ဦးမာဃ လို ကျင့်ကြံသူ

မောင် ပေSeptember 13, 20111min24823

ဦးထွန်းမြင့် ဆိုတာ တောင်သာရွာက ယာသမားကြီး ။ အခုတော့ တောင်သာမြို  ့နယ် ဆိုလားပဲ ။

တောင်သာ ဆိုတာ မန်းတလေး မြင်းခြံလမ်းပေါ်မှာ ရှိတာပေါ့ ။

ဒီနှစ် ဦးထွန်းမြင့် ရဲ  ့ယာက ပဲအထွက်မဆိုးဘူး လို ့ပြောရမယ် ။

ဒါနဲ ့ မန်းတလေး အထိ ပဲသွားရောင်းရင်း ၊ မန်းတလေး မြို  ့ပေါ်ကနေ ၊ ပွဲရုံပိုင်ရှင် ရဲ  ့ကောင်းမှု နဲ ့…

နတ်သုဓာ ဆိုတဲ့ အစားအစာ တစ်မျိုး ကို ဦးထွန်းမြင့် တစ်ယောက် ခံတွင်းတွေ ့ခဲ့တယ်။

သဘောအရမ်းကျသွားတယ် ။

နတ်သုဓာ ပုံစံ က ထောပတ်ထမင်းလိုလို နဲ ့ ၊ ပဲသီးတွေ ၊ မုံလာဥနီ အတုံးသေးသေးလေးတွေ ၊ စပျစ်သီးခြောက် တွေ ၊ သီဟိုစေ့ တွေ  နဲ ့ထောပတ်ဆန် နဲ ့ချက်ထားတာပါ ။

ကရဝေးရွက်ကလေးတွေ လဲ ပါတယ် ၊ အနံ  ့လေးက တော်တော်မွှေးတာကလား ။

နတ်သုဓာ တစ်ပွဲ ရယ် ၊ ကြက်ရင်အုံ တစ်ခု ရယ် ၊ ဘာလချောင်ကြော်ရယ် ၊ သရက်သီးဆီစိမ် ရယ် ၊ ချဉ်ဟင်းရည် တစ်ခွက်ရယ် ကို တစ်ထောင်ရှစ်ရာကျပ် ဈေးသင့်ကြောင်း သိခဲ့ရတယ် ။

ဦးထွန်းမြင့် တစ်ယောက် ရွာပြန်ရောက်တဲ့ အထိကို သူ စားခဲ့တဲ့ နတ်သုဓာ ကို ပြန်သတိရနေမိတယ် ။

သူ ့သားလေး ရှင်ပြုပွဲ မှာ ၊ အဲဒီ နတ်သုဓာ ကို သူကျွေးချင်မိတယ် ။

ခက်တာက သူတို ့ နားနီးတဲ့ မြင်းခြံ တို ့နွားထိုးကြီးတို ့မှာ ၊ ချက်တတ်ပြုတ်တတ်တဲ့သူ ရှိတယ် ထားဦး ၊ သူ ့ရွာထိ လိုက်ချက်ပြုတ်ပေးဖို ့ခေါ်လို ့မရပြန်ဘူး ။

ဦးထွန်းမြင့် တစ်ယောက် ကံကောင်းချင်တော့ သူ  ့ရွာကို ပဲလာဝယ်တဲ့ ကုန်သည်ကြီး ဦးဗိုဗို  နဲ ့သွားတွေ ့ခွင့်ရတာပါပဲ ။

ဦးထွန်းမြင့် လဲ ပဲအကြောင်းတွေ ပြောရင်းနဲ ့ သူ ့အလှူမှာ နတ်သုဓာ ကျွေးချင်ကြောင်း ၊ ချက်ပေးမယ့်လူ မလွယ်ကူကြောင်း စကားစပ်မိသွားတယ် ။

ဦးဗိုဗို တစ်ယောက် ၊ ဦးထွန်းမြင့် စကား အဆုံး မှာ ၊ ချက်ချင်းပဲ…မန်းတလေးမြို  ့က ကိုဌေးလင်း ဆိုတဲ့ သူတော်ကောင်းတစ်ယောက် ကို သတိရသွားတယ် ။

