“အပျော်ဆုံးနေ ့” အပိုင်း (၁)

mandalarthuSeptember 13, 20115min1208

လူမှန်းသိတတ်သည့်  အချိန်ကာလမှစ၍  ယနေ ့အချိန်အထိ   ကျွန်မဘဝတွင်  “အပျော်ဆုံးနေ ့” ဟူ၍  များများစားစားမရှိခဲ့ဖူးပါ။ ဘဝရည်မှန်းချက်ကြီးကြီးထား၍   တစ်နှစ်ပတ်လုံး  အပတ်တကုတ်ကြိူးစားအားထုတ်ပြီး ထိုက် ထိုက်တန်တန်    ဂုဏ်ထူးများဖြင့်   အောင်မြင်ခဲ့ရသော (၁၀)တန်း  စာမေးပွဲအောင်မြင်ခဲ့ရသည့်နေ ့လား။ ဟင့်အင်း။ ထိုနေ ့သည်လည်း  ကျွန်မဘဝတွင် “အပျော်ဆုံးနေ ့” မဖြစ်ခဲ့ပါ။

တနေ ့တာလုံးအဆက်မပြတ် တဖွဲဖွဲရွာသွန်းနေခဲ့သော  ရန်ကုန်မိုးများအောက် ထီးတလက်နှင့် အလုပ် ခွင်ဝင်ခွင့်ရာထူးစာမေးပွဲ အောင်စာရင်းကပ်မည့်အဆောက်အဦရှေ ့  စောင့်စားရင်း ရင်ခုန်မျှော်လင့်ခဲ့ရသော  အောင် စာရင်းတွင် မိမိနာမည်ပါလာခဲ့သည့်နေ ့လား။? ? ?။ ဟင့်အင်း။ အဲဒီနေ ့လည်း   “အပျော်ဆုံးနေ ့”   မဟုတ်ခဲ့ပါ။

ဘဝတွင်  အခါများစွာထားခဲ့ဖူးသော  မျှော်လင့်ချက်ပေါင်းများစွာ   ပြည့်ဝခဲ့သော  နေ ့ပေါင်းများစွာ လား။ဟင့်အင်း။ ထိုနေ ့များသည်လည်း  စိတ်အာရုံတွင်  မှုန်ဝါးပျောက်ကွယ်သွားပြီဖြစ်သည်။ အမှတ်ထင်ထင် “အပျော် ဆုံးနေ ့” ဟူ၍ ယနေ ့အထိ နှလုံးသားတွင်  သိမ်းဆည်းထားစရာ  မရှိခဲ့ဖူးတာတော့  အသေအချာပင်။

ဒါပေမယ့်  ဤယနေ ့(၁၁-၉-၂၀၁၁)ရက်နေ ့သည် ကျွန်မဘဝတွင် “အပျော်ဆုံးနေ ့” ဖြစ်ခဲ့ဖူးသည်ဟု ဝန်ခံရမည့်နေ ့ပင်။ သိပ်ကို တိုတောင်းသော အချိန်ပိုင်းလေးပါဘဲ။ ထိုခဏတာ အချိန်ပိုင်းလေးသည် ပြန်တွေးမိတိုင်း စိတ်နှလုံးကြည်နူး ပီတိဖြစ်မိကာ ကုသိုလ်တရားများ အထပ်ထပ်ပွားမိသည်အထိပင်။

ဒီနေ ့ ။    အပျော်ဆုံးနေ ့။

ကျွန်မတို ့  မန ္တလေးမြို  ့ တွင်  (၁၉-၈-၁၁) နေ ့မှစ၍  ရက်ဆက်နီးပါးရွာသွန်းခဲ့သောမိုးကြောင့်  မြို  ့ နယ်(၃)ခုတွင် ရေဘေးဒုက္ခခံနေရပါတယ်။ အောင်မြေသာစံမြို ့နယ်ရှိ ညောင်ကွဲရပ်ကွက်နှင့် ရပ်ကွက်အချို  ့၊ မဟာအောင်မြေမြို  ့နယ်ရှိ ဒေါနခြံ၊ မာလကာခြံအတွင်းက ရပ်ကွက်တွေနဲ ့ ချမ်းအေးသာစံမြို ့နယ်အတွင်းက ရပ်ကွက် အချို  ့မှာ  ရေဝင်နေတယ်။အိမ်ထောင်စု ထောင်နဲ ့ချီပြီး  ရေဘေးဒုက္ခ  ကြုံ တွေ ့နေရတယ်။

 


 

