သင့်ခန္ဓကိုယ်ကို သင်နှစ်သက်သွားစေမယ့် လျှို့ဝှက်ချက်(၆)ချက် မှ နောက်ဆုံး(၃)ချက်

loneSeptember 13, 20111min16713

၄။ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဘဝင်မကျမှုတွေကိုအနိုင်ယူကျော်လွှားပါ။

သင့်ခန္ဓာကိုယ်ကို သင်စိတ်တိုင်းမကျတဲ့ရက်တွေ ရှိနေပါလိမ့်မယ်။ အစာစားတာ

ကိုမထိန်းချုပ်နိုင်လို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလို့စသဖြင့်ဘယ်လိုအကြောင်း

ပြချက်ကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်မနေပါနဲ့။ အဲဒီအတွက်နဲ့ ကိုယ့်စိတ်ကိုယ် ညှင်းဆဲ

ပြီးအရာရာကို အဆိုးမြင်နေစရာမလိုပါဘူး။ သင့်ရဲ့ ခံစားချက်ကို လက်ခံလိုက်ပါ။ ပြီး

တော့ ဒါလည်း အချိန်တန်ရင်ပြီးသွားမှာပဲ ဆိုတာ သိထားပါ။

၅။ ပျော်ရွှင်မှုဆိုတာ ရုပ်ပိုင်းနဲ့မဆိုင်ဘူးဆိုတာ အမြဲသတိရပါ။

စိတ်ကျေနပ်မှုရှိစေဖို့ သင့်ကိုယ်သင်ပိုကြည့်ကောင်းအောင် လုပ်ချင်လုပ်ပါ။

ဒါပေမယ့်သင့်ခန္ဓာကိုယ်နဲ့ အသွင်ပြင်ပေါ်မှာ အစွဲလမ်းကြီးလွန်းပြီး တခြားလူတွေနဲ့

နှိုင်းယှဉ်နေမယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုပျောက်အောင် လုပ်တာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့အသွင်အပြင်က ကိုယ့်ကိုပိုမိုပျော်ရွှင်အောင် လုပ်နိုင်သလားဆိုတာ သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်ပါ။

၆။ သဘာဝကပေးတဲ့ရုပ်ခန္ဓာနဲ့ ကျေနပ်ပါ။

လူသိများ ကျော်ကြားတဲ့သူတစ်ဦးနဲ့တူချင်လွန်းလို့ မျက်နှာကို ခွဲစိတ်ပြုပြင်တာ

ဟာ သဘာဝမကျသလို အစာအငတ်ခံပြီး ပိန်ချုံးအောင် လုပ်ရင်လည်း နေမကောင်း

တဲ့သူလို့ လူတွေထင်ကြလိမ့်မယ်။ မော်ဒယ်တွေနဲ့နမည်ကြီး သရုပ်ဆောင်တွေဟာ

အဲဒီ့အသွင်ပြင်ကြောင့် ငွေတွေ အများကြီး ရတယ်ဆိုတာသတိထားပါ။ ပြီးတော့ သူတို့

အားလုံးဟာ ကျန်းမာတဲ့သူတွေ မဖြစ်နိုင်ပါဘူး။ ဒါ့ပြင် မကြာခဏဆိုသလို မဂ္ဂဇင်းတွေ

ထဲမှာ သင်မြင်နေရတဲ့ ရုပ်ပုံတွေက အဲဒီ့သရုပ်ဆောင် မော်ဒယ်တွေရဲ့ အပြင်ပုံစံအတိုင်း မဟုတ်ပါဘူး။ သဘာဝကပေးတဲ့ ခန္ဓာကိုယ်တွေဟာ ပုံစံအရွယ်အစားမျိုးစုံရှိပါတယ်။သူကတော့ ကိုရီးယား ဇာတ်လမ်း (200 lb)မှ မင်းသမီး Kim Au Jung ဖြစ်ပါတယ်။သူကတော့ twilight ဇာတ်လမ်း မှ မင်းသား Robert Pattinson ဖြစ်ပါတယ်။

from အလင်းထက်(ref:seventeen.com)

