မြန်မာ ယူ-၁၉ နှင့် လာအို ယူ-၁၉ပွဲ ကို အမေစုလာရောက် အားပေးနေ

နွယ်ပင်September 14, 20111min12813

ယနေ့ (၁၄၊၉၊၁၁) တွင် ယှဉ်ပြိုင်သည့် မြန်မာ ယူ-၁၉ နှင့် လာအို ယူ-၁၉ တို့ဧ။် ဘောလုံးပွဲကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု အားပေးနေကြောင်း သတင်းရရှိပါသည်။ သုဝဏ္ဏဘောလုံးကွင်း အထူးတန်းပွဲကြည့်စင်ရှိ VIP အခန်းအတွင်းမှ အားပေးနေခြင်းဖြစ်ကြောင်းသိရသည်။ ဩဂုတ်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် စီပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲသော ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ဥက္ကဌမှ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

13 comments

  • nayminn

    September 14, 2011 at 5:48 pm

    ၁-ဝ နဲ့ မြန်မာ နိုင်သွားတယ်..တဲ့။

  • padonmar

    September 14, 2011 at 7:02 pm

    အပေါ်သတင်းအတွက်ရော အောက်သတင်းအတွက်ရော bravo!!!!!!!!!!!!!!!!!!

  • yetazar

    September 14, 2011 at 7:46 pm

    မြန်မာက နိုင်တော့နိုင်တယ် ။ အသင်းရဲ့အဓိကကစားသမားနှစ်ယောက် ထုတ်ခံလိုက်ရတယ် ။နောက်ပွဲ ကဂိုးတွေများများသွင်းနိုင်မှ ရလဒ်ကောင်းမှာလေ ။ ဆီမီးမှာ ယိုးဒယားနဲ့တွေ့ရင်တော့မလွယ်ဘူး ။ အုပ်စုတော့ချောင်တယ် ။ ဆီမီးကြောက်ရတယ် ။ ဆီမီးပွဲမှာလဲ အမေစုလာကြည့်မလားမသိဘူးနော် ။

  • bigbird

    September 14, 2011 at 8:31 pm

    ဝမ်းသာစရာသတင်းကောင်းပါပဲ…

  • zaw min

    September 14, 2011 at 10:14 pm

    မြန်မာနိုင်တယ်ဟေ့ဆိုရင် ရင်ထဲမှာအင်မတန် ဝမ်းမြောက်ဝမ်းသာကြည်နှုးမိပါတယ်…တို့ဗမာတွေ အနိုင်ပျောက်နေတာလွန်ကြာနေပြီလေ…အမေစု ကိုယ်တိုင်လာရောက်အားပေးလို့ လူငယ်တွေပိုပြီးအားတက်စေတာလို့မြင်မိတယ်..(၉)ယောက်နဲ့(၁၁)ယောက်ကို အနိုင်ကန်သွားနိုင်တာ မြန်မာတွေရဲ့ပျောက်ဆုံးနေတဲ့ ယုံကြည်မူစိတ်ဓါတ်တွေ၊စုစည်းမူတွေ၊စည်းလုံးမူတွေကို ပြသလိုက်တာပဲလို့မြင်မိတယ်..

  • မီးမီး သော်

    September 14, 2011 at 11:27 pm

    အမေစု ကလာအားပေးတော့ ဝမ်းသာပါတယ်။ဒါပေမယ့် အမေ့အတွက်အန္တရာယ်များပါတယ်။မသွားစေချင်ပါဘူး။

  • kai

    September 14, 2011 at 11:42 pm

    မြန်မာဘောလုံးပရိသတ်က.. ပြီးခဲ့တဲ့တခါက..ကမ္ဘာ့အလည်မှာ မြန်မာလူမျိုး ဂုဏ်သိက္ခာထိခိုက်ထားသလို..လုပ်ထားတော့.. ဒေါ်စုက.. သူကတာဝန်ယူပြတဲ့အနေနဲ့.. ထွက်လာတယ် ထင်မိတယ်..။

    တော်တဲ့နိုင်ငံရေးသမားတွေ..လူထုနဲ့ကင်းကွာလေ့မရှိကြပါဘူး..။ အင်မတန် ကောင်းတဲ့ လုပ်ရပ်လို့ထင်မိတယ်..။
    ဒီလိုလူ အုပ်ချုပ်တဲ့တိုင်းပြည်မှာ.. ဂွတ်စစ်ဒဇင်လုပ်ချင်မိသား…။ 🙂

  • JUDGEMENT

    September 15, 2011 at 8:29 am

    ကောင်းလေစွ ကောင်းလေစွရယ်လို့ — ဝမ်းသာ —ညွှတ်နူး — ကြည်နူးမိကြောင်းပါ . . ..
    သာဓု — သာဓု — သာဓု
    ဖြစ်သင့်တာကြာပါပြီ။နိုင်ငံရေးဆိုတာထက် လူထုအနားမှာဘယ်သူရှိနေတယ်ဆိုတာကို
    မြင်အောင်ပြလိုက်တာလို့ပဲထင်ပါတယ်။
    အဲ တစ်ခုတော့ရှိတယ်နော်။ အမေစု – အစိုးရအဖွဲ့ထဲပါတော့မယ်ဆိုတာ (တကယ်ပါခွင့်ရခဲ့ရင်ရော )
    ဒီအတိုင်းပဲ ပြည်သူ့ဘက်မှာ ရှိနေမှာလား။
    အခွန် အခတိုးတဲ့ အစိုးရထဲမှာ အမေ ဘယ်နေရာကနေရပ်တည်မလဲ –
    သားသိချင်စမ်းပါ့အမေ . . .

