သေရည်

မောင် ပေSeptember 12, 20111min19611

မင်္ဂလာပါ

နဲနဲပြောချင်ပါတယ်

အရက်တဲ့…

ဗုဒ္ဓဘာသာဝင်တိုင်း ငါးပါးသီလ ဆိုတာ ကို သိကြပါတယ်

သူရာမေယရ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ဆိုပြီး ဆောက်တည် ရပါတယ်

သေရည် အရက် သောက်စားခြင်း မှ ရှောင်ကြဉ်ရာ၏ ဆိုတဲ့ ဆုံးမ စကားတွေ လည်း ရှိပါတယ်

ရှေးတုန်းက ဆိုဆုံးမ ခဲ့တဲ့ သူတွေ က တော့ တစ်ကယ်ကို သေရည်အရက် လုံးဝ မသောက်ဖူးသူ ၊ ရှောင်ကြဉ်ကြသူတွေ ပါ

မှန်ပါတယ်..သူတို ့ဆုံးမ စကား ကို တန်ဘိုးထားပါတယ် ၊ အသိအမှတ်ပြုပါတယ် ၊ လက်သင့်ခံပါတယ် ။

ကိုယ်တိုင်သာ မလိုက်နာ နိုင် ၊ မကျင့်သုံးနိုင်လို ့ မရှောင်ကြဉ်ဖြစ်သေးတာပါ ။

“ ဒီအတွက် ၊  ဒီနေ ့အချိန်ထိ ၊ စာရေးသူဟာ မည်သူ တစ်ဦးတစ်ယောက် ကို မှ ၊ အရက် ဟာ မကောင်းကြောင်း ဆုံးမစကား မပြောခဲ့ဖူးပါ ။ ”

ဘာလို ့မပြောခဲ့တာလဲ ဆိုရင်….

စာရေးသူ အကြောင်း နဲနဲပြောပြချင်ပါတယ်

စာရေးသူ ဟာ မှတ်မိသလောက်

ငယ်စဉ် ၃ ၊ ၄ တန်း အရွယ်လောက် ကတဲ က

အရက် ၊ ဘီယာ သောက်ခဲ့ဖူးပါတယ်

သင်္ကြန်ပွဲ တွေ မှာပါ

ရေပက်ခံ အတူထွက်တဲ့ အကိုကြီးတွေ က ဇွတ်တိုက်ခဲ့တာကြောင့်ပါ

နောက် ၁ဝ တန်းကျောင်းသား ဘဝ တုန်းက လည်း တစ်လ တစ်ခါ လောက် သောက်ဖြစ်ပါတယ်

အရက်ကို ဘာလို ့သောက်တာလဲ ဆိုရင်…

သောက်လိုက်တဲ့ အခါ ၊ လည်ချောင်းထဲ ပူဆင်းကျသွားတာ ကို ကြိုက်လို ့

အရက်သောက်ပြီး မူးတဲ့ အရသာ ကို ကြိုက်လို ့ပါ ။

နောက် ၁ဝ တန်းအောင်ချိန် က စလို ့

ဘော်ဒါများနဲ ့ညနေ ဆုံတိုင်း

အရက်ဘီယာ သောက်ခဲ့ပါတယ်

မူးမှောက်တဲ့ အထိ လဲ ဖြစ်ခဲ့ဖူးပါတယ် ။

မူးပြီး ရန်တွေ ဖြစ်လို ့ပြဿနာတွေ ရှင်းခဲ့ဖူးပါတယ် ။

မူးပြီး ဟိုရောက်ဒီရောက်တွေ ရောက်ခဲ့ဖူးပါတယ် ။

နောက် စာဖတ်များလာတော့ ၊ အရက်သောက်တာ မကောင်းကြောင်း ပိုသိလာရပါတယ် ။

ဒါပေမယ့် လည်း အသောက်မပျက် ခဲ့ဘူး ။

တက္ကသိုလ်ကျောင်းသား ဘဝ တုန်းက ဆို ၊ သောက်ပြီး ကဗျာတွေ ထိုင်ရေးခဲ့တာ ။

အရက်ဆိုင် က လူတွေ က ဒီကောင် အရက်ဆိုင် မှာ စာအုပ် နဲ ့ဘောပင် နဲ ့ ၊ စာကြိုးစားတယ် ပေါ့ ။

