ခံစားမှုသက်မှက် ချက် 1500

နုယွတဲ့နှလုံးသားလေး ကို
ယုယ တဲ့ အပြုံးလှလေးတွေနဲ့တော့
မကျီစားပါနဲ့မောင်…..။    ။
စိုပါးတဲ့နှုတ်ခမ်းတွေနဲ့ပဲ
ညိုမြရဲ့ အသည်းလေး ကို
မဖမ်းစားပါနဲ့နော်….။    ။
ရွှန်းမြတဲ့ မျက်ဝန်းတွေ နဲ့ပဲ
ထွန်းကားတဲ့မေ့ အချစ်တွေ ကို
သိမ်းပိုက်လိုက်ပြီလားဟင်…။     ။
ချစ်ခြင်းရဲ့ အမြုတေ ကို
အပြစ်ကင်းတဲ့ အပြုတွေ နဲ့
မရက်စက်လိုက်ပါနဲ့မောင်..။     ။
ကြည်ဝင်းစို အပြုံးများ ကို
ရင်တွင်းညိုနှလုံး သား က
မှီရင်းခို ရှုံးသွားပါပြီမောင်ရယ်………..။     ။

3 comments

  • ပေါက်ဖော်

    September 14, 2011 at 4:32 pm

    ရှုံးသွားလျင်တော့..
    ထောင့်ငါးရာဖိုး လျော်ပေတော့..
    အရင်းက ကြေတာမဟုတ်သေးဘူး
    ထပ်ပွားဖို ့က မနက်ဖြန်နဲ ့ သန်ဘက်ခါပဲ ရှိတော့တာ
    😀

  • မောင်ရေချမ်း

    September 14, 2011 at 4:44 pm

    မိန်းကလေး ဘက် က ရေးထားတာဆိုတော့ (အကယ်၍) အမှား မှားပါသွားရင် ပြင်ဆင် နားလည် ဖတ်ရှု့ ပေးပါလို့………..

  • manawphyulay

    September 14, 2011 at 4:55 pm

    စာလုံးပေါင်းလေးတော့ ပြင်လိုက်ပါဦး မောင်ရေချမ်းရယ်… နုရွတဲ့ နှလုံးသားကို လုပ်ပါ။ ယွ တာ မွတာ တွေ လုပ်ပါနဲ့လေ…. ယောက်ျားလေးဘက်က ရေးတာက ပိုကောင်းမယ်ထင်တယ် ဖတ်ရတာ အနှစ်ရှိသလိုပဲ ခံစားရတယ်။ မိန်းကလေးဘက်က ရေးသလိုကျတော့ တစ်မျိုးပဲ…. 🙁

Leave a Reply