ဘဝပျော်ရွှင်ရေးအတွက်…

koyin sithuSeptember 14, 20111min980

ဘဝပျော်ရွှင်ရေးအတွက်…

  1. လက်ရှိအချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
  2. လှိုက်လှိုက်လှဲလှဲရယ်မောပါ။
  3. မအိပ်ခင် စာကောင်းကောင်းလေးတွေဖတ်ပြီး အိပ်ရာဝင်ပါ။
  4. ဂီတနားဆင်ပါ။
  5. စိတ်ရောကိုယ်ပါ ကစဉ့်ကလျားမဖြစ်ပါစေနဲ့။
  6. မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
  7. စိတ်ညစ်စရာပြသနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
  8. တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
  9. လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ။
  10. မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရစာ္ဆန်လေးများကို ကြင်နာတတ်ပါစေ)
  11. ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ရှိပါစေ။
  12. လင်းလင်းရှင်းရှင်း၊ သန့်သန့်မွှေးမွှေးနေတတ်ပါ။
  13. လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
  14. တိတ်ဆိတ်အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
  15. လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
  16. တစ်ယောက်တည်း နေတတ်ပါစေ။
  17. စိတ်ပါလက်ပါ လမ်းလျှောက်လှုပ်ရှားမှုပြုပါ။
  18. ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
  19. ဘာသာတရား ကိုင်းရှိူင်းပါ။
  20. အကောင်းမြင် မေတ္တာထားတတ်ပါစေ။
  21. စောစောအိပ်ရာထပါ။
  22. အလွန်အကျူးမစားပါနှင့်။ ခန္ဓာကိုယ်ကို ဝန်ပိစေပါတယ်။
  23. စိတ်မရွှင်မပျဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ် သွားကြည့်လိုက်ပါ။
  24. အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
  25. မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီး ကျန်းမာလေပါ။
  26. နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောကဖြစ်မနေပါနဲ့။
  27. နှစ်သက်သဘောကျတဲ့ ဝါသနာတစ်ခုရှိနေရင် စိတ်တက်ကြွရှင်သန်နေပါမယ်။
  28. ထုတ်ပိုးပြုပြင်ထားသော အစားအသောက်ရှောင်ပါ။
  29. သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများစားပါ။
  30. ရေတွေ၊ အရည်တွေ များများသောက်ပါ။
  31. မိမိရင်ထဲ ခံစားရတဲ့ဝေဒနာတွေကို အရင်းနှီးဆုံးလူတွေထံ ရင်ဖွင့်ပါ။
  32. မိမိ အချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ “ချစ်တယ်” လို့ဖွင့်ပြောပါ။ (အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမာ္ဘကြီးတွင် ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပါတယ်)
  33. ဘဝကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထားခံစားပါ။
  34. အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့ ကြောက်ရွံ့တုန်လှုပ်စိတ်အတော်များများ ပျောက်ကွယ်သွားတာ အံ့ဩဖွယ်ရာ တွေ့ရမှာပါ။)
  35. ဘဝကို အလဟသ မဖြုန်းတီးပဲ မိမိလုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
  36. စိတ်ထိခိုက် ဝမ်းနည်း ဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
  37. နေအိမ်မှာ အလင်းရောင်အားကောင်းတဲ့ မီးလုံးမီးချောင်းရှိပါစေ။
  38. ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျှော့သောက်ပါ။
  39. မိမိကိုယ်ကို မိမိ နှစ်သက်သလို ဝတ်စားဆင်ယင်ပါ။
  40. ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
  41. ငြီးငွေ့မှုကို ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
  42. တီဗီအစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
  43. မိမိရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။
  44. အများသုံးရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှရှောင်ပါ။
  45. မိမိခန္ဓာကိုယ်က အချက်ပေးတာကို နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်း မပြုပါနဲ့)
  46. လေကောင်းလေသန့်များများရှူပေးပါ။

အားလုံး ဘဝမှာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေဗျာ…