“ဗဟုသုတ ရမယ်ထင်လို့ပါ”

maung hninkharrSeptember 12, 20111min1429

                                               “မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။

Q – “တိရစာ္ဆန်တွေထဲမှာ အသိဉာဏ်အနည်းဆုံးသတ္တဝါလို့ သိပ္ပံပညာရှင်တွေက သတ်မှတ်ထားတာ ဘာအကောင်လဲ”

A – “ကြက်ဆင်ပါ . . . မိုးရွာချလို့ တစ်ကောင်လုံး စိုုနေရင်တောင် မိုးလွတ်တဲ့နေရာခိုဖို့ ဗီဇအသိဉာဏ် မပါလို့ပါပဲ . . .”

 

Q – “လူတော်တော်များများက ဒီဇင်ဘာ ၂၅ ရက်နေ့ကို သခင်ယေရှုရဲ့မွေးေနေ့လို့ ပြောကြတယ်။ ဒါပေမယ့် ဂန္ဓာရီကျမ်းတစ်အုပ်ထဲမှာကျတော့

ယေရှုကို မွေးတာ မေလထဲမှာ ဖြစ်နေတယ်။ ဘာဖြစ်လို့အဲ့ဒီလို ကွဲလွဲနေတာလဲ”

A – “ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုတွေ တစ်ခုနဲ့တစ်ခု ရောနှောပေါင်းစပ်သွားလို့ပါ၊ တကယ်တော့ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်တော် မတိုင်ခင်  ကိုးကွယ်ခဲ့ကြတဲ့

‘မစ်သရာ’ နတ်ဘုရားရဲ့ မွေးနေ့ပါ၊ မစ်သရာ နတ်ဘုရားဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မွေးတယ်၊ သေတော့လည်း ဒီဇင်ဘာ ၂၅ ရက်နေ့မှာပဲ

သေတယ်လို့ယုံကြည်ကြပါတယ်၊ မစ်သရာဟာ သေပြီးတဲ့နောက် ကျောက်ဂူထဲမှာ အလောင်းကို ပိတ်လှောင်ခံထားရပြီး သုံးရက်မြောက်မှာ ရှင်ပြန်ထမြောက်တယ်”

 

Q – “ဝေသန ္တရာဇာတ်ကို ဗုဒ္ဓဟာ ဘယ်အချိန် ဘယ်နေရာမှာ ဟောခဲ့တာလဲ”

A – “ ကဆုန်လဆုတ် (၁) ရက်၊ အင်္ဂါနေ့ပါ နေရာကတော့ နိဂြောဓာရုံကျောင်းတိုက်မှာပါ”

 

Q – “အိမ်သာကို အင်္ဂလိပ်ဝေါဟာရနဲ့ ဘယ်နှစ်မျိုးလောက် အခေါ်အဝေါ်ရှိသလဲ”

A – “(၁)Toilet (၂)Latrine (၃)Lavatory (၄)Bog (၅)Necessary house (၆)Bathroom (၇)Cloakroom (၈)Outhouse (၉)Powder room (၁၀)Privy

(၁၁)Urinal   (၁၂)Garderobe (၁၃)Sewer (၁၄)Public convenience (၁၅)Wash room (၁၆)Water closet (၁၇)Wc (၁၈)Loo (၁၉)Smallest room

(၂၀)Earth closet(၂၁)Netty”

 

Q – “ဂူပြောက်ကြီးကို တည်တဲ့ ရာဇကုမာရဟာ ဘယ်သူလဲ”

A – “စောလူးမင်း နဲ့ မဏိစန္ဒာရဲ့သားဖြစ်မယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်၊ ပါးစပ်ရာဇဝင် ထဲမှာတော့ ကျန်စစ်သားနဲ့ သမ ္ဘူလ တို့ရဲ့

သားဖြစ်တယ်လို့   အတော်များများက ယုံကြည်နေကြတုန်းပါပဲ”

 

