ကျွန်တော်ဖတ်မိသော အတွေးစများ (၅)

SonnySeptember 13, 20111min370

ကျွန်တော်ဖတ်မိသော အတွေးစများ (၅)

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံဿ (တောင်မြို့) ၏  ဩဝါဒ တွေကို သာမဏေကျော် စုစည်းတင်ပြထား တဲ့ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းဩဝါဒများ စာအုပ်ကိုဖတ်မိပါတယ်။ (ဆရာမ  မလေးငြိမ် ရေးသားသော “ကိုယ်ကျင့်တရားမြင့်မားစေဖို့” ဆိုတဲ့စာအုပ်နှင့် ရည်ရွယ်ချက် ဆင်ပါတယ်) စာမျက်နှာ ၁၆ မှာ

“ လူတွေဟာ အားကိုးမှား နေကြပါတယ်။ ပြောတော့ဖြင့်

“ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေသတဲ့”

သူ့အဆိုနဲ့သူကိုက်ညီအောင်မလုပ်ချင်ကြဘူး သူတို့ဟာက

“ဘုရားကန်တော့တော့ အိပ်ချင်၊ မယားဆော့တော့စိတ်ရွှင် သတဲ့ “

အကျိုးတော့လိုချင်ကြပါရဲ့ ၊ အကြောင်းလုပ်ဘို့ကြတော့တွန့်ဆုတ်တွန့် ဆုတ်နဲ့တဲ့။

 

ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း

ဆရာတော်ကြီး ၏ ဆုံးမစာဖတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ် ကြည့်တယ်။

အင်း .. ငါ့မှာလည်း အမျက်တွေ များပါလား…… တရား ရှိသယောင်ယောင်နဲ့ နေနေ မိတယ်… ဘုရားတော့နေ့တိုင်း ရှိခိုးပါတယ် ၁၅ မိနစ် လောက်ပဲ ဒါပေမဲ့ ရွှေကျီးမြင့် ဘုရားမှာ တရား ထိုင် ကြည့်တယ် သမာဓိ တည်တာတောင် ဝါးတား တား နဲ့ မရောက်။ အင်း အိပ်တော့ မအိပ်ချင်ဘူး။ အိပ်ချင်ရင် စိတ်မပါ ရင် ကျွန်တော် ဘယ် တော့မှ ဘုးရားမရှိခိ်ုးဘူး မယားကတော့ မရှိတော့ ဆော့ရန် မလို အဆင်ပြေတယ်။ မယားလည်း မရှိ ဒီခန္တာလည်း မရှိလေ ပိုကောင်း လေပဲ လေ နော့။ ဒီခန္တာ ရော စိတ်ရော ( ရုပ်ရော နမ်ရော ) ပျောက်မှ နိဗ္ဗာန်ရောက်မှာ ကိုး။ ကျင့်ဘို့ ကြိုးစားအုံးမှ။ ခင်ဗျားတို့ တစ်တွေ ရော ကြိုးစား ကြပါ။ တပည့်တော်တော့ စိတ်ကောင်း ရှိဖို့ ပထမ နဲ့ လောလော ဆယ် ခရီးသွားနေပါတယ် ဆရာတော်ဘုရား။