ဘယ်ဟုတ်မလဲ ၊ ဒီကကောင် က မူးတာနဲ ့ ခံစားချက်တွေ ကို ကဗျာတွေ အဖြစ် ချရေးတော့တာပဲ ။

နဲနဲလေး များလာရင် ၊ ကွန်ပျူတာ စာစီ ၊ မိတ္ထု တွေ ကူးပြီး ၊ ကျောင်းထဲ မှာ လိုက်ရောင်း ရင်း အရက်ဖိုး ရှာခဲ့တာပေါ့ ။

ဆရာကြီး ရွှေဥဒေါင်း ၊ ဆရာသော်တာဆွေ တို ့ရဲ  ့စာတွေ ဖတ်ရင်း နဲ ့ သိလာရတယ် ။

ဆရာသော်တာဆွေ ရဲ  ့အရက်သောက်နည်း ၃ ခု ကို

၁။ လူက အရက် ကို သောက်တာ ( ရံဖန် ရံခါ မှ ၊ တစ်ခါ တစ်လေ မှ သောက်တာ )

၂။ အရက် က လူကို သောက်တာ ( ညနေ စောင်းရင် လေပြိုတာ ၊ လေချဉ်တတ်တာ မျိုး )

၃။ အရက် က အရက် ကို သောက်တာ တဲ့ ။ ( မိုးလင်း က တဲ က အရက်နဲ ့မျက်နှာသစ် တာပါ ၊ တစ်နေကုန် ၊ အချိန်ရှိသရွေ  ့သောက်တာ )

နံပါတ် ၂ အဆင့်ထိ ပဲ ကောင်းတယ် တဲ့ ။ နံပါတ် ၃ ကို ရောက်ရင် သေမှာပဲ တဲ့ ။

အဲဒီမှာ ကိုယ့်ကို ကိုယ် ပြန်သတိရပြီး ၊ အရမ်းကြီး မသောက်ဖြစ်ဖို ့ဆင်ခြင်ခဲ့တယ် ဗျာ ။

ယနေ ့၊ အလုပ်လုပ် စီးပွားရှာတဲ့ အရွယ်ပေါ့ ။

ယနေ ့လက်ရှိ တော့ ၊ အနည်းအကျဉ်း သောက်ဖြစ်တုန်းပါ ။

တစ်လ တစ်ရက် လောက်တော့ သောက်ဖြစ်ပါတယ် ။

ဘီယာ က တော့ သောက်ဖြစ်တာ များတယ် ။

ကိုယ်တိုင် သောက်စား နေမှတော့ ၊ အရက်သမား ပဲပေါ့ ။

နည်းနည်းသောက်သောက် ၊ များများသောက်သောက် ၊

ဒီတော့ ဗျာ…အရက်သောက်တာ မကောင်းပါဘူး ၊ ဘာညာ သံကောင်း ဟစ်မနေချင်ဘူး ဗျာ ။

ဆုံးမစာရေးတယ် ဆိုတာ လွယ်ပါတယ် ဗျာ… ၊ စာဖတ်သူများလဲ သိကြပါတယ် ။

ကိုယ်တိုင်ကြ မလိုက်နာ ၊ မကျင့်သုံး ပဲ ၊ သူများကိုတော့ ၊ လိုက်နာရမယ် ၊ ကျင့်သုံးရမယ် လို ့မပြောချင်တာတော့ အမှန်ပါပဲ ဗျာ ။

တစ်ကယ်လို ့ကိုယ်က သောက်နေရက်ပါနဲ ့ ၊ အရက်သောက်တာ မကောင်းဘူး လို ့သွားဆုံးမ မိလို ့…

ကိုယ်ဆုံးမ လိုက်တဲ ့သူ က ကိုယ်သောက်နေတာ ကို သိလို ့၊ ပြန်ပြောရင်တဲ့ …

မခံစားရဲပါဘူး ၊ တွေးကြည့်တာပါ ။

ကမ္ဘာကျော် စာရေးဆရာ တော်တော် များများ ၊ ပန်းချီဆရာ တော်တော် များများ ၊ ကဗျာဆရာ တော်တော်များများ ဟာ..