ဒါနဲ ့ဦးဗိုဗို တစ်ယောက် ၊ ဦးဌေးလင်း ကို ဆက်သွယ်လိုက်တယ် ။

ကိုဌေးလင်း (ခ) ကိုချစ်စိန်

သူ က အိုးသူကြီး

အလှူတွေ မှာ…ဒန်ပေါက် ၊ အုန်းထမင်း ၊ နတ်သုဓာ စသည်ဖြင့် ၊ အလှူရှင် ရဲ  ့ဆန္ဒရှိတာကို အခမဲ့ လိုက်လံ လုပ်အားဒါန ပြုသူ တစ်ဦး ။

သူ ့ရဲ  ့အချက်အပြုတ် လက်ရာက ပထမ တန်းစား ၊ သူ ့စေတနာ သူ ့လုပ်အား က အမြင့်စား ။

သူ ့ကြေငြာလေး ကို

“ အခမဲ့ ၊ မည်သည့်နေရာမဆို လုပ်အားဒါနလိုက်ပြုပါသည် ။ မိတ်ဆွေ သိပြီးရင် သင့်ရဲ  ့မိတ်ဆွေ ကို ပြောလိုက်ပါ ။ အော်ဒါ လက်သင့်ခံသည် ။ ” တဲ့

ဒီလိုနဲ ့အလှူဒကာ ဦးထွန်းမြင့် နဲ ့ကိုဌေးလင်း တို ့ချိတ်ဆက်မိသွားကြပြီး ။

ဦးထွန်းမြင့် ရဲ  ့သားရှင်ပြု အလှူပွဲကြီး မှာ နတ်သုဓာ ကျွေးဖြစ်သွားတယ် ။ ကိုဌေးလင်း ရဲ  ့လုပ်အားဒါန ၊ အိုးသူကြီးပေါ့ ။

အလှူပွဲလာ ဧည့်ပရိသတ် ၊ ရပ်နီးရပ်ဝေး ဆွေမျိုးများ နဲ ့ ဘုန်းကြီး များလည်း အလှူ စားဖွယ် ကို သဘောကျ ကုန်တယ် ။

“ စားလို ့ကောင်းလိုက်တာ ၊ တစ်ကယ် အရသာရှိတာပဲ ” စသည်ဖြင့် အားပေးသံများ ကြားရတယ် ။

ကိုဌေးလင်း တစ်ယောက် သူ ့လက်ရာ ကို သုံးဆောင်နေကြသော ဘုန်းကြီးများ ၊ ဧည့်ပရိသတ်များ ကို ကြည့်ရင်း ဝမ်းသာပီတိ ဖြစ်နေပါတယ် ။

အဲဒီမှာ ၊ ကောင်းသော လုပ်ရပ် ၊ ကောင်းမှု ကုသိုလ် များ လုပ်ကိုင်နေသူ ကိုဌေးလင်း ကို ကျွန်တော် တွေ ့ဆုံခဲ့ပြီး သူ ့အကြောင်း ကို အင်တာဗျူး ဖြစ်ခဲ့ပါတယ် ။

ကိုဌေးလင်း (ခ) ကိုချစ်စိန်
ကိုဌေးလင်း (ခ) ကိုချစ်စိန်

ပေ = မင်္ဂလာပါ ခင်ဗျာ

ဌေး = ဟုတ်ကဲ့ မင်္ဂလာပါ

ပေ = အကိုကြီး နာမည် က

ဌေး = ဌေးလင်း (ခ) ချစ်စိန်ပါ။ မန်းတလေးမြို  ့ ၂၉လမ်း နဲ ့ ၃ဝ လမ်းကြား ၊ ၈၆ လမ်း ၊ ထုံးဘူးတန်းရပ် မှာ နေပါတယ် ။

၁၉၆၅ တန်ဆောင်မုန်းလ ၁ဝရက်နေ ့က ကျွန်တော့် မွေးနေ ့ပါ ။

မန်းတလေး မှာ မွေးတာ ဖြစ်ပေမယ့် ၊ ကြီးပြင်းလာခဲ့တာ က တော့ ရွှေဘို ကျောက်မြောင်း နားက ရေတော်ရွာ မှာပါ ။

