ကိုယ်သုံးတဲ့ကွန်ပျူတာလေး မြန်ဆန်သွက်လက်စေဖို့

Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry
editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ
“control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို
ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကိုု Right click
နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့
Restart ပြန်လုပ်ပါ။

(၂)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
– Start ကိုသွားပါ။
– Run box ကိုဖွင့်ပါ။
– “gpedit.msc” ဆိုပြီး ရိုက်ပါ။
– ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
– “Administrative Templates” ကိုရွေပါ။
– “Windows components” ကို ရွေးချယ်ပါ။
– “Terminal services” ကိုရွေးချယ်ပါ။
– ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
– Properties ကို ရွေးချယ်ပါ။
– ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
– Start ကို ကလစ်နှိပ်ပါ။
– Run box ကိုဖွင့်ပါ်။
– “% temp%” လို့ ရိုက်ထည့်ပါ။
– အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အချို ့ လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့
အကြောင်း ပြောလာတတ်ပါတယ်။)

(၄)
မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
– Start > Run box ကိုဖွင့်ပါ။
– “Prefetch” လို့ ရိုက်ထည့်ပါ။
– တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅)
Hard disk ကို အချိန်ရှိသရွေ ့ ရှင်းလင်းပေးပါ။
– All Program ကိုသွားပါ။
– Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean
Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ
မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ်
သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆)
မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
– Start > Run
– “msconfig” လို့ရို်က်ပါ။
– “System configuration Utility” box ပေါ်လာပါမယ်။
– ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
– ကိုယ့်အတွက် အသုံးမဝင်တဲ့ program တွေရဲ ့ ရှေ ့ မှာ အမှန်ခြစ် အမှတ်
အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
– Restart နဲ့ ပြန်စပါ။

(၇)
လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
– Start > all programs > accessories > command prompt တစ်ခုချင်း
ကလစ်နှိပ်ပြီး သွားပါ။
– Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
– မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
– ပြီးရင် ‘Enter’ ခေါက်ပါ။
– Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့
ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
– တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer
ကို Right Click နှိ်ပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
– cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈)
Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
– XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား
လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။
ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမဝင်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
– Start > Run > Regedit အဆင့်ဆင့်သွားပါ။
– Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
– “System” ကို ကလစ် နှိပ်ပါ။
– “Current control set” ကို ကလစ် နှိပ်ပါ။
– “control” ကို ကလစ်နှိပ်ပါ။
– “Session Manager” ကို နှိပ်ပါ။
– “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable
pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
– Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
– Decimal value ကို “1″ ပြောင်းပေးပါ။
– Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

7 comments

  • manawphyulay

    September 13, 2011 at 3:27 pm

    အကုန်လုပ်ပြီးပါပြီ။ ဒါပေမယ့် စက်က လေးနေတုန်းပါပဲ။ ဘယ်လိုဆက်လုပ်ရမလဲဆိုတာပြောပြပေးပါဦးရှင်။

    • nozomi

      September 13, 2011 at 3:31 pm

      စီပီယူမှာ ရှိတဲ့ ပစ္စည်းတွေကို တစ်ခုချင်း ဖြုတ်ကြည့်ပါ တဖြည်းဖြည်း ပေါ့သွားပါလိမ့်မယ် (ကိုယ်တွေ့ပါ) 🙂

      • ပေါက်ဖော်

        September 13, 2011 at 3:49 pm

        အဲတာမှ လေးနေသေးတယ်ဆိုရင်.. Desktop အစား Laptop ပြောင်းသုံးပါ

  • မှော်ဆရာ

    September 13, 2011 at 3:50 pm

    စက်လေးနေရင် မော်နီတာကို အောက်ချလိုက်ပါ ….

  • Shwe Ei

    September 13, 2011 at 5:26 pm

    ကော်ပီကူးသွားပါတယ်ဗျို့။ ရုံးက စက်အစုတ်၂လုံးကိုစမ်းကြည့်မလို့။ Suzuki Laptop ဂျီးတွေ။ လေးလိုက်တာမှ တနေ့ကို power အဖွင့်အပိတ် ၁ဝခါလုပ်ရတယ်။

  • thit min

    September 13, 2011 at 7:56 pm

    ကိုရဲတေဇာရေ………….
    ကျနော်လဲတင်လိုက်တယ်ဗျာ။
    ပိုများတာရှိလို့ပါ။အားလုံးအတွက်စေတနာနဲ့တင်ပေးလိုက်တာမှို့
    တစုံတရာအမှားရှိရင်ခွင့်လွှတ်ပါဗျာ။
    လေးစားစွာဖြင့် …..TM

  • redbull

    September 13, 2011 at 11:31 pm

    တကယ်ပေါ့သွားတယ်ဗျို့… မှန်လိုက်တာ… ဖြုတ်ချလိုက်တာ..ဖရိန်လေးပဲကျန်တော့ တယ်လေ.. :mrgreen:

Leave a Reply