အရက်သောက်သူတွေ ဆိုတာ ၊ သိကြမှာပါ ။

မိုပါဆွန်း ၊ ဂေါ်ကီ ၊ ဗင်းဆင့်ဗင်ဂိုး အစရှိသဖြင့် ။

မြန်မာနိုင်ငံ က နာမည်ကျော်ခဲ့တဲ့ ၊ စာရေးဆရာကြီးများ ဟာလည်း အရက်သောက်သူတွေ ရှိပါတယ် ။

ဥပမာ ရွှေဥဒေါင်း ၊ သော်တာဆွေ ၊ ကိုငြိမ်း မန်းတလေး ၊ အကြည်တော် စသဖြင့် ။

ဒီလိုရေးတာ ဟာ ၊ အရက်သောက်တာ ကို ကောင်းတယ် လို ့ပြောတာ မဟုတ်ပါဘူး

ကာဗာ ယူတာ မဟုတ်ပါဘူး ။

သူတို ့တွေ ဟာ အရက် ကို ဖြစ်နိုင်ရင် မသောက်ဖို ့ ၊ မနေနိုင်လို ့သောက်မယ် ဆိုရင် လည်း အလွန်အကျွံ မသောက်ဖို ့ဆုံးမခဲ့ကြပါတယ် ။

ဒီတော့ အရက် ဆိုတာ မကောင်းဘူး ဆိုတာ ၊ ကလေးက အစ သိပါတယ် ။

ကျွန်တော် ရေးပြနေရင် အပိုပါပဲ ။

ပြောချင်တာကတော့ ..

ကိုယ်တိုင် လည်း သောက်စားနေပါရက်နဲ ့ ၊ သူများသောက်စား တာ ကို လိုက်နှာခေါင်းရှုံ  ့ချင်နေသူ တွေ ကို ပါ ။

တစ်ချို  ့ကြ တော့ ခွက်ပုန်း တွေ ဗျ ။

ခွက်ပုန်း ဆိုတာ ၊ လူမသိ အောင် ၊ တိတ်တိတ်ကလေး သောက်တဲ့သူတွေ ပါ ။

များသောအားဖြင့် ၊ ဆုံးမ စကား ကို သူတို ့က ပို ပြောတတ်ပါတယ် ။

ကျွန်တော့် မှာ ဦးလေး နှစ်ယောက် ရှိပါတယ် ။

နှစ်ယောက် စလုံး အရက်သောက်ကြပါတယ် ။

တစ်ယောက် က တော့ ခွက်ပုန်း ။

တစ်ယောက် ကတော့ ပေါ်တင် သောက်တယ် ။ ဒါပေမယ့် ..သူ ့အချိန် နဲ ့သူ ၊ သူ ့အတိုင်းအထွာနဲ ့သူ ပေါ့ ။

အဲ…ခွက်ပုန်း ဦးလေး က အရက်မသောက်ဖို ့ဆုံးမ လာတော့ ၊ ပြန်ပြောချင်တာ ကို အူကို ယားနေတာပဲ ။

“ ခင်ဗျား ကြ ဘာလို ့သောက်လဲ ၊ ခင်ဗျား ပိုက်ဆံ နဲ ့သောက်နေလို ့လား ပေါ့ ”

ပေါ်တင် သောက်တဲ့ ဦးလေး ကြ တော့ အလွန်အကျွံ မသောက်ဖို ့ ပဲ ပြောပါတယ် ။

သူ ့ကိုတော့ လေးစားမိပါတယ် ။

အခု …စာရေးနေသူ ဟာ ၊ ဘီယာ သောက်ဖြစ်ပါတယ် ။ အရက် ကိုတော့ တစ်ခါတစ်လေ မှ ပါ ။

ဒီလို ဝန်ခံဖို ့ မရှက်ပါဘူး ၊ ရှက်စရာလို ့မထင်ပါဘူး ။

ဘာလို ့လဲ ဆိုရင် ၊ လုံးဝ ဖြတ်ဖို ့အစီအစဉ် ရှိလို ့ပါ ။

သောက်ခဲ့တာလဲ ကြာပါပြီ ။ သောက်သက်လည်း ရင့်ပါပြီ ။

အသည်းအားဆေး လည်း အမြဲ ပုံမှန် သောက်ခဲ့လို ့၊ ဘာမှ မဖြစ်ခဲ့ပါ ။ ယနေ ့ထိ ။

အဓိက ပြောချင်တာ က တော့ ဗျာ ။ လူ ့သဘော ပေါ့ ဗျာ ။ လူ တစ်ချို  ့ဟာ

“ ပိုက်ဆံ ချမ်းသာတဲ့သူတွေ သောက်စားနေတာ မြင်ရင် ၊ အားကျ သလို လို ရှိကြတယ်၊ လိုက်ပြီး သောက်ချင် စားချင်ကြတယ်