ညောင်ကွဲရပ်ကွက်ကရပ်ကွက်တွေမှာ အိမ်ခြေ (၁၀၀၀) ကျော် ရေÕမုပ်နေတယ်။ရေကကျဖို ့ မလွယ်ဘူး။စုပ်ထုတ်တာအပြင် အခြားမရှိဘူး။ ရေအိုင်နေတယ်လို ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြို ့တော်စည်ပင်က  တာဝန်ရှိသူတွေနဲ ့သက်ဆိုင်ရာအဖွဲ ့အစည်းတွေ ရေဝင်တဲ့ ရပ်ကွက်အချို  ့မှာ   ရေစုပ်စက်တွေနဲ ့ ရေတွေ  စုပ်ထုတ်ပေးနေတယ်။

ရပ်ကွက်တချို ့ကိုလည်း ရွေ  ့ပြောင်းပေးပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ပေးထားတာကို တွေ ့ရပါတယ်။

(၂-၉-၁၁)ရက်ထုတ်  မော်ဒန်သတင်းဂျာနယ်မှ ရေဘေးကယ်ဆယ်ရေးသတင်းကို ဖတ်မိပြီး ကျွန်မ  ကုသိုလ်တော်ဘုရားဝင်းအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းကွပ်ကဲရေးရုံးကို သွားရောက်လေ့လာမှုတွေ ပြု လုပ်ခဲ့ ပါတယ်။ အဲဒီ ကယ်ဆယ်ရေးစခန်းမှာ  အိမ်ထောင်စု (၁၃၅) စုနဲ ့  လူဦးရေ (၄၇၅) ဦးရှိပြီး  (၂၆-၈-၁၁) ရက်နေ ့မှ ကစပြီးဒီစခန်းကို ဖွင့်လှစ်ပြီး ရေဘေးဒုက္ခသည်များကို ဘုရားဝင်းအတွင်းအပြင်ဘက်ပတ်လမ်းတွေမှာ နေရာချထားပေးခဲ့ပါတယ်။

စားစရာမရှိဘဲ ဒုက္ခရောက်နေကြတဲ့ သနားစဖွယ်ရေဘေးဒုက္ခသည်တွေကို မြင်တွေ ့လိုက်ရတဲ့ခဏ  စိတ် မကောင်းခြင်းကြီးစွာ  ကျွန်မဖြစ်မိခဲ့ပါသည်။

ကျွန်မတို ့က စားစရာအပြည့်အစုံ၊ ဝတ်စရာ ဖြူနီဝါပြာ  ကာလာဒီဇိုင်းစုံ စိတ်တိုင်းကျ ဝတ်ဆင်ပြီး  နေစရာနေအိမ် မိုးလုံလေလုံနှင့်  စိတ်အေးချမ်းသာစွာ မပူမပင်ရဘဲ နေထိုင်နေခိုက်မှာ ရေဘေး ဒုက္ခကြုံနေရရှာတဲ့သူတွေမှာတော့  ရေလွတ်တဲ့နေရာကို ပြောင်းရွေ  ့ပြီး  ယာယီတဲထိုးနေထိုင်နေရရှာတာကို မြင်တွေ  ့ ခဲ့ရပါတယ်။

ညောင်ကွဲရပ်ကွက်ဟာ ရေနစ်မြုပ်တဲ့အတွက်ကြောင့်  ရေဘေးသင့်သူအများစုက  တာဘောင်ရိုးပေါ်မှာ ယာယီ တဲထိုးနေထိုင်ကြရပါတယ်။

အဲသည်နောက် ဩဂုတ်လ (၂၆) ရက်နေ ့မှာတော့  အများစုက မန ္တလေးတောင်ခြေမှရှိတဲ့  ကုသိုလ်တော်ဘုရားနဲ ့ ပုသိမ်ကြီးမြို  ့နယ် အောင်ချမ်းသာရွာမှာရှိတဲ့ ပညာပါရမီဘော်ဒါဆောင်မှာ ပြောင်းရွှေ  ့ နေထိုင် ကြတာ ဖြစ်ပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုကို  ကိုယ်တိုင်သွားရောက်လေ့လာပြီးတဲ့ ကျွန်မဟာ  သံဓိဋ္ဌာန်တခုကို ချလိုက် ပါတယ်။

“ငါလဲ မြန်မာလူမျိုးတယောက်အနေနဲ ့ ကိုယ့်မြန်မာလူမျိုးတွေ ဒုက္ခရောက်နေတာကို ငါတတ်နိုင်တဲ့ဘက်က ကူညီမယ်”လို ့။

 

 

 

 

 

 

8 comments

  • တယ်လီဖုန်း

    September 14, 2011 at 12:19 am

    ငါလဲ မြန်မာလူမျိုးတယောက်အနေနဲ ့ ကိုယ့်မြန်မာလူမျိုးတွေ ဒုက္ခရောက်နေတာကို ငါတတ်နိုင်တဲ့ဘက်က ကူညီမယ်”လို ့

    သာဓုပါဗျာ။

  • Moe Z

    September 14, 2011 at 10:16 am

    မန္တလာသူလေးကူညီခဲ့ပုံကို စောင့်ဖတ်ပြီး သာဓုခေါ်ပေးမယ်နော်..
    (၂) ကိုဆက်ရေးပါဦး..