ငယ်စဉ်က ရေငုပ်လုပ်ငန်း ၊ အုတ်သူကြီး လုပ်ခဲ့ဖူးပြီး ယနေ ့လက်ရှိ အချိန်မှာတော့ ကျောက်စိမ်း ဝယ်ရောင်း လုပ်နေပါတယ် ။

ကျွန်တော် ငယ်စဉ် က ၊ ကျွန်တော် ကြီးပြင်းလာခဲ့တဲ့ ရေတော်ရွာလေး မှာ ဆင်းရဲသူ တွေ ၊ မပြည့်စုံသူတွေ ရဲ  ့အခက်အခဲလေး တွေ ကို အမြဲလို တွေ ့မြင်ခဲ့ရပါတယ် ။

အဲဒီကတဲ က ကျွန်တော့် မှာ ပရဟိတ လုပ်ငန်း လုပ်ဖို ့စိတ်ဝင်စားခဲ့ပါတယ် ။

မှတ်မှတ်ရရ ၁၉၉၁ ခုနှစ်မှာပေါ့ ဗျာ ။ ရေတော်ရွာလေး မှာ…ဒန်ပေါက် ၁တင်းဖောက်ပြီး စတုဒီသာ အလှူလုပ်ခဲ့ပါတယ် ။

အဲဒီမှာ..ရွာက ကလေး၊လူကြီး မကျန် အားလုံး ၊ ကျွန်တော့် အလှူကို လာအားပေးကြတာပေါ့ ။

အဲဒါကို လက်တွေ ့ကြည့်ပြီး အရမ်းဝမ်းသာ ပီတိ ဖြစ်ရပါတယ် ။

နောက်ပိုင်းကြတော့ စဉ်းစားမိတာပေါ့နော် ။ နယ်ကတို ့တောရွာကတို ့ အလှူရှင်တွေ ရှိမယ် ။ ဒန်ပေါက်တို ့ အုန်းထမင်း တို ့နတ်သုဓာ တို ့ အစရှိသဖြင့် ကျွေးချင်တဲ့ သူတွေ ပေါ့ ။

မြို  ့ပေါ် က လဲ ရှိပါတယ် ။ သူတို ့တွေ အလှူတွေ မှာ ၊ ဒီဟာတွေ ကို ချက်ပြုတ်ပေးဖို ့လူလို မှာပဲ ။

ကျွန်တော့်အနေ နဲ ့ကျွန်တော် တတ်နိုင်တဲ့ ၊ လုပ်အားဒါန လေးပေါ့ဗျာ ။ ပြုချင်လာပါတယ် ။

ဒါနဲ ့၁၉၉၁ ခုနှစ်က စပြီး ၊ ကျွန်တော် ့ကို ဆက်သွယ်လာတဲ့ အလှူတွေ မှာ လိုက်လံ လုပ်အားဒါနပြု ချက်ပြုတ်ပေးခဲ့တာ ယနေ ့အထိပါပဲ ။

တစ်ချို  ့အလှူရှင်တွေ က ဝမ်းသာအားရ ဖြစ်ပြီး ပိုက်ဆံ ချီးမြှင့်လာတာ ရှိပါတယ် ။ အဲဒီအလှူမှာပဲ ကျွန်တော် ပြန်လှူခဲ့တာပါ ။

ညီလေးတွေ ့ရတဲ့ ကြေငြာစာရွက်ကလေး က တော့ အခု မှ လုပ်ထားတာပါ ။

ရွှေဘိုနယ်တစ်ဝိုက် နဲ ့၊ မိုးကုတ် ၊ ရွှေတော ၊ မြင်းခြံ မြို  ့များ က အလှူပွဲတွေ မှာ လိုက်လံချက်ပြုတ်ပေးခဲ့ပါတယ် ။

ရေတော်ရွာ က ရွှေဘုံသာ ဘုရားမှာလဲ သံမံတလင်း ခင်းလှူခဲ့ပါတယ် ၊ ရေတွင်းလည်း တူးလှူခဲ့ပါတယ် ။

ယနေ ့ကျွန်တော်နေတဲ့ ရပ်ကွက်ထဲ က သာရေးနာရေး မှန်သမျှ မှာလဲ ၊ ကျွန်တော် ပါဝင် ကူညီ လုပ်ကိုင်လျှက်ပါ ။