ပိုက်ဆံ မချမ်းသာတဲ့ ၊ သာမန် လက်လုပ်လက်စားတစ်ယောက် သောက်စားနေတာ မြင်ရင်တော့ နှာခေါင်းရှုံ  ့ချင်ကြတယ် ၊အပြစ်ပြောချင်ကြတယ် ”

ဖြစ်သင့်ပါ့မလား ဗျာ ။

အရက်သောက်တယ် ဗျာ ။

အရက်မကောင်းတာ သိတယ် ။

ဒါပေမယ့် …သူတစ်ပါး ကို တော့ အရက်မသောက်ဖို ့ မပြောဘူး ၊ သောက်ဖို ့လည်း မပြောဘူး ဗျာ ။

ကိုယ်ကြိုက်ရာ ကိုယ်လုပ် ကြတာပါပဲ ။

သူများ အရက်သောက်နေရင် ဘီယာသောက်နေရင် လည်း နှာခေါင်းမရှုံ ခဲ့ဖူးဘူး

သူ ့ပိုက်ဆံ ၊ သူ ့အသည်း နဲ ့သူ သောက်တာ ဗျာ ။ သောက်ပေါ့

ကိုယ်လည်း ကိုယ့်ပိုက်ဆံ ၊ ကိုယ့် အသည်း နဲ ့သောက်တာပဲ ….နော

သို ့ပေသည့်

ကိုယ်တိုင် လည်း သောက်နေပါရဲ  ့၊ ကြိုက်သူ တစ်ဦး ဖြစ်နေပါရဲ  ့နဲ ့

အရက်မကောင်းဘူး အော်နေတဲ့သူတွေ

အရက်သောက်တာ ကို အပြင်းအထန် နှာခေါင်းရှုံ  ့နေသူ တွေ က တော့

သံကောင်းဟစ်နေသူတွေ ပါပဲ ၊ ဘီဘီစီ ဘီအိုအေ ဆိုတာ သူတို ့ပါပဲ

သူတို ့တွေ ဟာ စာအုပ်ထဲ က ၊ ငပေါ တွေ ပါ ။

သူတို ့ကို သူတို ့၊ ပြည်သူ ့ချဉ်ဖတ် ဖြစ်နေမှန်းလဲ သိကြဟန် မတူဘူး ။

ဒါကြောင့် ဒီကနေ ရေးပြလိုက်ပါတယ် ဗျာ

အရက်အတွက် သက်သေလိုက်တာ မဟုတ်ပါဘူး နော် ။

လုပ်ရပ်လေး တွေ ကို ရေးပြတာပါ

လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့် ရှိပါတယ် ။

ဝေဖန်မှု များ ကို ကြိုဆိုလျှက်ပါ ။

——————————————အားလုံးကို ကျေးဇူးတင်ပါသည်——————————————

 

11 comments

  • ဆူး

    September 12, 2011 at 10:34 pm

    ဟေ့.. အရက်စီ တပုလင်း ရေမရောပဲ ပေးကွာ.. ငါ အခု အဲဒါ လိုအပ်နေတယ်.. ချက်ချင်းနော်.. ရေ မပါစေနဲ့.. ဒါပဲ.. အို့.. (ဂျို့ထိုးသံ)

  • captainamerica

    September 13, 2011 at 12:20 am

    ဖြစ်နိုင်ရင်တော့အရက်ကောင်းသောက်နိုင်ရင်တော့အကောင်းဆုံးပဲဗျ.. Red label လောက်ဆို
    ရင်မဆိုးဝူးဗျ …လူသိပ်မထိဝူးဗျ…ဒေါ်လာကကျနေတာ့သူတို.လည်းဈေးကျနေပါဘီ။
    Grand 3 ခါလောက်သောက်မယ့်အစားသူကိုပဲ1 ခါလောက်သောက်လို.ရသားပဲ။
    ကျွန်တော်တော့အဲဒီလိုချနေတာပဲ……….

