ငပလီ

ငပလီ
* ရေပြာကြည်လဲ့ ၊ အုန်းပင်နွဲ
ထူးတဲ့ဌာနီ ငပလီ ။
* ဘော်ငွေဖြူရွ ၊ ကမ်းအလှ
ရွှန်းပသာစည် ငပလီ ။
* ကျောက်စွယ်ကျောက်တန်း ၊ ကျောက်ခက်ပန်း
တင့်ဆန်းဝေစီ ငပလီ ။
* ကမ်းမြောင်ကမ်းကွေ့ ၊ ရှုအတွေ့
ပျော်မွေ့စိတ်ကြည် ငပလီ ။
* ဇင်ယော်မောင်နှံ ၊ ဝဲကာပျံ
ကာရံလှိုုင်းသီ ငပလီ ။
* ရှုတင့်ဖွယ်စုံ ၊ hotel zone
လှဂုဏ်ဝင့်ထည် ငပလီ ။ ။

4 comments

  • ပေါက်ဖော်

    September 14, 2011 at 8:22 pm

    မိုက်တယ်..ငပလီ ကဗျာလေး စပ်ထားတာ
    ဒါပေမဲ့.တိုနေသလားလို ့..ဗျ…

  • မီးမီး သော်

    September 14, 2011 at 8:38 pm

    ရေးသူကိုတော့ ချီးကျူးရမယ် ကိုပေါက်ဖော်ရေ။မိုက်ပါတယ်….ကိုရဲတေဇာ။congratulation !

  • manawphyulay

    September 15, 2011 at 11:23 am

    သိပ်မမိုက်ပါဘူး။ မီးမီးသော်ရယ်
    ကဗျာထဲမှာ အကုန်မပါသေးဘူးလေ ငပလီရဲ့အလှကို ဖွဲ့တာ ကမ်းခြေတွေ၊ နောက် ရွှေဝါချိုင်ဟိုတယ်ဘက်တွေ၊ နောက်ငပလီမှာ အထင်ကရ ရေသူမရုပ်တော့ ခုရှိမရှိမသိ၊ ဒါလေးတွေလည်းထည့်ပြောသင့်တယ်ထင်တာပဲ။ နည်းနည်းထပ်ဖြည့်ရင် ပိုပြီးဖတ်လို့ ကောင်းမယ်။

  • sai dra

    September 16, 2011 at 11:46 pm

    ရေသူ မရုပ် က ရှိပါသေးတယ်
    ငပလီ အကြောင်း က ပြောစရာ အများသား ဗျ
    ဒါပေမဲ့ နိုင်ငံခြား သား တွေလောက် ပဲ လာကြတော့တယ်
    မိုးတွင်း ဆိုရင် ဟော်တယ် တွေ ပိတ်ပြီး မိုးအကုန် ဆောင်းရောက်မှ ပြန်ဖွင့်ကြတာ
    ခရစ်မတ် လောက်ဆိုရင် ဟော်တယ်တွေမှာ တည်းစရာ နေရာ မရှိလောက်အောင် လူပြည့်တတ်တယ်
    မိုးရာသီက ငပလီအတွက် ပျင်းစရာပေါ့

Leave a Reply