  • မီးမီး သော်

    September 14, 2011 at 12:21 pm

    တောင်းတဲ့ဆုနဲ ့ပြည့်ပါစေ။ခုလိုမြင်ရတွေ ့ရတော့ ဝမ်းနည်းဝမ်းသာကြီးပါလားနော်။

  • Shwe Tike Soe

    September 14, 2011 at 2:37 pm

    ဟုတ်ပဗျာ ကြည်နူးဝမ်းမြောက်မိပါတယ်.. အဲလိုလူတွေများများရှိပါစေ… မန်းစည်ပင်ကလဲ လုပ်ပေးရှာသားပဲနော်
    ကောင်းပဗျာ ကောင်းပ

  • barnay

    September 15, 2011 at 4:04 pm

    ဟုတ်ကဲ့ ဗျာ ဝမ်းမြောက်ပါတယ် သာဓုခေါ်ပါတယ်
    အဲ့လို အကူအညီလိုနေသူတွေကို လှူရတာဟာ
    တကယ် ကျေနပ် ပီတိဖြစ်စရာပါ
    လှူနေစဉ်မှာကိုပဲ စိတ်ထဲက ဖြစ်နေတာမို့ပါ ..။။။။
    အဲ့ဒီ မန္တလေးက ခုဖြစ်နေတဲ့ အရပ် .. ရေဝပ်တယ်ဆိုတာမှာ ရေထွက်ပေါက် ကျဉ်းနေလို့လား ရေလမ်းကြောင်း မရှိလို့လား
    စဉ်းစားကြည့်မိတယ်ဗျာ ကိုယ်တိုင်မရောက်ဖူးတော့လည်း စိတ်ကူးနဲ့ပဲ တွေးမိတာပါ
    မြစ်က လျှံတာမဟုတ်ရင် ဒီရေကို မဝပ်အောင် ထုတ်နိုင်မဲ့နည်းလမ်းတော့ ရှိမှာပဲလေ
    နည်းလမ်းရှာကြည့်စေချင်ပါတယ် အကြံပေးတာပါ .. ခုစက်နဲ့စုပ်တယ်ဆိုတာကတော့
    ဆီတော်တော်ကုန်မယ် .. နောက် ထပ်မိုးရွာရင် ထပ်ကုန်မယ်ပေါ့ဗျာ .. မြောင်းသွယ်ထားရင် အဆင်ပြေမလား တွေးမိတာပါ ..ဂေါ်ကားတွေငှားပြီးဖောက်ကြည့်ရင်ရောပေါ့.. များများကုန်လည်း ကုန်ပေါ့ဗျာ တစ်ခါပဲ ကုန်မှာမို့လေ .. း) အစိုးရကလည်း သိနေတာပဲဟာ .. .. ဘာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေတာကို ဖြစ်စေချင်တာပါ ..။ ဒုက္ခရောက်နေသူများ အဆင်ပြေပါစေ ဗျာ .. လှူတဲ့သူများလည်း အဆင်ပြေကြပါစေ ..
    ဘာနေ

  • True Answer

    September 15, 2011 at 4:30 pm

    သာဓု သာဓု သာဓုပါ ခင်ဗျာ။

    အလှူခံ ၊ အလှူရှင်များ-
    အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေ။

    အလှူခံ တွေရော လှူဒါန်းသူများပါ လောကီဝဋ်ဒုက္ခများမှသည်-
    ဝဋ်သုံးပါး တို့မှ လွတ်မြောက်နိုင်သူများဖြစ်ကြပါစေ။

  • mandalarthu

    September 15, 2011 at 11:13 pm

    Thanks a lot to all frds for sharing yr.good ideas and wishes about this article.
    Frd,Shwe Ein Si,I will post it today.Thanks for yr sharing and interest my deed.
    Frd Barnay,Thanks for yr pray and compliment.Now,it is ok cos’ of the sunny days.
    Bro.,Ko Soe ,thanks again for yr good wish for me and all .Yes,we should try to free from all sufferings in this life through insight meditation until we are alive.

Leave a Reply