ကျွန်တော် ့အနေ နဲ ့ မြန်မာတစ်နိုင်ငံ လုံးက ၊ ဘယ်နေရာ ဘယ်ဒေသ က မဆို ဖိတ်ကြားလာမယ့် အလှူရှင် ရှိမယ် ဆိုရင် အမြဲတမ်း လိုက်လံ လုပ်အားဒါန ပြု ဖို ့အသင့်ပါ ။

ကျွန်တော့် ရဲ  ့ကြေငြာ လက်ကမ်းလေး က တော့

“ မိတ်ဆွေ တို ့လှူမယ် ၊ ဆွမ်းကပ် မယ် ၊ ဒါနအတွက် ဒံပေါက် ၊ နတ်သုဓာ ၊ သီးစုံထောပတ်ထမင်း ကျွေးမယ် ဆိုရင်

၂၉ x ၃ဝ လမ်းကြား ၊ ၈၆ လမ်း ၊ ထုံးဘူးတန်းရပ် ၊ မန်းတလေး မြို  ့က ဌေးလင်း (ခ) ချစ်စိန် ကို သတိရလိုက်ပါ

အခမဲ့ မည်သည့်နေရာမဆို ဒါနလိုက်ပြုပါတယ် ။ မိတ်ဆွေ သိပြီးရင် သင့်ရဲ  ့မိတ်ဆွေကို ပြောလိုက်ပါနော် ”

——————–xxxxxxxxxxxxxxxxxxxxxxxx—————————–

အထက်ပါ အင်တာဗျူးကတော့ ကျွန်တော် မောင်ပေ နဲ ့ကိုဌေးလင်း တို ့ရဲ  ့တွေ  ့ဆုံမေးမြန်းထားတာတွေ ပါ ။

“ ကျွန်တော် တို ့ဟာ လူ ့လောက ထဲ ကို ဝင်လာကြပြီး ရင် ဗလာ ပြန်ထွက်သွားမှာလား ၊

နောင်သံသရာ အတွက် အလှူဒါန ၊ ပရဟိတ တွေ လုပ်ပြီး ကုသိုလ်တွေ ယူသွားမလား  ” လို ့ကိုဌေးလင်း က ဆိုလာပါတယ် ။

သူ  ့ရဲ  ့ကောင်းသော လုပ်ရပ် များ ကို သိရှိရပြီး မှာ ၊ ကျွန်တော် မောင်ပေ က ပြန်ပြီး ကြေငြာပေးလိုက်ပါတယ် ။

ကဲ…စာဖတ်သူများ နဲ ့ ၊  မြန်မာနိုင်ငံ အတွင်း က အလှူလုပ်လိုသူ ၊ ကိုဌေးလင်း ကို ဆက်သွယ်လို သူများ အနေနဲ ့ ၊ ဆက်သွယ်နိုင်ပါကြောင်း

သတင်းကောင်းလေး ပါးလိုက်ပါတယ်နော် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ယခုပို ့စ် တွင် ရေးသားခဲ့သော အကြောင်းအရာများ ၊ တင်ထားသော ကိုဌေးလင်း ၏ ဓါတ်ပုံ အတွက် ကိုဌေးလင်း ထံ မှ ခွင့်ပြုချက်တောင်းပြီး ဖြစ်ပါသည် ။ သူ ၏ ခွင့်ပြုချက် အရ တင်ဆက်လိုက်ရခြင်း ဖြစ်ပါသည် ။

———————-အားလုံးကို ကျေးဇူးတင်ပါသည်———————-

 

 

23 comments

  • ပေါက်ဖော်

    September 13, 2011 at 10:22 pm

    ကိုမေပေါင်ရေ..
    ဒီနေ ့အတွက်တော့..ဒီပို ့စ်က ကျနော့အတွက်..ကျက်သရေအရှိဆုံးပဲဗျာ..
    နောက်လဲ ဒီလိုမင်္ဂလာရှိတဲ့ ထင်တာဗျူးလေးတွေမျှော်နေပါဦးမယ်..
    ဒါနဲ ့..
    အလှူရှိရင် ကျနော့်ကိုလဲ ဖိတ်နိုင်ပါတယ်နော်..
    😀

