အစာသည် ဆေး၊ဆေးသည် အစာ

ရွာထဲမှာရှိတဲ့အချိုဆိမ့်ကြိုက်တတ်သူတွေအတွက်ပါ။ အစားမတော်တလုပ်၊အသွားမတော်တလှမ်းဆိုတော့ သွားသတိ၊စားသတိပေါ့နော့။ကျွန်မထက်အသိဉာဏ်ပိုတဲ့သူတွေဆိုတော့ သိနှင့်ပြီးသားဖြစ်နေခဲ့ရင်လဲ မေ့မသွားအောင်တစ်ခေါက်ထပ်ဖတ်ပေးပါနော် ။ကွေကာအုပ်တွေဇွတ်သောက်ခိုင်းနေတော့ ကုမ္ပဏီကြော်ညာတော့မဟုတ်ရပါ။
ဆီးချိုကနှစ်မျိုးနှစ်စားရှိလေတော့ ကာကွယ်ကုသပေးနိုင်တဲ့ အစားအသောက်တွေကိုဖော်ပြပေးပါမယ်။

(၁)I အမျိုးအစားဆီးချိုရောဂါကာကွယ်ဖို ့အတွက် အနည်းဆုံးအားဖြင့် မွေးကင်းစကလေးငယ်များကို (၁)နှစ်အတွင်း နွားနို ့နှင့်နို ့ထွက်ပစ္စည်းများ မကျွေးသင့်ပါဘူး။

(၂)II အမျိုးအစားဆီးချိုရောဂါကာကွယ်ဖို ့အတွက် ငါးများ၊ပဲပုပ်ပင်၊အခွံမာအသီးများနှင့်ခရိုမီယမ်မြင့်မားတဲ့အစားအစာများ ဥပမာ-အနှံများနှင့် ပန်းဂေါ်ဖီတို ့ကိုများများစားပါ။တစ်ချိန်ထဲမှာ ကိုယ်အလေးချိန်ကိုလျှော့ပါ။အဆီတွေကို လျှော့စားပါ။

(၃)အကယ်၍ ဆီးချိုဝေဒနာရှင် ဖြစ်နေရင်တော့ ပါရဂူများအကြံပြုထားတဲ့ အပင်ရဲ့အမျှင်(cellulose)များပါဝင်တဲ့ အစားအစာတွေနဲ ့ ကစီဓါတ်ပါဝင်တဲ့ အစာတွေပိုစားပါ။ ဥပမာ-ဂျုံကြမ်းနဲ ့လုပ်ထားတဲ့ပေါင်မုန် ့(ချာပါတီ)၊ကွေကာအုပ်နဲ ့ပဲပုပ်ပဲ(ပဲပြား)တို ့ကိုစားပါ။ အပင်ရဲ ့အမျှင်တွေနဲ ့ ကစီဓာတ်တွေကိုချေဖျက်ဖို ့ အချိန်များများလိုပါတယ် ။ဒီတော့ သွေးထဲကိုစုပ်ယူပျော်ဝင်တဲ့အချိန်နှောင့်နှေးသွားစေပါတယ် ။သွေးချိုချက်ချင်းတက်သွားတာမျိုးမဖြစ်နိုင်တော့ပါဘူး။

(၄)ပျော်ဝင်အမျှင်များ (soluble fibers) များများပါဝင်တဲ့ အစားအသောက်တွေက ဥပမာ-ပဲပုပ်ပဲနဲ ့ကွေကာအုပ်တို ့ကိုများများစားပါ။ သူတို ့ဟာအစာချေလမ်းကြောင်းမှာ ကော်စေးအဖြစ်ပြောင်းလဲသွားတော့ အစာထဲကသကြားဓာတ်တွေ သွေးထဲရောက်တာနှောင့်နှေးသွားစေတဲ့အတွက် သွေးချိုရုတ်တရက်ဆောင့်မတက်နိုင်တော့ပါဘူး။

(၅)ခုလိုစားခိုင်းတဲ့အစာတွေ (ပဲများ၊ကွေကာအုပ်၊အနှံများ၊အခွံမာ အသီးအစေ့များ၊ဟင်းသီးဟင်းရွက်များ)မှာ အမျှင်ဓာတ်တွေ ပါဝင်နေတဲ့ အတွက်ကြောင့် နှလုံးရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်သွားတာပေါ့။

အားလုံးသောရွာသားများကျန်းမာချမ်းသာကြပါစေ။

“အာရောဂျံ ပရမံလာဘံ”

3 comments

  • redbull

    September 13, 2011 at 11:11 pm

    ကျန်းမာရေးအတွက်ဒီ ဆေးနည်းက မဆိုးဘူးပဲ… ကျေးဇူးပါ…

  • မီးမီး သော်

    September 14, 2011 at 11:49 am

    ကျန်းမာခြင်းဆိုတဲ့ လာဘ်ကြီးတစ်ပါးကို ပိုင်ဆိုင်နိုင်ကြပါစေ။

  • KMN

    September 14, 2011 at 3:35 pm

    ဖတ်ရသည့်အတွက် ကျေးဇူးပါဗျာ။
    ဖြစ်နိုင်ရင် ကိုလက်စထရောအကြောင်းပိုစ့်တင်ပေးပါလား။

Leave a Reply