြတာနော် …
    ကြေးအိုးမကြိုက်ရင် မသောက်ချင်တော့ရင်လဲ ပြောမနေနဲ့တော့လေ
    နောက်တစ်ခါ ဒန်အိုး ဖြစ်ဖြစ် သံအိုး ဖြစ်ဖြစ် ပြောင်းသောက်….

  • chitlay

    September 13, 2011 at 2:11 pm

    ဆိုင်နာမည်တွေပါ ထည့်ရေးထားတော့ နောက်ဆို ရှောင်လို့ရတာပေါ့။ ဆိုင်အပြင်အဆင်ကတော့ ပြင်ထားတာ သန့်ပါရဲ့ … ရောင်းတဲ့ အစားအသောက်က သန့်ရှင်းမှုမရှိရင် နောက်ဘယ်သူမှ လာစားတော့မှာ မဟုတ်ဘူး။ YKKO ကြေးအိုးထက် ရွှေယုန်လေး ကြေးအိုးကို ပိုကြိုက်တဲ့ ကျွန်မ စားတောင်မစားရဲတော့ဘူး။ တော်ပြီ နောက်ဆို ဘယ်ကြေးအိုးမှမစားတော့ဘူး ..

  • moethidasoe

    September 13, 2011 at 4:42 pm

    ဒါတောင် ရှင်တို့က ရင်ခွဲရုံက ကလီစာတွေ မစားခဲ့ဘူးသေးလို့နော်
    အခု စားရတဲ့ အသားလုံးတွေက အရော ပါ မပါ .. ဘယ်သူ သိလို့ တုန်း
    နောက်ပြီး ဘယ်နှရက်က အသားတွေကို freezer ထဲ ထည့်ထားတာလဲ ဆိုတာ သိလို့တုန်း
    တီကောင်များ နုတ်နုတ်စဉ်းထားရင် သိမှာ မို့လို့လား
    တို့ ဗိုက်ထဲမှာတော့ အတော်များများ ရောက်ခဲ့ပြီးပြီလို့ ထင်ပါတယ်
    အားလုံး ဗိုက်ထဲမှာလဲ ရောက်ခဲ့ကြမှာပါ ..
    အခုမှ အကောင်လိုက် တွေ့ကြလို့ပါ
    မရွံကြပါနဲ့ လူဆိုတာ အစုံစား သတ္တဝါပါ ..
    fear factor များ ကြည့်ဖူးကြသလား .. အောင်မယ်လေး စားနေလိုက်ကြတာ သစ်သီးပိုးတွေ .. တီကောင်တွေ .. ပက်ပက်စက်စက်

    • kai

      September 14, 2011 at 2:59 pm

      မြန်မာပြည်… ကြေးအိုးဆိုင်တွေရဲ့.. ဝက်သားအပါအဝင်.ကိုယ်တွင်းကလီစာတွေဖြုန်းအား(စားနှုန်း)နဲ့… ဝက်အကောင်ဘလောင်တွေ.. စားဖို့အတွက်… သတ်နှုန်း(ပေါ်နှုန်း) တခါမှအချိုးချမစဉ်းစားမိဖူးဘူး..။

      ဆိုတော့…
      ဝက်မဟုတ်လောက်ဖူးနော..။ အင်း.. ဝက်ချည်းပဲ..မဟုတ်လောက်ဖူး…။

      ( နာမယ်အကြိးဆုံးဆိုင်ရှေ့လက်ဖက်ရည်ဆိုင်မှာထိုင်.. ကောင့်တာလေးတခုကိုင်ပြိး.. တညနေရဲ့ လူအဝင်အထွက်ကို.. တွက်.. တရက်ကြေးအိုးရောင်းနှုန်းခန့်မှန်း… မနက်စောစော.. ပစ္စည်းလာပို့တဲ့.ကားနောက်ပြန်လိုက်… စသဖြင့်..
      အဲဒါတွေကိူ.. မီးခိုးကြွက်လျှောက်.. အရင်းအမြစ်အထိ… သတင်းလိုက်နိုင်သူရှိရင်.. သတင်းဝယ်ချင်သလိုလိုတောင်… ဖြစ်လာပြီ… ။ )
      ဒန်တန်တန်..။