    • windtalker

      September 14, 2011 at 12:20 am

      ထင်တာကို ဗျူးထားတာ မဟုတ်ပါဘူး
      ကိုပေါက်ဖော်
      သေချာ ကျကျနန ဗျူးထားတာပါ
      နောက်ထပ် ဆက်ပြီး
      ဒီအကြောင်းအရာ ၊ ဒီပို ့စ် ကို
      ဂျာနယ် မှာ ထည့်ဖို ့ပို ့ထားပါတယ်
      ဘယ်ဂျာနယ်တိုက်က ထည့်မလဲ ဆိုတာ တော့
      မသိသေးပါဘူး ။
      စိတ်ချပါ အလှူရှိရင် ဖိတ်လိုက်ပါမယ်
      မလာရင်တော့ စိတ်ဆိုးမှာနော်
      🙂

      • ပေါက်ဖော်

        September 14, 2011 at 8:28 pm

        ကိုပေရေ..
        ကျနော့်မာတီမှာ ပြန်ရှဲချင်လို ့..ဖြစ်မလားဗျ
        တော်ကြာ.ဟိုကလဲရှဲ..ဒီကလဲရှဲနဲ ့..ဆို
        ကိုပေနဲ ့..ကိုချစ်စိန်တို ့ အပတ်မလည်ပဲ ဖြစ်နေမှာဆိုးလို ့.ဗျ.. 😀
        နို ့မို ့ဆို ကူးပလိုက်ပြီ 😛
        ခုတောင်..Publish လုပ်ဖို ့ လယ်ဒီဘဲ..အဟီး..

        ပစ်တင်ပလိုက်ရမရားပြော..ပါ ..ပြောပါ.. 😀

        • windtalker

          September 14, 2011 at 9:14 pm

          အခုလို
          ပွင့်လင်းစွာ တောင်းဆိုလာတာကို
          ဝမ်းသာပါတယ်
          ရပါတယ်
          ကိုပေါက်ဖော်
          ရှဲပါ
          ဒီလို ကောင်းမှု သတင်း ကို
          ဖြန် ့ပေးဖို ့တာဝန် က
          စာရေးသူတိုင်းမှာ တာဝန်ရှိပါတယ် မလား

  • koyinmaung

    September 13, 2011 at 10:31 pm

    နေရပ်လိပ်စာ ကူးထားပါတယ်
    ဝမ်းသာစရာသတင်းလေးပါဘဲ….

  • TTNU

    September 13, 2011 at 10:42 pm

    Dear Ko Wind Talker,
    I was touched after reading your writing. If you just mentioned the name of Ko Htay Lin @ Ko Chit Sein, it wouldn’t be very inspiring. Your introduction, however, drew the attention of me so
    comprehensively that I could get the smell of နတ်သုဒ္ဓါ.

    I’ve noted down that address in case I want to ask for his help. And then I’ll invite you so long as you live in Mandalay.

  • မှော်ဆရာ

    September 13, 2011 at 10:43 pm

    သာဓု သာဓု သာဓု

  • captainamerica

    September 13, 2011 at 10:54 pm

    ကိုပေရေ ဖတ်လိုက်ရတာတကယ်ကြီးကိုစိတ်ချမ်းသာပါတယ်ဗျာ…………..
    ဒီလိုပို(စ်)မျိုးကိုတင်တဲ့ကိုပေလည်းနိဗန်ဆော်ကုသိုလ်ရသာွးပီ

  • ကြောင်ကြီး

    September 14, 2011 at 7:50 am

    သာဓုဗျာ သာဓု၊ အရမ်း အရသာရှိတဲ့ အင်တာဗျူးပို့စ်လေးပါပဲ။ စေတနာသည်ကံဖြစ်လို့ ကျောက်ကောင်းကျောက်မြတ်များ အရောင်းအဝယ် များများဖြစ်ပြီး အလှူအတန်း ယခုထက်ပိုပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

