အချစ်သူခိုး

မောင် ပေSeptember 13, 20111min15312

ငယ်မူပြန်လိုက်ဦးမယ်ဗျာ

သိနေပြီး ဖြစ်ကြရင်လည်း

တစ်ခြားပို ့စ် ကို ကျော်ဖတ်ကြပါနော်

အချစ်

သုတေသီ တော်တော်များများ က ဆိုထားတာ

အချစ် ဆိုတာ ဆယ်ကျော်သက်အရွယ် မှာ  အချစ် ဆိုတာ နဲ ့တွေ ့ဖို ့တော်တော်များတယ်

အဲဒီအရွယ်ဟာ

ဘာမှ သိပ်ဦးဏှောက်မစားဘူး

သိပ်မစဉ်းစားဘူး

မနက် အိပ်ယာနိုးရင်

ရေမိုးချိုး ပြီးတာ နဲ ့

ကျောင်းသွားမယ်

ကန်တင်းမှာ ဘော်ဒါ တွေ နဲ ့ဆုံမယ်

ကျောင်းတက်ရင် လဲ တက်ဖြစ်မယ်

ဘော်ဒါ တွေ နဲ ့လစ်ရင်လဲ လစ်မယ်

ကောင်လေး က ကောင်မလေး ချောရင် ရည်းစားစကား ပြောလိုက်တာပဲ

ကောင်မလေး က လဲ ကောင်လေး ကို လက်ခံ နိုင်ရင် လက်ခံ လိုက်မှာပဲ

သမီးရည်းစားတွေ ဖြစ်ကြတာပဲ

အချစ်ကြီး ချစ်ကြသူတွေ ကြတော့ လဲ ညားကုန်ကြတာပေါ့

အရေးကြီးတဲ့ အချက် ကို သုတေသီတွေ ရေးထားတာ ဖတ်ဖူးသေးတယ်

တက္ကသိုလ်ကျောင်းသား ကျောင်းသူ အရွယ်မှာ

အိမ်ထောင်မကြခဲ့ရင် နောက်ပိုင်းမှာ…

အိမ်ထောင်ပြု ဖို ့တော်တော် စဉ်းစားကြလိမ့်မယ် တဲ့

မှန်မယ် လို ့ထင်ပါတယ်

စာဖတ်သူတွေ ကော ဘယ်လို ထင်ပါသလဲ …။

လွတ်လပ်စွာ သဘောထား ကွဲလွဲ ကြပါ

လူပျိုကြီး ၊ အပျို ကြီး တွေ က ဇီဇာ ပို ကြောင်လာတာ ကို တွေ ့မြင် ကြရမှာပါ ။

ဒီနေရာမှာ စကားမစပ်

ကိစ္စလေး တစ်ခု ပြောချင်ပါတယ် ။

`မောင်လေး…မောင်လေး ၊ အမ ကဗျာတွေ အခိုးခံ ရသကွယ်´

`ဗျာ….ဘယ်လို..ဘယ်လို´

` အမ ကိုယ်တိုင် ခံစားရေးဖွဲ  ့ထားတဲ့ ကဗျာ တွေ ( အချစ်ကဗျာ တွေ များတယ် ) ကို သူများခိုးသွားတယ် ´

` ဟောဗျာ…အမ က ဘယ်မှာရေးတာလဲ ´

` အင်တာနက် ထဲ မှာ ´

` ဟောဗျာ…နှမြောစရာ ကြီးဗျာ ၊ ဒါနဲ ့အမ ကဗျာ တွေ ခိုးသွားတဲ့ သူကို အမ သိလား ´

` သိတယ်….သူလဲ မိန်းမ တစ်ယောက် ပဲ ၊ သူ ယူသုံးချင်ရင် အမနာမည် ပါ ဖော်ပြပေးပေါ့ ၊ အခုတော့ သူ ပဲ ရေးထားတာလိုလို နဲ  ့´

` အင်း…ခက်တော့ ခက်နေပြီ ၊ ကျွန်တော် က လည်း ဘာကောင်မှ မဟုတ်တော့ ၊ အမ ပြဿနာ ကို ဘယ်လို ရှင်းပေးရမလဲ မသိတော့ဘူး ´

` ရပါတယ် ကွယ်..အမကဗျာ တွေ အခိုးခံရတဲ့ ဟာ ၊ မောင်လေး မရှင်းပေးနိုင်တာ သိပါတယ် ၊ ဒါပေမယ့် မောင်လေး သိအောင် ပြောပြရုံသပ်သပ်ပါ ´

` ဟုတ်ကဲ့ပါဗျာ ၊ ကျွန်တော် လည်း အချစ်ကဗျာ ဆိုရင် တော်တော် လေး ဖတ်ဖြစ်ပါတယ်….နောက်ကို အဲဒီ သူခိုးမ ကို တွေ ့ရင် ၊ တစ်ခြားလူတွေ ကို ပါ လက်တို ့ပေးပါ့မယ် ´

` အင်း….ကျေးဇူးတင်ပါတယ် ကွယ် ´

` ရပါတယ် ဗျာ….မကောင်းမှု ကို အားလုံး အတူတူ တိုက်ထုတ်ရမှာပါပဲ မလား ´

သို ့နှင့် ထိုအမျိုးသမီး ပြန်သွားသည် ။ သူမ ၏ နာမည် မှာ ရှမ်းရှမ်း ဖြစ်သည် ။

` ဪ…နောက်ကို ထပ်အခိုးမခံ ရအောင် ၊ သူခိုးမ ကို ဖော်ထုတ်မည် ´ ဟု  ဆုံးဖြတ်လိုက်သည် ။

ခက်တာက….