  • surmi

    September 13, 2011 at 11:25 pm

    ကြေး အိုး ကြိုက် သော မိတ် ဆွေ များ ယူဂျီး နီးယားကိုသွားကြပါ။ ဆားဗစ်မဆိုး ၊ဈေး သင့်၊ အချို မှုန် ့မပါ၊ အရသာကောင်း ။ (ကျွန် တော ့ ဆိုင်မဟုတ်ပါ။)

  • nightmare

    September 14, 2011 at 10:31 am

    YKKO ရဲ့အရသာက တော့ကောင်းပါတယ် Service မှာပြင်လိုက်ရင်ကောင်းသွားမှာပါ
    စားပြီးရင် အဆင်မပြေတာရှိရင် Comment ပေးလို့ရအောင်လဲ စိစဉ်းထားတော့ ကျွန်တော်ကတော့မကျေနပ်တာရှိရင် Comment ပေးလိုက်တယ် နောက်ပြီး သူတို့ပြင်ပြီးသွားရင်လဲ ကျွန်တော်ကို phone ဆက်ပြောသေးတယ်…Service ပြင်လိုက်ရင်တော့ကောင်းသွားမှာပါ

  • taungpawthar

    September 14, 2011 at 11:14 am

    ဆရာစံလမ်းကဆိုင်မှာတော့စားနေကျပဲ စားတိုင်းတော့အဆင်ပြေပါတယ်
    caffee ss ကတော့စားလို ့ကောင်းပေမယ့်အသားချည်းမဟုတ်ပဲ တခြားအမှုန် ့တွေနဲ ့ရောပြီးလုပ်ထားတော့ တမျိုးပဲ

  • zawmaung

    September 14, 2011 at 11:22 am

    “ဒါတောင် ရှင်တို့က ရင်ခွဲရုံက ကလီစာတွေ မစားခဲ့ဘူးသေးလို့နော်”
    ကြားဘူး ကြပါလား ? ပြန်ပြောပြပါဦး ။ လွန်ခဲ့သော အနှစ်သုံးဆယ် ကဖြစ်ခဲ့တာပါ။

  • chitsu

    September 15, 2011 at 2:23 pm

    ကြေးအိုးတော.ကြိုက်ပါတယ်…………..မသန်.ရင်တော.ဘယ်သူမဆိုစားချင်မှာမဟုတ်ပါဘူးနော်
    ဆိုင်တစ်ခုကနာမည်ကြီးလာတာနဲ.ခိုတော.တာပဲ.(ဆိုင်တော်တော်များများကိုပြောတာပါ)ဆိုင်တိုင်းတော.မဟုတ်ပါဘူး
    ဝန်းထမ်းတွေကလည်းလိုတာလည်းပါတာပေါ.၊။သေချာကြီးကြပ်မယ်.သူမရှိရင်ပေါ.လျော.နေသွားတတ်ပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:37 pm

    အွန့်…ကြေးအိုးသောက်ရမှာတောင်…
    စိတ်မသန့်ပြီ…………
    ဝန်ဆောင်မှုလေး ကောင်းဖို့လိုပြီပေါ့နော်….။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:39 pm

    ကြေးအိုး ကြေးအိုးဆိုတာ…
    အိုးနဲ့ ချက်ထားတဲ့ ဟင်းရည်ကို…
    ကြေးပေးပြီး သောက်ရတာ…
    အဲ့ဒါကို ကြေးအိုးလို့ ခေါ်တယ်…
    မသိရင်မှတ်ထား….ဟီးဟီးးးးးးးးးးး

  • mayjuly

    July 13, 2012 at 4:50 pm

    ကြုံလို့ ပြောလိုက်အုံးမယ်..ရေခဲမုန့် စားတာတောင် ခွက်ထဲမှာအိမ်မြှောင်ပါတယ်တော့…

    မသိဘူးစားနေတာ …ကုန်ခါနီးမှ အမှီးထွက်လာတယ် ..ဟိဟိ ပြောရင်းနဲ့ ကြက်သီးတောင်ထတယ်..

    ဘယ်တော့မှ ရေခဲမုန့်မစားတော့ ဘူးးး…

    ခွက်ထဲကို အိမ်မြှောင်ကဝင်နေတာကို မကြည့်ပဲနဲ့ ထည့်လိုက်တာနေမှာ …

    အရှင်လေးနော် … ရေခဲရိုက်ပီးသားလေး 😛

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:53 pm

    အဲ..တစ်ကယ်ကြီး…
    အငမ်းမရစားတာကိုးလို့….
    နောက်ဆိုရင် သတိထားပေါ့…။

Leave a Reply