လေးစားစွာဖြင့်

mr.lone 🙂

 

 

13 comments

  • မီးမီး သော်

    September 13, 2011 at 12:24 pm

    မျက်နှာကို ခွဲစိတ်ပြင်ဆင်တာကိုမကြိ ုက်ပါဘူး။အမေမွေးပေးထားတဲ့ တိုင်းလေးဘဲကောင်းပါတယ်။လှပါတယ်။

  • Shwe Ei

    September 13, 2011 at 12:27 pm

    Robert Pattinson လေးကတော့ မပြင်ခင်လဲချော၊ ပြင်ပီးလဲချော ဘယ်လိုကြည့်ကြည့် ချောနေသလိုဘဲ။ 😀

    • Moe Z

      September 13, 2011 at 1:11 pm

      Ma Shwe Ei နဲ့ မိုးစက်အမြင်ချင်းတူတယ်နော် 🙂

      • Shwe Ei

        September 13, 2011 at 2:51 pm

        တော်ပါသေးရဲ့ အမြင်ချင်းဘဲတူလို့ အကြံတူရင်…. :((

        • windtalker

          September 13, 2011 at 8:30 pm

          အချစ်ချင်းတော့ မတူလိုက်ကြနဲ ့ဦးနော်
          ဒုက္ခတွေ များကုန် မယ့် အဖြစ်ကလားဗျ

  • pan pan

    September 13, 2011 at 1:15 pm

    ဘယ်မင်းသမီးတွေပဲ ခွဲစိတ်ခွဲစိတ် ကိုယ့်လောက်မှမလှတာပဲ
    သူတို့ခွဲစိတ်တာ စိတ်မဝင်စားပေါင်

  • နွယ်ပင်

    September 13, 2011 at 2:05 pm

    ခွဲစိတ်ခံပြီးမှ လှတဲ့ အလှမျိုးတော့ မကြိုက်ပါဘူး
    နဂိုရှိရင်းစွဲ အလှကိုပဲ တန်ဖိုးရှိရှိလေး အသုံးချတာသင့်တယ်

  • R Ga

    September 13, 2011 at 2:59 pm

    ကြားဖူးတာ ဂျပန်မှာဆိုရင် အမျိုးသမီး ၈ဝ ရာခိုင်နှုန်းလောက်က သူတို့ခန္ဒာကိုယ် ကို တစ်ခုမဟုတ် တစ်ခုတော့ ခွဲစိတ်ထားကြတယ်ဆိုပဲ။ အနည်းဆုံး မျက်ရစ်လေး ထည့်တာကအစပေါ့။

  • moonpoem

    September 13, 2011 at 3:05 pm

    Mr.Loneပြောသလိုပါပဲ တစ်ခါတစ်လေ ညဘက်မှာ အိပ်ခါနီး အဝစားမိရင် ကိုယ့်ကိုယ်ကိုယ်နောင်တရလို ့မဆုံးဘူး။
    အခု နောင်တမရအောင် နေကြည့်လိုက်ဦးမယ်

  • mr.lone

    September 13, 2011 at 3:41 pm

    ပြောမယ့်သာပြောတာ…ကိုယ်ကိုယ်တိုင်လည်း သိပ်မလိုက်နာဖြစ်ဘူး….:)

    • mr.lone

      September 13, 2011 at 4:12 pm

      အခုမှ ကြည့်မိတယ်ခေါင်းစဉ်မှာ ရေးချာကျန်ခဲ့တယ်…. ဟိဟိ… 🙂

  • rain pricess

    September 13, 2011 at 5:12 pm

    ကိုယ်ကျမ်းမာဖို.တော.လိုအပ်တာပေါ.
    မလှရင်လည်းနေပစေ
    စိတ်မဝင်စားပေါင်

Leave a Reply