ပင်စိမ်းရွက်ကြက်သား

ပင်စိမ်းရွက်နဲ့ကြက်သားကို ထိုင်းတွေအတော်နှစ်သက်ကြပါတယ်…

ပါဝင်သည့်ပစ္စည်းများ။        ။ပဲသီးစိမ်း၊ခရမ်းချဉ်သီး၊ငရုပ်သီးစိမ်း၊ကြက်သွန်ဖြူ၊ပင်စိမ်းရွက်၊ကြက်သား။

                                          ပဲငံပြာရည်၊ခရုဆီ၊ဆား၊သကြား၊ဟင်းချိုမှုန့်၊။

ပြင်ဆင်ချက်ပြုတ်ပုံ။           ။ြကက်သားရင်အုံသား(၁၀)ကျပ်သားခန့်ကို အတုံးလေးတွေတုံးပါ၊ပြီးလျှင်ကြက်သားကိုဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းငယ်၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့်နယ်ထားပါ။  ပဲသီးစိမ်းကိုလက်နှစ်ဆစ်အရွယ်လောက်လှီးထားပါ၊ခရမ်းချဉ်သီးကို ပါးပါးလှီးပါ၊ငရုတ်သီးစိမ်း(၁၀)တောင့်လောက်ကို ဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။ကြက်သွန်ဖြူ ငါးတက်လောက်ကိုလည်းဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။ပင်စိမ်းရွက်အနည်းငယ်ကိုလည်းရေစင်စင်ဆေးထားပါ။

                                           ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ဆီပူလာလျှင် အချိုအငံနယ်ထားသော် ကြက်သားနှင့်ပဲသီးစိမ်းကိုထည့်၍ အသားအညှိရောင်သမ်းလာလျှင် အိုးထဲမှခဏဖယ်ထားလိုက်ပါ။နောက်ထပ်ဆီ အနည်းငယ်ထည့်၍ ကြက်သွန်ဖြူကိုဆီသပ်လိုက်ပါ၊ပြီးလျှင် ငရုပ်သီးစိမ်းများကိုထည့်လိုက်ပါ၊ထိုနောက် ဖယ်ထားသောကြက်သားကိုထည့်ပါ၊အနံမွှေးလာလျှင် ပင်စိမ်းရွက်၊ခရမ်းချဉ်သီးတို့ကိုထည့်ပါ။အိုးအဖုံးဖြင့်ခဏလောက်အုပ်ထားလိုက်ပါ။ပြီးလျှင် ခရုဆီအနည်းငယ်(လက်ရည်ဇွန်းတစ်ဇွန်း)၊ပဲငံပြာရည်အနည်းငယ်၊ဆားအနည်းငယ်၊အချိုမှုန်ု(သို့)သကြားအနည်းငယ်ဆီထည့်ပါ၊ထိုင်းတွေကတော့ အချိုမှုန့်မစားတော့ သကြားပဲသုံးပါတယ်။ရေအနည်းငယ်ထည့်၍မွှေပေးပါ။ပြီးလျှင် အရသာနဲ့အနံပြည့်စုံသော ပင်စိမ်းကြက်သားဟင်းကိုရရှိနိုင်ပါသည်။

ထိုင်းမှာတော့ လက်တွန်းလှည်းလေးတွေနဲ့ နေရာတိုင်းလိုလိုမှာရှိတတ်ပါတယ်။ထိုင်းလိုတော့ ဖာ့ကပေါင် ကိုင် လို့ခေါ်ပါတယ်။ဖာ့ကပေါင်ဆိုတာကတော့ ပင်စိမ်းကိုခေါ်တာပါ၊ကိုင်ကတော့ ကြက်သားပါ။

ရွာသူ၊ရွာသားများ လက်စွမ်းပြပေတော့ဗျို့…..ကျနော်ပင်စိမ်းတွေကတော့ လက်ဆပ်တယ်ဗျ..ဆိုင်နောက်က မြေနေရာအလွတ်မှာ အရိုးတွေကိုထိုးပြီးစိုက်ထားလိုက်တာ အပင်တွေသန်မှသန်ပဲဗျို့…ရေလဲသိပ်လောင်းစရာမလိုဘူးလေ ဒီမှာက တစ်နှစ်ပတ်လုံးမိုးရွာနေတာ…မုတ်သုံရာသီဥတုဆိုတော့ အပင်တွေသန်တယ်လေ…

 

5 comments

  • ပေါက်ဖော်

    September 13, 2011 at 9:39 pm

    ဟုတ်ပြီဗျ..
    မှတ်ထားပြီး..ရွာပြန်မှ ဂျမ်းစိန်ကို ပြန်သင်ပေးဦးမယ်..
    谢谢

  • koyinmaung

    September 13, 2011 at 9:54 pm

    လူကြုံရှိယင်ပင်စိမ်းပင်တွေမှာအုံးမှဘဲ
    တရုတ်ပြည်မှာမတွေ့မိဘူးဖြစ်နေတယ်
    ကျေးဇူးဘဲ ….
    ချဉ်ပေါင်ပင်တောင်မျိုးယူလာပြီးစိုက်စားနေရတယ်….

  • weiwei

    September 13, 2011 at 11:50 pm

    ဒီနေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဟင်းရွက်ဆိုင်မှာ အဲဒီအရွက်ကို ဘာအရွက်လဲလို့ မေးမိလိုက်သေးတယ် … တို့စရာလို့ပဲ မှတ်ထားပြီး တစ်ခါမှ မချက်စားကြည့်မိဘူး … နောက်နေ့ စမ်းကြည့်အုန်းမှပဲ …

  • တညင်သား

    September 14, 2011 at 12:59 am

    ပင်စိမ်းပင်ရဲ့ အနံ့ လုံးဝမကြိုက်ဘူး ကျွန်တော်အလုပ်ဘေးမှာ ထိုင်းလူမျိုးတယောက် စိုက်ထားတယ်.. သူပေးလို့ ကဇွန်းအစေ့ စိုက်တယ် အပင်ပေါက်လာတော့ ကြော်စားတာ အရိုး တော်တော်မာတယ်…ဒီနည်းကိုပဲ မှီညမ်းကိုးကား ပြီး ချက်စားရမယ် ကျေးဇူးပါဗျာ…………

  • zaw min

    September 14, 2011 at 2:49 pm

    ဟုတ်ပါတယ်..ပင်စိမ်းကို မြန်မာတွေသိပ်မကြိုက်ကြပါဘူး…တချို့တွေကတော့ ငါးခူဆီပျံဟင်းမှာလည်းအသုံးပြုကြပါတယ်။ဗာမာလူမျိုးတွေသိပ်ပြီးစားလေ့စားထမရှိတဲ့ အသီးအရွက်တွေကို ဗဟုသုတအနေနဲ့မျှဝေပေးပါမယ်။
    ဒီမှာ မလေးလူမျိုးတွေတရုတ်လူမျိုးတွေ အရမ်းကြိုက်တဲ့ Pa Tai (ပဲဒညှင်း)၊ချင်းပြည်နယ်ဘက်ကတော့ မျောက်ငိုသီးလို့ခေါ်တယ်လို့သိရပါတယ်၊အနံ့က ဒညှင်းသီးအနံအတိုင်ပါပဲ…ပင်လယ်ပုဇွန်နဲ့ချက်စားကြတယ်။နောက်နေ့တင်ပေးလိုက်ပါ့မယ်။

Leave a Reply