“အပျော်ဆုံးနေ ့” အပိုင်း (၂)

mandalarthuSeptember 14, 20118min18111

နောက်တော့ ကျွန်မဟာ ကျွန်မတတ်နိုင်သလောက်  ရေဘေးလှူဒါန်းချင်တဲ့လူများမှ ငွေကြေးနှင့် အဝတ် အထည်တွေကို စုဆောင်းပါတယ်။(၅)ရက်လောက်စုဆောင်းပြီးတဲ့နောက်မှာတော့ ကျွန်မဟာ လှူဒါန်းရန် အဆင်သင့် ဖြစ်နေပါပြီ။စုပေါင်းလှူဒါန်းရန်  အဝတ်ပေါင်း(၈၃၈)ထည်ကို မိသားစု(၆၇)စု အတွက် (တမိသားစုကို  (၁၂) ထည်နှုန်း)  ခွဲခြားထုတ်ပိုးပြင်ဆင်ခဲ့ပါ တယ်။

ပြီးတော့ တစ်မိသားစုကို ငွေ (၁၀၀၀)လှူဒါန်းဖို ့ ရည်ရွယ်ထားတဲ့အတိုင်း ကျွန်မတို ့ဟာ  (၁၀-၉-၂၀၁၁)နေ ့မှာ  ပထမဦးဆုံး အောင်ချမ်းသာရွာမှာရှိတဲ့  ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတဲ့  ပညာပါရမီဘော်ဒါဆောင်ကို သွားရောက်ခဲ့ ကြပါတယ်။

ထို ့နောက် မိသားစု(၆၇)စု အတွက်တစ်မိသားစုကို  ငွေတစ်ထောင်၊ အဝတ်(၁၂)ထည် စီ်နဲ ့  ခေါက်ဆွဲခြောက်ထုပ်များကို

ဝေငှလ  ှူဒါန်းပေး ခဲ့ကြပါတယ်။

ပြီးတော့  ရေဘေးသင့်သူများပြောင်းရွေ  ့နေထိုင်ရာ  ပညာပါရမီဘော်ဒါဆောင် သွားရောက်လေ့လာခဲ့ကြပါတယ်။

သူတိ်ု ့ကတော့ အကျီ င်္လေးတွေကို ဖြန် ့ကြည့်ပြီး ပျော်ရွှင်နေခဲ့တာကို တွေ ့ခဲ့ရပါတယ်။သွားရောက်လှူဒါန်းကြတဲ့ ကျွန်မ တို  ့တစ်ဖွဲ ့လုံး  ရင်ထဲမှာ ကြည်နူးစိတ်တစ်ဝက်၊ ကရုဏာစိတ်တစ်ဝက် ဖြစ်မိပါရဲ  ့။

    အောင်ချမ်းသာရေဘေးကယ်ဆယ်ရေးစခန်းှအပြန်မှာတော့ကျွန်မတို့တစ်ဖွဲ့လုံး    မန ္တလေးမြောက်ပြင်  ၁၁လမ်း၊၈၆x၈ရကြားမှာရှိသော

သန ္တာရုံကျောင်းတိုက်အနီးရှိ ပြည်ကျောင်းတိုက်ကို ရောက်ရှိခဲ့ကြပါတယ်။

ထိုကျောင်းတိုက်အတွင်းမှာ ညောင်ကွဲရပ်အနီးတစ်ဝိုက်ဝန်းကျင်မှာရှိတဲ့ အိမ်အတွင်းရေဝင်နေတဲ့ရေဘေးသင့်သူ မိသားစုပေါင်း(၇၀)ပြောင်းရွှေ့ခိုလှုံနေထိုင်နေကြပါတယ်။ကျောင်းထိုင်ဘုန်းကြီးထံခွင့်တောင်းပြီး မိသားစု(၇၀)စုအတွက်

တစ်မိသားစုကိုအထည်(၃)ထည်စီ ကိုယ်တိုင်လိုက်လံဝေငှလှူဒါန်းခဲ့ကြပါတယ်။

ရေဘေးသင့်သူတွေရဲ့  ကျေးဇူးတင်မျက်ဝန်းအစုံနဲ့ ဆုတောင်းပေးသံတွေကြားမှာ ကျွန်မတို့

အားလုံးရဲ့ရင်ထဲမှာဖော်မပြနိုင်တဲ့ ကြည်နူးဝမ်းမြောက်မှု ကိုယ်စီအပြည့်နဲ့ပေါ့။

 

 

 

 

 

 

11 comments

  • ကြောင်ကြီး

    September 15, 2011 at 10:51 am

    မန္တလာသူ
    ကြံကာလှူ
    ဖန်ကာယူ
    စံမှာဇမ္ဗူ..။

    • mandalarthu

      September 21, 2011 at 12:01 pm

      ကျေးဇူး ပါ။ အမှန်တော. အကျိုးမျှော်လင်.ပြီးလှူခဲ.တာမဟုတ်လို. ယခုအချိန်ထိ ပြန်တွေးမိတိုင်း ကြည်နူးပီတိ
      ဖြစ်မိတာ အကြိမ်ကြိမ်ပါ။စေတနာ အကျိုးကို လက်ငင်းခံစားရတယ် လို.ဘဲယုံ ကြည်မိပါတယ်။

  • manawphyulay

    September 15, 2011 at 12:02 pm

    ဒီလို အပျော်ဆုံးနေ့တွေကတော့ နာဂစ်ပြီးနောက်ပိုင်းထဲက အမြဲပျော်ရွှင်ခဲ့ရပါတယ်။ အလှူတကာ့ အလှူတွေထဲမှာ ဒါန ပေးကမ်းစွန့်ကြဲခြင်းသည် အမြတ်ဆုံးတရားထဲမှာ ပါဝင်ပါတယ်။

  • zawmaung

    September 15, 2011 at 12:31 pm

    အပျော်ရဲ့ ရင်အတွင်းပိုင်းမှာတော့ စိတ်မကောင်း နာကျင်မှု့လေးများဒွန်တွဲနေမယ်လို့ယုံကြည်ပါတယ်။

    • mandalarthu

      September 15, 2011 at 12:53 pm

      ဟုတ်ပါတယ်။ ဒါပေမယ်. နည်းနည်းလေး ပါ။

  • True Answer

    September 15, 2011 at 4:22 pm

    Thanks a lot and very much appreciated, sis for sharing your articles and photos.
    These wholesome deeds will condition to get real wisdom_insight.
    Our country needs the minds as same as your minds.

  • mandalarthu

    September 15, 2011 at 4:53 pm

    Thanks bro..,I just want to share my small amount of merits to all Myanmar people so as to give compassion to the people who are really in trouble and in need for food,clothes and shelter cos’ of the natural disaster.Being a simple Myanmar,I heartly want to give help to Myanmar flood victims as much as I can without having any hope and any intention.I did so.
    Thanks for yr compliment.It’s just giving a small hand to them.

  • kocho

    September 15, 2011 at 5:08 pm

    best donation tar du tar du tar du

  • Shwe Ei

    September 15, 2011 at 5:08 pm

    အပြောမဟုတ်ဘဲ လက်တွေ့လုပ်နိုင်တာကို အားကျမိပါတယ် mandalarthu ရေ။

Leave a Reply