နိုင်ငံခြားသား နှင့် မြန်မာ အမျိုးသမီး တို့အား လက်ထပ် ပေးခြင်း မပြုရန် တရားရေး ဝန်ထမ်း နှင့် ဥပဒေ ဝန်ထမ်း များကို ညွှန်ကြားထား

BayoteMay 14, 20101min1113

နိုင်ငံခြားသား နှင့် မြန်မာ အမျိုးသမီးများ အား ထိမ်းမြား လက်ထပ် ပေးခြင်း ကိစ္စကို လက်ခံ ဆောင်ရွက်ခြင်း မပြုရန် တရားရေး ဝန်ထမ်း များနှင့် ဥပဒေ ဝန်ထမ်း များကို သက်ဆိုင်ရာမှ ညွှန်ကြား ထားကြောင်း တရားရုံးချုပ် ရှေ့နေ တစ်ဦးက ပြောသည်။ ယင်း ညွှန်ကြားချက်ကို ယခင် ကတည်းက ထုတ်ပြန် ထားသော်လည်း ယခုအခါ ယင်းကဲ့သို့ ကိစ္စများ မပြုလုပ်ရန် တရားရေး ဝန်ထမ်း နှင့် ဥပဒေ ဝန်ထမ်း များအား တင်းတင်း ကျပ်ကျပ် ထပ်မံ ညွှန်ကြား ထားကြောင်း သိရသည်။ “ကျွန်တော်တို့လို ဥပဒေ ဝန်ထမ်းတွေ အပြင် ကျေးရွာ ရပ်ကွက် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် တွေကိုလဲ သက်ဆိုင်ရာက ထပ်မံ ညွှန်ကြား ထားတယ်လို့ သိရတယ်။ မြန်မာ နိုင်ငံ အတွင်းမှာ တရားဝင် လည်ပတ် အလုပ် လုပ်ကြတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေ၊ ပြဋ္ဌာန်းချက် ညွှန်ကြားချက် တွေနဲ့ အညီ နေထိုင်ခြင်း မရှိရင် ၁၉၄ရခုနှစ် လူဝင်မှု ကြီးကြပ်ရေး (အရေးပေါ် ပြဋ္ဌာန်း ချက်များ) အက်ဥပဒေ အရ ပြည်နှင်ဒဏ် ပေးနိုင် ပါတယ်” ဟု တရားရုံးချုပ် ရှေ့နေ့ ထပ်မံ ပြောသည်။ နည်းလမ်း အမျိုးမျိုးဖြင့် သွေးဆောင်ကာ နိုင်ငံခြားသားများ နှင့် လက်ထပ်ပေးရန် ဆောင်ရွက်နေသော အမျိုးသား စိတ်ဓာတ် ကင်းမဲ့သည့် လူပွဲစားများ ကိုလည်း ဖော်ထုတ်ကာ အရေးယူ ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံသို့ ပြည်ပ နိုင်ငံအ သီးသီးမှ ဝင်ရောက်လာ ကြသည့် နိုင်ငံခြားသားများ အနက် အချို့သော နိုင်ငံခြားသား များသည် မြန်မာ နိုင်ငံရှိ လူပွဲစား များနှင့် ဆက်သွယ်၍ မြန်မာ အမျိုးသမီး များကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင် နေကြကြောင်း Flower News ဂျာနယ်တွင် ဖော်ပြ ထားသည်။

http://www.htwd.info/2010/05/13052010.html

3 comments

  • moethiha

    May 27, 2010 at 4:11 am

    ကောင်းပါတယ်ဗျာ။ကိုယ့်ပြည်သူတွေကိုဖိတ်မယ့်ဖိတ်တော့လဲကိုယ့်အိပ်ထဲဖိတ်ပေါ့ဗျာ

  • သတင်းလူသား

    June 21, 2010 at 6:40 pm

    လုပ်သင့်နေတာကြာပါပြီ။ ခုတောင်တော်တော်လေးအချိန်နှောင်းနေပြီလို့ဆိုရပါမယ်။ မြန်မာအမျိုးကောင်းသမီးတွေကလည်း ခပ်ပါပါဆိုတာမျိုးတွေကိုပါတွေ့နေရတော့ ပိုပြီးစိတ်ပျက်မိပါတယ်။ ခုဆိုရင် နိုင်ငံခြားကနေ မြန်မာနိုင်ငံကိုလာပြီး ကြေးစား(ဒေါ်လာစား)နဲ့လာ ပြီးဘောလုံးကန်နေတဲ့ နိုင်ငံခြားသားတွေနဲ့ မြန်မာမိန်းကလေးတွေဟာ ကြားလို့မကောင်း၊ မြင်လို့မကောင်းဆိုတာမျိုးတွေအထိဖြစ်နေပါပြီ။ မြန်မာမိန်းကလေးများ အသိရှိရှိနဲ့လုပ်ဆောင်ဖို့လိုပါတယ်။

  • kopauk mandalay

    August 2, 2010 at 2:27 am

    ဒါတစ်ကယ်လုပ်သင့်တဲ့အလုပ်ပါ။
    ကျနော်တို့နိုင်ငံ တိုးတက်မူ့နှောင့်နှေးစေတဲ့ ကိစ္စထဲမှာ ဥပဒေကိုလက်တလုံးခြား လုပ်တတ်တဲ့သူတွေကြောင့်ပါ။
    ဥပဒေရှိတဲ့ အတိုင်း တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်လို့ထင်ပါတယ်။
    ဒီလိုတိတိကျကျ လုပ်တာသိပ်ကောင်းပါတယ်။

Leave a Reply