    • windtalker

      September 13, 2011 at 12:52 am

      မင်္ဂလာပါ ကပ်ပတိန် ရေ
      2006 ကမ္ဘာ ့ဖလားတုန်းက ပေါ့ ဗျာ
      မြန်မာပြည် က နာမည်ရ
      ဝီစကီ ပေါ့ဗျာ
      ကံစမ်းမဲ က လဲ ပါ ဆိုတော့
      ဘောပွဲကြည့်ရင်းသောက်
      သောက်ရင်း လစ်မစ်တက်
      ကမ္ဘာ ့ဖလား အုပ်စု ပွဲ မပြီးခင်မှာတင်
      ရင်ဘတ်တွေ စူးအောင့်လာလို ့
      အရက်ကို နားခဲ့တာ
      ယနေ ့ထိပါပဲ ဂျာ
      ယနေ ့အချိန်
      ရံဖန်ရံခါ
      ကြုံလို ့
      ရှောင်လွဲ မရလို ့
      အရက်သောက်တော့မယ်ဆိုရင်
      ကပ်ပတိန် ရေးထားသလို ပဲ
      ကောင်းပေ့ ဆိုတာ ပဲ သောက်တော့ပါတော့တယ် ခင်ဗျာ
      ကျေးဇူးနော်

  • kai

    September 13, 2011 at 3:07 am

    အရက်ကို သေရည်လို့အမည်လွှဲပေးတာလည်း.. ပြင်သင့်သလို..
    သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ဆိုပြီး
    သေရည် အရက် သောက်စားခြင်း မှ ရှောင်ကြဉ်ရာ၏ ဆိုတဲ့ ..အဓိပါယ်မှားဖွင့်တာမျိုးလည်း.. ပြင်သင့်တယ်ထင်တာပဲ…။

    မူးယစ်မေ့လျှော့စေတာတွေကို.. အလွန်အကျွံမှီဝဲ သုံးစွဲခြင်းတို့မှ . ရှောင်ကြဉ်ရာ၏လို့.. မြန်မာလို… ဘာသာပြန်သင့်တယ်.။
    တန်ဆေး..လွန်ဘေး တဲ့..။
    အမှန်ကတော့… မူးယစ်မေ့လျှော့စေတာတွေမှမဟုတ်…။ ဘာမဆိုကိုပါပဲ..။ အလွန်အကျွံမှီဝဲ သုံးစွဲခြင်းမလုပ်သင့်ပါဘူး…။

    (မွတ်စလင် မိတ်ဆွေတွေ.. အရက်မသောက်ရလို့.. ချောင်းဆိုးပျောက်ဆေး.. ပုလင်းလိုက်မော့တာမျိုး တွေ့ဖူးလို့ပါ..) 🙂

  • zawmaung

    September 13, 2011 at 11:09 am

    (မွတ်စလင် မိတ်ဆွေတွေ.. အရက်မသောက်ရလို့……… when I been to Pakistan , some drink alcohol like water .Did not mix anything and straight from bottle . After that drive the motorcycle in straight line and go back. ခွက်ပုန်း ။

  • မီးမီး သော်

    September 13, 2011 at 12:58 pm

    အင်း အရက်သောက်တာတော့ မကောင်းပါဘူး။ရှောင်နိုင်ရင် အကောင်းဆုံးပေါ့။

    သူငယ်ချင်းတွေနဲ ့ပျော်ပွဲစားလေးထွက်ရင်တော့ ဘီယာလေး မပါရင် ပွဲကိုမစည်တော့တာနော့။ဟိ ဟိ

  • blackchaw

    September 13, 2011 at 2:42 pm

    ကိုပေရေ
    အရက်သောက်တာ ကောင်းမှုမဟုတ်ပေမယ့် မကောင်းမှုလည်းမဟုတ်ကြောင်း ပို့စ်တစ်ခုကျွန်တော်
    ရေးချင်ပါသေးတယ်။ ဘုရားဟော ခဲ့တဲ့ ဒုစရိုက် ဆယ်ပါးထဲမှာ အရက်မပါပါဘူးတဲ့ဗျာ။ သုစရိုက် ထဲမှာလည်း မပါဘူးပေါ့ဗျာ။ လူစိတ်လူ့ဉာဏ်နဲ့ သောက်ရင် အရက်က ဒုစရိုက်မဟုတ်ပါဘူး။ ယစ်ထုတ်တွေအတွက်တော့ အရက်က ဒုစရိုက်ပါ။ ကျွန်တော်လက်ခံပါတယ်။

