ကျွန်တော် မန္တလေးဂဇက်မှာ ပျော်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဖြစ်ချင်တဲ့ မှော်ဆရာ တစ်ယောက် ဖြစ်ခွင့်ရခဲ့လို့ပါ… ဒါပေမယ့် အချိန်တွေ နှောင်းခဲ့ပါပြီလေ..ကိုယ့်ကို ခွင့်လွှတ်ပါတော့ မျိုးရေ….
ပြန်စဉ်းစားကြည့်မိလျှင် သူပုံရိပ်တွေက မနေ့တနေ့ကလိုပင် တရစ်ဝဲ၀ဲ..
ပြန်တွေးလိုက်တိုင်း ရင်နာမိသည် …ဖြေဆည်၍ မရနှိုင်ခဲ့
အိမ်မက်တွေကို အသက်သွင်းရန် ကြိုးစားမိသူ တစ်ယောက်ပမာ လက်တွေ့ဘ၀ထဲမှာ မရှိတော့သော သူ့ကို ကျွန်တော် နောက်တစ်ခေါက်လောက် တွေ့ချင်မိပါသည်။
အမြဲတမ်း နှစ်လိုဖွယ်ရာ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်နေတတ်သော သူ့ကို စတင် တွေ့မိချိန်က ကို့ကို တသက်တာ အမှတ်တရ ပေးသွားခဲ့မဲ့မိန်းကလေးလို့ မတွေးဖြစ်ခဲ့ပါ။ကံကြမ္မာရဲ့ မှော်ဆန်ဆန် ပညာစွမ်းတွေအောက်မှာ တို့နှစ်ယောက် ချစ်သူတွေအဖြစ် ဆုံဆည်းခဲ့ကြဖူးတယ်နော်…
ပျော်စရာအချိန်လေးတွေက တိုတောင်းလွန်းတယ်လို့လဲ ကျွန်တော်မထင်ရက်ပါ။အမှောင်ကမ္ဘာထဲမှာ လက်ခနဲ လင်းလက်သွားတဲ့ ငွေကြယ်တပွင့်လို သူ့ရဲ့ အကြင်နာတွေအတွက် တသက်လုံး ကျေးဇူးတင်နေမှာပါ.
“““သဲသဲမဲမဲ မိုးရေထဲမှာ ၊ အကြင်နာမိုးလဲ ရင်မှာတိုးသဲ…
ရန်ကုန်ကမိုး ရင်မှ “မျိုး” ကို၊ ခပ်ဆိုးဆိုးမို့ ချစ်ရတယ် ..”””
မိုးတွေ သဲသဲမဲမဲ ရွာနေတဲ့ အချိန် နေ၀င်ဖြိုးဖျအမှောင်ရိပ်အောက်မှာ ထီးလေးတစ်ချောင်းကို နှစ်ယောက်အတူဆောင်းရင်း လျှပ်ပန်းနွယ်တွေကို ငေးကြည့်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်လိုချင်တယ်။မိုးရေထဲမှာ တွေ့ခဲ့ရတဲ့ချစ်သူမို့ မိုးတွေရွာတိုင်း မိုးရေစက်တွေကြားမှာ သူ့ကို နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရှိမလား မသိစိတ်က ရှာဖွေမိတယ်။ငယ်ရွယ်နုပျိုမှုတွေ အပျံသင်စ အချစ်စစ်တွေနဲ့အတူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ အဓိပတိလမ်းပေါ်မှာ လက်ခြင်းတွဲလျှောက်ခဲ့ရချိန်တိုင်းကို ပြန်လည်အသက်သွင်းချင်တဲ့ သူတစ်ယောက်ဟာ ကျွန်တော်ပဲပေါ့။ဒါပေမယ့် ကျွန်တော်ဟာ မှော်ဆရာတစ်ယောက် မဟုတ်ခဲ့ဘူးလေ..
