သင့် အမြင်-၂

MAUNGSeptember 14, 20111min550

ကျွန်တော် ဒီစာကိုရေးမယ် ရေးမယ် နဲ့၊ ခုမှဘဲ ရေးဖြစ်ပြီ ။
အားလုံး သိကြ တဲ့ အတိုင်းဘဲ ခုတစ်လော မြစ်ဆုံ စီမံကိန်း နဲ့ ပါတ်သတ် ပြီး ငိုတဲ့ သူ ငို၊ ရီတဲ့ သူရီ ၊ ဝမ်းနဲတဲ့ သူနဲ ၊ ဝမ်းသာ တဲ့သူသာ ..အင်း ပြောရရင်တော့ ပွက်လောကို ရိုက်နေတာဘဲ နော ။ ဒါဟာမြန်မာနိုင်ငံ သား တိုင်းမှာတာဝန်ရှိ တယ် ဆိုတဲ့ အဆို ကိုတော့ ကျွန်တော် တို့အားလုံး၊ ဘယ်သူမှ ငြင်းဆန် လို့ရမယ် မထင်ပါဘူး ။ ဟုတ်ပြီ ၊ တာဝန်ရှိလို့ သင့်အမြင် ဘယ်လိုရှိ လဲလို့ မေး လာခဲ့ ရင်၊ စောစော ကပြော သလို သဘော တူမဲ့သူရှိ သလို ၊မတူ မဲ့ သူတွေလဲ တစ်ပုံတစ်ပင် ရှိလာ နိုင်ပါတယ်။
ကျွန်တော့ ကိုယ်ပိုင်အမြင် ကတော့ အဲဒီ စီမံကိန်း ကိုသဘော မတူဘူးဗျာ။ ကိုယ့်တိုင်းပြည် ကောင်းစား ဖို့ဆို မပြောပါဘူး ။ ခုဟာ သူများရောင်း စား ဖို့များ ဗျာ။ ဒီကြားထဲ ဟို ထမင်းမစား တဲ့လူကပြောသေး ဘာတဲ့၊ မြန်မာပြည် အနေနဲ့ ဓာတ်အား တွေပိုနေ လို့ရောင်းမလို့ ဆိုဘဲ ။ သောက်ကျိုးနဲ ၊ သူမလို့ ပြောထွက်ရက်တယ်။ အနားသာ ရှိရင် ပြောမိမယ် ။ ပိုတယ် ပြောရအောင် ခင်ဗျား အိမ် တစ်အိမ် ထဲနဲ့ တော့မနှိုင်းနဲ့ ဗျာ လို့…။ လိုရင်း ပြန်ဆက် ရရင် ကျွန်တော့ ကိုယ်ပိုင်အမြင် ကတော့ အဲဒီ စီမံကိန်း ကိုသဘော မတူဘူးဗျာ။

ရွာထဲ ကညီအကို မောင်နှစ်မ များလဲ အမြင်ကိုယ်စီရှိ ကြမှာပါ ။ ပြောကြပါ ဦးဗျာ ကိုယ့်အမြင်လေးတွေ ။
မှတ်ချက်။  ။ ကျွန်တော်နိုင်ငံရေး သမား မဟုတ်ပါဘူး ၊ နားလဲ မလည်ပါဘူး ။ စိတ်ထဲ မှာ တွေးမိတိုင်း ဝမ်းနဲ မွန်းကြပ် လွန်း လို့ဒီစာ ကို ရေးပါတယ် ။လွတ်လပ် စွာ ကွဲလွဲနိုင် ပါတယ် ။ အားလုံး ကျေးဇူး ပါ။