  • R Ga

    September 13, 2011 at 3:18 pm

    ကျူပ်ကတော့ အရက်ဆိုရင် ဘေးကအသံကြားတာနဲ့ တင် စိတ်ထဲမရိုးမရွဖြစ်မိတယ်။
    ကျွန်တော် ကလည်း အရက်ကို မှတ်မှတ်ရရ ရ နှစ်သားလောက်က ပထမဆုံးသောက်ဖြစ်တာပဲ။
    နောက် ၆တန်း ရ တန်းလောက်ရောက်တော့ အိမ်က လူကြီးတွေက ဘာလည်း ယတြာလိုလို ဘာလိုလုပ် ထားတဲ့ နှင်းဆီပန်း ခုနှစ်ပွင့် ကျောက်ခဲ့ ရလုံး နဲ့ အရက်နဲ့ရေရောပြီး ထိုးထားတဲ့ ပန်းအိုထဲက အရက်ကို စပြီး ခိုးခိုးသောက်မိနေပြီဗျ.။ လုပ်ငန်းခွင်ထဲစဝင်တော့ နေ့စဉ် သောက်ဖြစ်တယ်။ ပထမသောက်တာက အရက်ထက် အရက်ဆိုင်မှာ ဘော်ဒါတွေစုထိုင်ရတာကြိုက်လို့လို့ ထင်ခဲ့တယ်။ နောက်ပိုင်း ညနေဖက်ဆို သောက်ဖော်သောက်ဖက်ရှာရတာမောလာတာနဲ့ တစ်ယောက်တည်း ပဲ အရက်ခရီးထွင်ခဲ့တယ်။ အခု အိမ်ထောင်ရက်သားများကျတော့လည်း အိမ်သူသက်ထားက မကြိုက်တော့ အတော်လေးကို ဆင်ဆင်ခြင်ခြင် နေခဲ့ရပါတယ်။ ဘီယာလေး တစ်ခါတစ်ရံမော့သပေါ့လေ။ ဒါပေမမဲ့ အရက်ကလေးကိုတော့ ဘယ်တော့မှမမေ့နိုင်ဘူး။ သောက်ပါများတော့ လစ်မစ်တတ်သလို။ မသောက်တာကြာတော့လည်း နည်းနည်း နဲ့ များများမူးတော့ ထူးသပအရသာတစ်မျိုး။

  • “ဘီလူးကြီး”ogre

    September 13, 2011 at 5:04 pm

    ဘာမှမပြောကြနဲ့ တော်တော့
    အရက်ဆိုတာမကောင်းဘူးဆိုတဲ့လူတွေ…အရက်မသောက်ကြပါနဲ့
    အရက်ကောင်းမှန်းသိတဲ့လူတွေ…အရက်ဆက်သောက်ပါ
    အိမ်မှာ ဟိုက်ကော်မရှင်လေးကုန်တော့မယ် ဒီပို့စ်ဖတ်မှ ဝယ်ဖို့ သတိရတယ်
    ကျေးဇူးပဲ ..မောင်ပေရေ..။။။။

  • nature

    September 13, 2011 at 9:25 pm

    အရက်သမားတွေကပြောတတ်ပါတယ်။ သောက်သောက်စားစားလူ့မင်းသား။ မသောက်မစားလူ့ငနွားတဲ။ ကိုယ်လိုရာဆွဲပြောတတ်ကြပါတယ်။ အရက်ကြောင့်ရှင်ဘုရင်ကြီးဟာ မူးပြီး ကိုယ့်သားကိုပြန်စားတာလေး ကြားဖူးပါလိမ့်မယ်။ အရက်ကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေဟာအများကြီးပါ။ ရှောင်နိုင်ရင်ရှောင်ပါ။ မရှောင်နိုင်ရင်လဲ သောက်ပါ။ ကိုယ်သွားရမဲ့လမ်းဆိုတာ ကိုယ်သဘောနဲ့ ကိုယ်တိုင်ရွေးရမှာပါ။ ကောင်းကျိူးဆိုးကျိုးကိုလည်း ကိုယ်ပဲခံရ စံရမှာပါ။

  • ကိုပေါက်(မန္တလေး)

    September 13, 2011 at 10:46 pm

    အရက်ကကောင်းလွန်းလို့ရှေးကတည်းက အခုထိ ခေတ်အဆက်ဆက်ရှိခဲ့တာ။
    မကောင်းတာကတော့ အဲဒီအရက်ကိုသောက်တဲ့လူရဲ့ စိတ်ကို အထိန်းအကွပ်မဲ့သွားစေတာပါဘဲ။
    အဲတော့ လုပ်သင့်မလုပ်သင့် မစဉ်းစားနို်င်တော့ အမှားတွေလုပ်မိတာပေါ့။

Leave a Reply