တိတ်တခိုးအချစ်

ချစ်လိုက်တော့လည်း သည်းသည်းလှုပ်
နှုတ်ခမ်း က ကျိန်စာတွေလည်း ပြယ်ပျက်လို့၊
လမ်းဘေးက အပင်တွေတောင်
အဖူးတွေ အပွင့်တွေ နဲ့လှလို့ ပလို့၊
အပြာရောင်တွေတောင် အနီတွေအဖြစ်ကိုပြောင်း
မိုးရွာမယ်ဆိုတာ ကိုသိလျက်နဲ့
နှလုံးသား ကို နေထုတ်လှမ်းခဲ့တယ်။    ။

ဖြူလျော့လျော့ အိပ်မက်တွေ ထဲ က မြေနီလမ်းရယ်
ကန္တာရ လေနှီကြမ်းနဲ့ အတူ
ရွာနေတဲ့မိုး က မီးကိုတောင် ရှင်သန်စေခဲ့တယ်။   ။

အကြင်နာတွေ ရင်ခုံလက်စ နှလုံးသား
ပန်းတစ်ပွင့်ရဲ့ ဒဏ္ဏာရီ အဆုံးမှာ
ကိုယ့်အိပ်မက်နဲ့ ကိုယ် ပဲ
ဝါးလုံးခေါင်းထဲ လ သာတော့မယ်….။     ။

6 comments

  • ပေါက်ဖော်

    September 12, 2011 at 8:16 pm

    ရေချမ်း..
    လေရမ်း..
    အသေကြမ်း..
    ရေလည်လန်း..အဟမ်း.ဟမ်း..( ရေးရင်းလေဖျန်းသွားတော့မလို ့..တော်သေး.. )

    • မောင်ရေချမ်း

      September 12, 2011 at 8:31 pm

      အဟဲ…ပေါက်ဖော် လည်း လျှောက်မအော်နဲ့ အမြှောက်ဆော် လို့ အပေါက်ချော်နေဦးမဟ… 😀

  • mgmglusoe

    September 12, 2011 at 9:03 pm

    ဟိုက်. !!! အပေါက်ချော် လည်း လျှောက်အော်ဆဲ ပါပဲ တဲ့….
    မောင်ရေချမ်းကတော့ အသေလန်း ပါပဲ တဲ့… :mrgreen:

  • manawphyulay

    September 13, 2011 at 11:54 am

    အင်း ဘဝကလည်း ဝါးလုံးခေါင်းထဲပဲ လသာရတော့မယ့် အဖြစ်တွေပါပဲမဟုတ်လား… 😛

  • မီးမီး သော်

    September 13, 2011 at 12:26 pm

    ဘယ်လို မိုးပါလိမ့် မောင်ရေချမ်းရေ မီးကိုရှင်သန်စေတယ် ဆိုတော့လေ။ပြောပြပါဦး

    • မောင်ရေချမ်း

      September 13, 2011 at 4:15 pm

      မျက်ရည် မိုး ဆိုသဗျ…..ပူလေ ရွာလေ ၊ ရွာလေ ပူလေ ဆိုသကိုး….

Leave a Reply