ကျောင်းတွေပိတ်လို့ ခွဲရတော့မဲ့အချိန် နောင်နှစ်လကြာရင် ပြန်ဆုံရမှာပါလို့ ထင်ခဲ့မိတာ ၊ သူနောက်ဆုးံအကြိမ်တောင်းတဲ့ ကတိလေးကို ဖြည့်ဆည်းမပေးနှိုင်ခဲ့ မိလိုက်တာ..၊နာမကျမ်းဖြစ်နေတဲ့ သူ့မိခင်ရှိရာ ကမ်းခြေရွာကလေးကို လိုက်မသွားဖို့ မတားဖြစ်လိုက်တာ၊နာဂစ်မုန်တိုင်း သူ့ရှိနေတဲ့ ရွာကလေးကို ရက်ရက်စက်စက် ခြေမှုန်းသွားတာကို တားမြစ်နှိုင်စွမ်းမရှိလိုက်တာ ၊ ရက်စက်လွန်းတဲ့ ပင်လယ်လှိုင်းလုံးတွေအကြား ကျွန်တော့်ချစ်သူ အသက်လုကူးခတ်နေချိန်မှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ပြည့်နှက်နေမယ့် သူ့ရဲ့ ခေါ်သံလေးကိုတောင် ကြားနှိုင်စွမ်း မရှိခဲ့တာ၊ တသက်တာလုံး ကျွန်တော့ရင်ခွင်မှာ အေးချမ်းစေရပါမယ်ဆိုပြီးကတိပေးခဲ့ပေမယ့် သူအလိုအပ်ဆုံးအချိန်မှာ သူ့အနားမှာ ကျွန်တော် မရှိခဲ့လိုက်နှိုင်တာတွေအားလုံးဟာ ကံကြမ္မာကို ကြိုတင်မြင်နှိုင်စွမ်းတဲ့ မှော်ဆရာတစ်ယောက်မဟုတ်ခဲ့လို့လေ…
ခွင့်လွှတ်ပါတော့ မျိုးရေ … နောင်တတွေများစွာနဲ့ မင်းရှိရာကို အပြေးရောက်လာပေမယ့် မင်းချန်ရစ်ခဲ့တဲ့ မီးကြွမ်းနေတဲ့ ပြာမှုံလေးတွေဘေးနားမှာပဲ ယောင်္ကျားတန်မဲ့ ငိုကြွေးခဲ့ရတဲ့ မင်းကို ချစ်တဲ့သူတစ်ယောက်၊ မင်းချစ်ခဲ့တဲ့သူတစ်ယောက်ကိုလေ..။
နောက်ထပ် သူနဲ့ ဘယ်တော့မှ ဆုံတွေ့ခွင့်မရှိတော့တာကို ရင်နာနာနဲ့ ကျွန်တော်လက်ခံလိုက်ရအပြီးမှာ ကျွန်တော်အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက တန်ခိုးအစွမ်းနဲ့ ပြည့်စုံတဲ့ မှော်ဆရာတစ်ယောက်ပါ။ကျွန်တော်သာ မှော်ဆရာတစ်ယောက် တကယ် ဖြစ်ခဲ့မယ်ဆိုရင်လေ.ကျွန်တော် အရင်ဆုံးလုပ်မိမှာက
ဒါပေမယ့် ကျွန်တော်က မှော်ဆရာ တစ်ယောက် မဟုတ်ခဲ့ဘူးလေ

ဒါအကြောင်းလေးက မှော်ဆရာ ဖြစ်ချင်ခဲ့တဲ့ မှော်ဆရာရဲ့ အကြောင်းလေးပေါ့ …
သူ့ကို ကျွန်တော် မပေးလိုက်ရတဲ့ ကတိအကြောင်း ရေးထားတာ တစ်ခုရှိပါတယ် ။ အချစ်ဆုံးသူရဲ့ နောက်ဆုံးလက်ဆောင်ပါ …. နှိပ်လိုက်ရင်ရပါတယ် ဖတ်ကြည့်ပါဦး ။
နေ့ခင်းတုန်းကတင်ထားတဲ့ပိုစ့် မှော်ဆရာ တန်ခိုးနဲ့ ကိုယ်ယောင်ပျောက်သွားတယ် ..
ပြန်ခေါ်တာတော့ ကျွန်တော်လဲ မတတ်တော့ အသစ်ပဲ ပြန်တင်ပေးလိုက်တယ်…

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010