Q – “အနောက်တိုင်း လောကီပညာရှင်တွေက (၁၃) ရက်နေ့ သောကြာနေ့ကို ကြောက်ရွံ့ကြတာ ဘာဖြစ်လို့လဲ”

A – “ဆော်လမွန်ဝတ်ကျောင်းတော်ထဲက ယေရှုခရစ်ရဲ့ သိုဝှက်သိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်စောင့်ရှောက်တဲ့အဖွဲ့ရှိပါတယ်၊

သူတို့ကို  ဝတ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ(Knights Templar) လို့ခေါ်တယ်။ သူတို့ဟာ ဘုရားကျောင်းပျက်ထဲက မြင်းဇောင်းမှာ အခြေချပြီး

မြင့်မြတ်တဲ့မြေကို ကာကွယ်ကြတယ်။ နောက်ပိုင်းမှာ စတုတ္ထမြောက် ဖိလစ်ဘုရင်ဟာ သူတို့ကို သတ်မိန့်ထုတ်ပြန်ပြီး ၁၃၀ရ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်

သောကြာနေ့မှာ တိုက်ခိုက်မီးရှို့ သတ်ဖြတ်ခဲ့တယ်၊ အဲ့ဒီကနေပြီးတော့မှ (၁၃) ရက် သောကြာနေ့ဟာ ကံမကောင်းဘူးဆိုတဲ့ အယူအဆ ပေါ်လာတာပါပဲ”

 

Q – “ကြက်ဥထဲက ကြက်ကလေးဟာ ဥမပေါက်ခင်မှာ လေကို ဘယ်လိုရှုသလဲ”

A – “လေဟာ ဥခွံကို ဖြတ်သန်းပြီး အထဲကို စီမ့်ဝင်ပါတယ်။”

 

Q – “ဇာတ်ကြီးဆယ်ဘွဲ့မှာပါတဲ့ မဟောသဓာဟာ ဘာလူမျိုးလဲ”

A – “တရုတ်လူမျိုး”

‘မင်းခိုက်စိုးစံ’ ရဲ့ ‘သူရဲဘောကြောင်တဲ့လူညံ့’ စာအုပ်မှ ထုတ်နုတ်တင်ပြထားပါသည်။

9 comments

  • ကြောင်ကြီး

    September 13, 2011 at 10:53 am

    အိမ်သာကို men’s room, ladies’ room လို့လည်း အများခေါ်ပါတယ်။

  • lusoegyikoko

    September 13, 2011 at 11:16 am

    အားလုံးဟာအမှန်တွေပါလို့ ယုံကြည်တယ်ပေါ့

  • etone

    September 13, 2011 at 11:32 am

    ဖတ်ရတာ ဗဟုသုတအတော်ရပါတယ် … ။
    သေပြီး သုံးရက်မှာ ဂူထဲကရှင်သန်လွတ်မြောက်သွားတယ်ဆိုတာတော့ … (သိပ်)သဘောမကျဘူး .. သို့သော်လည်း တခြား ဘာသာရေးမို့ .. ရှိစေတော့ ရှိစေတော့ .. 🙄
    အိမ်သာကို ခေါ်တဲ့ အသုံးနှုံးတွေ အများကြီးမို့ မှတ်သားထားလိုက်ရပါတယ် … ။
    ရာဇဝင်မှာ လူတွေ ဆင့်ကဲ ဆင့်ကဲ အမှားတွေ မှတ်သားမိတာ … ရယ်စရာတစ်ခုအနေနဲ့ ဖတ်လိုက်ရပါတယ် .. ။ 🙂
    13 ရက်နေ့ကိုလည်း သူတို့လူမျိုးတွေ ကြောက်ကြတာ တကယ်တမ်း အဓိပါ္ပယ်မရှိဘူးလို့ ထင်တယ် .. ဒါဆို 13ရက်မွေးတဲ့လူတွေကျတော့ရော .. ကံမကောင်းတဲ့ လူတွေလား … 😀
    သူများတွေ ဘယ်လိုပြောပြော ဆယ့်သုံးနဲ့ ပတ်သတ်တဲ့ အခါ ကျွန်မက ကံကောင်းတယ်လေ … (ကျောင်းတတ်တုန်းက ) ဖဲခိုးရိုက်လျှင် 13 ကျလို့ကတော ့21 ဖြစ်ပြီးသားပဲ … ။
    တခြား ကိစ္စတွေမှာလည်း .. အယူမရှိလို့လား မသိဘူး 13ဆိုလည်း လုပ်ငန်းအဆင်ပြေတာပဲ …။
    တိုက်တိုက်ဆိုင်ဆိုင် … ကျွန်မ ချစ်သူရဲ့ မွေးရက်က 13 ရက်နေ့ပါ … ။ ကဲ ကြည့် … 13နဲ့ ဘယ်လောက်တောင် ကံစပ်သလဲ 🙄