  • MaMa

    September 15, 2011 at 8:33 am

    သဂျီးပြောမှပဲ ဒေါ်စု လုပ်ရပ်ရဲ့ အတိမ်အနက်ကို သိတော့တယ်။

    • ကြောင်ကြီး

      September 15, 2011 at 8:37 am

      မပူနဲ့၊ နောက်ဆို ဒေါ်စုကိုယ်တိုင် ဆင်းကန်တော့မှာ။ အကန်လွန်ပြီး ဗရုပ်ဗရက် လွှတ်တော်ကွင်းထဲ ရောက်သွားမှာတောင် စိုးမိတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 15, 2011 at 8:49 am

    ယနေ့ဖြစ်နေတဲ့အကြပ်တည်းထည်းမှာ
    အကြံဖန်နဲ့တက်လာတဲ့စစ်အုပ်စုဟာ
    စစ်ဝတ်စုံနဲ့ဘဲလုပ်ရှားနေတယ်ဆိုတာ ခင်ဗျားတို့မြင်တတ်ရမယ်
    လွှတ်တော်ထည်းမှာ မဲခွဲရင် ဗြောင်မဲထည့်ရမယ်ဆိုတာတွေ
    လွှတ်တော်အမတ်တစ်ယောက်ကို ထုပ်ပြစ်တာ
    အကျဉ်းသားတွေကို မလွှတ်ပေးတာ
    စာနယ်ဇင်းလွပ်လပ်ခွင့်တွေ လုံဝမပေးတာ
    အထူးသဖြင့် ဧရာဝတီမြစ်ဆုံဆယ်အကြောင်း အသံတွေထွက်နေတာကို….
    ဒီနေရာမှာ ကြုံလို့ပြောလိုက်ပါဦးမယ်
    အဲ့သည်မြစ်ဆုံအကြောင်းကိုနော လူတွေများဝေဖန်လိုက်ကြတာ
    ဝေဖန်တဲ့ အကြောင်းတွေကိုဖတ်ကြည့်ပြီး
    ကိုယ့်ကိုယ်ကိုယ် အင်္ဂျင်နီယာကြီးတစ်ယောက်ဖြစ်သွားသလိုတောင် ဗဟုသုတတွေရသွားမိတယ်
    သိပ်ဝမ်းနည်းစရာကောင်းတာကတော့ ဒီအကြောင်းကို
    ပြောင်းလဲစေမယ့် လုပ်ဆောင်မှု့နည်းလမ်းကို နည်းနည်းလေးတောင် မတွေ့ရတာပါ
    ဥပမာ ကန့်ကွက်ပါတယ် ဒါဘဲ
    ဒီလိုပြောလို့ပြီးမှာလား ဘယ်လို အကျိုးသက်ရောက်အောင် လုပ်ရမယ်ဆိုတာ
    တစ်ယောက်မှ မတစ်ယောက်ဘူး
    ဟိုလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ် ထုံးစံအတိုင်းဘဲ
    ဒါ့ကြောင့်လည်း ထုံးစံအတိုင်း သူတို့ဖြစ်အောင်လုပ်ကြမှာပါဘဲ
    ခုဒီအကြောင်းမှာလည်းကြည့် ခင်ဗျားတို့မြင်အောင်ကြည့်
    ယနေ့နိုင်ငံတော်အခြေနေနဲ့
    ဒီလိုလုပ်ရပ်ကိုပြလိုက်တာ သူတို့တွက် ဘယ်လိုထွက်ပေါက်ရသွားတယ်ဆိုတာ
    ဟိုမြှောက်ထိုးပင့်ကော်သတ္တဝါက ကြားပွဲစားလုပ်ပြီး
    ဒီအဖွားကြီးက စစ်အင်္က ျီနဲ့တွဲပြီးထိုင်နေတာကို
    ဝမ်းသာတဲ့သူနဲ့ ချီးကြူးတဲ့သူနဲ့
    တစ်ခါတစ်လေ ဆင်းစားကြည့်ဘူးတယ်
    88 အရေးအခင်းမဖြစ်လို့ ကျုပ်သာ ဆယ်တန်းအောင်ပြီး
    ရှိတာလေးရောင်းချ အောက်စဖုတ်တက္ကသိုလ်လောက်တက်ခွင့်ရလိုက်လို့ကတော့
    ကျုပ်ကိုယ်တိုင် နိုင်ငံတော်သမ္မတကြီးဖြစ်လောက်တယ်

  • good

    September 15, 2011 at 10:34 am

    သဂျီး အတွေးနဲ့ တူ လို့ ( + ) ပေးလိုက်တယ်။
    ဲပြီးခဲ့ တဲ့ ပွဲတုံးက ပွဲ ရပ်နားရတဲ့ အထိ ဖြစ်ရပ် ကတော့ တကယ် ရှက်ဖို့ ကောင်းသလောက်၊
    ခု ပွဲမှာ တော့ အားရကျေနပ်မိပါတယ်။

  • နီလေး

    September 15, 2011 at 11:42 am

    အမေစုကို အပြင်မှာတစ်ခါမှ မမြင်ဖူးဘူး မြင်ဖူးချင်စမ်းပါဘိ

Leave a Reply