  • MaMa

    September 14, 2011 at 8:26 am

    အလှူဒါနဆိုတာ ဘယ်လို ပြုနိုင်တယ် ဆိုတာကို ပြလိုက်သလိုပဲ။
    ငွေကုန်ကြေးကျမှ အလှူမဟုတ်ဘူး။
    ကြားဖူးတဲ့ တရားတစ်ပုဒ်မှာ အဲဒီလို သူများအလှူမှာ စိတ်ပါလက်ပါ ချက်ပြုတ်လုပ်ကိုင်ပေးလေ့ရှိတဲ့လူနဲ့ ငွေကုန်ခံပြီး လှူပေမယ့် စိတ်သောကတွေများ စိတ်မပြတ်တဲ့ အလှူ့ရှင်၊ သူတို့ နှစ်ဦး သေတော့ ချက်ပေးတဲ့ အိုးသူကြီးက ပိုတန်ခိုးကြီးတဲ့ နတ်သားဖြစ်သွားတယ်တဲ့။ ကုသိုလ်ပြုရာမှာ
    “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွှမ်း၊ စိတ်တူ ကုသိုလ်ယူ” တဲ့။
    ဝိုင်းဝန်းကူညီတဲ့လူဟာ အလှူ့ရှင်နဲ့ထပ်တူထပ်မျှ ကုသိုလ်ရပါတယ်။

  • True Answer

    September 14, 2011 at 8:40 am

    အလှူကောင်းတဲ့ အင်တာဗျူးပိုစ်လေးပါ

  • Moe Z

    September 14, 2011 at 9:26 am

    သာဓု..သာဓု..သာဓု လုပ်အားအလှူရှင်ရော post တင်ပေးတဲ့သူရော စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဒီထက်ပိုပြီး လှူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်…

  • weiwei

    September 14, 2011 at 10:29 am

    သိပ်ကောင်းတဲ့ လုပ်အားဒါနပဲ … အားကျလိုက်တာနော် …

  • တညင်သား

    September 14, 2011 at 10:44 am

    သန်လျှင်မှာရှိတယ်လေ ဆန်တတင်းချက်ရင် ဘယ်လောက် ဆိုပြီး အခကျေးငွေနဲ့လိုက်ချက်တာ ကိုယ်တိုင်မလုပ်နိင်လို့ သူတို့ကိုအပ်ပါတယ် ကုသိုလ် မရတဲ့ အပြင် ငရဲမကြီး အောင်နေရတယ် .. ချက်ဖို့ ပေးသမျှ ဆန် ၊ ဆီ ၊ ဆား အိမ်ကို ခိုးသယ်ကြလို့ … ဒီလိုမျိုး လုပ်အား ကုသိုလ် အတွက် သာဓု ခေါ်ပါတယ် .. တနေ့ နေ့တော့ သူနဲ့အတူ ကုသိုလ် ယူချင်ပါသေးတယ်….

  • etone

    September 14, 2011 at 2:13 pm

    တတ်နိုင်တဲ့ ဘက်က လူတန်းစားမခွဲခြားပဲ လိုက်ကူညီတယ် ကြားရတာ ဝမ်းသာပါတယ် … ။
    အလှူသာလုပ်ချင်ပြီး မချက်တတ်တဲ့လူတွေ ၊ ချက်ရမှာ ကရိကထများတယ်ထင်တဲ့ လူတွေ ၊ ပင်ပန်းမှာ စိုးတဲ့ လူတွေအတွက်တော့ … သတင်းထူးလေးပေါ့ … ။

    မတူတဲ့ဘက်က စဉ်းစားကြည့်လျှင် .. လူဆိုတဲ့ အမျိုးက အတော် သံသယများတာပဲဗျို့ … ။
    ကိုယ်က စေတနာနဲ့ လုပ်ကိုင်ပေးလျှင်တောင် … သူတို့ဘက်က(အလှူရှင်) သွေးသားမတော်စပ်လို့ .. ဈေးဝယ်တဲ့အခါ စာရင်းပိုတင်သလား …. မတန်တဆဝယ်လာသလား .. အလေလွင့်ဖြစ်သွားသလို့လို့ သံသယဝင်ကောင်းဝင်နိုင်ပါတယ် … ထို့အတူ အခမဲ့လို့လည်း ကြော်ငြာထားတော့ .. ဒီလူ ဘာအကြံနဲ့ပါလိမ့်လို့ ..တွေးကောင်းတွေးနိုင်တယ် .. (အဆိုးဘက်ကပြောတာပါ .. ) ။