အသိခေါက်ခက် အဝင်နက်

ဆိုစကား ကို ကြားဖူးသည်

ငယ်စဉ် ကျောင်းသားဘဝ ကတဲ က

သမီးရည်းစား အချင်းချင်း စကားများလျှင်

ကိုယ့်စကား ကို နားမထောင်လျှင်

ထို အသိခေါက်ခက် အဝင်နက် ဆိုတာ ကို သုံးမိသည်

ယခု မှ သိမိတော့သည်

အချစ်ဆိုတာ

လူတိုင်း အတွက် ရင်ခုန်စရာ

လူသားတိုင်းအတွက် ကိုယ်တိုင် ဇါတ်ညွှန်းရေး ၊ ကိုယ်တိုင် ဒါရိုက်တာ ၊ ကိုယ်တိုင် သရုပ်ဆောင်ရသော ဇါတ်ကား

ထို ့ကြောင့် အချစ်နှင့်ပတ်သက်လျှင်

လူတိုင်း သတိရှိမှ ဖြစ်မည်

နို ့

ကဗျာဆရာမလေး ရှမ်းရှမ်းလိုမျိုး

အဖြစ်ဆိုးသွားနိုင်သည် ။

———————အားလုံးကို ကျေးဇူးတင်ပါသည်———————

 

12 comments

  • ပေါက်ဖော်

    September 13, 2011 at 10:11 am

    ¶…ဂယ်ချိုရင် $ ပဲ..လိုဒယ်..
    ဘာကြောင့် တတ်တိ မချိလဲဂွယ်….¶

    ¶…ပေါင့်ဘက်က မှားတာဘာ….ပေါင့်ဘက်က မှားတာဘာ..¶

    ¶..ဒို ့ကတော့.ဒို ့ကတော့…ဒို ့ကတော့ မိန်းမမရရင် ဘုန်းကြီး ဝတ်မယ်….¶

    😀

  • ကြောင်ကြီး

    September 13, 2011 at 11:11 am

    လွှတ်တော်အမတ်ဆီ သွားတိုင်ဗျို့..။

  • etone

    September 13, 2011 at 11:53 am

    ဟားဟား ဟားဟား .. ကိုပေတို့ကတော့ တကယ့်ကို ဉာဏ်ပြေးတယ် .. ရေးလိုက်လျှင် တဲ့တဲ့တွေရော … စောင်းစောင်းတွေရောပဲ ….. ။ ဘယ်သူကူးတာလဲ မသိပေမဲ့ … ကူးခံရတဲ့လူကလည်း သူများဆီတဆင့်ပြန်ကူးလာတာ မဟုတ်လျှင် တော်သေးတယ် .. 😛

    ကျောင်းတတ်တုန်းက သိပ်စိတ်ကူးမယဉ်ခဲ့ဖူးဘူး … ဘာလို့လည်း ဆိုတော့ .. ငယ်ငယ်ကတည်းကတွေးထားတာ … အချစ်က ကစားစရာမဟုတ်ဘူးလို့လေ …. ။ စိတ်ခံစားမှူ အပိုင်းကို အလေးပေးတတ်တဲ့ လူမို့လို့ .. တွေ့တဲ့လူလည်း မချစ်နိုင်သလို ….ရေတက် ငါးဇရိုင်းလည်း မလုပ်ချင်ဘူးလေ …။ အထူးသဖြင့် မိန်းမဖြစ်နေတော့ ပိုဆိုးတယ် ….. ရည်းစားတစ်ယောက်ပြီး တစ်ယောက်ထားလို့ကလည်း လွယ်တာမှ မဟုတ်တာ… ယောကျာ်းမရပဲ နာမည်ပျက်နေမှဖြင့် … ။ သေချာအလေးနက်စဉ်းစားပြီး …တွဲမိတဲ့လူက .. ခါးပိုက်ပိုက်မှ မြွေပွေးဖြစ်နေတဲ့အချိန် … ကျွန်မတွေဝေမနေပဲ … ခွဲခွာခြင်းဆိုတဲ့လမ်းကို ရွေးခဲ့လိုက်တယ် … အတည်တကျမယူချင်တဲ့ လူကို စိတ်ရှည်ရှည်ထားပြီး မျှော်လင့်ချက်နဲ့ …တွဲတဲ့ မိန်းမရှိရိုးလားဟင်…. (ရှိကောင်းရှိမှာပါ .. ) သို့သော် စိတ်မောပါတယ် … ။ ပင်ပန်းစိတ် ဒုက္ခရောက်တာထက်စာလျှင် လွတ်လိုက်တာကောင်းသေးတယ်ဆိုတာမျိုး တွေးမိခဲ့လို့ …
    နောက်တစ်ယောက်နဲ့ဆုံတဲ့အခါ … မျှော်လင့်ထားသလို …မယိုင်မလဲ တည်ငြိမ်တဲ့ အချစ်မျိုး ရခဲ့တယ် … ။ 😛

