သိပ္ပံကျောင်းသား ၏ မိန်းကလေးများပေါ် အမြင်

မိန်းခလေးများသည် သူတို့၏
မာယာဓာတ်ခွဲခန်းထဲ၌
အနမ်း အယ်ကာလီ နှင့် အပြုံးအက်စစ် တို့်
ပေါင်းစပ်ပြီး
ယောက်ျားများ မျက်ရည် ထွက်ရန်
ဖော်ထုတ်နေကြသည်….။

အကြင်နာမိုးတိမ်လွှာနှင့်
ရင်ခုံစရာ ဖော်မြူလာတို့ပေါင်းပြီး
အချစ် မာကျူရီ နှင့် စပ်ကာ
အလှရူပကာ ကို မာယာချယ်သ နေသည်မှာ
သူတို့၏ မွေးရာ ပါ ဒီပလိုမာပင် ဖြစ်သည်…။

ဖြည်းညှင်းစွာ သိမ်မွေ့၍
ဓားသွားမက ထက်သည့် အကြည့်နှင့်
ယောက်ျားသား များအသည်းအား
ပရယ်တီကယ် လိုကစားတတ်သော
မိန်းကလေးများ၏ ဇီဝနည်းကျ မာယာများသည်
ဂင်းနစ်မှတ်တမ်း တင်လောက်ပေသည်…။

မိန်းခလေးများသည်..သူတို့၏
အလျားမတူသောမျက်ခုံး
အနံကျဉ်းသောမျက်ခုံး
စက်ဝိုင်းဆန်သောမျက်စံနှင့်
စကားပြောတတ်သောပညာသည်
ဆဋ္ဌဂံ ကျကျ ပညာပင်ဖြစ်သည်..။     ။

7 comments

  • မောင်ရေချမ်း

    September 12, 2011 at 8:11 pm

    10 တန်း တက်ခါ စဖြစ်သတော့…သရော်စာဆိုမတော့…သူငယ်ချင်းနဲ့ ပေါင်းဖက်လို့…အကြောင်းဆက်တော့…ရောင်းမထွက်တော့မယ့် ကဗျာ ထင်ပါ့.. 😀

  • MaMa

    September 12, 2011 at 10:26 pm

    ၁ဝ တန်းကျောင်းသား သိပ္ပံကို ကျက်မှတ်ရင်း တော်တော်ကို သဘောပေါက်သွားပုံရတယ်။ တောက်မည့်မီးခဲ တရဲရဲဆိုသလို နောင်အနာဂတ်မှာ ထွန်းပြောင်ဦးမှာပဲ။ 🙂

  • whitestar

    September 13, 2011 at 1:34 pm

    ကိုရေချမ်းက ဒီလိုဆိုရင်
    ကြယ်ဖြူတို့လည်း
    “သမိုင်းကျောင်းသူ၏ယောက်ကျားလေးများပေါ်အမြင် ” ဆိုပြီး
    ရေးအုန်းမှဘဲ

  • manawphyulay

    September 13, 2011 at 3:37 pm

    ဓာတ်ခွဲတာကလည်း မပြီးသေးသလိုပဲ ဆက်လက်ဓာတ်ခွဲပြီး အဖြေထုတ်ကြည့်ပါဦး ဘာများထွက်လာမလဲလို့လေ…

  • etone

    September 13, 2011 at 4:32 pm

    (((ယောက်ျားများ မျက်ရည် ထွက်ရန်
    ဖော်ထုတ်နေကြသည်….။))) ဆိုတာ ဖတ်မိလို ့ အစ်မတစ်ယောက် ပြောတာလေး ပြန်သတိရမိတယ်… သူ့ကိုကျောင်းတက်တုန်းက ကြိုက်ခဲ့တဲ့လူတွေ အများကြီးလေ … ကောင်လေးတွေက အဖြေမရလျှင် ငိုပြရတာ အမောမို့ .. သူပြန်ပြောနေကျ လက်သုံးစကားကတော့ .. ခွေးမျက်ရည်က ဆေးဖော်လို့ရတယ် .. ယောကျာ်းမျက်ရည်က ဘာမှလုပ်လို့မရဘူးတဲ့ .. ယောကျာ်းဆိုတာ မျက်ရည်မကျရဘူးတဲ့လေ … မျက်ရည်အလွယ်တကူကျတဲ့ ယောကျာ်းကလည်း အဖိုးမတန်ဘူးတဲ့လေ .. 😀

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 13, 2011 at 5:30 pm

    ဟဲ့ ပလုပ်တုတ် အနမ်းအယ်ကာလီနဲ့အပြ ုံးအက်ဆစ်ဓါတ်ပြ ုမှတော့ မျက်ရည်ကဆားပေါ့ကွယ်။ဟုတ်တယ်ဟုတ်တယ်

    • မောင်ရေချမ်း

      September 15, 2011 at 1:53 pm

      ဆားထုတ် လို့ သာရစေတော့ဆိုလည်း ရချင်ပါရဲ့ဗျာ… သယံဇာတ လေး ခြွေတာရတာပေါ့… 😀

Leave a Reply