    အခမဲ့ဆိုတာမျိုးရေးထားပေမဲ့ … သိတတ်တဲ့လူတွေကတော့ … ဆုငွေလိုမျိုး ၊ လက်ဆောင်လိုမျိုးပေးကြမှာပါ … တချို့ အကျင့်ပုတ်တွေကတော့ …. ခိုင်းသာခိုင်းတယ် ဖရီးကြောနဲ့ ခိုင်းချင်ကြတယ် … ။ စေတနာနဲ့ ကူညီတဲ့ လူကိုတောင် … စေတနာ ပြန်မထားတတ်တဲ့ လူတွေလည်း ရှိတယ် …. ။ လူအမျိုးမျိုး ..စိတ်အထွေထွေပါဘူး … အဲ့ဒါလေးတွေ ကြုံခဲ့ဖူးလို့ … 🙄

    • pan pan

      September 14, 2011 at 3:14 pm

      ကူလည်းပေးရသေး
      ဖရီးကြောနဲ့
      တချို့အဲလိုပဲ
      စေတနာနဲ့ ကိုယ်လည်းကုသိုလ်ရအောင်ကူတာပါ
      အကြောကြီးနဲ့ ခိုင်းချင်ကြတယ်
      ကျွန်မအဒေါ်ကတော့ အလှူဆို ပန်းကန်ကူဆေးပေးတယ်
      ပန်းကန်ဆေးအလုပ်က လူသိပ်မလုပ်ချင်ဘူးလေ
      အဒေါ်ကပြောတာက အနိမ့်ဆုံးအလုပ်ကို လုပ်ပါတဲ့
      စားပွဲထိုးဘာညာက လူပေါနေတာကိုး
      ကျွန်မလည်း အဒေါ့်ကောင်းမှုနဲ့ သင်္ကြန်တုန်းက ရိပ်သာမှာဆွမ်းစားပြီး ပန်းကန်ဝင်ဆေးဖြစ်တယ်
      အဲဒီမှာတော့ တကယ်စိတ်ချမ်းသာစရာကောင်းခဲ့ပါတယ် 🙂

  • zaw min

    September 14, 2011 at 3:34 pm

    ကျေဇူးပါကိုတော်ကာ…လုပ်အားဒါနအလှူ အင်မတန်မွန်မြတ်လှပါတယ်၊စေတနာနဲ့ သဒ္ဒါတရားအလွန်ပင် အဖိုးတန်မွန်မြတ်လှပါတယ်…နေရပ်လိပ်စာအား ကူးယူထားလိုက်ပါတယ် ….

  • pooch

    September 14, 2011 at 7:18 pm

    လိပ်စာလေးကူးထားလိုက်ပါတယ်။ သာဓုပါ မောင်ပေရယ်။ ဒီလို သတင်းစကားတွေကို လက်ဆင့်ကမ်းတဲ့ မောင်ပေတယောက် ဘုန်းကြီးလို့ သက်ရှည်ပါစေတော်………

  • padonmar

    September 14, 2011 at 8:05 pm

    ကိုဌေးလင်းရော မောင်ပေကိုပါ သာဓုခေါ်ပါတယ်။
    သူ့ကိုဆုချတဲ့ ငွေကိုတောင် အလှူမှာ ပြန်လှူခဲ့တယ်ဆိုကတည်းက သူ့စေတနာ သိသာပါတယ်။
    သိသိမသိသိ ကိုယ့်အလုပ်ပစ်ပြီးကူညီနိုင်တဲ့ စိတ်ဓာတ်ဟာ တော်ရုံလူမထားနိုင်ပါဘူး။

  • piti

    September 14, 2011 at 8:53 pm

    သာဓု၊ သာဓု၊ သာဓုပါ windtalker ရေ
    လောကကြီးမှာ မတရားသဖြင့် စီးပွားရှာပီး လူအထင်ကြီးအောင် သတင်းစာထဲထည့်ကြော်ငြာတဲ့အလှူထက် ကိုဌေးလင်း (ခ) ကိုချစ်စိန် ရဲ့ လုပ်အားအလှူက နှိုင်းယှဉ်လို့ မရလောက်အောင် မြင့်မြတ်ပါတယ်ဗျာ…
    အင်တာဗျူးပီး ထည့်ပေးတဲ့ မောင်ပေ ကိုလည်း ကျေးဇူးတင်ပါတယ်……..
    သူလိုလူစား များများလိုပါတယ်

Leave a Reply