    • နွယ်ပင်

      September 13, 2011 at 3:22 pm

      မေပေါင်ပိုစ့်မှာ etone ကြောြ်ငာဝင်သွားပါတယ် ……….:p

  • Moe Z

    September 13, 2011 at 12:35 pm

    အလွတ်စုံထောက်ငှားချင်ရင် မိုးစက်ရဲ့သူငယ်ချင်းရှိတယ်နော် 🙂

  • Shwe Ei

    September 13, 2011 at 1:06 pm

    ” ရည်းစား ၂ယောက်ရှိရင် ရည်းစား၂ယောက်ရှိရင် တိတ်တိ်တ်ပီးတော့ ကောင်းမှာဘဲ” 😉 (တယောက်အခိုးခံရလဲ စပယ်ယာကျန်တာပေါ့။ မှတ်ချက်။ ။ ကားစပါယ်ယာမဟုတ်ပါ)

  • manawphyulay

    September 13, 2011 at 2:28 pm

    ကျောင်းတက်ချိန်တွေကို လွမ်းတယ်။ လေးနှစ်ဆိုတဲ့အချိန်ကာလက အရမ်းကို တိုတောင်းသလိုခံစားရတယ်။ RC 2 မှာ တက်ရတဲ့ အချိန်တွေကို ပိုသတိရတယ်။ မိန်းထဲမှာ အဖွဲ့လိုက် ဝေးလားဝါးလား လုပ်ခဲ့တာတွေလည်း ခုချိန်တိုင် မမေ့သေးဘူး။

  • alinsett

    September 13, 2011 at 6:58 pm

    သိပ်ကောင်းတယ်..လို ့ပဲ..ပြောတော့မယ် ။ အချစ်အကြောင်းတွေကို များများတင်ပေးပါဦး။ ကိုယ် လည်း လူပျိုကြီး ဘဝ ကို နည်းနည်း စိတ်ကုန်လာလို ့ ။

  • captainamerica

    September 13, 2011 at 8:51 pm

    ကိုပေပြောတာမှန်သဗျ.. တက္ကသိုလ်ကျောင်းသားဘဝမှာအိ်မ်ထောင်ကျရင်ကျ
    မကျရင်အိမ်ထောင်ပြုဖို.တော်တော်စဉ်းစားသာွးကြတယ်ဆိုတာသိပ်ဟုတ်တာပေါ့
    ဒါပေမဲ့ကျောင်းပြီးလို.လုပ်ငန်းခွင်ဝင်တဲ့အခါမှာတောင်မစဉ်းစားရင်ကော
    အဲဒီလူကို ?????????????

    • windtalker

      September 13, 2011 at 9:07 pm

      အဲဒီလူ ကို လူကြားထဲ မှာ ၊ အမျိုးတွေ ကြားမှာ
      လူတော်လို ့ခေါ်ကြတာကလားဗျ…
      ဟားဟား
      ကွယ်ရာမှာတော့ ဇီဇာကြောင်တဲ့ သူ
      ဂေါ်မစွံ ၊ အသိုးကြီး လို ့တော့ ခေါ်တယ်ဗျို ့။

  • ကိုပေါက်(မန္တလေး)

    September 13, 2011 at 10:33 pm

    တစ်ခါကတော့ အပျိုကြီးတွေအကြောင်းရေးထားတဲ့ကဗျာ။
    ရွာထဲမှာလဲတွေ့တယ်။
    နောက်တစ်နေရာမှာလဲတွေ့တယ်။
    ဒါပေမယ့် ရေးတင်တဲ့လူနာမယ်တော့မတူဘူး။
    စစတွေ့တွေ့ခါကစတော့ စိတ်ထဲတမျိုးကြီးပေါ့။
    နောက်မှ ပေါက်သွားတာ ဒါက “ကလောင်ခွဲ”ထားပြီး
    ရွာထဲမှာလဲတင် အခြားဆိုက်မှာလဲတင် ခွဲတာတာဖြစ်နိုင်တယ်လို့ တွေးမိလိုက်တာပေ့ါ။
    အဲလို ဟုတ်မဟုတ်တော့ ကာယကံရှင်အသိဆုံးပေါ့။
    ကျနော်တို့က မြင်တာလေးနဲ့တွေးရတာကိုးဗျ.

  • windtalker

    September 14, 2011 at 12:18 am

    တစ်ယောက်ထဲ လို ့ဝင်ခံလာရင်တော့
    တစ်မျိုးတစ်ဖုံပေါ့ဗျာ

Leave a Reply