  • မီးမီး သော်

    September 13, 2011 at 1:21 pm

    မောင်နှင်းခါးရေ ရာဇကုမာရ်ရ က ကျန်စစ်သားရဲ ့သားတော်လေ။ရာဇကုမာရ်ကျောက်စာက သက်သေမဟုတ်ဘူးလား။ရှင်းပြပေးပါဦးနော့။

  • Shwe Ei

    September 13, 2011 at 2:15 pm

    ဖတ်ရတာ ဗဟုသုတ တကယ်ရပါတယ်ဗျာ။ အိမ်သာအကြောင်း ဖတ်မိလို့ သတိရတာတခုပြောအုံးမယ်။ ကျွန်မတို့ရုံးက ကားမောင်းတဲ့အကိုကြီး ဖော်ရိန်နာ ကို လေဆိပ်သွားကြိုတာ၊ လေယာဉ်မဆင်းလာခင် အိမ်သာခဏဝင်တုန်း သူကြိုရမဲ့မိန်းမက ရောက်လာရော။ဟိုက စောင့်နေရလို့စိတ်မဆိုးဘူး၊ ဘယ်သွားလဲမေးလိုက်လို့ Rest Room သွားတယ်လဲဖြေမိရော ပေါက်ကွဲပါလေရော။ လေယာဉ် အဆင်းမစောင့်ဘဲတောင် အနားယူရသလားဆိုပီး။ ပစောက်တွေဆိုတော့ ဘာမှမရှင်းပြနိုင်ခင် ဆဲဖို့အရင်ဘဲ။ အဲလိုကို stupid ဖြစ်ကြတာ။

  • manawphyulay

    September 13, 2011 at 2:19 pm

    အင်း ဗဟုသုတတော့ ရပါတယ်။ မင်းခိုက်စိုးစန်လည်း ဘာစာအုပ်ထဲက ကိုးကားချက်လည်း မသိဘူးနော်…

  • cobra

    September 13, 2011 at 2:43 pm

    တကယ်ဆိုရင်တော့
    ဗဟုသုတရပါတယ်…။
    မဟုတ်ရင်တော့အမှတ်မှားနေလိမ့်မယ်။
    မဟော်သဓာကဗမာမဟုတ်ဘူးပေါ့။

  • “ဘီလူးကြီး”ogre

    September 13, 2011 at 5:22 pm

    မဟော်သဓာက
    “တရုတ်”ဆိုတာကြီး ကဟုတ်ပါ့မလာဗျ ဗာရာဏသီမှာမွေးတာဆိုဗျ
    ပက္ကုသ /ကာမိန္ဒ/ဒေဝန္ဒ/နောက်အမတ်တစ်ယောက်နာမည်မေ့နေတယ်ဗျာ
    သူတို့ဝိုင်းခြောက်တွန်းတဲ့ ပုဂ္ဂိုလ် မှတ်လားဗျ…..နည်းနည်းစဉ်းစားကြပါအုံး..။။။။
    ကျုပ်ပြောတာမှားနေမှာလဲစိုးပါတယ်..ဇာတ်တော်ကြီးဆယ်ဘွဲ့သိတဲ့သူများပြောကြပါအုံး

Leave a Reply